Monday, June 2, 2014
လူတိုင်းမသိသေးသော အီစွပ် ရဲ့အကြောင်း
Aung Ko Htet (MM IT Knowledge)
အီစွပ်ဆိုရင် ကမ္ဘာကျော် ပုံပြင်တွေကို ဖန်တီးရေးသားခဲ့တဲ့ လူတစ်ယောက်ဆိုတာကို ကလေးကအစ လူကြီးက အဆုံးသိကြပါတယ်။ ဒါပေမဲ့ အီစွပ်က ဘယ်လိုပုံစံမျိုးလဲ အီစွပ်ရဲ့ အကြောင်းက ဘယ်လိုတွေလဲဆိုတာကို သိတဲ့ လူတွေရှားအုံးမယ်လို့ထင်ပါတယ်။ အဲ့ဒါကြောင့် အီစွပ်ရဲ့အကြောင်းကို သိသင့်သလောက်လေးတင်ပေးလိုက်ပါတယ်။
တကယ်တော့ ကျွန်တော်တို့သိကြတဲ့ အီစွပ်ဆိုတာ ကျွန်တစ်ယောက်ပါ။ အမည်ရင်းကတော့ အီစိုပတ် ဖြစ်ပါတယ်။ သူ့ကို မွေးဖွားခဲ့တာကတော့ ဘီစီ ၆၂၀ မှာဖြစ်ပြီး ကွယ်လွန်ခဲ့သည့်ခုနှစ်ကတော့ ဘီစီ ၅၆၀ မျာဖြစ်ပါတယ်။ သူ့ကို မွေးခဲ့တဲ့ မွေးရပ်ဇာတိကတော့ အမိုးနီးယပ်စ်မြို့ ဖရစ်ဂျီယာနယ်မှာဖြစ်ပါတယ်။ သူဟာ မွေးကတည်းက ချို့တဲ့ပြီး မသန်စွမ်းသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ ပုံသဏ္ဍန်ကတော့ ဦးခေါင်းက သာမန်ထက် အနည်းငယ် ပိုပြီး ရှည်တယ်။ နှာခေါင်းက အနည်းငယ်ပိနေတယ်။ နှုတ်ခမ်းထူပြီးတွဲကျနေတယ်။ အသားကမဲတယ်။ ခါးကုန်းပြီး ကျောကုန်းမှာ ဘို့တစ်ခုရှိတယ်။ ဗိုက်ကပူပူ ခြေနှစ်ဖက် လုံးခွင်နေတယ်။ သူ့မှာရှိတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို အစွဲပြုပြီး အီစွပ်လို့ အမည်တွင်ခဲ့တယ်။
သူဟာ လူပျိုအရွယ်ရောက်တဲ့အချိန်အထိ စကားပြောရင် အထစ်ထစ်ငေါ့ငေါ့နဲ့ တစ်ချက်တစ်ချက်မှာ အသံက တိမ်ဝင်သွားသေးသည်။ သူဟာ မွေးကတည်းက အလွန်ဆင်းရဲပြီး ကျွန်ဘ၀က လွတ်မြောက်နိုင် တဲ့ ပညာအရည်အချင်းမျိုးလည်း သူ့မှာမရှိခဲ့ပါ။ သူသေခါနီး နှစ်အနည်းငယ်လောက်မှ ကျွန်ဘ၀က လွတ်မြောက်ခွင့်ရခဲ့သည်။ ဒါကလညး သူဖန်တီးထားတဲ့ ပုံပြင်စာပေတွေရဲ့ ကျေး ဇူးကြောင့်ဖြစ်သည်။
အီစိုပတ် ဘ၀ကနေ အီစွပ်ဖြစ်လာပုံကတော့ ငယ်စဉ်က အီစွပ်ဟာ သူ့ရဲ့ ပထမဆုံး သခင်ထံမှာနေခဲ့ရသည်။ သူ့ကို အိမ်မှုကိစ္စခိုင်းပြန်တော့လည်း အဆင်မပြေ၊ တောက် တိုမယ်ရခိုင်းတော့လည်းအဆင်မပြေဖြစ်တာတွေ့ရတဲ့အတွက်ကြောင့် နောက်ဆုံး သူ့ခင်က သူ့ကို လယ်ထဲပို့ထားလိုက်ရတော့သည်။ လယ်ထဲမှာ အခြား အလုပ် သမားတွေနဲ့ အတူ အလုပ်ကြမ်းလုပ်ရသည်။
တစ်နေ့ သူ့သခင်ကလယ်ထဲကို လာကြည့်သည်။ အဲ့ဒီအချိန်မှာ အလုပ်တစ်ဦးက အလွန်အရသာရှိတဲ့ ကတွတ်သီးမှည့် တစ်ချို့ကို သခင့်အတွက်လက်ဆောင်ပေးသည်။ သခင်က ဒီအသီးတွေကို သူရေချိုးပြီးမှ စားမယ်ဆိုပြီး သူ့ရဲ့လူယုံတော် အဂါသိုပိုးဒပ်စ် ကိုသိမ်းထားခိုင်းလိုက်သည်။ လူယုံကလည်း အခြားအလုပ်သမားတွေကိုစည်းရုံးပြီး ကတွတ်သိးတွေကို အကုန်ဝေ စားပစ်လိုက်သည်။ ပြီးတော့ အီစွပ်ကို အပြစ်ပုံချဖို့ အကြံအစည်ကို အားလုံးသဘောတူလိုက်ကြသည်။
