Powered by Blog - Widget

Wednesday, May 14, 2014

LG G3 အတွက် 5.5 လက်မ Quad HD Display ကို LG မိတ်ဆက်



Aung Ko Htet (MM IT Knowledge)


Pixel သိပ်သည်းဆ 538ppi ရှိသည့် 5.5 လက်မ 2K resolution display panel ကို LG ၏ display ဌာနမှ မိတ်ဆက်ပေးခဲ့ပြီး ၎င်းကို ယခုနှစ်ကုန်ပိုင်းတွင် ဖြန့်ချိမည့် LG G3 တွင် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။



အဆိုပါ panel များကို LG မှ မကြာမီအချိန်အတွင်း အလုံးအရင်းနှင့် စတင်ထုတ်လုပ်ဖွယ်ရှိသည်။ ၎င်း display သည် အထူ 1.2 မီလီမီတာရှိပြီး ဘေး Bezel များမှာလည်း 1.15 မီလီမီတာသာရှိသည်။



LG ၏ အဆိုအရ အထက်ပါ display သည် HD panel များ၏ ပုံရိပ် resolution ထက် လေးဆပိုမိုပြီး full HD Panel ထက် ၁.၈ ဆ resolution မြင့်မားကြောင်း သိရသည်။ သို့သော်လည်း ၎င်း display များကြောင့် ဘက်ထရီအပေါ် သက်ရောက်မှု မည်မျှရှိသည်ကိုမူ စောင့်ကြည့်ရမည် ဖြစ်သည်။



ထို့အပြင် LG ကုမ္ပဏီသည် LG Isai FL ဟန်းဆက်ကို ဂျပန်တွင် မိတ်ဆက်ပေးခဲ့ပြီး ၎င်းတွင် အသုံးပြုထားသည့် display တွင် အလွန်သေးငယ်သည့် bezel များကိုသာ အသုံးပြုထားသောကြောင့် ယခုနှစ်ကုန်တွင် ထွက်ပေါ်မည့် LG G3 တွင်လည်း ၎င်းထက် ပိုမိုကောင်းမွန်သည့် display ကို အသုံးပြုဖွယ်ရှိကြောင်း လေ့လာသူများက သုံးသပ်ပြောကြားခဲ့သည်။



နောင်နောင်

Ref: TheDroidGuys

0 comments:

Post a Comment