Powered by Blog - Widget

Monday, April 7, 2014

Samsung ATIV SE ၀င်းဒိုးဖုန်း ကို ရောင်းပြီ



Aung Ko Htet (MM IT Knowledge)


Samsung က ATIV SE ၀င်းဒိုးဖုန်း ကို Verizon မှ ရောင်းချပေးလိုက်ပြီဖြစ်ပါတယ်။ နှစ်နှစ်စာချုပ်ချုပ် ဆိုရင် ဒေါ်လာ ၁၉၉.၉၉ ကျသင့်မှာ ဖြစ်ပြီး Handset သီးသန့် ၀ယ်ယူရင် ဒေါ်လာ ၅၉၉.၉၉ ကျသင့်မှာ ဖြစ်ပါတယ်။ ဧပြီလ ၁၂ ရက်နေ့မှာ စတင်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

ATIV SE ဟာ Galaxy S4 နဲ့ ဒီဇိုင်း ဆင်တူပါတယ်။ ATIV SE မှာ Windows Phone 8 OS မောင်းနှင်လည်ပတ်မှာ ဖြစ်ပါတယ်။ 2.3GHz Quad-Core Snapdragon 800 Processor ကို အသုံးပြုထားပါတယ်။ ငါးလက်မအရွယ် 1080p Super AMOLED Display , 13 Megapixel Camera , 2600mAh Battery တပ်ဆင်ထားပါတယ်။ 2GB RAM ပါရှိပါတယ်။

Microsoft က မကြာမီ က ကြေညာခဲ့တဲ့ Windows Phone 8.1 မောင်းနှင်လည်ပတ်မယ့် ATIV SE ၀င်းဒိုးဖုန်း လည်း ရောင်းချဖို့ ရှိနေတယ်လို့ သိရပါတယ်။

ref: သူရ

0 comments:

Post a Comment