Wednesday, March 12, 2014
Home »
International News
,
News
» Samsung မှ 'Milk Music' ဟု အမည်ပေးထားသော Streaming Radio Service တစ်ခုကို Galaxy စမတ်ဖုန်း နှင့်တက်ဘလက်စီးရီးစ်ပိုင်ရှင်များအတွက် ထုတ်လွှင့်
Samsung မှ 'Milk Music' ဟု အမည်ပေးထားသော Streaming Radio Service တစ်ခုကို Galaxy စမတ်ဖုန်း နှင့်တက်ဘလက်စီးရီးစ်ပိုင်ရှင်များအတွက် ထုတ်လွှင့်
Aung Ko Htet (MM IT Knowledge)
Samsung ကပြီးခဲ့တဲ့ သောကြောနေ့က အခမဲ့ သီချင်းဝန်ဆောင်မှုတစ်ခုကို စတင်လိုက်ပြီး ဈေးကွက်ထဲမှာရှိနေသော အခြား သီချင်း ဝန်ဆောင်မှုများအားလုံးကို စုစည်းကာ ပိုမို ကောင်းမွန်အောင်လုပ်ဆောင်ထားသည်။
ယင်းဝန်ဆောင်မှုကို Samsung ကပြီးခဲ့သည့်သောကြာနေ့တွင် U.S. ၌ စတင် launch လုပ်ခဲ့ပြီး ရေဒီယို station ပေါင်း 200 ထက်မကသော ဝန်ဆောင်မှုများမှာ သီချင်းပေါင်း ၁၃ သန်းကျော်ကို နားဆင်နိုင်မှာဖြစ်ပါတယ်။ယခု ဝန်ဆောင်မှုအား အလွန်မြန်ဆန်စွာ ဖြင့် လွယ်လင့်တကူ သုံးစွဲနိုင်စေရန်သာမက မိမိစိတ်ကကြိုက် customize လုပ်ကာသုံးစွဲနိုင်ရန် ဒီဇိုင်းပြုလုပ်ထားသည်။
"သီချင်းတွေနဲ့ပတ်သက်ပြီး ပြိုင်ဆိုင်မှု အလွန်ကြီးမားတယ်လို့ ကျွန်တော်တို့ ခံစားရပါတယ်။ အဆင့်မြှင့်တင်မှုတွေအများကြီးလုပ်ရဦးမှာပါ"လို့ Samsung Media Solutions မှ Vice Presiden ဖြစ်သူ Daren Tsui ။
Samsung ရဲ့ app က ဘီးပုံစံနဲ့ ရှေးဟောင်း ရေဒီယို tuner တွေရဲ့ဖက်ရှင်ဒီဇိုင်းနဲ့ပြုလုပ်ထားပြီး နားဆင်သူများက လှည့်ကာ များစွာသော သီချင်း အမျိုးအစားများကို ရှာဖွေသုံးဆင်နိုင်မှာဖြစ်ပါတယ်။အကြိုက်အနှစ်သက်ဆုံးသော stations တွေကို "My Stations" သို့ ပေါင်းထည့်ထားနိုင်ကာ သီချင်းတစ်ပုဒ်ချင်းစီအလိုက် favorites သို့ လည်းကောင်း၊ တစ်ခါမှ နားမဆင်ရသေးတဲ့စာရင်းသို့လည်းကောင်းပေါင်းထည့်ထားနိုင်မှာဖြစ်ပါတယ်။
Milk ကို Slacker မှဖန်တီးပြီး သူတို့ရဲ့ကိုယ်ပိုင် streaming music service လည်းရှိပါတယ်။ Slacker နဲ့မတူတာက Milk က ကြော်ငြာများထည့်သွင်းထားမှာမဟုတ်ပါဘူး။ Slacker ကတော့ basic အနေနဲ့ free ဖြစ်ပြီး ကြော်ငြာများဖယ်ရှားထားတာဆိုရင် တော့ သုံးစွဲသူများကု တစ်လကို 4ဒေါ်လာပေးရမှာပါ။
Galaxy Owner များအနေနဲ့ Milk ကို Google Play မှာ အောက်ပါ Link အတိုင်း download လုပ်နိုင်မှာပါ။
https://play.google.com/store/apps/details?id=com.samsung.mdl.radio
REF: Techspace
0 comments:
Post a Comment