Tuesday, May 13, 2014
Home »
International News
» iPhone 6 အကြောင်းတစေ့တစောင်း
iPhone 6 အကြောင်းတစေ့တစောင်း
Aung Ko Htet (MM IT Knowledge)
အရင်က ထွက်နေတဲ့ သတင်းတွေထက်တော့ ပိုတိကျတဲ့ သတင်းတစ်ခုလို့ဆိုနိင်ပါတယ်။ Apple ဟာ ဒီနှစ်အစောပိုင်းမှာ သူရဲ့ next generation ဖြစ်တဲ့ iPhone 6ကို ထွက်ရှိမှာလို့သိရှိထားတဲ့အတိုင်းပဲ ထိုင်ဝမ် စီးပွားရေးနေ့စဉ် သတင်းစာက ဖော်ပြထားပါတယ်။ ထိုသတင်းစာရဲ့ ဖော်ပြချက်အရတော့ ပုံမှန်ထက်တစ်လလောက်ပိုစောတဲ့သြဂုတ် လမှာ iPhone ကိုရောင်း ချမှာ ဖြစ်ပြီး ကမ္ဘာ့ရဲ့ ဘယ်နေ ရာတွေမှာ ရရှိနိင်မယ်ဆိုတာကတော့ မသိနိင်သေးပါဘူး။
ကျတော်တို့အားလုံး သိရှိထားတဲ့အတိုင်းပဲ iPhone မှာ ဆိုဒ်အမျိုးအစား နှစ်ခုနဲ့လာမှာ ဖြစ်ပါတယ်။ ပြောကြားချက်အရတော့ မျက်နှာပြင်အရွှယ်အစား 4.7 လက်မရှိတဲ့ iPhone ကို သြဂုတ်လမှာ ဖြန့်ချိမှာ ဖြစ်ပြီး 5.5 or 5.6 လက်မရှိတဲ့ နောက်ထပ် iPhone ဗားရှင်းကိုတော့ စက်တင်ဘာမှာ ရရှိမှာ ဖြစ်ပါတယ်။ ထို ဗားရှင်းနှစ်မျိုးလုံးကို ကွဲပြားစွာ ရောင်းချဖြန့်ချိနိင်သကဲ့သို့ တစ်ကြိမ်တည်း မှာလည်း ရောင်းချသွားနိင်ပါတယ်။
စီးပွားရေးနေ့စဉ်ထုတ်စာစောင်ကဆိုသည့်မှာ Apple ဟာ ဒီနှစ်အတွက် iPhone 6 စမတ်ဖုန်း သန်း (၈၀) ကို ထုတ်လုပ်မှာ ဖြစ်ပါတယ်လို့ ပြောထားပါတယ်။ နောက်ထပ် သတင်းစကားတွေကဆိုနေတဲ့ iWatch ကိုလည်း ဒီတစ်ချိန်တည်းမှာ ပဲ ကြောငြာသွားဖို့ ရှိပါတယ်လို့ သိရပါတယ်။
ref: Aung Heine ...
0 comments:
Post a Comment