Powered by Blog - Widget

Tuesday, April 8, 2014

CRBT ဝန်ဆောင်မှုနှင့် ပတ်သက်၍ ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်ထုတ်ပြန်

Aung Ko Htet (MM IT Knowledge)

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆောင်ရွက်ပေးသွားမည့် Caller Ring Back Tone ဝန်ဆောင်မှုနှင့်ပတ်သက်၍ ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။

CRBT (Caller Ring Back Tone) ဝန်ဆောင်မှုနှင့် ပတ်သက်၍ စုံစမ်းခြင်း၊ သီချင်းဝယ်ယူလိုခြင်းတို့အတွက် Website www.ytune.com.mm အစား www.mmringtone.com သို့ ဝင်ရောက်၍လည်းကောင်း၊ ဖုန်းနံပါတ် ၀၁-၆၅၂၂၈၃၊ ၀၉-၅၄၀၁၈၈၈၊ ၀၁-၅၅၅၂၄၆၊ ၀၉-၂၅၀၅၄၃၄၃၄ နံပါတ်များသို့ ဆက်သွယ်၍လည်းကောင်း ဆောင်ရွက်နိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

၂၀၁၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ ညတွင်လက်ရှိအသုံးပြုနေသော CRBT (Caller Ring Back Tone) Service စနစ်မှ အသစ်တပ်ဆင်စမ်းသပ်ပြီးဖြစ်သော စနစ်အသစ်သို့ပြောင်းရွှေ့တပ်ဆင်ခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ချက်အရသိရသည်။ ၂၀၁၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ ရက်နေ့ ည (၀၀း၀၀) နာရီမှ ဧပြီလ ၁ ရက်နေ့ နံနက် (၀၅း၀၀) နာရီအတွင်း သာမန် Ring Back Tone ဖြင့် ဝန်ဆောင်မှုပေးခဲ့ခြင်းဖြစ်ပြီး နံနက် (၀၅း၀၀) နာရီမှစ၍ CRBT (Caller Ring Back Tone) Service ကို မူလအတိုင်း ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

“သီချင်းအသစ်လှမ်းပြောင်းတာ သီချင်းမပြောင်းဘဲနဲ့ ပိုက်ဆံတော့ဖြတ်သွားတယ်။ အဲဒါနဲ့ ဝန်ဆောင်မှုစင်တာကိုလှမ်းမေးတော့ ကွန်ပလိန်းတက်ရင် သုံးရက်လောက်ကြာမယ်လို့ပြောတယ်။ အခုစက်ပစ္စည်းအသစ်တွေလဲပြီး ပိုကောင်းအောင် ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။ လက်ရှိဖုန်းထဲက  အသံက နည်းနည်းလေးတိုးနေတယ်လို့ ခံစားရတယ်။ အသုံးပြုသူ တစ်ယောက်အနေနဲ့က ဝန်ဆောင်မှု ပိုကောင်းစေချင်ပါတယ်” ဟု CRBT ဝန်ဆောင်မှုအသုံးပြုသည့် ၀၉၄၂  ဖုန်းကိုင်ဆောင်သူက ပြောသည်။

ရတနာပုံတယ်လီပို့မှ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော Ytune CRBT ဝန်ဆောင်မှုကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လွှဲပြောင်းလုပ်ကိုင်ခြင်းဖြစ်ကြောင်း သိရသည်။ Ytune CRBT ဝန်ဆောင်မှုကို ၂၀၁၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိသာ ဝန်ဆောင်မှုပေးတော့မည်ဖြစ်ကြောင်း ရတနာပုံတယ်လီပို့မှ ကြေညာခဲ့သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဆက်သွယ်ရေးဌာနက ဝန်ဆောင်မှုပေးလျှက်ရှိသော CRBT (Caller Ring Back Tone) ဝန်ဆောင်မှုအတွက် စက်ပစ္စည်းများတိုးချဲ့ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ သက်ဆိုင်ရာစက်ပစ္စည်းများအားလုံး တပ်ဆင်စမ်းသပ်ပြီးဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ထားသည်။

ထွန်းထွန်း
- See more at: http://www.myanmarinternetjournal.com/content/12067#sthash.VNSEV339.dpuf

ref: ထွန်းထွန်း

0 comments:

Post a Comment