Powered by Blog - Widget

Friday, November 28, 2014

MPT က e-top up ဝန်ဆောင်မှုကို စတင်ဆောင်ရွက်



Aung Ko Htet (MM IT Knowledge)

မြန်မာ့ဆက်သွယ်ရေးအနေဖြင့် e-top up ဝန်ဆောင်မှုကို စတင်ဆောင်ရွက်လိုက်ပြီဖြစ်ပြီး MPT ငွေဖြည့်ကတ် ဝယ်ယူရရှိနိုင်သော ဆိုင်အချို့တွင် စတင်စမ်းသပ်လျက်ရှိကြောင်း သိရသည်။
“e-top up ဆိုတာက ပုံမှန်ခဲခြစ်ပြီး ငွေဖြည့်စရာမလိုဘဲ ဆိုင်မှာတစ်ခါတည်း ငွေဖြည့်ပေးတဲ့စနစ်ပါ။ ကိုယ် ဖြည့်ချင်တဲ့ တစ်သောင်းကတ်၊ ငါးထောင်ကတ်ကို ဆိုင်မှာဖြည့်ပေးပါလို့ ပြောလိုက်ရုံပါပဲ” ဟု စတင် ဝန်ဆောင်မှုပေးနေသည့် Elite အရောင်းဆိုင်တစ်ဆိုင်မှ ပြောကြားသည်။
MPT ၏ e-top up ဝန်ဆောင်မှုကို Elite Tech နှင့် Asia Mega Link ဆိုင်များတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိတွင် ဆိုင်အချို့၌ စမ်းသပ်ဆောင်ရွက်ပေးလျက် ရှိသော်လည်း မကြာခင်တွင် အရောင်းဆိုင်များ အားလုံးသို့ တိုးချဲ့ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
Credit to Internet Journal 

Tuesday, November 25, 2014

အွန်လိုင်းပေါ်မှတစ်ဆင့် သင်ကြားနိုင်မည့် မြန်မာဘာသာပြန်ဆိုထားသည့် နိုင်ငံတကာသင်ရိုးညွှန်းတမ်း အရေအတွက် ၅၀၀ ကျော်ရှိလာပြီဖြစ်



Aung Ko Htet (MM IT Knowledge)

မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် ပညာသင်ကြားရေးစနစ် ကျယ်ပြန့်လာစေရန်အတွက် ခန်းမြန်မာအကယ်ဒမီ (Khan Myanmar Aca-demy) အဖွဲ့အစည်းက အွန်လိုင်းပေါ်တွင် မြန်မာဘာသာဖြင့် သင်ယူနိုင် မည့် နိုင်ငံတကာ ဘာသာရပ်ပေါင်း ၅၀၀ ကျော်ကိုလွှင့်တင်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်ငံတကာမှကျောင်းသား များနည်းတူ အွန်လိုင်းပေါ်တွင် သင်ကြားနိုင်မည့်ဘာသာရပ်များမှာ သချာင်္၊ သိပ္ပံ၊ အနုပညာ၊ ဘဏ္ဍာရေးနှင့် စာရင်းကိုင်၊ ကွန်ပျူတာ အစရှိသည့်ဘာသာရပ်များဖြစ်ပြီး ယခုလက်ရှိ အချိန်တွင် မြန်မာဘာသာသို့ပြန်ဆိုထားသည့် သင်ကြားမှုဗွီဒီယိုဖိုင်အရေအတွက်မှာ ခန်းမြန်မာအကယ်ဒမီ၏ ဝက်ဘ်ဆိုက်တွင် ၅၁၉ ခုရှိလာပြီဖြစ်သည်။

ယခုနှစ်သြဂုတ်လအထိ ခန်းမြန်မာအကယ်ဒမီ၏ အင်တာနက် စာမျက်နှာပေါ်တွင် အခမဲ့သင်ကြားနိုင်မည့် မြန်မာဘာသာပြန်ဆိုထားသည့် ပညာသင်ကြားရေး ဗွီဒီယိုဖိုင်အရေအတွက်သည်  ၃၃၆ ခုအထိရှိပြီး ဖြစ် သည်။

အဆိုပါဘာသာပြန်ပြိုင်ပွဲသည် ခန်းမြန်မာအကယ်ဒမီ၏ အင်တာနက်စာမျက်နှာပေါ်တွင် မြန်မာဘာသာဖြင့်ပညာသင်ကြားလိုသူများအတွက် အခမဲ့ဘာသာပြန်ဆိုပေးနိုင်မည့် စေတနာ့ ဝန်ထမ်းများကို ဖိတ်ခေါ်ပြီး ပြုလုပ်ခဲ့သည့် အစီအစဉ်တစ်ခုဖြစ်သည်။

