Sunday, May 18, 2014
လုပ်ငန်းခွင် အသုံးချ ASP. Net Web Application သင်တန်းများ ဖွင့်လှစ်မည်
Aung Ko Htet (MM IT Knowledge)
ကွန်ပျူတာ Programming နည်းပညာများ ကိုလေ့လာလိုသူများနှင့် ပြည်တွင်းပြည်ပများတွင် အရည်အသွေး ပြည့်ဝသော ASP.Net Developer/Programmer တစ်ယောက်အဖြစ် ဝင်ရောက်လုပ်ကိုင်လိုသူများအတွက် လုပ်ငန်းခွင် အသုံးချကွန်ပျူတာ Programming သင်တန်းများကို ၂၀၁၄ ခုနှစ်၊ မေလအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းများကို Level 2 ခုခွဲ၍ သင်ကြားပေးဖြစ်သည်။ Level 1 Basic Software Engineering သင်တန်းတွင် Program များ ရေးသားနိုင်ရန် Programming Technique နှင့် Concept များ၊ Flow and Control Statement များ၊ Object Oriented Programming ၏ Concept များကို C#Language ဖြင့် လေ့လာရမည် ဖြစ်သည်။
Level 2- Advanced Software Engineering တွင် Dynamic Web Application တစ်ခုကို Tier ခွဲ၍ ရေးသားနိုင်ရန် ASP.Net, ADO.Net, AJAX, LINQ စသော Technique များဖြင့် သင်ကြားပေးမည် ဖြစ်သည်။ MS-SQL Server 2008 ကို အသုံးပြု၍ Database Design အပါအဝင် Database Techniques များကိုပါ အသေးစိတ် သင်ကြားပေးမည် ဖြစ်သည်။ သင်တန်းပြီးဆုံးပါက သင်တန်းသားကိုယ်တိုင် Web Application Project တစ်ခုကို တည်ဆောက်နိုင်မည် ဖြစ်သည်။
လုပ်ငန်းခွင် အတွေ့အကြုံယူလိုသူများအတွက် On Job Training (OJT) ကိုလည်း ဖွင့်လှစ်ထားမည် ဖြစ်သည်။ အဆိုပါ OJT တွင် Real Projects များတွင် ဝင်ရောက်ရေးသားရမည် ဖြစ်သည်။ သင်တန်းကာလမှာ ၃ လ ကြာမြင့်မည်ဖြစ်ပြီး တက်ရောက်လိုသူများ အနေဖြင့် Key IT Systems' ဖုန်း-၀၉-၄၂၅၃၂၄၇ ၁၈၊ ၀၉-၄၃၁၁၆၃၈၂ သို့ ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်သည်။
ref: ဝေဝေ
0 comments:
Post a Comment