Thursday, May 8, 2014
Home »
Myanmar News
» Logistics Professional Seminar ကို Purchasing & Supply Association Singapore မှ မြန်မာနိုင်ငံတွင် လာရောက် ဟောပြော ပို့ချမည်
Logistics Professional Seminar ကို Purchasing & Supply Association Singapore မှ မြန်မာနိုင်ငံတွင် လာရောက် ဟောပြော ပို့ချမည်
Aung Ko Htet (MM IT Knowledge)
Purchasing and Supply Association Singapore (PASAS) နှင့် YCTC Business Institute တို့ ပူးပေါင်း၍ Logistics Professional Seminar ကို အင်းယားလမ်း၊ စိမ်းလန်းစိုပြည် ဥယျာဉ်ရှိ Zephyr Restaurant Restaurant တွင် မေလ ၂၄ ရက်နှင့် ၂၅ ရက် တို့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။
Logisitics Professional Seminar ကို PASAS, S'pore မှ Academic Director, Dr. Habib Kassim မှ မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်ဟောပြောပို့ ချမည်ဖြစ်သည်။ ကုန်ပစ္စည်း သယ်ယူ ပို့ဆောင် သိုလှောင်ရေး ကဏ္ဍတွင် ပါဝင်နေကြသော လုပ်ငန်းရှင်များ၊ အရာထမ်း၊ အမှုထမ်းများ အားလုံး မသိမဖြစ် သိရှိထားသင့်သော Management, Centralisation and Decentralisation of Logistics, 3rd party 4th party, Logistics Contract Management, Cost Effectiveness, Efficiency in Logistics , Logistics and Transportation (Multi Modal), Matrial Handling, Equipment, Dangerous Goods Handling, Logistics and Purchasing, Logistics and Warehousing and Distribution, Warehousing Management System and Technology စသည့် Module များကို သင်ကြားပို့ချပေး မည် ဖြစ်ကြောင်း သိရှိရသည်။
အသေးစိတ် သိရှိလိုပါက YCTC Business Institute ဖုန်း-၀၉-၄၂၀၁၁၈၁၀၀၊ ၀၉-၂၅၀၆၄၀၄၂၉ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရှိရသည်။
ref: Internet Journal
0 comments:
Post a Comment