Powered by Blog - Widget

Monday, March 3, 2014

ဂွင်



Post By Aung Ko Htet ( MM IT Knowledge)

သမ္မာအာဇီဝဖြင့် မဟုတ်ပဲ မရသင့်မရထိုက်သော အခွင့်အရေးကို မတရားရယူခြင်း၁၅၀၀တန် တန်ဖိုးနည်းဖုန်းတွေ ချပေးမယ်ဆိုပြီး မိန့်ခွန်းထဲထည့်ပြောတုန်းက ဒီသမ္မတ ဒါလေးတော့ အသုံးကျသားပဲဟဆိုပြီး ချူးကျူးမိခဲ့ဖူးပါတယ်။ ဆရာအော်ပီကျယ်ရဲ့ သေတ္တာအလေးကြီးထမ်းတဲ့ လူတစ်ယောက်ကာတွန်းလိုမှန်း သိသိကြီးနဲ့ ပြောင်းလဲပဟဲ့ဆိုပြီး လက်ခုပ်တီးခဲ့မိဘူးကြောင်း ဝန်ခံပါတယ်။ အဲသည်တုန်းက ကိုယ်တွေမှာ အလုပ်ကပေးထားတဲ့ ဖုန်းကလေးရှိနေတော့ မရသေးတဲ့သူတွေ ရကြပါစေ ဆိုပြီး ရှိပြီးသားလူတွေ မလျောက်ပဲနေကြဖို့တောင် ဆော်အောမိသေးတယ်။ တကယ်လဲထွက်လာရော တခြားနိုင်ငံမှာ ပီကေဝယ်သလို လွယ်တဲ့ ဆင်းကဒ်ကို ဒီကလူတွေမှာ လူ့အောက်ကျစွာ လူ့သိက္ခာမဲ့စွာ တိုးဝှေ့တန်းစီပြီး လျောက်ကြရတယ်။ ဒါပေမယ့် သူတို့ပေးချင်သလိုပေးတယ်။ လိုင်းကိုတော့ ကောင်းအောင်လုပ်မပေးပဲ ဖြစ်သလိုဆားဗစ်နဲ့ ငါပေးမှ မင်းတို့ရတာပါကွာဆိုတဲ့အပေါက်မျိုး အထာကိုင်တယ်။ ကိုယ်လဲ အမြတ်ကြီးစားရောင်းစားတာတွေကြောင့် အလကားနေရင်း သိတတ်ပေးနေရတာ မထူးပါဘူးကွာဆိုပြီး ကိုယ်ပိုင်ဖုန်းကလေးတစ်လုံးလောက်ရှိချင်လို့ လျောက်မိပါတယ်။

