Powered by Blog - Widget

Saturday, March 1, 2014

Microsoft ကုမ္ပဏီမှ အင်တာနက် အသုံးပြုခြင်းနှင့် လုံခြုံရေးဆိုင်ရာ အကြောင်း အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်မည်



Posty By Aung Ko Htet ( MM IT Knowledge)

အမေရိကန်နည်းပညာ ကုမ္ပဏီ Microsoft က အင်တာနက် အသုံးပြုခြင်းနှင့် လုံခြုံရေးဆိုင်ရာ သတိပြုရမည့် အချက်အလက်များ အကြောင်းနှင့် ပတ်သက်ပြီး ပြည်တွင်း၌ အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို  ယခုလအတွင်း ကျင်းပပြုလုပ်သွားရန် စီစဉ်ထားကြောင်း သတင်း ရရှိသည်။



အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို Microsoft ကုမ္ပဏီ၏ လုံခြုံရေး ဆိုင်ရာအကြံပေး အရာရှိချုပ် Mr.Pierre Noel ကဦးဆောင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။



ယခုကဲ့သို့ အင်တာနက် အသုံးပြုခြင်းနှင့် လုံခြုံရေးဆိုင်ရာ သတိပြုရမည့် အချက်အလက်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာ တွင်  ICT နည်းပညာ ဖွံ့ဖြိုးတိုးတက်လာသည် နှင့်အမျှ Cyber Security ဟူသည့် သတင်းအချက်အလက်များ ဆိုင်ရာ လုံခြုံရေးကို အန္တရာယ်ပြုခြိမ်းခြောက်မှုများ ပိုမိုအဖြစ် များ လာခြင်းကြောင့်ဟု အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။



အစိုးရဝန်ကြီးဌာနများမှ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်တွင်း ကွန်ပျူတာ ပညာရှင်များလည်း ပါဝင်မည့် National Cyber Security Framework ဟူ သည့် ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၁ တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ ဖေဖော်ဝါရီ ၁၂ တွင် သတင်းအချက်အလက်ဆိုင်ရာ လုံခြုံရေးများ အကြောင်း ဟောပြော
ဆွေးနွေးပွဲ ဟူသော ခေါင်းစဉ်ဖြင့် နှစ်ရက်ခွဲ၍ ကျင်းပသွားမည်ဟု မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် (MCF) ကသတင်းထုတ်ပြန်သည်။



Microsoft ကုမ္ပဏီ၏ လုံခြုံရေးဆိုင်ရာ အကြံပေး အရာရှိချုပ် Mr.Pierre Noel သည်  ယင်းကုမ္ပဏီ၏ အာရှဒေသဆိုင်ရာ တာဝန်ရှိသူတစ်ဦးဖြစ်သည်။



Microsoft မှ ဒုတိယနေ့တွင် ပြုလုပ်မည့် သတင်းအချက်အလက် ဆိုင်ရာ လုံခြုံရေးများအကြောင်း ဆွေးနွေးပွဲကိုမူ စိတ်ပါဝင်စားသည့် မည်သူမဆို တက်ရောက်နိုင်မည် ဖြစ်ပြီး ယင်းအတွက် ကြိုတင် စာရင်းပေးသွင်းရန် လိုအပ်မည်ဖြစ်သည်။



Cyber Security နှင့်ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲနှစ်ရပ်ကို ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်နယ်မြေရှိ Myanmar Info-Tech အဆောက်အဦဝင်း အတွင်း ကျင်းပသွားမည် ဖြစ်သည်။ တက်ရောက် လိုသူများ အနေဖြင့် ဖုန်း၊ ၀၁-၆၅၂၃၀၇၊ ၀၉-၇၃၂၅၇၃၇၇ သို့ စာရင်းပေးသွင်း နိုင်မည်ဖြစ်ကြောင်းသိရသည်။



Credit>>> ယုဇနကိုကို

0 comments:

Post a Comment