ခန်းမြန်မာအကယ်ဒမီအဖွဲ့အစည်း၏ တရားဝင်ဝက်ဘ်ဆိုက် ပေါ်တွင် ယခင်ကမြန်မာဘာသာ ပြန်ဆိုထားသည့် ပညာသင်ကြား ရေးဗွီဒီယိုဖိုင်ပေါင်း ၁၇၉ ခုသာရှိခဲ့ပြီး ပြီးခဲ့သည့်လက Translate A-Thon ဘာသာပြန်ပြိုင်ပွဲတွင်  ပါဝင်ခဲ့သည့် စေတနာ့ဝန်ထမ်း ၁၁၂ ဦး၏ ဘာသာပြန်ဆိုပေးမှုကြောင့် အရေအတွက် တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ဝန်ဆောင်မှုများကိုသာ သုံးစွဲခဲ့ရသည့်အချိန်ကာလတွင် ယခုကဲ့ သို့အွန်လိုင်းပေါ်မှ ပညာသင်ကြားနိုင်မည့်အခွင့်အရေးများမရှိခဲ့ပဲ နိုင်ငံခြားကုမ္ပဏီများနှင့် MPT တို့ အပြိုင်အဆိုင် ထွက်ပေါ်လာပြီး လအနည်းငယ်အတွင်း၌ ဒစ်ဂျစ်တယ် ပညာရေးစနစ်ကိုပိုမိုအသုံးချလာနိုင်ကြကြောင်း ရန်ကုန်အခြေစိုက် ကျောင်းသားအချို့ကဆိုကြသည်။

Credit to Internet Journal

Friday, November 21, 2014

မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း



Aung Ko Htet (MM IT Knowledge)

မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်းဆိုရာတွင် မိမိရဲ့ blogspot.com က လိပ်စာ နဲ့ မိမိ ၀ယ်ယူထားတဲ့ Domain Name ကို ချိတ်ဆက်ပြီး yourdomainname.blogspot.com အစား yourdomainname.com ဆိုတဲ့ လိပ်စာကို ပြောင်းလဲအသုံးပြုခြင်းပါပဲ။

ဒီနေရာမှာ အပိုင်း ၄ ခုလောက် ခွဲပြီးအဆင့်လိုက်လုပ်ဆောင်ပြသွားပါမယ်။
၁။ Blogger တွင် Custom Domain ထည့်သွင်းခြင်း။
၂။ Domain ပိုဆိုင်မူ စိစစ်ရန် Token ရယူခြင်း (Ownership verification token)
၃။ DNS (Domain Name System) ပြောင်းလဲခြင်း။
၎။ Ownership အား Verify လုပ်ခြင်း
တို့ဖြစ်ကြပါတယ်။

၁။ Blogger တွင် Custom Domain ထည့်သွင်းခြင်း။
မိမိမှာ blogspot ရှိတယ်ဆိုရင် ပထမဦးစွာ http://www.blogger.com/ ထဲကို ၀င်လိုက်တာနဲ့ မိမိရဲ့ blogspot site က ပေါ်နေပါလိမ့်မယ်… ပုံမှာပြထားတဲ့ အတိုင်း Setting > Basic ဆိုတဲ့အထဲကိုသွားပါ။


Publishing ရဲ့ အောက်နားမှာ Add Custom Domain ဆိုတာကို ရွေးချယ်လိုက်ပါ။
ပြီးရင် Advanced settings ဆိုတဲ့အထဲကို ရောက်သွားပါလိမ့်မယ်။
ပုံမှာဖော်ပြထားတဲ့အတိုင်း မိမိဝယ်ယူထားတဲ့ Domain name ကိုရိုက်ထည့်ပြီး Save ကိုနိုပ်လိုက်ပါ။
We have not been able to verify your authority to this domain. Error 12. Please follow the settings instructions.” ဆိုတဲ့ error ထွက်လာပါလိမ့်မယ်။

