Aung Ko Htet (MM IT Knowledge)
(3D Technology) ဟာ အိမ်ခြံမြေ ဈေးကွက်ကို ပြောင်း လဲ
စေနိုင်ကြောင်း ကမ္ဘာ့ အိမ် ခြ မြေ နဲ့ အိုင်တီ နည်းပညာရှင် များက
ခန့်မှန်းထားကြ ပါတယ်။
အကြောင်းကတော့ အနာဂတ်မှာ အိမ် ခြံ မြေကို သုံးဘက်မြင် နည်းပညာနဲ့
ရှာဖွေလာကြမှာမို့ ဖြစ်ပါတယ်။ အနီးစပ်ဆုံး အားဖြင့် စင်္ကာပူမှာတောင်
အသုံးပြု နေပါပြီ။ အိမ် ခြ မြေ ရှာဖွေဖို့ အတွက် မိုဘိုင်းဖုန်း
Application တစ်ခု ထုတ်လုပ်ထားပြီး Listing တွေကို ကြည့်တဲ့အခါ အိမ်
တစ်အိမ်ရဲ့ သုံးဘက်မြင် ရုပ်ကြွများကို မြင်ရမှာ ဖြစ်ပါတယ်။
အဲ့ဒီလို
ကြည့်လို့ ရဖို့ အတွက် ထောက်ပံ့ပေးတဲ့ သူတွေကို အရည်အသွေး ကောင်းတဲ့
ဓာတ်ပုံများကို ရိုက်ယူ ရပါတယ်။ အိမ်တွေဆီ သွားပြီး အတွင်းအပြင် အားလုံးကို
ရိုက်ကူးလို့ ပရိုဂရမ်နဲ့ Processing ပြုလုပ် ပါတယ်။ ပြီးရင်တော့
အိမ်တစ်လုံး သုံးဘက်မြင် ပုံများကို မိုဘိုင်း App တွေကို Update ပို့ပေး
ပါတယ်။
မြန်မာပြည်မှာ ဖြစ်လာနိုင်ဖို့အတွက် www.house.com.mm
ကို မေးကြည့်တဲ့အခါ မာကဲတင်း မန်နေဂျာ ကို အန်ဒရူးက ယခုလို ဖြေပါတယ်။
"ကျနော်တို့ မြန်မာပြည်မှာလည်း ဖြစ်လာမှာပါ။ အကြောင်း ကတော့ ပြည်တွင်း
မှာလည်း အဲ့လို လုပ်နိုင်တဲ့ အိုင်တီ အဖွဲ့တွေ ရှိနေပြီ မို့လို့ပါ။
ကျနော်တို့လည်း အနာဂတ်မှာ အဲ့ဒါမျိုး ရလာအောင် ဖြစ်လာအောင် ကြိုးစား ဖန်တီး
မှာပါ။" လက်ရှိ မှာ ကမ္ဘာ့ အချမ်းသာဆုံး ၁၀ နိုင်ငံလောက်က အိမ်ခြံမြေကို
သုံးဘက်မြင် ရုပ်ပုံနဲ့ ဖုန်း၊ ကွန်ပြူတာ တို့ပေါ်မှာ ကြည့်ရှု နိုင်ရန်
ကြိုးစားဖန်တီး အောင်မြင် နေပြီ ဖြစ်ကြောင်း သိရ ပါတယ်။
Post By Aung Ko Htet
0 comments:
Post a Comment