Powered by Blog - Widget

Tuesday, May 13, 2014

Yangon ICT Fair (ICT & Mobile) (May 2014) ပြပွဲအားယခုနှစ် ဒုတိယအကြိမ်အဖြစ်လာမည့်မေလ ၂၃ ရက်မှ ၂၅ အထိ ကျင်းပမည်



Aung Ko Htet (MM IT Knowledge)
 

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း နှင့် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း မှ ပူးပေါင်း ကျင်းပသည့် Yangon ICT Fair (ICT & Mobile) (May 2014) ကို ၂၀၁၄ ခုနှစ်၊ မေလ (၂၃) ရက်မှ (၂၅) ရက်အထိ ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ၊ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်ရန် စီစဉ်လျှက်ရှိပါသည်။


မြန်မာနိုင်ငံ၏ Mobile နှင့် IT ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ယင်းကဏ္ဍများကို အထူးစိတ်ဝင် စားသော နိုင်ငံ့ဝန်ထမ်း များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူလူထု တို့အား ကွန်ပျူတာပစ္စည်းများ၊ ကွန်ပျူတာဆက်စပ်အပို ပစ္စည်း များ၊ နောက် ဆုံးပေါ်အီလက်ထရောနစ်ပစ္စည်းများ၊ ဆက်သွယ်ရေး ကိရိယာများ၊ Mobile နည်းပညာနှင့်ပစ္စည်းများ၊ ကွန်ပျူတာအသုံးချဆောဖ့်ဝဲနည်းပညာများကို တစ်နေရာတည်းတွင် ကြည့်ရှု လေ့လာနိုင်ရန် ရည်ရွယ်၍ လည်းကောင်း၊ နိုင်ငံတော်မှ ချမှတ်ထားသော ဈေးကွက်စီးပွားရေးစနစ်အား တစ်စိတ်တစ်ဒေသ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ လည်းကောင်း Yangon ICT Fair (ICT & Mobile) (May 2014) ကို စီစဉ်ပေးခြင်း ဖြစ်ပါသည်။

၎င်း နည်းပညာပြပွဲတွင် Mobile နှင့် IT နယ်ပယ်မှ အီလက်ထရောနစ်ကုမ္ပဏီများ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင်များ၊ ဆက်သွယ်ရေးပစ္စည်းအရောင်းဆိုင်များ၊ CD အရောင်းဆိုင်များ၊ စာအုပ် အရောင်းဆိုင်များ၊ Scanner, Copier, Camera, Projector အရောင်းဆိုင်များ၊ Software & Training ဆိုင်များ, Website , SMS Solution, Wimax, Wifi, Networking Product, electronic Dictionary, Mobile & Mobile Software , speaker များ၊ windows နှင့် Application ပျက်စီးခြင်း နှင့် Virus ဝင်ရောက်တိုက်ခိုက်မှုခံရခြင်းကို စိုးရိမ်စရာမလိုအပ်သော Discovery Recovery System ၊ VCD များအား copy ကူးခံရခြင်း၊ Capture ပြုလုပ်ခံရခြင်းစသည့် ခိုးကူးခံရမှုများကို ကာကွယ်ပေးနိုင်သော Capture Protect (VCD) နည်းပညာများ အစရှိသော အရောင်းဆိုင်များ ပါဝင်ပြသမည် ဖြစ်ပါသည်။

ပြပွဲဝင်ကုမ္မဏီပေါင်း (၅၀) ခုမှ ပြခန်းပေါင်း (၁၂၀) ခန်းအား ခင်းကျင်းပြသမည်ဖြစ်ပါသည်။ ပြခန်းအား မနက် (၉) နာရီမှ ညနေ (၅) နာရီအထိ အများပြည်သူများလာရောက်ကြည့်ရှုလေ့လာနိုင်ရန် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ နောက်ဆုံးပေါ် ICT Technology များကို လေ့လာနိုင်မည်။ ကွန်ပျူတာ၊ မိုဘိုင်းနှင့် ဆက်စပ်ပစ္စည်းများကို အထူးအစီအစဉ် Promotion များ၊ New Year Discount များ ဖြင့်သက်သာစွာ ဝယ်ယူနိုင်မှာဖြစ်ပါသည်။ ယခု ကျင်းပမည့် Yangon ICT Fair (May 2014) သည် ၂၀၁၄ ခုနှစ်အတွက် ဒုတိယအကြိမ် ICT ပြပွဲဖြစ်ပါသည်။


ref: Tech Space

0 comments:

Post a Comment