 
 ၂။ Domain ပိုဆိုင်မူ စိစစ်ရန် Token ရယူခြင်း (Ownership verification token)
စောစောတုန်းက အဆင့် ၁ မှာ ပြခဲ့သလို Custom Domain ရယူပြီးတဲ့အချိန်မှာ Save Button နိုပ်ရင် Error Code နဲ့အတူ CNAME ၂ ခုထွက်လာသလို အဲ့လိုမှမဟုတ်ရင် Settings Instructions ဆိုတဲ့နေရာမှာ နိုပ်ရင်လည်း အောက်ပါပုံမှာ ပြထားသလို CNAME ၂ ခုကို ရယူနိုင်ပါတယ်။

Point လုပ်ရန် CNAME နှစ်ခုထွက်လာပါလိမ့်မယ်။
1. www ဆိုတဲ့ “name/label/host” ဆိုတဲ့ တစ်ခုနဲ့ “Address/Destination/Target” က ghs.google.com ဆိုပြီးဖြစ်ပါတယ်။
2. နောက်တစ်ခုကတော့ verification code ဖြစ်ပါတယ်။ သူကတော့ တစ်ဦးနဲ့တစ်ဦးတူမှာမဟုတ်ပါဘူး
ဥပမာ – “name/label/host”  ဆိုတဲ့နေရာမှာ SFEFA52A22 ဆိုပြီးဖြစ်နိုင်ပြီး “Address/Destination/Target” က gv-HRAABJZSDDD33D2DD2DLNUYTDU2.MA.domainverify.googlehosted.com. ဆိုပြီးဖြစ်ပါတယ်။

အထက်ဖော်ပြပါ CNAME နှစ်ခုစလုံးကို မှတ်သားထားဖို့လိုပါတယ်။
နောက်တစ်ခုက အကယ်၍ User တွေက မိမိရဲ့ domain ကို www မရိုက်ထည့်ပဲ ၀င်ခဲ့မယ်ဆိုရင် error တွေကျလာတတ်ပါတယ်.. အဲ့အတွက် “A Records” ၄ ခုလည်း မှတ်သားထားရန်လိုပါတယ်။
216.239.32.21
216.239.34.21
216.239.36.21
216.239.38.21
တွေဖြစ်ပါတယ်။

၃။ DNS (Domain Name System) ပြောင်းလဲခြင်း။
မိမိရဲ့ ဒိုမိန်း Control Panel ထဲကို ၀င်ပါ။
CNAME နဲ့ A Record ကို ပုံမှာပြထားသည့်အတိုင်း ထည့်သွင်းရန်သာဖြစ်ပါတယ်။
 
 
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း : A Record ထည့်သွင်းထားပုံ
--------------------
 
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း : ပထမ CNAME ထည့်သွင်းပုံ
------------------
 မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း : ဒုတိယ CNAME ထည့်သွင်းပုံ

 
၎။ Ownership အား Verify လုပ်ခြင်းနောက်ဆုံးအဆင့်ကတော့ မိမိရဲ့ DNS မှာ စောစောတုန်းက A Record and CName တွေထည့်သွင်းပြီးလို့ နာရီဝက်ခန့်အကြာ DNS Active ဖြစ်ပါက Blogspot ထဲကိုဝင်၍Add custom domain မှနေ၍ မိမိရဲ့ domain အမည်ကို(e.g.www.yourdomainname.com) ဟူ၍ ရိုက်ထည့်ပြီး Save လုပ်လိုက်ရင် ရပါပြီ။
 
အားလုံးအဆင်ပြေကြပါစေ...
 
Aung Ko Htet

Thursday, November 20, 2014

မိမိ Computer ရဲ့ System Information ကို အသေးစိတ်ဖော်ပြပေးမဲ့ Sorftware (SIV64x)



Aung Ko Htet (MM IT Knowledge)

ဒီ Software လေးက မိမိကွန်ပျူ ရဲ့ Specification ကို အသေးစိတ်ဖော်ပြပေးတဲ့ Software ဖြစ်ပါတယ်။ မိမိ Computer ရဲ့ Specification ကို အတိကျ သိရှိလိုသူတွေအနေနဲ့ ဒီ Software လေးကို Install လုပ်လိုက်တာနဲ့ သိရှိနိုင်မှာဖြစ်ပါတယ်။

Download လုပ်လိုသူများ အောက်က link ကနေ download လုပ်နိုင်ပါတယ်။

Download Link 1

Download Link 2

Please visit my facebook fan page.

www.facebook.com/mmitknowledge

Aung Ko Htet

Friday, November 7, 2014

Wireless Network Watcher



Aung Ko Htet (MM IT Knowledge)

