Tuesday, May 6, 2014
SONY Xperia E1 ဟန်းဆက်
Aung Ko Htet (MM IT Knowledge)
ဈေးနှုန်းချိုသာတဲ့ SONY Xperia E1 ဟန်းဆက် နေပြည်တော် မိုဘိုင်းဈေးကွက်ထဲကို ဝင်ရောက်လာ ပါတယ်။ Mini SIM ဖြစ်ပြီး Network ပိုင်းအနေနဲ့ 2G, 3G စတာတွေမှာ အသုံးပြုနိုင်ပါတယ်။ CPU - Dual Core 1.2GHz Cortex-A7 နဲ့ GPU-Adreno 302 ကို အသုံးပြုထားပါတယ်။ RAM ပိုင်းအတွက်ကိုတော့ 512 MB အသုံးပြုထားပြီး Internal Memory 4GB ပါဝင်ပါတယ်။ Internal Memory မလောက်သေးဘူးဆိုရင် 32GB အထိ ထပ်မံတိုးမြှင့်အသုံးပြုနိုင်ပါတယ်။ Qual-comm MSM 8210 Snapdragon 200 Chipset ကို အသုံးပြုထားပြီး Sensor အနေနဲ့ Accelerometer, Proximity, Compass စတာတွေ ထောက်ပံ့ပါဝင်ပါတယ်။ OS ကို တော့ Android 4.3 အသုံးပြုထား ပြီး 4.4.2 Version အထိ မြင့်တင်နိုင်ပါတယ်။
၎ လက်မအရွယ်ရှိ TFT Capacitive Touchscreen, 16M Color Display ကို အသုံးပြုထားပြီး အကြမ်းခံနိုင်ဖို့အတွက် Scratch-Resistant Glass- Time Scape UI ထပ်မံအုပ်ပေးထားပါတယ်။ 3.15 MP ရှိတဲ့ နောက်ကင်မရာ ပါဝင်ပါတယ်။ Walkman အမျိုးအစားဖြစ်တာကြောင့် အသံထွက် အရည်အသွေးမြင့်မားပြီး Built-in Speaker တွေလည်း ကြီးမားတာကို တွေ့ရပါတယ်။ 1700mAh ရှိ Li-Ion ဘက်ထရီကို အသုံးပြုထားတဲ့အတွက် Standby ထားမယ်ဆိုရင် နာရီပေါင်း ၄၉၀ အသုံးပြုနိုင်ပြီး စကားပြောမယ်ဆိုရင် ၈ နာရီကျော်ကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အရွယ်အစားက 118 x 62.4 x 12 mm ဖြစ်ပြီး အလေးချိန်က 120g ရှိပါတယ်။ Golden Arrow (နေပြည်တော်) ဖုန်း-၀၉-၄၃၁၁၀၉၀၅ သို့ ဆက်သွယ်စုံစမ်း မေးမြန်းဝယ်ယူနိုင်ပါတယ်။
ref: ကျော်ဇေယျ၊ နေပြည်တော်
0 comments:
Post a Comment