Wednesday, March 12, 2014
လူနဲ့ စက်ရုပ်တို့ Ping-Pong ပြိုင်ပွဲတွင် လူ အနိုင်ရ
Aung Ko Htet (MM IT Knowledge)
တရုတ် စက်ရုပ် ထုတ်လုပ်တဲ့ Company တစ်ခုဖြစ်တဲ့ Kuka က ပထမဆုံး လူ နဲ့ စက်ရုပ် တို့ရဲ့ Ping-Pong ပြိုင်ပွဲ ကို ပြုလုပ်ပေးခဲ့ပါတယ်။ Kuka ရဲ့ Agilus Robot Arm နဲ့ ယခင် ကမ္ဘာ့နံပါတ်တစ် ဂျာမန် Ping-Pong ကစားသမား Timo Boll တို့ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ကစားပွဲ အစ အဆုံး ကို တိုက်ရိုက်ပြသခဲ့ခြင်းမရှိဘဲ ကြော်ညာအတွက် တည်းဖြတ်ပြီး ဗီဒီယို အတိုလေးသာ ပြသခဲ့ပါတယ်။ ဗီဒီယို မှာ အနှေးပြကွက်များသာ ပြသခဲ့ပေမယ့် အမှန်တစ်ကယ် ကစား ခဲ့ကြတာဖြစ်ပါတယ်။
ဘူဂေးရီးယား နိုင်ငံ ဆိုဖီယာမြို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ စက်ရုပ် က ဘောလုံး ကို ဘယ်လို Track လုပ်လဲဆိုတာ မသိရပါဘူး။ Kuka ရဲ့ ၀က်ဆိုက်မှာလည်း စက်ရုပ်မှာ တပ်ဆင်ထားတဲ့ Sensor နဲ့ ပတ်သက်ပြီး ဖော်ပြထားခြင်းမရှိပါဘူး။ Sensor တွေကို စက်ရုပ်မှာ တပ်ဆင်ထားတာမဟုတ်ဘဲ အခြား တစ်နေရာမှာ တပ်ဆင်ထားတယ်လို့ သုံးသပ်လို့ရပါတယ်။
စက်ရုပ် ရဲ့ အလေးချိန် က (၁၁၄) ပေါင်ရှိပြီး လျှင်မြန်စွာ လှုပ်ရှားနိုင်ပါတယ်။ စက်ရုပ် လက်က သုံးပေ အကွာအဝေးအထိ ရွေ့လျား နိုင်ပါတယ်။ ဗီဒီယိုမှာ ပြိုင်ပွဲ ကို စက်ရုပ် က ခြောက်မှတ် နဲ့ ဦးဆောင်နေပြီးမှ Boll က နောက်ပိုင်းမှာ ကျော်တက် အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
Kuka က သူ့ရဲ့ စက်ရုပ်ထုတ်လုပ်တဲ့ စက်ရုံသစ် ကို တရုတ်ပြည် Shanghai မြို့မှာ ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အဖြစ် အဆိုပါ ဗီဒီယို ကို ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
ပြိုင်ပွဲကို ကြည့်ချင်တယ်ဆိုရင်တော့ အောက်က link ကနေ သွားရောက်လေ့လာနိုင်ပါတယ်။
https://www.youtube.com/watch?feature=player_embedded&v=tIIJME8-au8
0 comments:
Post a Comment