ကိုယ့်ရဲ့ Wireless Network ကို အမြဲတမ်းစောင့်ကြည့်ပေး နိုင်မယ့်ဆော့ဖ်ဝဲ တစ်ခုဖြစ်ပါတယ်။ အဆိုပါ ဆော့ဖ်ဝဲဟာ ကိုယ်အသုံးပြုနေတဲ့ Wireless Network အတွင်းကို အသုံးပြုခွင့် ပေးထားတဲ့သူ မဟုတ်ဘဲ အခြားသူတွေ လာရောက် ချိတ်ဆက်ပြီး အသုံးပြု နေမှုကိုလည်း တားဆီးပေးနိုင်မှာ ဖြစ်ပါတယ်။ Wireless Network ကို အခြားသော ပြင်ပမှ ၀င်ရောက်ပြီး ကိုယ်မသိရှိအောင် ချိတ်ဆက်ဖို့အတွက် ကြိုးစားနေတဲ့ သူတွေရဲ့ ရန်ကိုလည်း တားဆီးပေးနိုင်မှာ ဖြစ်ပါတယ်။

Wireless Network Watcher Software ဟာ Wi-Fi ကို တရားမဝင် ဝင်ရောက် ချိတ်ဆက်မှုတွေ ရှိလာတဲ့ အခါမျိုးမှာ အသံဖြင့် အချက်ပေးမှာ ဖြစ်ပြီး၊ ဝင်ရောက်လာတဲ့ စက်တွေကို ဖယ်ရှားရှင်းလင်း ပေးနိုင်မှာ လည်း ဖြစ်ပါတယ်။ Device တွေရဲ့ID ကို မှတ်တမ်းတင်ထားပြီး Wireless Network ကြီး တစ်ခုလုံး အလုပ်လုပ်နေတဲ့ အချိန်တွေမှာ စောင့်ကြည့်ပေးနေမှာ ဖြစ်ပါတယ်။

အဆိုပါ ဆော့ဖ်ဝဲရဲ့ သွင်ပြင်ကို သုံးစွဲသူတွေ အလွယ်တကူနဲ့ သုံးစွဲတတ်စေဖို့အတွက်  စီစဉ်ပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ရိုးရှင်းတဲ့ ဒီဇိုင်းပုံစံကို အသုံးပြုထားပြီး ၊ ပြင်ပမှ ဝင်ရောက် ချိတ်ဆက် လာသော Device တွေကို အလွယ်တကူနဲ့သိရှိစေဖို့အ တွက် ဖော်ပြပေးနေမှာ လည်း ဖြစ်ပါတယ်။ 
  
Wireless Network Watcher ဟာ ပြင်ပမှ ချိတ်ဆက်တဲ့ Device တွေကို ID နဲ့ဖော်ပြပေးမှာ ဖြစ်တဲ့အပြင် IP Address တွေကိုလည်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Network Adapter အမျိုးအစား၊ Device Information အစရှိတာတွေကိုလည်း အလွယ်တကူနဲ့ သိရှိနိုင်ဖို့အတွက် ခွဲခြားပြီး ဖော်ပြပေးနိုင်တာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒီဆော့ဖ်ဝဲဟာ အချိန်ပြည့် Network ကို Scan ပြုလုပ်ပေး နိုင်မှာဖြစ်ပြီး၊ ဝင်ရောက် ချိတ်ဆက်နေတဲ့ Device တွေရဲ့ Mac Address, IP အစရှိတာတွေကို HTML, XML, CSV ဒါမှမဟုတ် Text File တွေ နဲ့ Report ပြုလုပ်ပေး နိုင်မှာလည်း ဖြစ်ပါတယ်။ အသစ်ထပ်မံပြီး Update ပြုလုပ်ထားတဲ့ Version ဖြစ်တဲ့အ တွက် Mac Address နဲ့ ပတ်သက်တဲ့ Data base လည်းပါဝင်လာတာ ဖြစ်ပါတယ်။ အဆိုပါ ဆော့ဖ်ဝဲကို Windows 2000 ကနေစပြီး Windows 8 အထိ သုံးစွဲနိုင်မှာ ဖြစ်သလို၊ Server Version တွေမှာလည်း သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

Credit to Internet Journal 

Ubuntu OS ပေါ်တွင် Sound Switcher ကို ထည့်သွင်းခြင်း



Aung Ko Htet (MM IT Knowledge)

