Powered by Blog - Widget

Saturday, March 1, 2014

ဗီယက်နမ် မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီပြည်တွင်း၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေ




Post By Aung Ko Htet ( MM IT Knoledge)

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ဗီယက်နမ်နိုင်ငံရှိ အင်အားကြီးမားသည့် ကုမ္ပဏီကြီးတစ်ခုက စိတ်ဝင်စားလျက် ရှိကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ စုံစမ်းသိရသည်။



ဗီယက်နမ်နိုင်ငံ၏ မိုဘိုင်းဆက်သွယ်ရေး ကဏ္ဍတွင် ဈေးကွက်ဝေစု အကြီးမားဆုံးရရှိထားသည့် Viettel Mobile စီးပွားရေး လုပ်ငန်းစုက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် ပြင်ဆင်မှုများ လုပ်နေပြီး အဆိုပါကုမ္ပဏီသည် မြန်မာအပါအဝင် အာရှဒေသတွင်း နိုင်ငံအချို့တွင်လည်း အလားတူလုပ်ငန်း တိုးချဲ့မှုများကို ပြုလုပ်သွားရန် ရှိနေသည်ဟု သိရသည်။



အဆိုပါ ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်မည်ဆိုပါက ပြည်တွင်း၌ မိုဘိုင်းဆက်သွယ်မှု ကွန်ရက်များ တည်ဆောက်ခြင်း အပါအဝင် ဆက်စပ်လုပ်ငန်းများကို အဓိကလုပ်ကိုင်လိုသည်ဟု ၂၀၁၄ ဇန်နဝါရီလက အင်တာနက်ပေါ်ရှိ နည်းပညာဝက်ဘ်ဆိုက် အချို့တွင် ရေးသားဖော်ပြ ခဲ့ကြသည်။



ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦး၏ အဆိုအရ အဆိုပါ ကုမ္ပဏီအပြင် အခြားသော ပြည်ပဆက်သွယ်ရေး ကုမ္ပဏီအချို့သည်လည်း ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်ရန်အတွက် စိတ်ဝင်စားလျက်ရှိကြကြောင်း သိရသည်။၂၀၀၄ ခုနှစ်ကမှ ဗီယက်နမ်နိုင်ငံတွင် စတင်တည်ထောင်ခဲ့သည့် Viettel  Mobile လုပ်ငန်းစုသည် မကြာသေးမီအချိန်ကပင် အရှေ့တီမော၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဟေတီနိုင်ငံတို့တွင် ဆယ်လူလာမိုဘိုင်း ဆက်သွယ်ရေး ကွန်ရက်များကို တည်ထောင်ခဲ့ပြီးနောက် ယခုနှစ်လယ်ပိုင်းတွင် ကင်မရွန်း၊ ပီရူးနိုင်ငံတို့နှင့် မြန်မာနိုင်ငံတို့တွင် ၎င်းတို့လုပ်ငန်းများကို ထပ်မံချဲ့ထွင်ရန် ပြင်ဆင်နေသည်ဟု သတင်းရရှိသည်။



Credit>>> ယုဇနကိုကို

0 comments:

Post a Comment