Thursday, April 3, 2014
Home »
International News
,
News
» Lenovo ရဲ့ နောက်ဆုံးထွက် ဈေးသက်သာ Tablet အသံ အရည်အသွေးကို ဦးစားပေး
Lenovo ရဲ့ နောက်ဆုံးထွက် ဈေးသက်သာ Tablet အသံ အရည်အသွေးကို ဦးစားပေး
Aung Ko Htet (MM IT Knowledge)
မိတ်ဆွေဟာ Samsung ရဲ့ ပရိသတ်သတ်တစ်ယောက် ဒါမှမဟုတ် သူရဲ့ ဈေးနှုန်းတွေကို မြင့်တယ်လို ခံစားနေ၇သူတစ်ယောက်ဆိုရင် အခုဖော်ပြမဲ့Lenovo tablet လေးတွေကို မိတ်ဆွေစိတ်ဝင်စားကောင်း စိတ်ဝင်စားနိင်ပါလိမ့်မယ်။ အခုဖော်ပြမှာကတော့ Lenovo ရဲ့ A စီးရီး မော်ဒယ် ( ၄) မျိုးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Lenovo ရဲ့ မော်ဒယ်တွေထက် အဆိုပါ စီးရီးတွေမှာ အသံအရည်အသွေးကို ဦးစားပိုပေးထားတာကို တွေ့ရပါတယ်။
အခုလို အသံပိုင်းဆိုင်ရာတွေကို တိုးမြင့်ထားတဲ့ အတွက်ကြောင့် မိတ်ဆွေရဲ့ သေးငယ်လှတဲ့ Screen လေးထဲက Movie experience တွေကို တိုးတက်စေမှာ ဖြစ်ပါတယ်။ ထို မော်ဒယ်တွေကတော့ A7-30, A7-50, A8 နဲ့ A10 တို့ပဲ ဖြစ်ကြပါတယ်။ ထို မော်ဒယ်တွေ အားလုံး ဟာ quad-core processors နဲ့ ဖြစ်ကြပြီး ထိုမော်ဒယ်တွေထဲမှာမှ Screen size တွေကို ပြန်လည်ရွေးချယ်နိင်မှာ ဖြစ်ပါတယ်။
A7-30 ဟာဆိုရင် အခြေခံ မျက်နှာပြင်ဆိုဒ် ၇ လက်မ ရှိပြီး ဖုန်းခေါ်ဆိုမူတွေကိုလည်း ရရှိနိင်ပါတယ်။ A7-50 ကတော့ HD မျက်နှာပြင်တွေနဲ့ ဖြစ်ပြီး front ကင်မရာ 2 megapixel ရှိပါတယ်။ A8 မော်ဒယ်မှာကတော့ ၈ လက်မ မျက်နှာပြင် ကိုရရှိမှာ ဖြစ်ပြီး A10 ကတော့ ၁၀ လက်မ မျက်နှာ ပြင် ဖြစ်ပါတယ်။ ထို အသစ်သော A စီးရီးမော်ဒယ်တွေ အားလုံးကို ယခု နှစ်လယ်လောက်မှာ Lenovo က ထွက်ရှိဖို့ စီစဉ်ထားပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၁၆၆ ကနေဒေါ်လာ ၂၈၃ လောက်ထိ အစားစား ရှိမှာ ဖြစ်ပါတယ်။
ref: Aung Heine ( www.smart.com.mm )
0 comments:
Post a Comment