Ubuntu OS ပေါ်တွင် Sound Switcher ကိုထည့်သွင်း အသုံးပြုပုံ ဖြစ်ပါတယ်။ Ubuntu OS အသုံးပြု သူများအနေဖြင့် ကိုယ့်ရဲ့ OS ပေါ်မှာ အသံတွေကို Record ပြုလုပ်လိုတဲ့ အခါမှာ အသုံးပြုသင့်တဲ့ ဆော့ဖ် ဝဲတစ်ခုလည်း ဖြစ်ပါတယ်။ Sound Swticher ကိုထည့်သွင်း ထားခြင်းဖြင့် Internal Audio Device တွေကနေ တစ်ဆင့်အခြားသော Input Device တွေဖြစ်တဲ့ Mic လိုမျိုး Device ကနေ ဖမ်းယူလိုက်တဲ့ အသံတွေကို ဖမ်းယူနိုင်ဖို့အတွက် Switch ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

Ubuntu OS ပေါ်မှာ Sound Switcher ကို ထည့်သွင်းဖို့အတွက် Ubuntu 12.10 ဒါမှမဟုတ် 14.04 ဖြစ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ပြီးသွားရင် Sound Switcher ကိုထည့်သွင်းဖို့အတွက် Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေUpgrade တွေပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီ ဆိုရင်တော့ Terminal ထဲမှာsudo apt-get update ဆိုတဲ့ Command နဲ့ အရင် Package တွေကို  Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေး ရပါမယ်။
  
နောက်တစ်ဆင့်ကတော့ Sound Switcher ကို Install ပြုလုပ်ဖို့အတွက် ဖော်ပြပါ Command တွေ ကိုတစ်ခုချင်း ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command တွေကတော့
-sudo apt-add-repository ppa:yktooo/ppa
sudo apt-get update && sudo apt-get install indicator-sound-switcher
စတာတွေပဲဖြစ်ပါတယ်။

အဆိုပါ Command တွေကို အသုံးပြုပြီးပြီ ဆိုရင်တော့ သင့်ရဲ့ Ubuntu OS ထဲမှာ Sound Switcher ကို ထည့်သွင်းပြီးပြီ ဖြစ်ပါတယ်။ အထက်ဖော်ပြပါ နည်းလမ်းမှာ Ubuntu OS 12.10 နှင့် 14.04 တွင် Sound Switcher ကိုထည့်သွင်းနည်း ဖြစ်ပါတယ်။

Credit to Internet Journal

PDF ဖိုင်ကို Mozilla Firefox ပေါ်မှ ဖန်တီးခြင်း



Aung Ko Htet (MM IT Knowledge)

PDF ဖိုင်တစ်ခု ဖန်တီးဖို့အတွက် Adobe PDF Installer ထည့်သွင်း ထားစရာမလိုဘဲ MozillaFirefox ပေါ်ကနေ အလွယ်တကူနဲ့ ဖန်တီးပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Mozilla Firefox Browser ပေါ် ကနေ Soda PDF ဆိုတဲ့ Add-on ကို အသုံးပြုပြီး File တွေကို PDF အဖြစ် အလွယ်တကူ ပြုလုပ်ဖန်တီးကာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အထောက်အပံ့ပေးတဲ့ဖိုင်အမျိုးအစား တွေကလည်း စုံလင်လှပါတယ်။
Firefox Browser ပေါ်ကနေ PDF ဖိုင်ကိုအလွယ်တကူ ဖန်တီးဖို့အတွက်ဆိုရင် ဖော်ပြပါ ၀က်ဘ် ဆိုက်လိပ်စာမှာ သွားရောက်ပြီး Firefox Add-on ကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။ Add-on ကိုထည့်သွင်းဖို့အတွက် ပထမဆုံး Firefox ရဲ့ တရားဝင်ဝက်ဘ်ဆိုက် လိပ်စာကိုသွားရမှာ ဖြစ်ပါတယ်။ ပြီးရင် Add-on ဆိုတဲ့ Button ကို နှိပ်ရမှာ ဖြစ်ပါတယ်။ Add-on ဆိုတဲ့ စာမျက်နှာကို ရောက်ပြီဆိုရင် Soda PDF ဆိုတဲ့ Keyword ကို Search Box ကနေ ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် Soda PDF Online Services ဆိုတဲ့ Add-onကိုတွေ့မှာ ဖြစ်ပါတယ်။ အကယ်၍ ဝက်ဘ်ဆိုက်ကို တိုက်ရိုက်အသုံးပြုချင်သူတွေအတွက် http://goo.gl/FWSwlT ဆိုတဲ့ လိပ်စာကနေ တိုက်ရိုက်သွားနိုင်ပါတယ်။
 
