Monday, May 5, 2014
Home »
International News
,
News
» Call of Duty ဂိမ်းအသစ်ကို ၎င်းဂိမ်းထုတ်လုပ်သည့် Studio နှစ်ခုကယခုနှစ်အတွင်းထုတ်လုပ်သွားမည်ဟု
Call of Duty ဂိမ်းအသစ်ကို ၎င်းဂိမ်းထုတ်လုပ်သည့် Studio နှစ်ခုကယခုနှစ်အတွင်းထုတ်လုပ်သွားမည်ဟု
Aung Ko Htet (MM IT Knowledge)
Call of Duty:Advanced Warfare အမည်ရှိ Call of Duty ဂိမ်းအသစ်ကို ၎င်းဂိမ်းထုတ်လုပ်သည် Studio နှစ်ခုကပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာလိုက်ပြီးယင်းဂိမ်းကိုနိုဝင် ဘာလအတွင်းဈေးကွက်ထဲရောက်ရှိအောင်ကြိုးပမ်းသွားမည်ဟုလည်းထပ်မံပြောဆိုလိုက်သည်။
အဆိုပါဂိမ်းကို Xbox One / PlayStation 4 / PC စသည့်ဖြင့်ဗာရှင်း သုံးမျိုးကိုအရင်ထုတ်လုပ် သွားဖို့အစီအစဉ်ရှိပြီး Xbox 360 နှင့် PlayStation 3 ဗာရှင်းကိုနောက်ပိုင်းတွင်ထုတ် လုပ်သွားမည် ဟုသိရသည်။
Wii U ဗာရှင်း အတွက်ကိုတော့ကုမ္ပဏီကမည်သည့်သတင်းမျှထုတ်ပြန် ထားခြင်းမရှိသေးပဲဂိမ်းအတွင်းထဲမှာရှိသည့်စနစ်အချို့ကိုပြောင်းလဲထားသည်ဟုသိရှိရသည်။
Call of Duty:Advanced Warfare ဟာထူးခြားတဲ့စွမ်းဆောင်ရည်တွေ ပါရှိလာမည့်ပထမ ဆုံးဂိမ်းဖြစ် လာမှာ ဖြစ်ပြီး၎င်း၏ Gameplay ပုံစံကိုအဖွဲ့လိုက်လုပ်ဆောင်ရမည့်ပုံစံမျိုးဖန် တီးထား သည်ဟုဆိုသည်။
ယင်းဂိမ်းကိုထုတ်လုပ်သည့် Activision ကတော့ “ဒီတစ်ခေါက်ကိုတော့ ထွက်ရှိသမျှ Call of Duty ဂိမ်းတွေထက်အထူး ပိုမိုကောင်းမွန်အောင်ပြု လုပ်ထားတာပါ။ ဒီဂိမ်းကိုဆော့မယ်ဆိုရင်သင် တစ်ခါမှမတွေ့ဖူးတဲ့နည်း ပညာတွေအပြင်တကယ်ကိုယ်တိုင်ဝင်ရောက်ဆော့နေရာတဲ့ လောကကြီး လိုပုံစံမျိုးဖြစ်အောင်ဖန်တီးထားပါတယ်။ဇာတ်လမ်းပုံစံကိုလည်းဆွဲဆောင် မှုရှိအောင်လုပ်ထားပါတယ် “ လို့ဖြေကြားထားသည်။
Ref: Gamespot
Wai Phyo Aung (TSJ Team)
0 comments:
Post a Comment