Powered by Blog - Widget

Monday, April 7, 2014

Wii/ Wii U လက်ကိုင်နှင့်ဆင်ဆာ

Aung Ko Htet (MM IT Knowledge)

ပြည်တွင်းဂိမ်းဈေးကွက်အတွင်းသို့ Wii/ Wii U လက်ကိုင်နှင့် ဆင်ဆာ ဝင်ရောက်လာပါတယ်။ ယခုဝင်ရောက်လာတဲ့ ဂိမ်းပစ္စည်းအမျိုးအစားကတော့ TV နှင့် တွဲဖက်ဆော့ကစားရသော Nitendo Wii ဂိမ်းစက်နှင့် Wii U ဂိမ်းစက် အတွက် ဖြစ်တယ်လို့ သိရပါတယ်။ ပစ္စည်းဝယ်ယူသည့်အခါမှာ အော်ရီဂျင်နယ် လက်ကိုင်တစ်စုံနှင့် Wii စက်အတွက် ဆင်ဆာတစ်ခု ပါဝင်မှာဖြစ်ပါတယ်။ ဈေးနှုန်းသင့်တင့်ပြီး ပစ္စည်းအရည်အသွေးကောင်းမွန်သော အမျိုးအစား ဖြစ်တယ်လို့ သိရပါတယ်။ အရောင်အနေဖြင့် အမည်းရောင်အနေနဲ့သာ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ အသုံးပြုလိုသူများအနေဖြင့် ဖုန်း ၃၈၀၅၃၆၊ ၂၅၆၄၁၇ နှင့် ၀၉၈၆၂၂၇၄၄ သို့ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

ref: -ကိုအောင် 

သင်္ကြန်ကာလအတွင်း ဆားဗစ်ဝန်ဆောင်မှု အပြည့်အဝမပေးနိုင်ခြင်းကြောင့် ယခုနှစ်တွင် စီစီတီဗွီအငှားဈေးကွက် မရှိသလောက်နည်းပါးကြောင်း သိရသည်။

“အခုကြော်ငြာလုပ်ဖို့ စီစဉ်ထားတာတောင် မလုပ်ဖြစ်တော့ဘူး။ အငှားလုပ်ဖို့ လူမနိုင်တာကြောင့်ပါ။ တချို့နယ်ပြန်တဲ့သူကပြန်ဆိုတော့ သင်္ကြန်တွင်းဆားဗစ်ပေးနိုင်ဖို့ တော်တော်လေးခက်တယ်။ မဏ္ဍပ်တစ်ခုတော့ အငှားအနေနဲ့ လက်ခံထားတာရှိတယ်” ဟု လုံခြုံရေးပစ္စည်းများ အဓိကထား ဝန်ဆောင်မှုပေးလျက်ရှိသော TROPHY မြန်မာစီစီတီဗွီမှ ကိုကျော်တင့်က ပြောသည်။

သင်္ကြန်ကာလအတွင်း မဏ္ဍပ်များ၌ လုံခြုံရေးကင်မရာများ မတပ်မနေရ ထုတ်ပြန်ချက်ထွက်ရှိပြီးနောက်ပိုင်း လုံခြုံရေးကင်မရာများ ငှားရမ်းခြင်း ဝန်ဆောင်မှုစတင်လုပ်ကိုင်ခဲ့သော လုံခြုံရေးကင်မရာနှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင်အများစုမှာ ယခုအခါတွင် အငှားထက် အရောင်းပိုင်းကိုသာ ပိုမိုလုပ်ကိုင်လာကြောင်း ဈေးကွက်မှ စုံစမ်းသိရှိရသည်။

“ပြီးခဲ့တဲ့နှစ်ကလည်း အငှားဝန်ဆောင်မှု မလုပ်ဖြစ်ပါဘူး။ ၂၀၁၂ ခုနှစ်ကတည်းက အငှားကို မလုပ်တော့တာပါ။ အဓိကကတော့ သင်္ကြန်တွင်းမှာ စက်တစ်ခုခုဖြစ်ခဲ့ရင် ဆားဗစ်အနေနဲ့ လိုက်ပြီးမလုပ်ပေးတာကြောင့်ပါ” ဟု EveryTime အမှတ်တံဆိပ် CCTV များ တင်သွင်းရောင်းချသော AGK ကွန်ပျူတာမှ အင်တာနက်ဂျာနယ်သို့ ပြောသည်။

ယခုနောက်ပိုင်းတွင် လုံခြုံရေးကင်မရာများကို အစိုးရဌာနများ၊ ရုံးဌာနများ၊ ဈေးဝယ်စင်တာများ၊ လက်ဝတ်ရတနာဆိုင်များ၊  ဟိုတယ်နှင့် နေအိမ်တိုက်တာ အဆောက်အဦတို့တွင် ယခင်ကထက် ပိုမိုတပ်ဆင်သုံးစွဲလာမှုများကြောင့် လုံခြုံရေးကင်မရာနှင့် ဆက်စပ်ပစ္စည်းများကို ပြည်တွင်းဈေးကွက်သို့ တင်သွင်းရောင်းချမှု ပိုမိုများပြားလာသည်။ ယင်းသို့တင်သွင်းရောင်းချရာတွင် နိုင်ငံတကာမှ အရည်အသွေးမြင့် နာမည်ကြီးအမှတ်တံဆိပ် လုံခြုံရေးကင်မရာများထက် တရုတ်(တိုင်ပေ) မှ တင်သွင်းရောင်းချသော အရည်အသွေးအမျိုးမျိုးရှိသော လုံခြုံရေးကင်မရာနှင့် ဆက်စပ်ပစ္စည်းများ ပိုမိုများပြားကြောင်း ဈေးကွက်မှစုံစမ်းသိရှိရသည်။

ဈေးကွက်အတွင်းရောင်းချလျက်ရှိသော လုံခြုံရေးကင်မရာနှင့် ဆက်စပ်ပစ္စည်းအစုံလိုက်တွင် 4  Channel၊ 8 Channel နှင့် 16 Channel အမျိုးအစားသုံးမျိုးရှိပြီး ၎င်းအစုံလိုက်တွင် လုံခြုံရေးကင်မရာ၊ ရုပ်သံဖမ်းစက်၊ စောင့်ကြည့်စက်တို့ ပါဝင်သည်။ အရည်အသွေးအမျိုးအစားပေါ် လိုက်၍ ဈေးနှုန်းအားဖြင့် ကွာခြားမှုရှိပြီး အနိမ့်ဆုံး ကျပ်နှစ်သိန်းဝန်းကျင်မှ အမြင့်ဆုံး ကျပ်ခြောက်သိန်းကျော်ထိ ရှိနိုင်ကြောင်း သိရသည်။

ရဲထွဋ်ဝင်း
- See more at: http://www.myanmarinternetjournal.com/content/12040#sthash.rfVR2of0.dpuf

0 comments:

Post a Comment