 ခြောက်လလောက်သာ ကြာသွားတယ် ကိုယ့်အလှည့်ရောက်မလာနိုင်သေး။ မပေးလဲနေကွာ တယ်လီနောတို့ အူရီဒူးတို့ဝင်လာရင် ဘယ်ညာချိတ်ကိုင်ပစ်လိုက်မယ် စိတ်ကူးကာမှ ဒင်းတို့က သူတို့လူလည်ကျ ခေါင်းပုံဖြတ်ရတာကို မဝကြသေးတော့ ကုမ္မဏီတွေကိုလိုင်စင်ချက်ချင်းချမပေးသေးပဲ ညစ်ပြီး အချိန်ဆွဲဆန့်ထားကြတယ်။ နေပြည်တော်လို နေရာမျိုးတောင် စစ်သားလူထွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆိုသူတွေက သူ့ဆွေမျိုးတွေဆို အိမ်မှာရှိတဲ့လူစုံတက်စုံရတယ်။ သူနဲ့ပါတ်သက်တဲ့ အသိုင်းအဝိုင်းတွေကို ဆင်းကဒ်ပေါင်းများစွာ ချပေးတယ်။ ပြီးတော့ တန်ဖိုးအဆတစ်ရာလောက်တင်ပြီး ပြန်ရောင်းစားကြတယ်။ အမြတ်ငွေတွေနဲ့ လူလုံးလှကြတယ်။ ဒါဟာ ဥပမာလေးတစ်ခုပါ။ ပြောချင်တာက ဘာအဆင့်မှမဟုတ်တဲ့ ရပ်ကွက်လူကြီးလို အုပ်ချုပ်ရေးယန္တယားမှာပါတဲ့ အောင်ခြေအဆင့်အစိုးရအဖွဲ့ဝင်တွေကနေ ဝန်ကြီးလောက် အဆင့်ထိ တကယ်တမ်း မရသင့်မရထိုက်တဲ့အခွင့်အရေးတွေကို သူဆို့ကို တရားဝင်ပဲပေးအပ်ခံရသလို လက်ကုန်နှိုက်ယူချင်တဲ့ အကျင့်ဆိုးတွေ မဖျောက်တဲ့အပြင် ငါမှန်တယ် တရားတယ်လို့တောင်မြင်နေမှတော့ ဒီလိုလူတွေကို ခန့်ထားတဲ့ အစိုးရကိုယ်တိုင်ကကော ကလင်းပါ့ဦးမလား။ ဂရင်းပါ့ဦးမလား။ စနစ်ကိုက လက်သင့်ရာ စားတော်ခေါ်ယုံတင်မကပဲ အခွင့်အရေးရရင် ဂွင်တွေ့ရင် တစ်ဆုံးယူချင်ကြတယ်။ ဒီအစိုးရတက်လာစတော့ ပြောင်းပြီထင်ပါရဲ့လေဆိုပြီး ပေါ်လီယာနာထုံးနှလုံးမူပြီး အကောင်းမြင်ခဲ့မိတဲ့ ကိုယ့်ကိုကိုယ်လဲ ရှက်မိပါတယ်။ တကယ်တမ်းက လွှတ်တော်ထဲ ချိတ်ထမိန်ဝတ်ပြီး အရေမရ အဖတ်မရတွေပြောရင်း အိပ်ငိုက်နေကြတာကလွဲရင်း အားလုံး ဒုံရင်း ဒုံရင်း။ သူတို့ပေးတဲ့ လွတ်လပ်ခွင့်ဆိုတာမျိုးကလဲ သူတို့ကြည်ဖြူမှ ဆန္ဒပြခွင့်ရတာရယ် မိန်းမတွေ မီဒီယာတွေမှာ ဖင်ဖော်နို့ဖော်ခွင့်ရလာတာလောက်ကလွဲပြီး ခွေးမြီးကောက်ကျည်တောက်စွပ်သက်သက်ပဲ။ ရန်တိုက်ပေးလို့ လူမျိုးရေး ဘာသာရေး အမုန်းတရားတွေပွားပြီး သတ်ကြဖြတ်ကြတာက ပိုလာသေး။ အစိုးရသာ သက်တမ်းကုန်တော့မယ် ပြည်တွင်းစစ်များ ရပ်ဖို့နေနေသာသာ တိုးတောင် တိုက်ပြလိုက်ကြသေး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာမျိုးကလဲ ခွက်တိုက်ပြီး အရက်အတူတူသောက်ဖြစ်ကြတာပဲ အဖတ်တင်တယ်။ အလကားနေရင်း အစိုးရကို ဘာလုပ်လုပ် ထိုင်ဆဲနေတဲ့အထဲ ကျုပ်မပါပါဘူး။ ဒါပေမယ့် ရှာကြံပြီး အကောင်းမြင်ပေးချင်တာတောင် ချီးစားခွေးဦးနှောက်မျိုးမဟုတ်တော့လဲ ခက်သားပဲ။ သိသိသာသာ ထူးခြားတာကတော့ ဒေါသထွက်နေတဲ့ နလဗိန်းတုံး လူအုပ်ကြီး နဲ့ ကျူးကျော်အတုဆိုတဲ့ လူတန်းစား အသစ်တွေ ပေါ်လာတာပဲ။ ပြည်သူ့တပ်မေ တ်ာကြီး ကလဲ အတော်လေး လောဘတရား နည်းလိုက်ပုံများ ရပ်ကွက်ထဲက မိန်းမကြီးတွေ အတင်းတုတ်ရင်း ပေါင်ဖြဲမထိုင်နဲ့ စစ်တပ်က တပ်ပိုင်မြေဆိုင်းဘုတ် လာထိုးစိုက်သွားမတတ်။ အွန်လိုင်းပေါ်မလဲ ပါတီလော်ဘီ တပ်လော်ဘီတွေ အပြင်းအထန် အားပြိုင်ကြတာများဆို ကြားထဲက ပညာတတ်ပါဆိုတဲ့လူတွေတောင် ဘရိန်းဝပ်ရှ် လုပ်ခံရသလို ယောင်သွားတဲ့အထိ။ စစ်သားက စစ်လော်ဘီလုပ်တာ အစိုးရဝန်ထမ်းက အစိုးရလော်ဘီလုပ်တာ ပါတီဝင်က ပါတီလော်ဘီလုပ်တာ မဆန်းပေမယ့် ကြားထဲက လိုက်ယောင်တဲ့ အူလည်လည်ကောင်ငကြောင်တွေလဲ တပုံကြီးရှိသေးမှန်း သိလိုက်ရတယ်။ တခါတလေ အပြင်မှာ အရာရှိငယ်တွေ ဝိုင်းထိုင်နေတဲ့ စားပွဲဝိုင်းဘေး ထိုင်မိရင် ဘယ်အပါတ်စဉ်က ဘယ်သူက ဘယ်နေရာကျလို့ ဘယ်လိုဂွင်ကောင်းနေပြီ။ ဘယ်သူကတော့ ဘယ်အဘကို မဂါမိတော့ ဘယ်ချောင်မှာကပ်ပြီး ဂွင်ပျောက်ပြီး စမုံတုံးပြီ ဆိုတာတွေပဲ ကြားနေရတယ်။ခေတ်ကိုက ဂွင်ဝေးမှာကို ဂွေးဝင်မလောက် ကြောက်ကြတဲ့ခေတ်မ တရားတာ ကို မတရားမှန်းတောင် မသိနိုင်ကြတော့တဲ့ခေတ်ဒီလိုအလေ့အထတွေ အစဉ်အလာတွေ အတွေးအခေါ်တွေရှိတဲ့လူတွေက နိုင်ငံကို ဆက်အုပ်ချုပ်ချင်မှတော့ ကောင်းလာနိုင်ပါဦးမလား။

