Tuesday, May 6, 2014

LG Nexus 5



Aung Ko Htet (MM IT Knowledge)



နေပြည်တော် မိုဘိုင်းဈေးကွက်ထဲကို LG Nexus 5 ဟန်းဆက် ဝင်ရောက်လာပါတယ်။ Micro SIM ဖြစ်ပြီး Network ပိုင်းအနေနဲ့ 2G, 3G, 4G LTE တွေမှာ အသုံးပြုနိုင်ပါတယ်။ CPU အနေနဲ့ Quad Core 2.3 GHz Krait 400 အသုံးပြုထားပြီး GPU ကိုတော့ Adreno 330 အသုံးပြုထားပါတယ်။ RAM-2GB ထည့်သွင်း အသုံးပြုထားပြီး Internal Memory အနေနဲ့ 16GB/32GB ဆိုပြီး နှစ်မျိုးရှိပါတယ်။ Chipset ကိုတော့ Qualcomm MSM 8974 Snapdragon 800 အသုံးပြုထားပြီး Sensor အနေနဲ့ Accelerometer, Proximity, Compass, Gyro, Barometer စတာတွေ ထောက်ပံ့ပါဝင်ပါတယ်။ OS ကိုတော့ Android 4.4 KiKat အသုံးပြုထားပြီး 4.4.2 KiKat Version အထိမြှင့်ပြီး အသုံးပြုနိုင်ပါတယ်။

4.49 လက်မရွယ်ရှိ True HD IPS+ Capacitive Touchscreen, 16M Color Display ကို အသုံးပြုထားပြီး အကြမ်းခံနိုင်ဖို့အတွက် Corning Gorilla Glass 3 ထပ်မံ ဖုံးအုပ်ပေးထားပါတယ်။ ကင်မရာစနစ်အနေနဲ့ နောက်ကင်မရာက 8.0 MP ရှိပြီး ရှေ့ကင်မရာက 1.3 MP ရှိပါတယ်။ 2800mAh ရှိ Li-Ion ဘက်ထရီကို အသုံးပြုထားတဲ့အတွက် Standby ထားမယ်ဆိုရင် နာရီပေါင်း ၃၀၀ အသုံးပြုနိုင်ပြီး စကားပြောမယ်ဆိုရင်တော့ နာရီပေါင်း ၁၇ နာရီကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 137.9 x 69.2 x 8.6 mm အရွယ်အစားနဲ့ဖြစ်ပြီး အလေးချိန်က 130g ရှိပါတယ်။ Golden Arrow (နေပြည်တော်) ဖုန်း-၀၉- ၄၃၁၁၀၉၀၅ သို့ ဆက်သွယ်စုံစမ်း မေးမြန်းဝယ်ယူနိုင်ပါတယ်။



ref: ကျော်ဇေယျ၊ နေပြည်တော်

0 comments:

Post a Comment