Wednesday, April 9, 2014
Apple ရဲ့ iWatch စမတ်နာရီ လာမည်
Aung Ko Htet (MM IT Knowledge)
Apple က iWatch စမတ်နာရီ ကို စက်တင်ဘာလ မှာ ကြေညာမယ်လို့ DigiTimes က ဖော်ပြထားပါတယ်။ Apple က ၂၀၁၄ ခုနှစ် အကုန် မှာ iWatch စမတ်နာရီ အလုံးရေ ၆၅ သန်း ရောင်းချရဖို့ ရည်မှန်းထားပါတယ်။ iWatch ကို iPhone 6 , iOS 8 တို့နဲ့ အတူ ပွဲထုတ်မယ်လို့ မျှော်လင့်ရပါတယ်။
iWatch မှာ ၀တ်ဆင်သူရဲ့ ကျန်းမာရေး အခြေအနေတွေကို တိုင်းတာ ပေးနိုင်တဲ့ Biometric Sensors တွေပါရှိမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ Ultra Violet နေရောင်ခြည်၊ နှလုံးခုန်နှုန်း ၊ အရေပြား အပူချိန် စတာတွေကို တိုင်းတာပေးနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်အလေးချိန် ၊ ကယ်လိုရီ စတဲ့ အခြား ကျန်းမာရေး အခြေအနေတွေကို တိုင်းတာပေးနိုင်ပြီး iPhone, iWatch တို့မှာ အသုံးပြုနိုင်တဲ့ Healthbook App ကို iOS 8 မှာ ထည့်သွင်းပေးမယ်လို့ Apple က ပြောကြားထားပါတယ်။
နာရီ ကို Quanta Computer က ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ Richtek Technology က Chip ထုတ်လုပ်ပေးမှာဖြစ်ပြီး TPK က Sapphire မျက်နှာပြင် ကို ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။
စမတ်နာရီ ပြိုင်ပွဲမှာ Apple က ပြိုင်ဖက် Company တွေထက်နောက်ကျနေပါတယ်။ ဒါပေမယ့် Apple ရဲ့ စမတ်နာရီ ဟာ ပြိုင်ဖက် စမတ်နာရီ တွေကို အလဲထိုးနိုင်မယ်လို့ ကျွမ်းကျင်သူတွေ က သုံးသပ်ပါတယ်။
အချို့သတင်းတွေအရ iWatch ကို ဇူလိုင်လ ကနေ စက်တင်ဘာလ အတွင်းရောင်းချမယ်လို့ သိရပါတယ်။
သူရ
0 comments:
Post a Comment