အပြောင်းအလဲဆိုတာကကော ဖြစ်လာပါဦးမလား။ နှစ်ငါးဆယ်ကျော် အုပ်ချုပ်လာတာလဲ မဝကြသေးဘူး။ အားအားရှိ ဘာသာရေးနဲ့ ဖဲချိုးတာ လူမျိုးရေးနဲ့ ဘုရင်မကိုခွေတာမျိုးကလဲ ရွံစရာ။ လက်လွတ်စပါယ် ပြောတတ်တာက ပိုသေး။ ချစ်စရာကောင်းလိုက်ပုံများ။စစ်မှန်သော ဒီမိုကရေစီတဲ့ အဟွတ် အဟွတ်ဘာရယ်တော့မဟုတ်ပါဘူး။ ဖုန်းလိုင်းတွေပြတ် အင်တာနက်ဆိုတာကြီး ပြုတ်ကျလို့ ဖုပြီးရေးတဲ့စာလို့သာ သတ်မှတ်ကြပါ။ တကယ်တမ်းက ကိုယ့်ထက်အခြေအနေဆိုး စုတ်ပြတ်သတ်ပြီး လူစဉ်မမှီနိုင်ကြတဲ့ဘဝတွေ ဒီနိုင်ငံနဲ့အပြည့်ရယ်။

Credit to-JL TKG

News of Myanmar

0 comments:

Post a Comment