 နောက်တစ်ဆင့်ကတော့ Firefox Browser ထဲ Add-on ကို ထည့်သွင်းဖို့အတွက် Add to Firefox ဆိုတဲ့ Button ကိုနှိပ်လိုက်ပါ။ ဖိုင်ကို Download ပြုလုပ်ပြီးတဲ့ အချိန်မှာ Firefox Browser ကို Restart ပြုလုပ် မလားလို့ မေးလာရင် Restart ပြုလုပ်လိုက်ပါ။ ဒါဆိုရင် Firefox Browser ထဲမှာ Soda PDF Online Services ကို ထည့်သွင်းပြီးသွားပြီ ဖြစ်ပါတယ်။

ဒီ Add-on ဟာ Microsoft Word, Excel, Power Point, Image, HTML, Text အစရှိတဲ့ ဖိုင်တွေကို အထောက်အပံ့ ပေးထားပြီး PDF ပြုလုပ်ခွင့် ပေးထားမှာ ဖြစ်သလို Convert PDF လည်းပြုလုပ်နိုင် မှာ ဖြစ်ပါတယ်။ အခကြေးငွေပေးသွင်းပြီး အသုံးပြုမယ် ဆိုရင်တော့ PDF ဖိုင်အချင်းချင်း ပေါင်းထည့်တာတို့၊ PDF ဖိုင်တွေကို ခွဲထုတ်တာတို့ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

(၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးဆိုင်ရာ အချက်အလက်များအား ဝက်ဘ်ဆိုက်လွှင့်တင်



Aung Ko Htet (MM IT Knowledge)

(၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးဆိုင်ရာ အချက်အလက်များအား ရယူနိုင်ရန် ဝက်ဘ်ဆိုက်တွင် စတင်လွှင့်တင်ထားကြောင်းသိရသည်။

အဆိုပါ အချက်အလက်များကို www.asean2014.gov.mm နှင့် www.moi.gov.mm ဝက်ဘ်ဆိုက် များတွင် စတင်လွှင့်တင်ထားခြင်းဖြစ်ကြောင်း သိရသည်။ ယင်းထိပ်သီးအစည်းအဝေးများသို့ သတင်းဝင်ရောက် ရယူရမည့် ပြည်တွင်းပြည်ပ မီဒီယာများအတွက် အထောက်အကူ ဖြစ်စေရန်အတွက် အစည်းအဝေးဆိုင်ရာ အချက်အလက်များ ပါဝင်သည့် Media Handbook အားအထက်ပါ ဝက်ဘ်ဆိုက်နှစ်ခုတွင် လွှင့်တင်ထားခြင်းဖြစ်ကြောင်း သိရသည်။ (၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၁ တွင် နိုဝင်ဘာလ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Credit to Internet Journal

မလေးရှားနိုင်ငံ Kuala Lumpur (KL) တွင် တာဝန်ထမ်းဆောင်ရန် Programmer & IT Professional (Permanent Position) များ ခေါ်ယူနေပါသည်။


Aung Ko Htet (MM IT Knowledge)

