Powered by Blog - Widget

Sunday, May 11, 2014

၂၀၁၃ခုနှစ်ထဲမှာ အရောင်းရဆုံး ကားတစ်စင်း Ford Focus 2013



Aung Ko Htet (MM IT Knowledge)



မကြာသေးခင်ကပဲ ထုတ်ပြန်လိုက်တဲ့ စစ်တမ်းတွေအရ အမေရိကန် ကားကုမဏီ Fordက ဒီနှစ်ထဲမှာ ရောင်းအား အကောင်ဆုံး ထိပ်ဆုံးစာရင်းဝင် ကားတော်တော်များများကို ထုတ်လုပ်ရောင်းချနိုင်ခဲ့တာ တွေ့ရပြီး အဲဒီထဲမှာ အခု ကျွန်တော် မိတ်ဆက်ပေးမယ့် Focusလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ထိပ်ဆုံး ၁၀စီး စာရင်း ၀င်ခဲ့တာတော့ မဟုတ်ပေမယ့် Forbesက ထုတ်ပြန်တဲ့ ရောင်းအား အကောင်းဆုံး ကားအစီး၂၀စာရင်းမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်က ဒီလောက်ကြီး လောက်လောက်လားလား မဟုတ်ပေမယ့် ပုံမှန် လေးလုံးထိုး အင်ဂျင်တပ် ကားတစ်စီးအတွက်တော့ ကောင်းမွန်ပါတယ်။ နောက်ပြီး ဒီဇိုင်းအပိုင်းကလည်း တည်တည်ငြိမ်ငြိမ်နဲ့ ဆွဲဆောင်မှု ရှိတာ တွေ့ရတာကြောင့် Focusရဲ့ အသေးစိတ် အကြောင်းအရာလေးတွေကို ဆက်ကြည့်ရအောင်နော်။


အားသာချက်
--------------
ကျွမ်းကျင် ကားဝေဖန် သုံးသပ်သူတွေပြောတဲ့ အဓိက အားသာချက်ကတော့ လက်ကိုင် အပိုင်းဖြစ်ပြီး မြို့တွင်း လမ်းကြောင်းတွေမှာ မောင်းနှင်ဖို့ အကောင်းဆုံး ဖြစ်အောင် ဖန်တီးထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။ နောက်ပြီး ကိုယ်ထည် အပိုင်းရဲ့ တောင့်တင်းမှုနဲ့ နောက်ဆက်တွဲ စီးနင်းရ သက်တောင့်သက်သာ ရှိမှုတွေ ကောင်းမွန်သလို အတွင်းပိုင်း အပြင်အဆင်တွေကလည်း ကောင်းမွန်ပါတယ်။ နောက်ပြီး ရွေးချယ်စရာ Gradeအရေအတွက် များများ ထုတ်လုပ်ရောင်းချထားတာ တွေ့ရတာကြောင့် စိတ်ကြိုက် ရွေးချယ် ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။ အင်ဂျင်ပိုင်း တည်ဆောက်ထားရှိမှုကို ကြည့်မယ် ဆိုရင်လည်း အသံထွက်နှုန်းကအစ ကောင်းမွန်တာ တွေ့နိုင်သလို တည်ငြိမ်တယ်၊ ညင်သာတယ်၊ အဆင့်မြှင့်တင်နိုင်မှု ရှိမယ်၊ နည်းပညာကောင်းမွန်တယ် စတဲ့ အားသာချက်တွေ ပါရှိတာ တွေ့နိုင်ပါတယ်။ 
 

အားနည်းချက်
---------------
အားနည်းချက် အပိုင်းကတော့ ကားမှာ ထည့်သွင်းထားတဲ့ နည်းပညာဆိုင်ရာ စနစ်တွေက အရင်က ထုတ်လုပ်ရောင်းချခဲ့တဲ့ ကားတွေက စနစ်တွေနဲ့ အနည်းငယ် ကွာခြားချက် ရှိနေတာကြောင့် ချက်ချင်း အကျွမ်းတ၀င် ဖြစ်ဖို့ ခက်ခဲတာ ဖြစ်ပါတယ်။ ပြီးတော့ နောက်ဖက် ခရီးသည်တင်ခန်းက ခြေထောက်နေရာအတွက် အနည်းငယ် ကျဉ်းမြောင်းတာကြောင့် အရပ်ရှည်တဲ့ သူတွေအတွက်တော့ စဉ်းစားစရာ ဖြစ်စေပါတယ်။ ပြီးတော့ Autoစနစ် Transmissionအပိုင်း အနည်းငယ် အားနည်းတာ တွေ့နိုင်ပါတယ်။ 
 


