Tuesday, May 13, 2014
Home »
Myanmar News
» Hub Myanmar စာအုပ်တိုက်ရဲ့ ဒုတိယမြောက်စာအုပ် စီးပွားရေးလုပ်ငန်းများအတွက် LinkedIn
Hub Myanmar စာအုပ်တိုက်ရဲ့ ဒုတိယမြောက်စာအုပ် စီးပွားရေးလုပ်ငန်းများအတွက် LinkedIn
Aung Ko Htet (MM IT Knowledge)
တန်ဖိုး-၁၅၀၀ ကျပ်
မကြာမီ ဖြန့်ပါမယ်။
*********************************************
၂၀၁၀ ပြည့်နှစ်တုန်းကကျွန်တော်စင်ကာပူမှာအလုပ်ရှာမယ်ဆိုပြီးရည်ရွယ်ချက်နဲ့ Account စတင်တည်ဆောက်ခဲ့ပါတယ်။ စသုံးခါစလည်းဖြစ်တာကြောင့် သာမန်လောက်ပဲသဘောထားသုံးခဲ့ပါတယ်။ တစ်နေ့တော့ ဒီလိုပဲ Account ဆောက်၊ မသုံးဖြစ်ဆိုတာလောက်ထင်ခဲ့မိပါတယ်။ ၂၀၁၂ အတွင်း မြန်မာ နိုင်ငံပြန်ရောက်ပြီး Account ကို Update လုပ်ခဲ့ပါတယ်။ နှစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ Eco Friendly Products တွေမိတ်ဆက်ဖို့အတွက် မိတ်ဆွေဖွဲ့လာပါတယ်။ ဒီလိုပဲ Vietnam ၊ Malaysia တို့က Software Development အဖွဲ့တွေ၊ ထိုင်းအခြေစိုက် ကားတာယာကုမ္ပဏီစသဖြင့် ကမ်းလှမ်းမှုတွေရှိလာပါတယ်။
ကျွန်တော့်ပရော်ဖက်ရှင်နယ်နဲ့မကိုက်လို့ ငြင်းဆိုခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာလည်း ဆက်သွယ်ရေး လုပ်ငန်းတွေက USD ထောင်ကျော်နဲ့ ၀န်ထမ်းလုပ်ဖို့ကမ်းလှမ်းလာပါတယ်။ Part-time ၊ Freelance သာ လုပ်လိုတဲ့ကျွန်တော့်အနေနဲ့ ထပ်မံငြင်းဆိုခဲ့ပါတယ်။
ဆိုလိုချင်တာက သုံးစွဲသူတစ်ဦးတစ်ယောက်ချင်းစီအတွက် LinkedIn ကအကျိုးပြုတယ်ဆိုတာပါ။ ဒါဆိုရင် အဖွဲ့အစည်းတွေအတွက်ကော၊ လိုချင်တဲ့ဝန်ထမ်းတွေရှာဖွေရာမှာ အထောက်အကူမပြုနိုင်ဘူးလား။ LinkedIn က ကျွန်တော်အရင်ကြုံဖူးတဲ့ Site တွေလို ငြီးငွေ့ပြီးအသုံးရပ်သွားတဲ့အထဲမှာမပါပါဘူး။ များများသုံးလေ အလုပ်အတွက် အကျိုးရှိတာတွေ များများတွေ့လေဖြစ်ပါတယ်။
ဒီစာအုပ်ရဲ့ရည်ရွယ်ချက်ကတော့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ၀န်ထမ်းရှာဖွေရေးအပြင် Social Media အတွက်ပါ အခြေခံသဘောလောက် အထောက်အကူပြုတာကြောင့် လေ့လာသင့်ပါတယ်။ မြန်မာ့ စီးပွားရေးလုပ်ငန်းတွေကို ကမ္ဘာကသိဖို့ဆိုတဲ့ရည်ရွယ်ချက်အတွက် LinkedIn မှာ အခုပဲနေရာတစ်ခုယူထားဖို့ တိုက်တွန်းလိုက်ပါတယ်။
နည်းပညာအကူအညီတွေနဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းတွေ ကမ္ဘာ့အလယ်မှာအောင်မြင်ပါစေ။
ref: ကောင်းမြတ်ထွဋ်
0 comments:
Post a Comment