Tuesday, May 13, 2014
Home »
International News
» Lenovo IdeaPad Flex 14
Lenovo IdeaPad Flex 14
Aung Ko Htet (MM IT Knowledge)
LAPTOP | £430 from www.snipca.com/11657
“ပြီးပြည်စုံသော အကောင်းဆုံးနီးပါးရှိတဲ့ တန်ဖိုးသင့် လက်ပ်တော့ တစ်လုံး ဖြစ်ပါတယ်။ဒါပေမယ့် ခြောက်ပစ်ကင်းသဲလဲစင်တော့မဟုတ်ပါဘူး။”
ပထမဦးဆုံး စောင်းငဲ့ကြည့်ရှုလိုက်ရင် Lenovo IdeaPad Flex 14 Windows 8 တို့ထိမျက်နှာပြင်နဲ့ လက်ပ်တော့က ဒီကုမ္ပဏီက ယခင်ထုတ်ခဲ့တဲ့ Yoga 2Pro နဲ့တစ်ထပ်တည်းတူညီတဲ့ သွင်ပြင်နဲ့ထွက်ပေါ်လာပါတယ်။ အရေးကြီးတဲ့ ကွဲပြားခြားနားမှုတွေရှိနေပြီး အနည်းဆုံးတော့ Flex ရဲ့ ဈေးနှုန်းဟာ £430 ဖြစ်ပြီး £670 သက်သာပါတယ်။
Flex ရဲ့မျက်နှာပြင်က Yoga ရဲ့မျက်နှာပြင်လိုပဲဖြစ်ပြီး နောက်ဘက်သို့ကွေးညွတ်ထားကာ ထောင်ထားနိုင်လို့ ရွက်ဖျင်တဲနဲ့တူပါတယ်။အလားတူစွာပဲ အောက်ဖက်ကို လှည့်ပြီးထောင်ထားနိုင်လို့ Touchscreen ကို ရှေ့ဖက်သို့မျက်နှာမူလှည့်ထားကာ stand တစ်ခုလိုထောင်ထားနိုင်မှာဖြစ်ပြီး သင်ကစားပွဲပေါ်မှာထိုင်နေတဲ့အခါ သက်သောင့်သက်သာစွာ သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ယင်းကဲ့သို့ ဘက်လှည့်ကာ နှစ်မျိုးသုံးနိုင်သောကြောင့် ဆိုဖာပေါ်မှာ သို့မဟုတ် အိပ်ယာထဲမှာရှိနေတဲ့အခါ ဗီဒီယိုများကြည့်ရှုတဲ့အခါ လက်ထဲမှာ ကိုင်ပြီးအဆင်ပြေစွာကြည့်ရှုနိုင်မှဖြစ်ပါတယ်။ Yoga နဲ့မတူတာက မျက်နှာပြင်ကို လှဲထားတဲ့အခါ တက်ဘလက်လိုမျိုး သုံးနိုင်ဖို့ အပြားလိုက်ဖြစ်နေအောင် အပြည့်အဝလှဲပြီးကပ်ထားလို့တော့မရဘူး ။ဒါက သိပ်အဆိုးကြီးမဟုတ်လို့ ချန်လှပ်ထားခဲ့နိုင်ပေမယ့် Flex ရဲ့ 1.9 Kg အလေးချိန်ကတော့ တက်ဘလက်အဖြစ်သုံးစွဲရာမှာ မကြာခဏ နဲ့ အကြာကြီးသုံးစွဲနိုင်ဖို့ သိပ်တော့ လက်တွေ့မကျလှပါဘူး။
လက်ပ်တော့အနေနဲ့ပြောမယ်ဆိုရင် ပေါ့ပါးပေမယ့် ကြံ့ခိုင်တဲ့ ခံစားရမှုကရှိနေပါတယ်။ လက်ကောက်ဝတ်တင်မယ့်နေရာက အနက်ရောင်သတ္တု နဲ့ ပြုလုပ်ထားပြီး လက်ပ်တော့ရဲ့ကျန်တဲ့အပိုင်းတွေက မာကျောတဲ့ ပလပ်စတစ်သားနဲ့လုပ်ထားကာ ရော်ဘာနဲ့ဖုံးအုပ်ထားလို့ မြဲမြံစွာကိုင်တွယ်နိုင်မှာဖြစ်ပါတယ်။
