Powered by Blog - Widget

Saturday, March 1, 2014

ပြည်တွင်း e-Commerce ဆိုင်ရာ လုပ်ငန်းများအတွက် ထောက်ပံ့ပေးမည်



Post By Aung Ko Htet ( MM IT Knowledge)

ပြည်တွင်း e-Commerce ဆိုင်ရာလုပ်ငန်းများအတွက် လိုအပ်သောအထောက်အပံ့များကို ဆောင်ရွက်ပေးရန် စီစဉ်လျှက်ရှိကြောင်း Red Link ကုမ္ပဏီ၏ Vice Chairman ဦးသိန်းသန်းတိုးက ပြောသည်။



ပြည်တွင်းတွင် e-Commerce ဝက်ဘ်ဆိုက်များ ပေါ်ထွန်းလာစေရန်နှင့် လိုအပ်သော Data Center အထောက်အပံ့များ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “တချို့ပြည်တွင်းမှာ ထုတ်တဲ့ထုတ်ကုန်က ရှိပြီးသား။ ဒါပေမဲ့ Payment လိုသေးတယ်။ Payment စနစ်မရှိလို့ e-Commerce ဆိုက်တွေ မပေါ်ဘူး။ e-Commerce ဆိုက်တွေ မရှိလို့ Payment စနစ်မပေါ်ဘူး။ e-Commerce တွေ ပိုပြီးတော့ ပေါ်ထွန်းလာအောင်လို့ Data Center, Connetivity တို့ကို ကျွန်တော်တို့က ပေးနိုင်မယ်” ဟု ပြောကြားသည်။ ISP (Internet Service Provider) လုပ်ငန်းများကို လိုင်စင်ရရှိပြီးနောက်ပိုင်း ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည်ဟု ဆိုသည်။



“ကျွန်တော်တို့မှာ လက်ရှိ Data Center တို့ ဘာတို့ရှိတယ်။ ယခုလက်ရှိ Ecommerce လုပ်နေတဲ့သူတွေ ရှိတယ်။ အွန်လိုင်းကနေပြီးတော့ ဈေးရောင်းတာတို့၊ Music တို့စသည်ဖြင့် လုပ်နေကြပြီလေ ပြည်တွင်းမှာ။ ဆိုတော့ တော်တော်များများက အပြင်မှာ Host လုပ်ကြတယ်။ ဒါကို ကျွန်တော်တို့က ပြည်တွင်းမှာ Host လုပ်အောင်လို့ ကျွန်တော်တို့က သူတို့နဲ့ ဆွေးနွေးရမှာပေါ့နော်။ ကျွန်တော်တို့ကလည်း Facility ကောင်းကောင်းပေးဖို့ လိုတယ်” ဟု ဦးသိန်းသန်းတိုးက ဆက်လက်ပြောကြားသည်။ e-Commerce စနစ် အထောက်အပံ့အတွက် လိုအပ်ချက်များအနေဖြင့် ဈေးနှုန်းသက်သက်သာသာဖြင့် ဆောင်ရွက်ပေးခြင်း၊ အွန်လိုင်းငွေပေးချေမှုစနစ် ပြည်တွင်းတွင် တွင်ကျယ်ရန်လိုအပ်ခြင်းတို့ အဓိကလိုအပ်မည်ဖြစ်ကြောင်း သိရသည်။



လက်ရှိပြည်တွင်း Hosting ဝန်ဆောင်မှုများအနေဖြင့် လိုအပ်ချက်အချို့ ရှိနေသေးကြောင်း ပြောကြားသည်။ “ဘာလို့ သူတို့ ခုလက်ရှိ ပြင်ပမှာလုပ်တာလဲဆိုရင် လက်ရှိပြည်တွင်းမှာရှိတဲ့ Hosting Service  တွေဟာ နည်းနည်းလိုနေသေးတယ်။ ဈေးနှုန်းအရရော Reliability အရရော Accessibility  အရရော Accessibility ဆိုတာက Host လုပ်ထားတဲ့ဟာကို ကိုယ့်ဖက်က ဘယ်လောက် လွယ်လွယ်ကူကူဝင်လို့ရမလဲ စသည်ဖြင့် မျိုးစုံ ရှိတာပေါ့။ လုံခြုံရေးပိုင်းဆိုင်ရာအရလည်း ကျွန်တော်တို့က ဘယ်လောက်ထိ ကာကွယ်ပေးနိုင်မလဲ။ ဒါတွေလိုနေသေးတဲ့အတွက်ကြောင့်မိုလို့ လက်ရှိတော်တော်များများ ပြင်ပကိုထွက်ပြီးတော့ Host လုပ်ကြတယ်။ ဒါကို ပြည်တွင်းမှာ Host လုပ်အောင်လို့ ပိုပြီးတော့ ကောင်းအောင် ဆောင်ရွက်ရမှာပေါ့နော်။ အခု အပြင်ထွက် Host လုပ်နေတဲ့သူတွေ အပြစ်မဟုတ်ဘူး။ ကျွန်တော်တို့ ဝန်ဆောင်မှုပေးနေတဲ့သူတွေက ပြည်စုံအောင် မလုပ်ပေးနိုင်လို့။ ဒါကို ပိုကောင်းအောင်လို့ ကျွန်တော်တို့လုပ်ပေးရမှာပေါ့” ဟု ဆက်လက်ပြောကြားခဲ့သည်။



Credit>>> ထွန်းထွန်း

0 comments:

Post a Comment