Powered by Blog - Widget

Tuesday, April 1, 2014

ဂျပန်နိုင်ငံလုပ် BMB စပီကာ Serie များနှင့် Amplifier ကို သင်္ကြန်ကာလ အထူးဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည်



Aung Ko Htet (MM IT Knowledge)


ဂျပန်နိုင်ငံလုပ် BMB Speaker နှင့် Amplifier များကို ၂၀၁၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ထိ သင်္ကြန်အထူးဈေးနှုန်းများဖြင့် ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ BMB Speaker များတွင် CSV series, CSD Series, CSX Series, CSN Series နဲ့ CSJ Series ဆိုပြီး Series 5 မျိုး ထုတ်လုပ်ထားတယ်လို့ သိရ ပါတယ်။ သီချင်းနားထောင်ရန်အတွက် ကောင်းမွန်တယ်လို့ သိရပါတယ်။ ကာရာအိုကေ သီဆိုသူများအတွက် အသံထွက်ကောင်းမွန်စေတဲ့ CSN-455(E) 450 ဝပ် ၁၀ လက်မ စပီကာကို ယခင်ဈေးနှုန်း ၃၄၈,၀၀၀ ကျပ်မှ ယခုအခါ  ၂၇၀,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ကာရာအိုကေ ဝါသနာပါသူများအကြိုက် CSX-550(SE) 400 ဝပ်၊ ၈ လက်မစပီကာကို ယခင်ဈေး ၃၃၅,၀၀၀ ကျပ်မှ ယခုအခါ ၂၆၀,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ အရွယ်အစားသေးငယ်သော်လည်း အသံထွက်ကောင်းမွန်တဲ့ CSJ-210(SE) 200 ဝပ်၊ ၆ လက်မ စပီကာကို ယခင်ဈေး ၃၂၆,၀၀၀ ကျပ်မှ ယခုအခါ ၂၅၀,၀၀၀ ကျပ် ဖြင့်လည်းကောင်း ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ နည်းပညာမြင့်မားပြီး အရွယ်အစားကြီးမားတဲ့ LCD စကရင်ဖော်ပြမှုစနစ်နဲ့ Digital Amplifier DAS-300(SE) 300 ဝပ် × ၂ လိုင်း/ ၁၅၀ ဝပ် × ၄ လိုင်းကို ယခင်ဈေးနှုန်း ၆၃၀,၀၀၀ ကျပ်မှ ယခုအခါ  ၅၈၈,၀၀၀ ကျပ်ဖြင့် ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ Original BMB Spare Parts တွေကိုလည်း ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အရောင်းကိုယ်စားလှယ်များနှင့် ဝယ်ယူသုံးစွဲလိုသူများအနေဖြင့် BMB အမှတ်တံဆိပ် ဂျပန်နိုင်ငံထုတ် စပီကာအမျိုးမျိုးကို Tri-treasures International Co.,Ltd MT Electronic (ရန်ကုန် ) ဖုန်း ၀၁-၃၈၁၂၀၂၊ ၀၉၂၀၀၄၄၄၉ နှင့် မျိုးသိန်းအီလက်ထရောနစ် (မန္တလေး) ဖုန်း ၀၂-၃၅၃၃၂၊ ၆၁၆၆၆၊ ၂၂၁၇၇ သို့ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ပါတယ်။



ref: ကောင်းမြတ်ထွန်း၊ မန္တလေး

 

0 comments:

Post a Comment