Powered by Blog - Widget

Tuesday, May 6, 2014

Myanmar IT Knowledge အကြောင်း



Aung Ko Htet (MM IT Knowledge)

Myanmar IT Knowledge အကြောင်းနှင့် Domain Name (.com) ပြောင်းလဲခြင်း 


ကျွန်တော် Myanmar IT Knowledge ကို စတင်တည်ထောင်တဲ့အချိန်မှာ ဘာရည်ရွယ်ချက်မှမရှိပဲ စိတ်ညစ်လွန်းလို့ တည်ထောင်လိုက်ခြင်းဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ စိတ်ခံစားချက်တစ်ခုက စိတ်ညစ်တဲ့အခါတိုင်းမှာ ကိုယ်အတွက် ဖြစ်စေမဲ့ စာဖတ်ခြင်း၊ အလုပ်ပိုလုပ်ခြင်းတွေကို လုပ်ဖြစ်ပါတယ်။ အဲ့ဒီနေ့ကလည်း ကျွန်တော်အရမ်းစိတ်ညစ်လွန်းနေပါတယ်။ ကျွန်တော်အိမ်ပေါ်ကနေဆင်းပြီး အဆောင်မှာစနေပါတယ်။ သင်တန်းတက်ဖို့အတွက် ပိုက်ဆံမရှိတာနဲ့ သင်တန်းမတက်သေးပဲ ကိုယ်ပိုင် self study လေးလုပ်မယ်ဆိုပြီး ကျွန်တော့်ရဲ့ Laptop လေးကို အဖော်ပြုမယ်လို့ စဉ်းစားလိုက်တဲ့အချိန်မှာပဲ ကျွန်တော့်ရဲ့ Laptop လေးက Graphic ပျက်သွားပြီး Screen မှာ ဘာမှ မပေါ်တော့တဲ့အထိကို ဖြစ်သွားပါတယ်။ အဲ့လောက်ထိဖြစ်နေတာ " င့ါမှာ ကွန်ပျူတာ မရှိရင် internet ဆိုင်မှာ သုံးလို့ရတာပဲ " ဆိုပြီး အင်တာနက်ဆိုင်မှာ ကွန်ပျူတာသုံးရင်း ကိုယ်ပိုင် self study လုပ်ရင်း၊ အလုပ်လေးလဲ အွန်လိုင်းကနေရှာရင်းနဲ့ ကျွန်တော်ဒီ site လေးကို တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော်အလုပ်ရသွားတာကလည်း အွန်လိုင်းကနေပဲ အလုပ်ရှာ website တွေကို အသုံးပြုရင်း အလုပ်ရသွားတာပါ။

Site လေးက စစချင်းမှာတော့ လူအ၀င်နည်းပါတယ်။ တစ်နေ့ကို လူဆယ်ယောက်တောင် အနိုင်နိုင်ပါ။ ဒါပေမဲ့ Facebook မှာ အရင် IT Studier လေးနဲ့လူသိပြီးသားဖြစ်နေတော့ ကျွန်တော် ဒီ site လေးကို ကြော်ငြာခဲ့ပါတယ်။ အားလုံးအတွက် နည်းပညာ သတင်းတွေနဲ့ ဗဟုသုတတွေ၊ နည်းလမ်းတွေကို နည်းပညာ ဂျာနယ် website တွေနဲ့ Facebook Page တွေဖြစ်တဲ့ Internet Journal, Smart Pro Journal, Myanmar Digital Life Journal, Tech Space Journal နဲ့ တခြား နည်းပညာ blog တွေအပြင် ကိုယ်ပိုင် ကြိုးစားပြီး သတင်းတွေ ကို ဘာသာပြန်ဆို တင်ပေးခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော့် page နဲ့ site လေးက လူအတော်အသင့်ရဲ့ လက်ခံမှုကို ခံနေရပြီလို့ ကျွန်တော်ယုံကြည်ထားပါတယ်။

အဲ့ဒါကြောင့်ကျွန်တော် 5.5.2014 ရက်နေ့မှာ website အနေနဲ့ တည်တည်တံ့တံ့လေးဖြစ်သွားအောင် Domain Name (.com) ကိုပြောင်းလဲခဲ့ပါတယ်။ အဲ့ဒီ domain name နဲ့ပဲ ကျွန်တော် Email တစ်ခုတစ်ခါတည်း တည်ဆောက်ထားပါတယ်။ အဲ့ဒီ email ကတော့ aungkohtet@mmitknowledge.com ဖြစ်ပါတယ်။ လိုအပ်ချက်တွေရှိခဲ့ရင် ကျွန်တော့်ဆီကို mail ပို့ပြီး အကြံပြု အကြောင်းကြားနိုင်ပါတယ်။ ကျွန်တော်အခု တင်ထားတဲ့ iMyanmar ads က ကြော်ငြာတွေကလည်း ပိုက်ဆံ တစ်ပြားတစ်ချပ်မှ မရပါဘူး။ အခု domain name ပြောင်းတယ်ဆိုတာလည်း ကိုယ့်ပိုက်ဆံနဲ့ကိုယ် စုပြီး ပြောင်းထားတာပါ။ ဆိုလိုချင်တာကတော့ ကျွန်တော် ငွေကြေးရလို့ ဒီ site လေးကို တည်ထောင်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အောင်မြင်မှုတစ်နေရာကို ဒီ website လေးနဲ့အတူတူ လျှောက်လှမ်းနိုင်မယ်လို့တော့ ကျွန်တော် ယုံကြည်နေပါတယ်။ ကျွန်တော့်ရဲ့ ကြိုးစားမှုကို ဆက်ပြီး အသိမှတ်ပြုပေးကြပါအုံးလို့ တောင်းဆိုပါရစေ..

လာရောက်လေ့လာသူ အားလုံးအတွက် ကျွန်တော် သေတဲ့အချိန်ထိ ကျွန်တော့်ရဲ့ ကြိုးစားမှုတွေနဲ့  ပေးဆပ်ပေးသွားချင်ပါတယ်။ အားလုံးက ကျွန်တော့်ကို လက်ခံ နားလည်ပေးကြတယ်ဆိုရင်ပဲ ကျွန်တော် ကြိုးစားရကျိုးနပ်ပါတယ်။ အားလုံးရဲ့ အသိမှတ်ပြုမှုတွေကြောင့် ကျွန်တော့်ရဲ့ ကြိုးစားမှုတွေပိုပြီးဖြစ်ထွန်းနေတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် အားလုံးကို ကျေးဇူးတင်ပါတယ်။

Aung Ko Htet

0 comments:

Post a Comment