Powered by Blog - Widget

Monday, March 10, 2014

Samsung Galaxy S5 ရဲ့ Circuit Boards တွေကို ထုတ်လုပ်တဲ့ စက်ရုံမီးလောင်မှုဖြစ်ပွား




Post By Aung Ko Htet (MM IT Knowledge)

တောင်ကိုရီးယားနိုင်ငံ Anseong ဒေသ မှာ တည်ရှိတဲ့ samsung galaxy s5 ရဲ့ circuit board တွေကို ထုတ်လုပ်မဲ့ စက်ရုံမှာ ကြီးမားတဲ့ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ပစ္စည်း ဆုံးရှုံးမှု ပမာဏကတော့ ခန့်မှန်းခြေ ဒေါ်လာ 1 ဘီလီယံ ၀န်းကျင်မှာ ရှိကြောင်းနဲ့ မီးလောင်မှုကို မီးသတ်သမား 287 ယောက်နဲ့ ငြိမ်းသတ်ခဲ့ရပါတယ်။



မီးလောင်မှုဟာ တနင်္ဂနွေနေ့ မနက် 7 နာရီလောက်က စတင်လောင်ခဲ့တာဖြစ်ပြီး မီးလောင်လို့ မိနစ် အနည်း အကြာမှာပဲ မီးသတ်တပ်ဖွဲ့ရောက်ရှိလာကာ မီးကို ငြိမ်းသတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကြီးမားတဲ့ မီးလောင်မှုကြောင့် ပစ္စည်း ဆုံးရှုံးမှု ပမာဏက များပြားပြီး တပ်ဆင်လက်စဖြစ်တဲ့   ပစ္စည်း ကိရိယာတွေလည်း ပါဝင်ကြောင်းမီးလောင်မှုကို  မြင်တွေ့ခဲ့ကြသူများက ဆိုပါတယ်။ အဆိုပါမီးလောင်မှုမှာ မီးသတ်ကာင်းပေါင်း 81 စီး ဖြင့် 6 နာရီကြာအောင် ငြိမ်းသတ်ခဲ့ကြရတယ်လို့ သိရပါတယ်။



Samsung ကုမ္ပဏီရဲ့ ထုတ်ပြန်ကြေငြာချက်အရတော့ အခုလိုPCBs စက်ရုံမီးလောင်မှုကြောင့် အလုပ်သမားတွေ ထပ်ပြီး ခန့်အပ်ခဲ့ကာ  Samsung Galaxy S5 ကို တော့ April 11 ရက်နေ့ထွက်ရှိမယ်
ပြောထားတဲ့  အတိုင်း ထုတ်လုပ်နိုင်အောင် ကြိုးစားသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ ကိုးရီးယား ကုန်ပစ္စည်း ထုတ်လုပ်တဲ့ ပညာရှင်တွေရဲ့ အဆိုအရတော့ ဒီဖြစ်ရပ်ကြောင့် Samsung အနေနဲ့ ကုန်
ပစ္စည်း ထုတ်လုပ်မှုကို နောက်ဆုတ်မှာ မဟုတ်ကြောင်း၊ ဒါ့အပြင် ဈေးကွက် ဆုံးမှုအနေနဲ့ အများကြီး ဆုံးရှုံးမှာ မဟုတ်ပဲ အနည်းငယ်သာ ထိခိုက်နိုင်တာပါ။ ဒါပေမဲ့ Samsung Galaxy S5 ထွက်ရှိလာခဲ့ရင်တော့ လိုသလောက် ၀ယ်ယူလို့ ရအုံးမှာတော့ မဟုတ်ပဲ အကန့်အသက်နဲ့သာ ၀ယ်ယူနိုင်မှာဖြစ်တယ်လို့ ကုန်ပစ္စည်း ထုတ်လုပ် ကျွမ်းကျင်သူများက ဆိုပါတယ်။

Ref : Arena

Translate By Aung Ko Htet

0 comments:

Post a Comment