Powered by Blog - Widget

Tuesday, March 18, 2014

အွန်လိုင်း မီဒီယာခေတ်တွင် CMS ကို တွင်ကျယ်စွာ အသုံးပြုသင့်ကြောင်း နိုင်ငံတကာ မီဒီယာပညာရှင်များ ပြောကြား



Aung Ko Htet (MM IT Knowledge)

အွန်လိုင်းမီဒီယာများ တွင်ကျယ်လာချိန်တွင် CMS (Content Management System) ကို တွင်တွင်ကျယ်ကျယ် အသုံးပြုသင့်ကြောင်း နိုင်ငံတကာမီဒီယာပညာရှင်များက ပြောကြားသည်။

“အရင်တုန်းက ဝက်ဘ်ဆိုက်တွေမှာ သတင်းအချက်အလက်တွေကို တစ်ခါတည်း ထည့်သွင်းပြီး ပုံသေကြည့်ရှုနိုင်တဲ့ HTML ကို တင်ကြတယ်။ HTML ဆိုတာ Static Site ပေါ့။ အခုနောက်ပိုင်းမှာကျတော့ Dynamic Content တွေ အလွယ်တကူတင်နိုင် Update လုပ်နိုင်တဲ့ CMS ကို ပြည်တွင်းဝက်ဘ်ဆိုက်တွေမှာ အသုံးပြုနေကြပါပြီ” ဟု Programmer တစ်ဦးဖြစ်သည့် ကိုရဲနိုင်ဇော်ဟိန်းက ပြောသည်။ “များသောအားဖြင့်တော့ CMS မှာ Word Press ကို အသုံးပြုကြတာများပါတယ်” ဟု ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Coconuts Media တည်ထောင်သူနှင့် မန်နေဂျင်း ဒါရိုက်တာဖြစ်သူ Byron PEERY က ပြောသည်။ CMS (Content Management System) အတွက် အသုံးပြုရန်အကောင်းဆုံး Frame Work မှာ Joomla, Wordpress, Drupal များဖြစ်သည်ဟု နိုင်ငံတကာ မီဒီယာပညာရှင်များက ဆိုသည်။

“အွန်လိုင်းဆိုက်တွေမှာ CMS ဟာ အဓိကအသုံးပြုသင့်တဲ့ Tool တစ်ခုဖြစ်တယ်” ဟု ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှ Rappler.com\ CEO နှင့် Executive Editor ဖြစ်သူ Maria RESSA က ပြောသည်။ CMS တွင် Wordpress Frame Work ကို အသုံးပြုခြင်းမှာ အလွယ်ကူဆုံးဖြစ်ကြောင်း နိုင်ငံတကာ မီဒီယာပညာရှင်တို့၏ ပြောကြားချက်အရ သိရသည်။ “ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်၊ ဗီဒီယိုစတဲ့ အွန်လိုင်းမီဒီယာတွေမှာ ကိုယ့်မီဒီယာကို ဖတ်ဖို့နည်းလမ်းအမျိုးမျိုးနဲ့ ဆောင်ရွက်လာကြတယ်။ ဒီဂျစ်တယ် မီဒီယာထွန်းကားလာတဲ့အချိန်ဖြစ်တယ်” ဟု Maria RESSA က ဆက်လက်ပြောကြားသည်။

ဒီဂျစ်တယ် မီဒီယာခေတ်တွင် မိမိတို့တင်လိုက်သည့် သတင်းကို ဖေ့စ်ဘုတ်ပေါ်တွင် စိတ်ဝင်စားမှုအခြေအနေ၊ တွစ်တာပေါ်တွင် စိတ်ဝင်စားမှုအခြေအနေ စသည်ဖြင့် အများပြည်သူ စိတ်ဝင်စားမှုများကို စောင့်ကြည့်သင့်ကြောင်း ဝါရှင်တန်ဒီစီရှိ Huffington Post မှ Executive Tech Editor Bianca BOSKER က ပြောသည်။ “CMS ကို သုံးပြီး ဝက်ဘ်စာမျက်နှာတစ်ခုကို အလွယ်တကူ ဖန်တီးအသုံးပြုနိုင်တယ်။ ကျွန်တော်တို့ဆီမှာဆိုရင် သတင်းထောက်တော်တော်များများက CMS ကိုသုံးပြီးတော့ သတင်းဆိုင်ရာကိစ္စတွေကို ဆောင်ရွက်နေ ကြတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“CMS ကို ဝက်ဘ်ဆိုက်တွေမှာ အသုံးပြုဖို့ အလွယ်တကူ အချိန်တိုအတွင်းမှာလည်း သင်ယူနိုင်မယ်” ဟု ကယ်လီဖိုးနီးယားပြည်နယ်ရှိ NBC Bay Area မှ ဒီဂျစ်တယ်အယ်ဒီတာ Scott PHAM က ပြောသည်။ Joomla, Wordpress, Drupal များတွင် အားသာချက်၊ အားနည်းချက် ကိုယ်စီရှိကြောင်း ကိုရဲနိုင်ဇော်ဟိန်းက ပြောသည်။ “Joomla က Hack ခံရနိုင်ဖို့ လွယ်တယ်။ Wordpress ကျတော့ အများအလွယ်တကူ သုံးတတ်တယ်။ Drupal ကကျတော့ လုံခြုံရေးပိုင်းဆိုင်ရာမှာ အားသာတယ် စသည်ဖြင့် သူ့ဟာနဲ့သူ အားသာတာ၊ အားနည်းတာရှိတာပေါ့” ဟု ပြောသည်။ ပြည်တွင်းမီဒီယာဆိုင်ရာ ဝက်ဘ်ဆိုက်အများစုတွင်လည်း CMS အသုံးပြုလွှင့်တင်ထားခြင်း များလာကြောင်း Programmer အများစုထံမှ သိရသည်။

အွန်လိုင်းမီဒီယာခေတ်တွင် CMS ကို Tool တစ်ခုအဖြစ် အသုံးပြုသင့်ကြောင်းကို မတ်လ ၁၁ ရက်နေ့ကကျင်းပ ခဲ့သည့် Challenge of a Free Press အခမ်းအနားတွင် နိုင်ငံတကာ မီဒီယာပညာရှင်များက Newest Media Tools, Trends and Techniques ခေါင်းစဉ်ဖြင့်ဆွေးနွေးရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ref: ထွန်းထွန်း၊ ရဲထွဋ်ဝင်း

0 comments:

Post a Comment