Powered by Blog - Widget

Thursday, May 8, 2014

App ဆိုသော ..... ရုပ်ရှင်



Aung Ko Htet (MM IT Knowledge)

ပြီးခဲ့တဲ့ ၂၀၁၃ နှစ်ထဲ့ကထွက်နေခဲ့တာပါ။ မကြည့်ရူရသေးသူတွေအတွက် ဇာတ်လမ်းအချို့ကို ဇာတ်လမ်းပမာ နားဆင်စရာ အဖြစ် စကားလုံးတွေနဲ့ ရေးသားဖော်ပြလိုက်ပါတယ်။
ကြည့်လို့ ကောင်းလားဆိုတော့ စိတ်ဝင်စားဖို့တော့ကောင်းပါတယ်။ တနှုံးနှုံးနဲ့ပေါ့. (အားမလိုအားမရ )

ဇာတ်ကားကာဗာ ဖုံးကိုစကြည့်ကတည်းက သိပ်မကောင်းဆိုတာ ဇာတ်ကားတွေကို ပင်ကိုယ်ခန့်မှန်းတတ်တဲ့ စိတ်နဲ့ သိနေပါတယ်။ 


ဆံပင်အရောင်ဆိုထားတဲ့ ကောင်မလေးတစ်ယောက်က ဖုန်းတစ်လုံးကို ကိုင်ပြီး ရပ်နေတာပါ။ ဟိုတစ်နေ့ကမှ အိမ်က ညီလေး ကြည့်နေတာနဲ့ အော် App  ဆိုတာ Application တွေ ကို အတိုကောက်ခေါ် ထားပြီး အလုပ်နဲ့ ဆက်စပ်ခြင်း ဆက်စပ်နေမှာလေလို့ တွေးပြီး ကြည့်ဖြစ်ခဲ့တာပါ။

ဇာတ်ကားထဲမှာ - မင်းသမီး ( အန်နာ ) ဟာ နယ်သာလန်မှာ ဆိုက်ကို (စိတ်ပညာနဲ့ ပတ်သက်ပြီး ) ကျောင်းတက်နေသူတစ်ဦး ဖြစ်ပါတယ်။ သူမရဲ့ အခင်ဆုံးသူငယ်ချင်း ဆိုဖီယာ၊ ဆိုက်ကယ် မတော်တဆဖြစ်ထားတဲ့ သူမရဲ့ အကို ဖြစ်သူကို ထောက်ပံရင်းနဲ့နေထိုင်ပါတယ်။ သူမဟာ ဖုန်းနဲ့ဘယ်တော့မှ မခွာသူတစ်ယောက်ဖြစ်ကာ တစ်ရက်ပါတီ တစ်ခုမှာ ကောင်လေး တစ်ယောက် နဲ့ ငြိစွန်းပြီး အိပ်ခဲ့ရာမှ သူမရဲ့ဖုန်းထဲကို အမည်မသိ ဒေါင်းလုပ်ခ်လုပ်ခိုင်းတဲ့ အရာတစ်ခုဝင်လာပါတယ်။ အဲလိုလည်း ၀င်လာရော သူမ ဒေါင်းလိုက်မိပြီး သူမ ပါဆင်နယ် မေးခွန်းအချို့ကိုပါ ဖြေလိုက်မိပါတယ်။ ဒီ ဆော့ဝဲလ်ရဲ့ နာမည် က Iris ပါတဲ့။ အဲဒီနောက်ပိုင်း အတန်းထဲ စာသင်နေရင်းလည်း ဖုန်းကြီးက ထမြည်ရင်း ဆရာက သိမ်းသွားပါတယ်။ အဒီနောက် ဆရာဆီက ဖုန်းဆီ တစ်ခါ iris ဆော့ဝဲလ်ဟာ ကူးသွားပါတယ်။


နောက်ရက် ဆရာစာသင်နေချိန်မှာ ဆရာရဲ့ ဖုန်းကနေတစ်ဆင့် အရင် နေ့ညက ဆရာ ဟာ မိန်းမတစ်ယောက်နဲ့ ငြိစွန်းခဲ့တာတွေကို ဖုန်းက အလိုလို မှတ်တမ်းတင်ထားခဲ့တာကို သူတို့စာသင်တဲ့ တီဗီ အကြီးကြီးမား တွေ့မြင်ရပြီး ထို ဆရာ အရှက်တွေ ကွဲကုန်ပါတယ်။ ဘယ်သူလုပ်တာလဲဆိုတာ စုံစမ်းမရခင်မှပဲ ဆရာဟာ ကိုယ်ကိုကိုယ် သတ်သေသွားပါတယ်။

ထိုဆော့ဝဲလ်ဟာ ဖုန်းအချင်းချင်းတွင်သာမက တီဗီတွေနဲ့ အခြား ကွန်ပျူတာ၊ နဲ့ ဆက်စပ်ပစ္စည်းတွေ အထိ ကူးစက်နိင်ပါတယ်။ ကူးခံရတဲ့လူရဲ့ ဖုန်းကို ကင်မရာတွေ ၊ ဗီဒီယိုတွေ အလိုလို ရိုက်နိင်ခြင်း ၊
တို့နဲ့ လူတွေရဲ့ အရှက်ကို ခွဲပါတယ်။ အန္တရယ် ရှိတဲ့ထိန်းချုပ်ခန်း တွေမှာရှိတဲ့ ကွန်ပျူတာတွေကိုလည်း နီးစပ်ရင် ကူးနိင်ကာ ဒီလိုနဲ့ အန်နာရဲ့ သူငယ်ချင်းလည်း သေဆုံးသွားရပါတယ်။ အခြား ဖုန်းဆော့ဝဲလ်ကို
ဖျက်ဖို့ ကြိုးစားသူတွေလည်း သေဆုံးကုန်ကြပါတယ်။ သူမရဲ့ သူငယ်ချင်း မသေဆုံးခင် အန်နာဟာ ဖေ့ဘုတ်ထဲမှရှိတဲ့ ဆိုဖီရဲ့ ပရိုဖိုင်ထဲ ၀င်ကြည့်ချိန်မှာ အန်နာရဲ့ သေဆုံးချိန်ကို ဖုန်းကဖော်ပြထားတာကို တွေ့ခဲ့ရပါတယ်။

စိတ်ဝင်စားရင် ကြည့်ကြည့်လိုက်ပါဦးနော် ။ တစ်ခု ယုတ္တိဗေဒနည်းမှာ အံ့မ၀င်နိင်တာတစ်ခုက ဘာလို့ အန်နာဟာ ဒီလိုလူသတ်နေတဲ့ ဖုန်းကို မလွှတ်ပစ် ၊ ဟန်းဆက် မချိန်းသလဲဆိုတာပါပဲ။
ဒါကတော့ ဒါရိုက်တာရဲ့ အပြစ် လား ချို့ချက်လားဆိုတာကိုတော့ မတွေးတတ်ပါဘူး။ တွေးနိင်တာတစ်ခုက ဖုန်းထဲက app ပ်ါမူတည်ပြီး ဇာတ်လမ်းတွေ ဖြစ်နေ၇ိုက်နိင်နေတာလို့ကိုပဲ နောက် ဆုံးမှာ တွေးဖို့ရှိပါတော့တယ်။ဘလဂျီယံနိင်ငံကစ ဖြန့်ထားတာ ဖြစ်ပါတယ်။ ကြည့်ရင် ၈၂ မိနစ်တော့ ကြာပါလိမ့်မယ်။

ref: Aung Heine ...

0 comments:

Post a Comment