Wednesday, May 7, 2014
Home »
International News
» စမတ်ဖုန်း မှ အိမ်သုံး အီလက်ထရောနစ် ပစ္စည်းများ ကို ထိန်းချုပ်နိုင်မည့် D-Link WiFi Smart Plug
စမတ်ဖုန်း မှ အိမ်သုံး အီလက်ထရောနစ် ပစ္စည်းများ ကို ထိန်းချုပ်နိုင်မည့် D-Link WiFi Smart Plug
Aung Ko Htet (MM IT Knowledge)
D-Link က iPhone, iPad, Android Phone များမှ မီးချောင်း နှင့် အခြား အိမ်သုံးပစ္စည်းများ ကို အင်တာနက် ကွန်နက်ရှင် မှ တစ်ဆင့် ထိန်းချုပ်နိုင်မည့် WiFi Smart Plug ကို ကြေညာပါသည်။ မီးချောင်း များ နှင့် Smart Plug တွင် ချိတ်ဆက်ထားသည့် အီလက်ထရောနစ် ပစ္စည်းများ ကို ထိန်းချုပ်နိုင် မည် ဖြစ်သည်။ စမတ်ဖုန်း ၊ တက်ဘလက်များ အတွက် App ပြုလုပ်ပေးထားပြီး အိမ်တွင် ရှိနေသည့် အချိန် သာမက မည်သည့်နေရာမှမဆို App မှ အိမ်ရှိ ပစ္စည်းများ ကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။ Smart Plug ၏ Model မှာ DSP-W215 WiFi Smart Plug ဖြစ်ပါသည်။
Smart Plug တွင် ချိတ်ဆက်ထားသည့် အိမ်သုံး အီလက်ထရောနစ် ပစ္စည်းများ ကို အဖွင့် ၊ အပိတ် ပြုလုပ်နိုင် သကဲ့သို့ မီးချောင်းများ ကိုလည်း ထိန်းချုပ်နိုင်ပါသည်။ Schedule ပြုလုပ်နိုင်သည့် စွမ်းဆောင်ချက် ပါရှိပါသည်။ အိမ်သုံး ပစ္စည်းများ ၏ အပူချိန်လွန်ကဲလာလျှင် Smart Plug ၏ အပူချိန် တိုင်းတာသည့် Sensor က သိရှိပြီး ပစ္စည်းများ ကို ပိတ်ပေးမည် ဖြစ်သည်။ Smart Plug က ချိတ်ဆက်ထားသည့် Device များ၏ Power အသုံးပြုမှု ကို စောင့်ကြည့်ပေးမည် ဖြစ်ပြီး သတင်းအချက်အလက်များ ကို မိုဘိုင်းဖုန်း ဆီသို့ ပေးပို့ပေးမည် ဖြစ်သည်။
D-Link WiFi Smart Plug (DSP-W215) ကို အမေရိကန် တွင်သာ ဒေါ်လာ ၄၉.၉၉ ဖြင့် ရောင်းချပေးနေ ပါသည်။ မကြာမီ တွင် အခြား နိုင်ငံများ တွင် ရောင်းချမည် ဟု မျှော်လင့်ရပါသည်။
ref: သူရ
0 comments:
Post a Comment