သခင်ရေချိုးပြီးပြန်အလာမှာ အဂါသိုပိုးဒပ်စ်နဲ့ သူ့အပေါင်းအသင်းတွေက ဆီးကြိုပြီး ကတွတ်သိး တွေကို အီစွပ်က အကုန်စားပစ်ပါတယ် လို့ပြိုင်တူ ၀ိုင်းပြီး စွပ်စွဲကြတယ်။ သခင်လည်းဒီစကားကြားတော့ ရုတ်တရက် ဒေါသထွက်ပြီး အီစွပ်ကို အမြန်ခေါ်ခိုင်းလိုက်တယ်။ အီစွပ်ရောက်လာတဲ့အခါသခင်စားဖို့ သိမ်းထားခိုင်းတဲ့ ကတွတ်သီးတွေကိုဘာဖြစ်လို့ အကုန်စားလိုက်တာလဲလို့မေးသည်။
အီစွပ်ဟာ စကားကောင်းစွာ မပြောနိုင်တဲ့အတွက်ကြောင့် ရုတ်တရက်ကြောင်တောင်တောင်ဖြစ်နေပြီး သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းမရှိဖြစ်ခဲ့ရသည်။ ထို့အတွက်ကြောင့် သူ့ကို အပြစ်ပေးဖို့ အမိန့်ထုတ် လိုက်တဲ့အခါ သခင်ရှေ့မှာ ခေါင်းငုံ့ပြီး လောလောဆယ်သူ့ကို အပြစ်မပေးသေးပဲ သူပြောတာကို ခဏနားထောင်ဖို့တောင်းပန်လိုက်သည်။
အဲ့ဒီအချိန်အတွင်းမှာ အီစွပ်က ရေနွေးအနည်ငယ်ယူပြီးသောက်လိုက်တယ်။ အဲ့ဒိနောက်မှာ လက်ညှိုးနဲ့ အာခေါင်ထဲကို နှိုက်ပြီး အံချလိုက်သည်။ အဲ့ဒီနောက်မှာ သူသောက်ထား တဲ့ ရေနွေးတွေ ပဲ ပြန်ထွက်လာတာကို တွေ့ရတယ်။ အဲ့ဒီနည်းအတိုင်းပဲ တခြား အလုပ်သမားတွေကိုလည်း လုပ်ခိုင်းဖို့ သခင်ကို တောင်းပန်တဲ့အချိန်မှာ အမှုမှန်ပေါက်သွားပြီး တကယ်ခိုးစားတဲ့သူတွေကိုသူတို့နဲ့ ထိုက်တန်တဲ့ အပြစ်ကို သူတို့သခင်က ပေးလိုက်ပါတယ်။
သူ့သခင်မြို့ကိုပြန်သွားပြီးတဲ့နောက်မှာ ကျန်တဲ့အလုပ်သမားတွေက အီစွပ်ကို ပိုပြီးဖိအားပေး လာကြတဲ့အတွက်ကြောင့် အီစွပ်မှာ ပို၍ အလုပ်ပင်ပန်းသွားသည်။ တစ်နေ့တော့ လယ်ထဲမှာ အလုပ်လုပ်နေတုန်း ဘုန်းကြီးနှစ်ပါး ရောက်လာပြီး လမ်းပြဖို့သူ့ကို အကူအညီလာတောင်သည်။ အီစွပ်က လမ်းပြပေးရုံမက ပဲ လမ်းမှာလိုအပ်တဲ့ ၀တ္ထု တစ်ချို့ကို လည်း ကူညီပေးလိုကသည်။
ပြီးတော့ အလုပ်ပင်ပန်းတဲ့အရှိန်ကြောင့် တစ်နေရမှာ အိပ်ပျော်သွားသည်။ အိပ်မက်ထဲမှာ လူတစ်ယောက်က အခုချိန်က စပြီး သင်ဟာ သင်ပြောချင်တဲ့အကြောင်းကို ပုံပြင်ပုံစံနဲ့ ပြောပါက ပိုပြီးအောင်မြင်လိမ့်မည်ဟု ပြောပြီး ပြန်ပျောက်သွားသည်။ အီစွပ်လည်း အိပ်ယာကနိုးထလာတော့ သူ့ကိုယ်သူ အံ့သြပြီး စားပြောကြည့်တော့ စကားဟာ အထစ်ငေါ့မရှိပြောဆိုနိုင်လာတာကိုတွေ့ရတယ်။ အဲ့ဒါနဲ့ ၀မ်းသာလွန်းပြီး တိရီစ္ဆာန်လေးတွေနဲ့ စကားပြောပြီး တိရိစ္ဆာန်လေးတွေရဲ့အကြောင့်ကို ပုံပြင်သဖွယ်ပြောကြည့်ရာကနေ လူအများစိတ်ဝင်စားမှုကို ရသွားပြီး တစ်စနဲ့ တစ်စ စာပေတွေလေ့လာရင်း၊ ပုံပြင်တွေရေးသားရင်းနဲ့ နောက်ဆုံးမှာ သူ့ရဲ့ စာပေအရေးသားတွေကို လူကြိုက်များလွန်းပြီး ကျွန်ဘ၀မှ လွတ်မြောက်ခွင့်ရပြီး နှစ်အနည်းငယ် အတွင်းမှာ ပဲ ကွယ်လွန်သွားခဲ့သည်။
အီစွပ်ရေးသားခဲ့တဲ့ ပုံပြင်ပေါင်းဟာ ခြောက်ရာကျော်ရှိတယ်လို့ သိရပေမဲ့ ကျွန်တော်တိုပလေ့လာသိရှိထားတဲ့ ပုံပြင်အပုဒ်ရေပေါင်းမှာ ၃၆၀ ခန့်သာရှိတော့သည်။
Aung Ko Htet (Myanmar IT Knolwedge)
0 comments:
Post a Comment