Powered by Blog - Widget

Monday, May 5, 2014

360-Degree HD Video များ ရိုက်ကူးပေးနိုင်သည့် ကင်မရာ



Aung Ko Htet (MM IT Knowledge)


Centr ဟု အမည်ရသည့် ကင်မရာ သည် 360-Degree HD Video များ ရိုက်ကူးပေးနိုင်ပါသည်။ Apple ၏ ၀န်ထမ်းဟောင်းများ က တီထွင်ထားခြင်း ဖြစ်ပြီး ကင်မရာ သည် ဒီဇိုင်းလှပပြီး အရွယ်သေးငယ်သည့် ကင်မရာ ဖြစ်ပါသည်။ ကင်မရာ ကို Android နှင့် iOS မောင်းနှင်လည်ပတ်သည့် စမတ်ဖုန်း နှင့် တက်ဘလက်များ မှ ထိန်းချုပ်နိုင်ပါသည်။

ကင်မရာ သည် Panoramic Selfie များ ရိုက်ကူးပေးနိုင်ပါသည်။ တီထွင်သူများ သည် 360-Degree HD Video များ ရိုက်ကူးပေးနိုင်ရန် အတွက် ကင်မရာ ကို နှစ်အတော်ကြာ တီထွင်ခဲ့ရပါသည်။ ကင်မရာ ၏ တန်ကြေး ကို ဒေါ်လာ (၃၉၉) သတ်မှတ်ထားပါသည်။ ကြိုတင်မှာယူသူများ အတွက် ဈေးလျှော့ရောင်းချပေးမည် ဟု သိရပါသည်။

Centr ၏ HD Image Sensor လေးလုံး သည် Panoramic Video များ ကို အချိန်နှင့် တစ်ပြေးညီ ရိုက်ကူး ပေးနိုင်ပါသည်။ ဘက်ထရီ သက်တမ်း မှာ စဉ်ဆက်မပြတ် ရိုက်ကူးမှု ပြုလုပ်လျှင် နှစ်နာရီ အသုံးခံပြီး Standby အသုံးပြုလျှင် ခြောက်နာရီ အသုံးခံပါသည်။ ကင်မရာ ၏ အလယ်ရှိ အပေါက် ကို ကိုင်တွယ်၍ သော်လည်းကောင်း၊ Tripod ကို အသုံးပြု၍သော်လည်းကောင်း ရိုက်ကူးနိုင်ပါသည်။

64GB SD Card ထည့်သွင်းထားလျှင် 720p Video များကို ခုနစ် နာရီ မှ ရှစ်နာရီ အထိ ရိုက်ကူးနိုင်ပါသည်။ ကင်မရာ က 1080p Video များ ကိုလည်း ရိုက်ကူးပေးနိုင်ပြီး 8GB Flash Storage ပါရှိပါသည်။ မိုက်ကရိုဖုန်း သုံးလုံး တပ်ဆင်ထားပါသည်။ WiFi, Bluetooth, USB 3.0 Connector စသည်တို့ ပါရှိပါသည်။

ကင်မရာ ၏ အလုပ်လုပ်ပုံ ကို အောက်က ဗီဒီယို တွင် လေ့လာနိုင်ပါသည်။

https://www.youtube.com/watch?v=aUfMqKjrDRc

ref: သူရ

0 comments:

Post a Comment