Tuesday, March 4, 2014
Internet for All ဟူသော အခမ်းအနားကို ကျင်းပသွားမည်
Post By Aung Ko Htet ( MM IT Knowledge)
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် လက်ဝယ် ရရှိထားပြီးဖြစ်သော နော်ဝေးနိုင်ငံ အခြေစိုက် Telenor အနေဖြင့် ၂၀၁၄ ခုနှစ် မတ်(၃)ရက်နေ့ ညနေ(၆)နာရီတွင် Sedona ဟိုတယ် Internet for All ဟူသော အခမ်းအနားကို ကျင်းပသွားမည်ဖြစ် ကြောင်း Telenor Myanmar မှ တဆင့် သိရှိရသည်။
Telenor Myanmar မှ လက်ဝယ်ရရှိထားပြီးဖြစ်သော ဆက် သွယ်ရေးလုပ်ငန်းလိုင်စင်တွင် 900MHz နှင့် 2.1GHz အတွင်းရှိ လှိုင်းများပါဝင်ပြီး (၁၅)နှစ်ကြာလုပ်ငန်းလုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သည်။ ထို့အပြင် Telenor Myanmar အနေဖြင့် လိုင်စင်လက်ဝယ်ရရှိထား ရှိပြီး နောက်ပိုင်း(၈)လတာ ကာလအတွင်းဆက်သွယ်ရေးဝန်ဆောင် မှုများစတင်ရန်စီစဉ်ထားရှိသည်။
လူဦးရေ၏ ၁၀ရာခိုင်နှုန်းအောက်သာ မိုဘိုင်းလ်ဆက်သွယ်ရေး ကိုအသုံးပြုနိုင်သော လူဦးရေသန်း ၆၀ခန့်ရှိသောမြန်မာနိုင်ငံသည် အာရှဒေသရှိ Telenor အတွက် အဓိကကျသောစီးပွားရေးအခွင့်အ လမ်းတစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံအတွင်းရှိ အများပြည်သူအတွက် ရည်ရွယ်သော မိုဘိုင်းလ်ဆက်သွယ်ရေး အော်ပရေတာအဖြစ် အောင် မြင်စွာရပ်တည်သွားမည်ဖြစ်ကြောင်း Telenor Myanmar မှ သတင်း ထုတ်ပြန်ထားရှိသည်။
Telenor Myanmar အနေဖြင့် HSPA နှင့် LTE-ready နည်း ပညာများကို အသုံးပြု၍ အကောင်းဆုံးမိုဘိုင်းလ်ကွန်ရက်ကို တည် ဆောက်သွားမည်ဖြစ်သည်။
ေေCredit>>> အောင်ရဲကျော်
0 comments:
Post a Comment