Powered by Blog - Widget

Tuesday, May 6, 2014

လူ ၏ အရေပြားဆဲလ် မှ သုတ်ကောင်ဆဲလ် များ ဖန်တီးရန် နီးစပ်လာ



Aung Ko Htet (MM IT Knowledge)
 
Stanford တက္ကသိုလ် မှ သိပ္ပံပညာရှင်များ က လူ ၏ အရေပြားဆဲလ် ကို သုတ်ကောင်ဆဲလ် ဖြစ်လာစေ မည့် ကနဦးဆဲလ်များ အဖြစ် ဖန်တီးနိုင်ခဲ့ပြီ ဖြစ်ပါသည်။ သူတို့ ၏ တွေ့ရှိမှု ကို Cell Reports Journal တွင် ရေးသားထားပါသည်။ အရေပြားဆဲလ်များ ကို ပင်မဆဲလ် အဖြစ် ပြောင်းလဲနိုင်သည့် သဘော လည်း ဖြစ်ပါသည်။ မျိုးအောင်နိုင်သည့် သုတ်ကောင်ဆဲလ်များ အဖြစ် ဖန်တီးနိုင်ခြင်း မရှိသေးသော် လည်း မြုံနေသည့် အမေရိကန် မှ ဝေဒနာရှင် ကိုးရာခိုင်နှုန်း အတွက် မျှော်လင့် ချက် ဖြစ်ပါသည်။

သိပ္ပံပညာရှင်များ က မြုံနေသည့် ဝေဒနာရှင်သုံးဦးထံမှ အရေပြားဆဲလ်များ ကို ရယူပြီး ပင်မဆဲလ် အဖြစ် ပြောင်းလဲနိုင်ခဲ့ပါသည်။ သိပ္ပံပညာရှင်များ သည် ကြွက်များ ၏ အရေပြားဆဲလ်များ ကို သုတ်ကောင်ဆဲလ် အဖြစ် အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ဖန်တီးထားသည့် ကြွက်၏ သုတ်ကောင်ဆဲလ်များ သည် မျိုးအောင်နိုင်ခဲ့သည် ဟု သိရပါသည်။ သိပ္ပံပညာရှင်များ က အနာဂတ် တွင် လူ ၏ အရေပြားဆဲလ်များ မှ မျိုးအောင်နိုင်သည့် သုတ်ကောင်ဆဲလ်များ ဖန်တီးနိုင်မည် ဟု ယုံကြည်နေပါသည်။

မြုံနေသည့် ဝေဒနာရှင်များ ၏ အရေပြားဆဲလ်များ ကို သုတ်ကောင်ဆဲလ် ဖြစ်လာစေမည့် ကနဦးဆဲလ်များ ဖန်တီးမှု နည်းပညာ ကို Stanford တက္ကသိုလ် က ပထမဆုံး ရှာဖွေတွေ့ရှိခြင်း ဖြစ်ပါသည်။ Pittsburgh တက္ကသိုလ် ကလည်း အလားတူ ရှာဖွေတွေ့ရှိမှု ကို ၂၀၁၂ ခုနှစ် တွင် တွေ့ရှိခဲ့ပြီး မျိုးအောင်သည့် ယောင်္ကျား ၏ ဆဲလ်များ ကို ပင်မဆဲလ် ဖြစ်ပေါ်စေမည့် ကနဦးဆဲလ်များ အဖြစ် ဖန်တီးနိုင်ခဲ့ပါသည်။

ref: သူရ

0 comments:

Post a Comment