Monday, March 10, 2014
စိန်အပွင့် ၇၀၀ ဖြင့် ဖန်တီးထားသည့် ဒေါ်လာ တစ်သန်းတန် IPhone
Aung Ko Htet (MM IT Knowledge)
လန်ဒန်အခြေစိုက် လက်ဝတ်ရတနာ ဖန်တီးသူများ အဖွဲ့က iPhone ၏ နောက်ဆုံးပေါ်မျိုးဆက် ရွှေရောင်ဗားရှင်းကို စိန်လက်ဝတ်ရတနာများဖြင့် ပြုလုပ်ဖန်တီးကာ ဈေးကွက်တင်ခဲ့ကြောင်း သိရသည်။
အဆိုပါ Alchemist London က ဖန်တီးပြုလုပ်ထားသော iPhone မှာ Apple iPhone နောက်ဆုံးမျိုးဆက် iPhone 5S (ရွှေရောင်) ဖြစ်ပြီး ဟန်းဆက်၏ ကိုယ်ထည်ကို ၂၄ ကာရက်ရှိ စိန်ပွင့်များ ဖြင့် ဖန်တီးပြုလုပ်ထားကြောင်း သိရသည်။
အင်္ဂလန် ငွေကြေးနှုန်းအားဖြင့် ပေါင် ခြောက်သိန်းမျှ ရှိသော အဆိုပါ ဒေါ်လာ တစ်သန်းတန် iPhone တွင် တီထွင်သူများသည် Apple Logo ကိုပင်လျှင် စိန်အပွင့်ရေ ၅၀ ကျော်မျှဖြင့် ပြုလုပ်ဖန်တီးခဲ့ကြရကြောင်း သိရသည်။ ဖုန်း၏ ကိုယ်ထည် ပတ်ပတ်လည်တွင် အရည်အသွေးမြင့် စိန်သွားကလေးများ မြှုပ်နှံတပ်ဆင်ရန်အတွက် ၇ လ ကျော် အချိန်ပေးခဲ့ရကြောင်း Alchemist London မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိတွင် Apple iPad များကို စိန်ပွင့်သွားထည့်ပေးခြင်းများ ပြုလုပ်နေသော Alchemist London သည် နည်းပညာလောကတွင် နာမည်ကြီး တံဆိပ်များ နှင့် ထုတ်ကုန်များဆီမှ Tablet များ၊ ကွန်ပျူတာများ၊ Laptop များ နှင့် မိုဘိုင်းဖုန်းများကို ယခုကဲ့သို့ လက်ဝတ်ရတနာများဖြင့် တန်ဆာဆင်ပြီး လက်မှုအနုပညာအဖြစ် ဖန်တီးကာ ပြန်လည်တီထွင်သည့် ထုတ်ကုန်များကို ရောင်းချလျက်ရှိသော အဖွဲ့အစည်း တစ်ခု ဖြစ်ကြောင်း သိရသည်။
ယခုအခါ လက်ဝတ်ရတနာများ ကို နည်းပညာပစ္စည်းများ တွင် ပေါင်းစပ်ထည့်သွင်းပြီး ပြန်လည် ရောင်းချခြင်းများ ပြုလုပ်လာကြပြီ ဖြစ်ရာ အနာဂတ်တွင် ခမ်းနားလှသည့် အလှအပရသနှင့် အချိုးညီညီ ပေါင်းစပ်ထားသည့် ညှို့ငင်အားကောင်းသော နည်းပညာ ပစ္စည်းများ ပေါ်ပေါက်လာနိုင်ဖွယ်ရာ ရှိကြောင်း Alchemist London ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ အဆိုအရ သိရှိရသည်။
-
(ဇေယျာစံ)
Ref:Myanmar Consumer Guide
0 comments:
Post a Comment