စိတ်ပါဝင်စားသူများ 17 November, 2014 နောက်ဆုံးထားပြီးလျှောက်ထား နိုင်ပါသည်။မိမိတို့နီးစပ်ရာ သူငယ်ချင်းများ သိရှိလျှောက်ထားနိုင်ရန် ထပ်ဆင့် share ပေးစေလိုပါသည်။
---------------------------------------------------------------------------------------------
Kuala Lumpur, Malaysia တွင် အမြဲတမ်းဝန်ထမ်း အဖြစ်ခန့်ထားရန်။
Malaysian-based IT Solution Provider ကုမ္ပဏီမှ Goods & Services Tax (GST) နှင့် self-serve kiosk system projects များအတွက် အောက်ပါ အရည်အချင်းရှိ ၀န်ထမ်းများ ခန့်ထားလိုပါသည်။
1. Project Manager (Required Staff – 7) (RM5,000-RM7,200)
Skillset required - At least 8-12 years of experiences. Minimum 2 years of experience in managing large projects. Either PMP or Prince2 certified - added advantage
2. Project Director (Required Staff – 2) (RM7,500-RM12,000)
Skillset required - Minimum 15 years of experiences in IT with at least 5 years of experience in managing large/global projects
3. IT Infrastructure Lead (Required Staff – 1) (RM3,200-RM5,000)
Skillset required – Minimum 5-7 years experiences in managing servers, network and datacenter
4. Technical Lead (Required Staff – 1) (RM4,000-RM6,000)
Skillset required - Above 8 years of experiences in working on Infrastructure and application development
5. PHP Developer (Required Staff – 1) (RM4,000-RM5,500)
Skillset required - At least 4-7 years experiences in developing applications using Php
6. Java Programmer (Required Staff – 15) (RM4,000-RM5,500)
Skillset required - At least 3-5 years experiences in Java programming. Experience in working on bank related applications is an added advantage
7. .Net Developer (Required Staff – 10) (RM3,500-RM5,500)
Skillset required - At least 4-7 years experiences in developing applications using (.Net). Prior experience in Kiosk related projects is added advantage
8. Network Engineer (Required Staff – 1) (RM3,500-RM5,000)
Skillset required - Minimum 3-5 years experiences in support network devices. Possessing CCNA certification or related would be added advantage
9. Technical Support Engineer (Required Staff – 2) (RM2,500-RM3,000)
Skillset required - At least 3-5 years experiences in supporting Desktops, PCs, network and servers. Having knowledge on Point of Sales is added advantage. Willing to work on shift basis
10. Informix Engineer (Required Staff – 2) (RM4,000-RM6,000)
Skillset required - Minimum 4-6 years experiences in Informix

- ကုမ္ပဏီမှ အလုပ်ဗီဇာ (Work Pass) ကုန်ကျစရိတ် နှင့် (Yangon-KualaLumpur one way ticket) လေယာဉ်လက်မှတ်ခ များကို တာဝန်ယူ ပေးမည်ဖြစ်သည်။
- မလေးရှားသို့ စရောက်သည့်နေ့မှ (၂ ပတ်) အထိသာ ကုမ္ပဏီမှ နေစရာ စီစဉ်ပေးမည်။
- အလုပ်လုပ်ကိုင်ရမည့် သက်တမ်းသည် ဗီဇာ ခွင့်ပြုချက် ၊ မိမိ၏ ပတ်စ်ပို့ သက်တမ်း နှင့် မိမိ၏ အရည်အချင်းပေါ်တွင်သာ မူတည်သည်။
- လစာ၊ အခြားခံစားခွင့် နှင့် အသေးစိတ်အချက်အလက်များကို ကုမ္ပဏီနှင့် Final Interview တွင် တိုက်ရိုက် ဆွေးနွေးညှိုနှိုင်းရမည် ဖြစ်ပါသည်။

ပထမအဆင့် ရွေးချယ်/အင်တာဗျူးခြင်းအဆင့်များ ကို online processing (via Skype, Viber, Gtalk) ဖြင့် ရွေးချယ်မည် ဖြစ်ပြီး၊ ရွေးချယ်ခံရသူများသည် ဒုတိယအဆင့်တွင် Malaysia Employer နှင့် personal interview တိုက်ရိုက် ဖြေဆိုရမည်ဖြစ်သည်။
စိတ်ပါဝင်စားသူများသည် အောက်ပါ CV form (both PDF and MS Words version) ကို download ယူပြီး လိုအပ်သည်များကို English လိုဖြည့်စွက်၍ မိမိတို့၏ Cover Letter နှင့်အတူ October 30, 2014 နောက်ဆုံးထားပြီး recruit@mnoservices.com သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
CV form ဖြည့်ခြင်းအတွက် sample ကိုလည်း Reference အဖြစ် download ယူနိုင်ပါသည်။ ပေးထားသော CV form ကိုဒေါင်းလုပ်ယူပြီးဖြည့်စွက်ခြင်းကိုသာ လက်ခံပါသည်။


To download Blank CV form and Sample CV form
---------------------------------------------------------------
1. Sample CV download link:
https://www.dropbox.com/s/dluao62t5xg0rjy/SAMPLE%20CV.7z…

2. CV to be completed download link: https://www.dropbox.com/s/804t…/CV%20to%20be%20completed.7z…

ဆက်သွယ်ရန်-
Mobile (1) : +65 8328 7040 (Viber/Whatsapp/Line)
Mobile (2) : +65 9180 1418 (Viber/Whatsapp/Line)
Skype ID : mnoservices
Hangouts : mnoservices.sg@gmail.com
Email (1) : recruit@mnoservices.com
Email (2) : general@mnoservices.com

