Powered by Blog - Widget

Thursday, March 6, 2014

စမတ်ဖုန်း ကနေ ခိုင်းစေနိုင်တဲ့ Cloud အ၀တ်လျှော်စက်


Post By Aung Ko Htet ( MM IT Knowledge)


အင်တာနက် နဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်နိုင်တဲ့ အရာဝတ္ထု(Internet of Things) တွေ တစ်ဖြည်းဖြည်း များပြားလာပါပြီ။ လန်ဒန် အခြေစိုက် ဒီဇိုင်း ထုတ်လုပ်တဲ့ အဖွဲ့အစည်း Berg က Cloudwash ကို တီထွင်လိုက်ပါတယ်။ Cloudwash က အင်တာနက် နဲ့ ချိတ်ဆက် အလုပ်လုပ်နိုင်ပြီး အလုပ်တွေကို စမတ်ဖုန်း ကနေ ခိုင်းစေနိုင်မှာ ဖြစ်ပါတယ်။

လူတွေရဲ့ အ၀တ်လျှော်မှု ပုံစံများ ဟာ ကွဲပြားတဲ့အတွက် Cloudwash မှာလည်း အ၀တ်လျှော်မှု ပုံစံ သုံးမျိုး ကို ထည့်သွင်းပေးထားပါတယ်။ စမတ်ဖုန်းမှာ Settings တွေပိုမိုထည့်သွင်းပေးထားပါတယ်။ Cloudwash ကနေ Amazon Online Store မှ ချေးချွတ်မှုန့် ကို ၀ယ်ယူနိုင်အောင်လည်း ပြုလုပ်ပေးထားပါတယ်။ စမတ်ဖုန်း ကနေ ၀ယ်ယူမှု ကို အတည်ပြုပေးရမှာဖြစ်ပါတယ်။

Internet of Things တွေများပြားလာတာနဲ့အမျှ အင်တာနက် နဲ့ ချိတ်ဆက်နိုင်တဲ့ အိမ်သုံး ပစ္စည်းများ ရဲ့ စွမ်းဆောင်ရည်တွေက လည်း တိုးတက်လာပါတယ်။ အ၀တ်လျှော်တာ တစ်ခုတည်း မဟုတ်ဘဲ လိုအပ်တဲ့ ပစ္စည်းတွေ မှာယူနိုင်တာ ၊ အ၀တ်လျှော်မှု ပုံစံတွေကို မှတ်သားပေးနိုင်တာ တွေကို ပြုလုပ်နိုင်ပြီး စမတ်ဖုန်း ကနေ ထိန်းချုပ်နိုင်တာဖြစ်ပါတယ်။

Cloudwash ရဲ့ အလုပ်လုပ်ပုံ ကို အောက်က လင့် မှာ လေ့လာနိုင်ပါတယ်။

http://vimeo.com/87522764

0 comments:

Post a Comment