Powered by Blog - Widget

Friday, May 9, 2014

Apple မှ Beats နားကြပ်တွင်ပါဝင်သည့် function ကို ဒေါ်လာ 3.2 ဘီလီယံဖြင့် ၀ယ်ယူမည်



Aung Ko Htet (MM IT Knowledge)

ယခု လူငယ်များနဲ့ ကမ္ဘာကျော် Celebrity တော်တော်များများရဲ့ ကြားမှာ နာမည်ကြီးရေပန်းစားလှတဲ့ Beat နားကြပ်ကို Apple မှ ၀ယ်ယူမည်ဟု သတင်းများထွက်ပေါ်လာပါတယ်။ Beat နားကြပ်တွင်ပါဝင်သည့် Function မှာ အခြား နားကြပ်များတွင်ပါဝင်သည့် function များထက်သာလွန်မှုရှိပြီး လူကြိုက်အများဆုံး နားကြပ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ထိုကြောင့် Apple ၏ CEO ဖြစ်သူ Tim Cook မှ ၄င်းတို့၏ Apple Device များဖြစ်သည့် iPod, iPad, iPhone များတွင် Beat နားကြပ်၏ function ကို ထည့်သွင်းရန် ကြေငြာလိုက်ခြင်းဖြစ်သည်။

Beat နားကြပ် ကုမ္ပဏီအနေဖြင့် ယခုအချိန်မှသာ Apple ၏ ၀ယ်ယူမှုကို ခံရခြင်းမဟုတ်ပါဘူး။ ယခင်အချိန်တုန်းကတည်းက HTC Handset များတွင် Beat နားကြပ်၏ function များကို ထည့်သွင်းထားခြင်းဖြစ်ပြီး စတင်သဘောတူညီတုန်းက ဒေါ်လာ 300 မီလီယံနဲ့ သဘောတူညီခဲ့ခြင်းဖြစ်သည်။ ယခုအခါမှာ beat နားကြပ်အနေဖြင့် ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး Ear Phone ဖြစ်လာတာနဲ့အမျှ ၄င်းတို့ရဲ့ တန်ဖိုးဟာ ဒေါ်လာ တစ်ဘီယံအထိ သုံးဆနီးပါး တက်သွားခဲ့သည်။ အဆိုပါ ဈေးနှုန်းထက် ကျော်လွန်၍ Apple မှ Beat ၏ function ကို ဒေါ်လာ 3.2 ဘီယံ နှင့် ၀ယ်ယူရန် ဆွေးနွေးနေကြခြင်းကြောင်း Apple ၏ အသံထွက်ပိုင်းကို အကောင်းမွန်ဆုံးအနေနဲ့ Apple ချစ်သူများခံစားရအုံးမည်မှာ မလွဲပင်ဖြစ်သည်။

Aung Ko Htet (Myanmar IT Knowledge)

0 comments:

Post a Comment