Thursday, May 15, 2014
Home »
International News
» Nikon ရဲ့ မြန်နှုန်းမြင့် မှန်မဲ့ကင်မရာ
Nikon ရဲ့ မြန်နှုန်းမြင့် မှန်မဲ့ကင်မရာ
Aung Ko Htet (MM IT Knowledge)
Nikon ရဲ့ နောက်ဆုံးထွက် စူပါ မြန်နှုန်းမြင့် ကင်မရာ US ကိုရောက်ပြီးဆိုတဲ့ သတင်းဖြစ်ပါတယ်။ Nikon ဆိုတာ ဓာတ်ပုံ အပျော်တမ်းရိုက်နဲ့ ၀ါသနာပါသူများးအတွက် အသဲစွဲ ဂျပန်နာမည်ကြီး brand တစ်ခုပါပဲ။
ကင်မရာ မှန်ဘီလူး၊ ကင်မရာ၊ ဘိုင်နိုကူလာ၊ မိုက်ခရိုလ်စကုတ်တွေကို
ထုတ်လုပ်နေတဲ့ ဂျပန်နိင်ငံ တိုကျိုမြို့မှာ ရုံးရှိတဲ့ ကုမ္ပဏီတစ်ခုပေါ့ ။ အခု J4 မှာ အရင်ထွက် J3 ထက် ပိုမို စမတ်ကျလာပါတယ်။
ပုံမှန် စံနှုန်းရှိတဲ့ 10-30mm မှန်ဘီလူး နဲ့ဆိုရင်တော့ ဒေါ်လာ ၆၅၀ လောက်ရှိမှာ ဖြစ်ပြီး ပိုကောင်းတဲ့ မှန်ဘီလူး 10-100mm နဲ့ဆိုရင်တော့ ၈၅၀ လောက်တော့သွားပါလိမ့်မယ်။18.4-megapixel sensor ရရှိမှာဖြစ်ပြီး အရင် J3 တုန်းကဆိုရင် 14.2-megapixel ပဲရှိခဲ့တာပါ။ ကင်မရာတစ်ခုရဲ့ ပြည်စုံမူဖြစ်တဲ့ Touchscreen နဲ့ ၀ိုင်ဖိုင် ဓာတ်ပုံ ရှယ်ရင်းတွေကိုလည်း ပြုလုပ်နိင်မှာ ဖြစ်ပါတယ်။
ref: Aung Heine ...
0 comments:
Post a Comment