မြန်မာပြည်မှ သုံးစွဲသူများသာ ပါဝင်ဆင်နွှဲနိုင်မည့် အထူးအစီအစဉ် တစ်ရပ်ကို Viber ပြုလုပ်



Aung Ko Htet (MM IT Knowledge)

Rakuten ကုမ္ပဏီအုပ်စု၏ လုပ်ငန်းခွဲ တစ်ခုဖြစ်သည့် Viber သည် ၄င်း၏ အခပေး စတစ်ကာများကို ပြည်တွင်းမှ သုံးစွဲသူများ အခမဲ့ download ရယူနိုင်မည့် အထူးအစီအစဉ် တစ်ရပ်ကို စတင်လိုက်ကြောင်း၊ အဆိုပါ အစီအစဉ်သည် မြန်မာပြည်မှ Viber သုံးစွဲသူများအတွက်သာ ဖြစ်ကြောင်း သိရသည်။

Viber ၏ ဈေးကွက် ဖော်ဆောင်ရေး အရာရှိချုပ် (CMO)၊ Mark Hardy က "ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံက သုံးစွဲသူတွေအတွက် Viber ရဲ့ ရေပန်းအစားဆုံး အခပေး စတစ်ကာလေးတွေကို အခမဲ့ Download ရယူနိုင်အောင် စီစဉ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်က Viber သုံးစွဲသူတွေအနေနဲ့ မိမိတို့ရဲ့ မိသားစု၊ မိတ်ဆွေ၊ လုပ်ဖော် ကိုင်ဖက်၊ သူငယ်ချင်းတွေ အားလုံးကို Viber ရဲ့ စွဲမက်ဖွယ်ရာ စတစ်ကာတွေပေးပို့ ဆက်သွယ်နိုင်ပါပြီ" ဟု ပြောသည်။

Viber ကို ဖုန်းဖြင့် register ပြုလုပ်ထားသော ပြည်တွင်းမှ Viber သုံးစွဲသူများ အနေဖြင့် Viber ၏ ထိပ်တန်း စတစ်ကာ ၁၀၀ ကျော်ကို သတ်မှတ်ထားသော အချိန်ကာလအတွင်း အခမဲ့ရယူ နိုင်မည်ဖြစ်သည်။ Viber ၏ အခပေး စတစ်ကာများကို အခမဲ့ရယူနိုင်သည့် အချိန်ကာလအားဖြင့် သုံးပတ်မှ လေးပတ် ကြာမြင့်မည်ဖြစ်ပြီး ယင်းအချိန် ကာလအတွင်း ကန်ဒေါ်လာ ၁.၉၉ တန်ဖိုးရှိ Viber ၏ ထိပ်တန်း စတစ်ကာများကို အခမဲ့ Download ရယူနိုင်မည် ဖြစ်သည်။

"သတ်မှတ်ထားတဲ့ အချိန် ကာလဆိုတာကတော့ ဒီနေ့ကစပြီး အများဆုံး သုံးပတ်၊ လေးပတ်လောက်ထိ ပေးသွားဖို့ရှိပါတယ်။ Viber ရဲ့ ဒေါ်လာ ၁.၉၉ တန် ထိပ်တန်း စတစ်ကာတွေကို ပြည်တွင်းက Viber သုံးစွဲသူတွေ အခမဲ့ရယူ နိုင်မှာဖြစ်ပါတယ်။ မိုဘိုင်းဖုန်းကနေ Viber ကို register ပြုလုပ်ထားတဲ့ မြန်မာပြည် အတွင်းက Viber သုံးစွဲသူ ဘယ်သူမဆို Viber ရဲ့ စတစ်ကာစတိုးကိုဝင်ပြီး စတစ်ကာတွေကို အခမဲ့ download ရယူနိုင်ပါတယ်" ဟု Viber Myanmar မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Viber သည် အခမဲ့ စာတိုပို့ခြင်းနှင့် HD အရည်အသွေးဖုန်း ခေါ်ဆိုခြင်း၊ ဗီဒီယိုခေါ်ဆိုခြင်းများ လုပ်ဆောင်နိုင်သော ထိပ်တန်းမိုဘိုင်း Application တစ်ခုဖြစ်ကာ ပုံမှန်အသုံးပြုသူသန်း ၄၀၀ ကျော်ရှိပြီး  ပြည်တွင်း၌ Viber သုံးစွဲသူ ၅ သန်းကျော်ရှိကြောင်း သိရသည်။

-ရဲထွဋ်ဝင်း