Powered by Blog - Widget

Tuesday, April 8, 2014

မစ်ဆူဘီရှိ ကိုယ်စားလှယ်ရုံးခွဲ ရန်ကုန်တွင် သင်္ကြန်ပြီးဖွင့်မည်



Aung Ko Htet (MM IT Knowledge)

ဂျပန်အင်အားကြီးကုမ္ပ ဏီတစ်ခုဖြစ်သော မစ်ဆူဘီရှီ သည် စင်ကာပူရုံးခွဲ Mitsubishi Asia Pte Ltd မှ မြန်မာပြည်ကိုယ် စားလှယ်အဖြစ် ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်း တွင် တရားဝင် ကိုယ်စားလှယ်ရုံးခန်း စတင်ဖွင့်လှစ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

လျှပ်စစ်ပစ္စည်းများ ဖြန့်ဖြူး ရောင်းချသည့်ကိုယ်စားလှယ်ရုံး ခန်းကို ဧပြီ ၂၅ ရက်တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး ရောင်းချခြင်း နှင့် ဆားဗစ်ပေးသည့် ၀န်ဆောင် မှုကိုပါ ဆောင်ရွက်ပေးမည်ဟု ဆိုသည်။ စက်ရုံ၊အလုပ်ရုံနှင့် လူနေ အိမ်များတွင် လိုအပ်သည့် လျှပ် စစ်ဆိုင်ရာ အထောက်အကူ ပစ္စည်းများ၊ ထရန်စဖော်မာများ အပါအ၀င် အခြေခံအဆောက် အအုံများ တည်ဆောက်ရာတွင် လိုအပ်သည့် ပစ္စည်းများကိုပါ မြန်မာပြည်ကိုယ်စားလှယ်အဖြစ် ဖြန့်ဖြူးရောင်းချမည်ဟု သိရ သည်။

မစ်ဆူဘီရှီ ကုမ္ပဏီသည် ဂျပန်နိုင်ငံတွင် နှစ်ပေါင်း ၉၀ ကျော်ကြာလုပ်ငန်းသက်တမ်းရှိ ကမ္ဘာကျော်အမှတ်တံဆိပ် တစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံ၏ အပြောင်း အလဲကာလတွင် ၀င်ရောက်ရင်း နှီးမြှုပ်နှံခြင်းဖြစ်ကြောင်း ရန် ကုန်မြို့၌ ရုံးခန်းလာရောက်ဖွင့် လှစ်ရာတွင် ဦးဆောင်ပါဝင်သူ အထွေထွေမန်နေဂျာ မစ္စတာ ဂျေမာယုမကပြောသည်။

လက်ရှိတွင် မစ်ဆူဘီရှီကုမ္ပ ဏီသည် သီလ၀ါ အထူးစီးပွားရေးဇုန်ရှိ ဂျပန်နိုင်ငံမှရင်းနှီးမြှုပ်နှံထားသည့် ထိပ်သီး ကုမ္ပဏီလေးခု၌ပါဝင်ပြီး ပြည်တွင်းမှ FMI ကုမ္ပဏီအား မစ်ဆူဘီရှီကားများတင်သွင်းဖြန့်ချိခွင့် ကိုယ်စားလှယ်အဖြစ်ပေးအပ်ထားပြီးဖြစ်သည်။

ref: 7Day News

0 comments:

Post a Comment