Aung Ko Htet (MM IT Knowledge)
CIMB Thai Bank မှ အပြည်ပြည်ဆိုင်ရာငွေလွဲ ဝန်ဆောင် မှု့ အစီအစဉ် ==========================
ထိုင်း နိုင်ငံ ရောက် ရွှေ့ ပြောင်း မြန်မာ ပြည်သူ /သား များအတွက် သတင်းကောင်းပါ။ ထိုင်းနိုင်ငံ အခြေ စိုက် ဘဏ် တစ်ခု ဖြစ် သည့်  CIMB Thai Bank မှ နိုင်ငံ အရပ် ရပ် သို့ ငွေ လွဲ ဝန် ဆောင် မှူ့  ကို တိုးချဲ့  လုပ် ကိုင် လာ လျှက် ရှိ ရာ.....အောက်ပါ နိုင် ငံ များ နှင့်  ၄င်း တို့ နှင့် သက် ဆိုင် သော နိုင်ငံ ဘဏ် ခွဲ များ သို့  speed send money အစီအစဉ် စတင် လက်ခံ ဆောင်ရွက် ပေး နေကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံမှ -
( ၁ ) မလေး ရှား
( ၂ ) အင်ဒိုနီးရှား
(၃ ) စင်ကာပူ
(၄ ) ဖိလစ်ပိုင်
(၅ ) ဗီယက်နမ်
(၆ ) နီပေါ
(၇ ) ဘင်္ဂလားဒေ့ ရှ်
( ၈ ) မြန်မာ နိုင်ငံ ( AGD ဘဏ် ။ ကမ္ဘော ဇ ဘဏ် နှင့်  ဧရာဝတီ ဘဏ် ) များ သို့ 
ငွေလွဲ နိုင် ပြီ ဖြစ်ပါသည်။
ငွေလွဲ နှုန်းထား
============
=ငွေလွဲနှုန်းထား များ မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
( ၁ ) ဘတ် ( ၃၀၀ မှ ၅၀ , ၀၀၀ ) အထိ ကို ( ၁၅၀ ) ဘတ်
( ၂) ဘတ် (၅၀ , ၀၀၁ မှ ၁၀၀ , ၀၀၀ ) အထိ ( ၂၅၀ ) ဘတ်
(၃ ) ဘတ် ( ၁၀၀ , ၀၀၁ မှ ၂၀၀ , ၀၀၀ ) အထိ ( ၃၅၀ )ဘတ်
(၄ ) ဘတ် ( ၂၀၀ , ၀၀၀ မှ ၃၀၀ , ၀၀၀ ) အထိ ( ၄၅၀ ) ဘတ် ဖြစ်ပါသည်။
ငွေလွဲ ပို့ မှူ့ အတွက်ကြိုတင်သိထားရမည့်  အချက်များ
==========================
( ၁ ) လူတစ်ဦးတစ်ယောက်လျင် အနည်းဆုံး ဘတ် ( ၃၀၀ မှ ၁၀၀ , ၀၀၀ ) အထိ တစ်ရက် လျှင် တစ်ကြိမ် လွဲနိုင်ပါသည်။
( ၂ ) ငွေထုတ်ယူရန်အတွက် အချိန်နှင့် နေရာသည်သက်ဆိုင် ရာ နိုင်ငံများ၏ ကိုယ်စားလှယ် ဘဏ်၏ သတ်မှတ်ချက် များအတိုင်းဖြစ်ပါသည်။
(၃ ) ငွေလွဲ ရာတွင် သတ်မှတ်ချက် စည်းကမ်းများ သည် CIMB Thai Bank ၏ သတ်မှတ်ချက် စည်းမျဉ်း စည်း ကမ်းများ အတိုင်း ဖြစ်ပါသည်။
ငွေဘယ်လိုလွဲမလဲ
============
( ၁ )ငွေလွဲရာတွင် ကိုယ်ရေးအထောက်အထား တစ်ခုခု နှင်အတူ လွဲမည့် ပိုက်ဆံ ပမာဏ ငွေလွဲ ခ တို့ ကို ဖြည့် စွက်ပြီး ပို့ ပါ။
( ၂ ) ငွေလက်ခံသူ ၏ အမည် ။ ငွေပမာဏ စစ်ဆေးသောနံပါတ် ပေးပို့ သောနိုင်ငံ ကို ငွေလွဲ လက်ခံမည့် သူ ကို ကြိုတင်အကြောင်း ကြား ပါ။
( ၃ ) ငွေလွဲ ခြင်း အောင်မြင် ပါက ( စစ်ဆေးနိုင်သော နံပါတ် ) ကုဒ်နံပါတ် တစ်ခု ကိုရရှိပါမည်။
( ၄ ) ငွေ ပို့ ခြင်း ပြီးဆုံးသွားပါပြီ။
ငွေဘယ်လို ထုတ်မလဲ
================
( ၁ ) ငွေလွဲ ပေးပို့ သူ မှအကြောင်းကြားထားသော အချက် အလက်များ ကို ဖြည့် စွက် ရပါမည်။
( ၂) ငွေထုတ်မည့် သူ ၏ ကိုယ်ရေးအထောက်အထား များနှင့်  သက်ဆိုင်ရာ ထုတ်ယူမည့်  ဘဏ် တွင် ဖြည့် စွက် ပါက လွဲငွေကို လက်ခံ ရရှိပါမည်။
==========================
ref: စိုင်းသူ
0 comments:
Post a Comment