Powered by Blog - Widget

Sunday, May 11, 2014

Audiက သူ့ရဲ့ အောင်မြင်တဲ့ TTမော်ဒယ်ကို ဆီတစ်ဂါလံ ၁၂၃မိုင်စီးနင်းနိုင်အောင် ဖန်တီးမိတ်ဆက်လာ



Aung Ko Htet (MM IT Knowledge)
 

Audiကတော့ လက်ရှိ ဈေးကွက်မှာ အောင်မြင်မှု ရရှိနေတဲ့ သူ့ရဲ့မော်ဒယ် တစ်မျိုး ဖြစ်တဲ့ TTကို ဆီတစ်ဂါလံ ၁၂၃မိုင်ထိအောင် စီးနင်းနိုင်အောင် ဖန်တီးပြီးတော့ မိတ်ဆက်လာတာ တွေ့ရပါတယ်။ Hybridစနစ်သုံး မော်ဒယ်သစ် ဖြစ်ပြီးတော့ လမ်းကြမ်းတွေမှာပါ စိတ်ကြိုက်စီးနင်းသွားလာနိုင်မှာ ဖြစ်ကာ စွမ်းအင် အသုံးပြုနိုင်မှုက မြင်းကောင်ရေ ၂၉၂ကောင်အား ဖြစ်တာ တွေ့ရပါတယ်။ တပ်ဆင်ထားတဲ့ အင်ဂျင်က ၂.၀လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင် ဖြစ်ပြီးတော့ ၄၀ ကီလိုဝပ် စွမ်းအင် ထုတ်လုပ် မောင်းနှင် သွားလာနိုင်မယ့် လျှပ်စစ်မော်တာလည်း တပ်ဆင်ထားတာ တွေ့ရပါတယ်။ Transmissionအပိုင်းမှာ e-S Transmissionစနစ်ကို အသုံးပြုထားတာ တွေ့ရပြီးတော့ စုစုပေါင်း အသုံးပြု မောင်းနှင်နိုင်မယ့် ဂီယာချက် စုစုပေါင်းကတော့ ၆ချက် ဖြစ်ပါတယ်။

Suspensionစနစ် အပိုင်းမှာ McPhersonစနစ်ကို အသုံးပြုထားတာ တွေ့နိုင်သလို နောက်ဖက် Suspension စနစ်ကတော့ ဘီးလေးဘီး တပ်ဆင် စနစ်ပါ။ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းကတော့ တစ်နာရီ ကီလိုမီတာ ၁၀၀နှုန်းကို အချိန် ၅.၂စက္ကန့် ယူမှာ ဖြစ်ပြီးတော့ အမြန်ဆုံး မောင်းနှင်နိုင်မှုကို ကန့်သတ်ထားမှာ ဖြစ်ကာ အမြန်ဆုံး နှုန်းကတော့ တစ်နာရီ ၁၅၅မိုင် ဖြစ်ပါတယ်။ စက်သုံးဆီကို အသုံးပြု မောင်းနှင်မယ်ဆိုရင် ဆီတစ်ဂါလံကို ၁၂၃.၈မိုင် ထိအောင် စီးနင်းနိုင်မှာ ဖြစ်သလို လျှပ်စစ်မော်တာနဲ့ အသုံးပြု မောင်းနှင်မယ်ဆိုရင်တော့ တစဆက်တည်း အနေနဲ့ ၃၁မိုင်ထိအောင် ခရီးရောက်မှာ ဖြစ်ပါတယ်။ လက်ရှိ မိတ်ဆက်မှုမှာတော့ Audiက ဈေးကွက်မှာ အောင်မြင်နေတဲ့ Volvo S60Lကို ဈေးကွက် ယှဉ်ပြိုင်သွားဖို့ မျှော်မှန်းထားကြောင်းနဲ့ ခုနှစ်အတွင်းမှာ ဈေးကွက်တင်ရောင်းချသွားဖို့ ရှိတယ်လို့ သိရပါတယ်။

ref: လင်းလင်း (IA)

0 comments:

Post a Comment