အရောင်နဲ့ ကိုယ်ထည်
------------------------
အရောင် အပိုင်းမှာတော့ အပြင်ဘက်ကို ၄မျိုး ရွေးချယ် ၀ယ်ယူနိုင်မှာ ဖြစ်ပြီးတော့ အတွင်းဘက်ကတော့ သားရေနဲ့ အရောင်စပ် နှစ်မျိုး ရွေးချယ်စရာ ရှိပါတယ်။ အပြင်ဘက် ရွေးချယ်နိုင်မယ့် အရောင်တွေကတော့ သတ္တုခဲရောင်၊ အဖြူနှစ်ရောင်၊ မီးခိုးရောင်နဲ့ အနက်ရောင်တွေ ဖြစ်ပါတယ်။ ကိုယ်ထည် အပိုင်းမှာတော့ အလျားက ၁၄ပေနဲ့ ၁၁လက်မ နီးပါးရှိမှာ ဖြစ်တာကြောင့် ပုံမှန်ထက်တောင် အနည်းငယ် အလျားရှည်ချင်ပါသေးတယ်။ ဒီတော့ နောက်ဖက် ၀န်တင်ခန်းမှာ ပိုမို ကျယ်ဝန်းအောင် ဖန်တီးထားတာမျိုး တွေ့ရမှာ ဖြစ်ပြီး မျက်နှာစာ အကျယ်က ၆ပေနီးပါးတောင် ရှိမှာပါ။ ကားရဲ့ အမြင်က ၄ပေနဲ့ ၁၀လက်မနီးပါး ရှိမှာ ဖြစ်လို့ ပုံမှန် အတိုင်းအတာလောက် ဆိုပေမယ့် မြေပြင်နဲ့ ကင်းလွတ်ပမာဏက ၅လက်မ၀န်းကျင်ပဲ ဖြစ်လို့ လမ်းကြမ်းတွေမှာတော့ မောင်းနှင်လို့ ရနိုင်မှာ မဟုတ်သလို ကားတစ်စီးလုံးရဲ့ အလေးချိန်ကတော့ ပေါင် ၃၀၀၀နီးပါးရှိမှာ ဖြစ်ပါတယ်။
 
အင်ဂျင်
--------
တပ်ဆင်ထားတဲ့ အင်ဂျင်ကတော့ ၂.၀လီတာသုံး လေးလုံးထိုး အင်ဂျင် ဖြစ်တာကြောင့် မော်ဒယ် မြင့်ကားတစ်စီး အတွက် V Typeအင်ဂျင် တပ်ဆင်မထားတာတော့ အားနည်းပါတယ်။ အင်ဂျင်က ထုတ်လုပ်ပေးနိုင်မယ့် စွမ်းအင် ပမာဏက မြင်းကောင်ရေ ၁၆၀ကောင်အား ဖြစ်ပြီး သူ့ရဲ့ ရုန်းအားက ၁၄၆ပေ-ပေါင် ဖြစ်လို့ အင်ဂျင်ရဲ့ စွမ်းဆောင်ရည်ကိုတော့ အသိအမှတ် မပြုလို့ မရပါဘူး။ အင်ဂျင်ရဲ့ အမြန်ဆုံး လည်ပတ်နိုင်မယ့် လည်ပတ်အားက တစ်မိနစ်ကို အပတ်ရေ ၆၅၀၀ဖြစ်လို့ ပုံမှန်ပါပဲ။

အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာတော့ Focusရဲ့ စွမ်းဆောင်ရည်က တစ်နာရီ မိုင် ၆၀နှုန်းကိင အချိန် ၆စက္ကန့် ၀န်းကျင် ယူမှာ ဖြစ်ပြီး အမြန်ဆုံး မောင်းနှင်နိုင်မယ့် နှုန်းက တစ်နာရီ မိုင် ၁၄၀၀န်းကျင် ဖြစ်ပါတယ်။ ဒီနှုန်းထားတွေက ပုံမှန် လေးလုံးထိုး အင်ဂျင်တပ် ကားတစ်စီး အတွက် လိုပ်အပ်ချက်ထက်တောင် ပိုပြီး စွမ်းနေတာ ဖြစ်သလို ရှေ့ဘီးယက်စနစ်နဲ့ Focusဟာ Manualစနစ်နဲ့ ဂီယာ ၅ချက်ကို သုံးပြီး မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

ဆီစားနှုန်း
-----------
Focusရဲ့ ကိုယ်ထည်မှာ တပ်ဆင်ထားတဲ့ ဆီတိုင်ကီရဲ့ ဆန့်ဝင်ပမာဏက ၁၂.၄ဂါလံ ဖြစ်ပြီးတော့ သူ့ရဲ့ ဆီစားနှုန်းက ပျမ်းမျှ မိုင် ၃၀ဆိုတော့ ခရီးဝေးသွားတတ်သူတွေ အတွက်လည်း အဆင်ပြေစေနိုင်ပါတယ်။ နောက်ပြီး မြို့တွင်းလမ်းကြောင်းတွေမှာ Focusရဲ့ ဆီစားနှုန်းက ဆီတစ်ဂါလံကို ပျမ်းမျှ ၂၆မိုင်နှုန်းနဲ့ အဝေးပြေး လမ်းမတွေပေါ်မှာ ဆိုရင် ၃၆မိုင်လောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပါတယ်။

Feature
---------
ဒီအပိုင်းမှာတော့ ရှေ့ခုံတွေမှာ အနိမ့်အမြင့် စိတ်ကြိုက် ချိန်ညှိနိုင်မယ့် စနစ် ပါဝင်သလို နောက်ဖက်ခုံတွေက ခေါက်ပြီး သိမ်းလို့ရအောင် ဖန်တီးထားပါတယ်။ နောက်ပြီး တံခါးတွေကို Remoteနဲ့ ပိတ်နိုင်၊ ဖွင့်နိုင်မယ်။ ခေါက်မှန်တွေ တပ်ဆင်ထားမယ်။ နောက်ပြီး ပြတင်းပေါက်တွေကို တစ်ချက်ထိ စနစ်ကို သုံးပြီး အတင်အချ လုပ်နိုင်ဦးမှာပါ။ Steeringအပိုင်းမှာလည်း လျှပ်စစ် စနစ်သုံး Power Steeringကို အသုံးပြုနိုင်မှာ ဖြစ်ပြီးတော့ Audioအပိုင်းမှာလည်း အစကတည်းက အရည်အသွေးပြည့် Speakerလေးလုံး တပ်ဆင်ထားတာ တွေ့ရပါတယ်။

အသက်ကယ်စနစ်
---------------------
Focusမှာ တပ်ဆင်ထားတဲ့ ဘရိတ်စနစ်က နောက်ပိုင်း မော်ဒယ်တိုင်းမှာ တပ်ဆင်ထားတဲ့ လေးဘီးချုပ် ABSစနစ် ဖြစ်ပြီးတော့ ရှေ့ခုံနဲ့ နောက်ခုံတွေမှာ ခေါင်းဘက် အသက်ကယ် လေအိတ်စနစ်တွေ တပ်ဆင်ထားတာ တွေ့ရသလို ပုံမှန် စုပေါင်း အသက်ကယ် လေအိတ်စနစ်နဲ့ ဘေးဘက် အသက်ကယ် လေအိတ်စနစ်တွေလည်း တပ်ဆင်ထားတာ တွေ့ရပါတယ်။ နောက်ပြီး Stability Controlနဲ့ Traction Controlတွေကိုလည်း သုံးစွဲမောင်းနှင်နိုင်ဦးမှာ ဖြစ်ပါတယ်။
  
ref: လင်းလင်း (IA)



 
 
 



0 comments:

Post a Comment