Monday, May 19, 2014
Home »
International News
» လက် ၏ သွေးကြောများကို အသုံးပြုပြီး ATM စက်မှ ငွေထုတ်ယူနိုင်မည့် နည်းပညာသစ်ကို Hitachi မိတ်ဆက်
လက် ၏ သွေးကြောများကို အသုံးပြုပြီး ATM စက်မှ ငွေထုတ်ယူနိုင်မည့် နည်းပညာသစ်ကို Hitachi မိတ်ဆက်
Aung Ko Htet (MM IT Knowledge)
Card ကို အသုံးပြုပြီး ATM စက်မှ ငွေထုတ်ယူသည့် နည်းလမ်းသည် အတိတ်တွင် ကျန်ခဲ့တော့ မည် ဖြစ်သည်။ ဂျပန်နည်းပညာ ကုမ္ပဏီ Hitachi နှင့် ပိုလန် ဘဏ်လုပ်ငန်း itcard S.A တို့သည် ပိုလန် နိုင်ငံအ၀န်း ရှိ ATM စက်များတွင် “Finger Vein” နည်းပညာကို တပ်ဆင်နေပြီဖြစ်ပါသည်။
အဆိုပါနည်းပညာသည် Card များထည့်သွင်းရန် မလိုအပ်ဘဲ လက်ချောင်းများကို ATM စက်ရှိ Scanner တွင် ထားရှိပြီး Pin Number ရိုက်ထည့်ခြင်းဖြင့် ငွေထုတ်ယူနိုင်မည် ဖြစ်သည်။
အဆိုပါ စီမံကိန်းကို “Planet Cash” ဟု အမည်ပေးထားပြီး ယခုနှစ်အတွင်းတွင် ပိုလန် ရှိ ATM စက်အ လုံးရေ (၁၇၃၀) တွင် တပ်ဆင်မည် ဖြစ်သည်။ အဆိုပါ နည်းပညာ ကို ပိုလန် ရှိ ဘဏ်အနည်းငယ်တွင် စတင် အသုံးပြုနေပြီ ဖြစ်သည်။ ယခုအခါ လူအများစု အသုံးပြုနိုင်ရန် တိုးချဲ့ဆောင်ရွက်တော့ မည် ဖြစ်သည်။
Hitachi က သူတို့၏ ဆန်းသစ်သည့် နည်းပညာ ကို ဗြိတိန် ကဲ့သို့ အခြား နိုင်ငံများတွင် ဖြန့်ချီရန် အစီအစဉ်မရှိသေး ဟု ပြောပါသည်။ အဆိုပါ နည်းပညာ သည် CCD Camera နှင့် အနီအောက်ရောင်ခြည်ကို ပူးတွဲ အသုံးပြုထားပါသည်။ လက်ချောင်းကို Scanner တွင် ထားရှိသည့် အခါတွင် အနီအောက်ရောင်ခြည် က လက်ချောင်း ကို ဖြတ်သန်း စီးဆင်းမည် ဖြစ်သည်။ အနီအောက် ရောင်ခြည်ကို သွေးကြောတွင်းရှိ ဟေမိုဂလိုဘင် က စုပ်ယူမည် ဖြစ်ပြီး လူတစ်ယောက် နှင့် တစ်ယောက် မတူညီသည့် သွေးကြော ဖွဲ့စည်းပုံကို ဖမ်းယူသိနိုင်မည် ဖြစ်သည်။ ထို့နောက်တွင် မှတ်ပုံတင်ထားသည့် သွေးကြောဖွဲ့စည်းပုံ နှင့် တိုက်ဆိုင် စစ်ဆေးမည် ဖြစ်သည်။
Card များ နှင့် PIN Number များကို အသုံးပြုပြီး ငွေထုတ်ခြင်း၊ ငွေလက်ကျန် စစ်ဆေးခြင်း နှင့် ငွေပေးချေခြင်းများ ကို အဆိုပါနည်းပညာ ဖြင့် ပြုလုပ်နိုင်ပါသည်။
“Finger Vein” သည် ကုမ္ပဏီ ၏ မဟာ ဗျူဟာမြောက် နည်းပညာ ဖြစ်သည် ဟု itcard S.A ၏ CEO ဖြစ်သူ Jaroslaw Chrzanowski က ပြောပါသည်။ ဆွီဒင် နိုင်ငံတွင်လည်း Hitachi ၏ နည်းပညာကဲ့သို့ သွေးကြော နည်းပညာကို အသုံးပြုနေသည် ဟု သိရပါသည်။ ဆွီဒင် ရှိ ဈေးဝယ်သူများသည် လက်ဝှေ့ယမ်းပြီး ငွေပေးချေမှုများကို ဧပြီလတွင် စတင် ပြုလုပ်နိုင်ခဲ့ပါသည်။ ဆွီဒင် တောင်ပိုင်းရှိ Lund မြို့တွင် အဆိုပါ နည်းပညာ ကို စမ်းသပ်လျှက် ရှိပြီး အောင်မြင်လျှင် အနာဂတ် ၏ ငွေပေးချေမှု နည်းလမ်း အသစ် တစ်ခု ဖြစ်လာမည် ဟု တီထွင်သူများက မျှော်လင့်နေကြပါ သည်။ သွေးကြောများကို စစ်ဆေးသည့် နည်းပညာကို ဆွီဒင် တက္ကသိုလ် တစ်ခုမှ အင်ဂျင်နီယာ တစ်ယောက် က လွန်ခဲ့သည့် နှစ်နှစ် အကြာက တီထွင်နိုင်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ အရောင်းဆိုင် (၁၅) ဆိုင် နှင့် စားသောက်ဆိုင်များတွင် တပ်ဆင်ထားသည် ဟု သိရပါသည်။
ref: သူရ
0 comments:
Post a Comment