Flex က အခြားသော 14 လက်မ နဲ့ 15 လက်မ laptops တွေထက်စာရင် ပိုမိုရှည်လျားလှပြီးမျက်နှာပြင်ကို လိုသလို ကွေးညွတ်နိုင်စေရန် ကြီးမားသော ပတ္တာနဲ့တပ်ဆင်ထားကာ လေကြောင်းလိုင်းတွေရဲ့ economy-class မှာလိုက်ပါစီးနင်းတဲ့အခါ နေရာကျဉ်းတဲ့အခါ များစွာ အသုံးတည့်ပါတယ်။ 14 လက်မ မျက်နှာပြင်က standard resolution အနေနဲ့ 1366 x 768 pixels ရှိပါတယ်။အရောင်အသွေးတိကျမှုက အကောင်းဆုံးတွေရဲ့ ပျမ်းမျှရှိပြီး အရောင်အသွေးစုံလင်ပေမယ့် အလင်းတောက်ပမှုပိုင်းမှာတော့ အားနည်းချက်ရှိတာက သူ့ရဲ့ အကြီးမားဆုံးသော ချို့ယွင်းချက်ပါ။အရောင်အလွန်မှိန်ပါတယ်။ အထူးသဖြင့်ဘက်ထရီအားသက်သာစေရန် brightness ကို 50 ရာခိုင်နှုန်းအထိ လျှော့ချလိုက်တဲ့အခါ သိသာပါတယ်။
ဘက်ထရီ ခံနိုင်မှုကတော့ အတော်ကောင်းပြီး ဗီဒီယိုတွေကြည့်ရှုခဲ့အခါ 12 နာရီ နီးပါးကြာမြင့်ပါတယ်။ ဒါက ဘတ်ဂျက်လက်ပ်တော့တွေထဲမှာတော့ အထင်ကြီးလေးစားလောက်စရာပါပဲ။သုံးစွဲထားတဲ့အစိတ်အပိုင်းဖြစ်တဲ့ 1.7GHz Intel Core i3 4010U processor ကလည်းပါဝါစားသက်သာစေပါတယ်။4GB memory နဲ့ တွဲဖက်ထားပြီး အများစုသောနေ့စဉ်သုံးလုပ်ငန်းစဉ်တွေအတွက် စွမ်းဆောင်နိုင်စွမ်းရှိပါတယ်။
ကီးဘတ်မှာပါတဲ့ ခလုတ်တွေကကြီးမားပြီး တုံ့ပြန်မှုအားကောင်းပေမယ့် လက်ကို စိတ်ကြိုက်ရွှေ့လို့တော့မရပါဘူး။ ကျွန်တော်တို့သုံးစွဲလိုက်တဲ့အခါမှာတော့ မြန်မြန်ဆန်ဆန်နဲ့ တိတိကျကျရိုက်နိုင်စွမ်းရှိတာကိုတွေ့ရပါတယ်။ ကျွန်တော်တို့ Touchpad နဲ့ပတ်သက်ပြီးတော့ စောဒကတော့မတက်လိုပါဘူး ။Touchpad ကနှိပ်နိုင်တဲ့ခလုတ်လေးများနဲ့အတူ ကြီးမားပြီး တိကျစွာ သုံးနိုင်ကာ pad ရဲ့အောက်ဖက်မှာ မှန်ကန်တဲ့တုန့်ပြန်မှုရရှိနိုင်စေဖို့ထည့်သွင်းထားပါတယ်။
Lenovo IdeaPad Flex 14 က budget laptop တစ်လုံးအဖြစ် တာရှည်ခံတဲ့ဘက်ထရီ၊ ပေါ့ပါးတဲ့အလေးချိန် ကြံ့ခိုင်တဲ့ကိုယ်ထည်တွေနဲ့ ပြီးပြည့်စုံတဲ့ ဘတ်ဂျက်လက်ပ်တော့ တစ်လုံးနီးပါးဖြစ်ပေမယ့် သူ့ရဲ့ မှိန်တဲ့မျက်နှာပြင်က အဲဒါကို လျော့ကျစေပါတယ်။အဲဒီ ချို့ယွင်းချက် ရှိပေမယ့် သင့်အနေနဲ့ သုံးစွဲလို့ရတယ်ဆိုရင်တော့ ဒီလက်ပ်တော့ဟာ တကယ်ကောင်းမွန်တဲ့အရာတစ်ခုပါပဲ ။ဒါမှဟုတ်ဘူးဆိုရင်တော့ သင့်အနေနဲ့ Samsung Series 5 Ultra NP540U3C-A02UK ကို ဝယ်ယူသင့်ပါတယ်။
သုံးသပ်ချက်
မှေးမှန်တဲ့မျက်နှာပြင်နဲ့ ကီးဘုတ်ရဲ့ အားနည်းချက်တွေကိုဖယ်လိုက်ရင်တော့ တကယ့်ကို ပြီးပြည့်စုံကောင်းမွန်တဲ့လက်ပ်တော့တစ်လုံးပါပဲ
အလားတူ
Samsung Series 5 Ultra NP540U3C-A02UK £544
ဘက်ထရီခံနိုင်မှုသက်တမ်းတိုပေမယ့် မျက်နှာပြင်နဲ့ကီးဘုတ်တွေက ပိုမိုကောင်းမွန်ပါတယ်
==================
Computer Active(Issue 420)
0 comments:
Post a Comment