Thursday, March 6, 2014
Home »
International News
,
Knowledge
» စက်ရုပ် ၀တ်စုံ ကို ၀တ်ဆင်ပြီး လက်တစ်ဖက်တည်းဖြင့် ပေါင် (၁၁၀) ကို မနိုင်
စက်ရုပ် ၀တ်စုံ ကို ၀တ်ဆင်ပြီး လက်တစ်ဖက်တည်းဖြင့် ပေါင် (၁၁၀) ကို မနိုင်
Post By Aung Ko Htet ( MM IT Knowledge)
လူရဲ့ ခန္ဓာကိုယ် မှာ ၀တ်ဆင်နိုင်တဲ့ စက်ရုပ် ၀တ်စုံ တွေ တစ်ဖြည်းဖြည်း များပြားလာပါပြီ။ အီတလီ နိုင်ငံ San Giuliano Terme ရှိ Perceptual Robotics Laboratory က သုတေသန ပညာရှင်တွေက လက်တစ်ဖက် လျှင် ၅၀ ကီလိုဂရမ် (ပေါင် ၁၁၀) ကိုမနိုင်တဲ့ စက်ရုပ် ၀တ်စုံ ကို တီထွင်လိုက်ပါတယ်။
စက်ရုပ် က လူ ရဲ့ လှုပ်ရှားသွားလာမှု တွေ ဖြစ်တဲ့ လမ်းလျှောက်ခြင်း၊ လက်ရွှေ့လျားခြင်း၊ အရာဝတ္ထုများ ကို လက်ဖြင့် ကိုင်တွယ် ခြင်း စတဲ့ အလုပ်တွေကို လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။
စက်ရုပ် ၀တ်စုံ ကို ပြင်ဆင် ပြီး စက်ရုံ တွေမှာ အသုံးပြုနိုင်သလို ငလျင်ကြောင့် ပျောက်ဆုံး နေတဲ့ လူတွေကို ရှာဖွေဖို့ ခိုင်းစေနိုင်ပါတယ်။ ခြေထောက် မသန်တဲ့ သူတွေ အတွက် စက်ရုပ် ၀တ်စုံတွေလည်း ပေါ် ထွက်ခဲ့ပြီးပါပြီ။
အောက်က link ကို နှိပ်ပြီး Youtube ကနေ လေ့လာနိုင်ပါတယ်။
https://www.youtube.com/watch?feature=player_embedded&v=i63zQKyz2U4
Credit>>> Myanmar Digital Life
0 comments:
Post a Comment