Powered by Blog - Widget

Friday, May 9, 2014

မြန်မာပြည် ဈေးကွက်မှာ နေရာ ရလာပြီ ဖြစ်တဲ့ Cadillac ကားများ



Aung Ko Htet (MM IT Knowledge)


Cadillac ဆိုတာ အမေရိကန် အခြေဆိုက် ဇိမ်ခံကား သီးသန့် ထုတ်လုပ်တဲ့ ကုမ္မဏီ ဖြစ်ပြီး မြန်မာ ပြည်မှာ ဈေးကွက် အတော်လေး ရရှိ နေပြီ ဖြစ်ပါတယ်။ အမျိုးအစား အနေနဲ့ ကလည်း အစုံအလင် ရောက်ရှိပြီး အများစုက ဆလွန်းနဲ့ အက်စ်ယူဗီ ကားများ ဖြစ်ပါတယ်။

ဆလွန်းထဲမှာ ဆိုရင် ပုံမှာ ပြထားတဲ့ Cadillac CTS လို ကားများတွေ နောက်ဆုံးထွက် များ မြန်မာပြည်ကို တကယ် ဝင်ရောက် နေပါပြီ။ ဈေးကလည်း မနည်း ပါဘူး။ အသစ် ဆက်ဆက် ကားများ ဖြစ်တဲ့ အတွက် နိုင်ငံတကာဈေးနဲ့ အတူတူပဲ ဖြစ်ပါတယ်။ သယ်ယူ စရိတ် နဲ့ အခွန် အခ များကြောင့် အနည်းငယ်တော့ ဈေးတက် သွားပါတယ်။ CTS ပြီးရင် နောက်ထပ် တစ်မျိုး အနေနဲ့ Cadillac Escalade တို့လို SUV ကားများ နာမည်ကြီး ပါတယ်။ သူကတော့ သိန်း ၂၅၀၀ ရင်းရင် အသစ် ဝယ်နိုင် ပါတယ်။ ဆလွန်းလဲ အဲ့ဒီဈေးနဲ့ မတိမ်း မယိမ်း ပါပဲ။

ကားရဲ့ စွမ်းဆောင်ရည် အနေနဲ့ ကတော့ ဆလွန်း CTS က ပြိုင်ဆလွန်း ဗားရှင်းလဲ ရှိတာ ကြောင့် တစ်နာရီ မိုင် ၁၆၀ အထက် မောင်းနှင်နိုင် ပါတယ်။ ရိုးရိုးဆလွန်း ကတော့ ၁၃၀ ကျော် ပါပဲ။ SUV ကလည်း ၁၃၀ ဝန်းကျင်ပဲ ဖြစ်ပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ် မှုလည်း များ ပါတယ်။ ဒီဇိုင်း အနေနဲ့ ကလည်း ပြောစရာ မရှိ ပါဘူး။ ပြည်တွင်းက Auto world (www.awjmyanmar.com) တို့လို ဂျာနယ် တွေမှာလည်း ဖော်ပြ ထား ပါတယ်။

Cadillac ကား အစီးရေ များပြား လာခြင်းကို www.motors.com.mm ရဲ့ Cadillac ကား ကဏ္ဍမှာ ဝင်ရောက် လေ့လာ ကြည့်နိုင် ပါတယ်။ အသစ်တွေ အများအပြား ကို တွေရှိ ရပါတယ်။ မြန်မာပြည် ကိုလည်း Cadillac တို့ တရားဝင် ဝင်ရောက် လာဖို့ ရှိကြောင်း သိရ ပါတယ်။


0 comments:

Post a Comment