Aung Ko Htet (MM IT Knowledge)
ဖင်လန် အခြေစိုက် Nokia က ကားတွင်းနည်းပညာ အတွက် ဒေါ်လာ သန်းတစ်ရာ ရင်းနှီးမြှုပ်နှံကြောင်း ကြေညာ ပါသည်။ Nokia Growth Partners (NGP) က ရင်းနှီးမြှုပ်နှံမှု ကို စီမံခန့်ခွဲ မည် ဖြစ်ပြီး အမေရိကန် ၊ အိန္ဒိယ ၊ တရုတ် နှင့် ဥရောပ နိုင်ငံများ ရှိ Nokia ၏ ချိတ်ဆက်နေသည့် ကား(Connecte
ရင်းနှီးမြှုပ်နှံမှု သည် Nokia ၏ ကားတွင်းစနစ် ဖြစ်သည့် HERE (ယခင် Nokia Maps) ကို ပိုမိုကောင်းမွန်စေရန် တီထွင်နေသည့် Developer များအတွက်လည်း ထောက်ပံ့ပေးမည် ဖြစ်သည်။ HERE သည် ကား ၏ Dashboard တွင် အသုံးပြုနိုင်သည့် မြေပုံ နှင့် တည်နေရာပြ စနစ် ဖြစ်ပါသည်။
Nokia က ကားများတွင် အသုံးပြုနို်င်သည့် HERE လမ်းညွှန်မြေပုံစနစ် ကို ၂၀၁၃ ခုနှစ် နွေရာသီ တွင် ကြေညာခဲ့ခြင်းဖြစ်ပါသည်။ လမ်းညွှန်စနစ် သည် အဝေးပြေးလမ်းများတွင် မောင်းနှင်သည့်အခါ Bird’s Eye View ဖြင့် ပြသပေးပြီး မြို့တွင်းလမ်းများ တွင် မောင်းနှင်သည့်အခါ Zoom ဆွဲပြီး ပြပေးမည် ဖြစ်သည်။ လမ်းများ ၏ ဓါတ်ပုံများ နှင့် ကားရပ်နားရန် နေရာ ရှိ မရှိ စသည့် သတင်းအချက်အလက်များ ကို ပံ့ပိုးပေးနိုင်ပါသည်။
အဆိုပါစနစ် သည် ဘာသာစကား (၅၂) မျိုးဖြင့် သတင်းအချက်အလက်များ ကို ပြသနိုင်ပြီး နိုင်ငံ (၉၆) နိုင်ငံတွင် အသံဖြင့် လမ်းညွှန်ပေးနိုင်သည် ဟု Nokia က ပြောပါသည်။ အမေရိကန် နှင့် ဥရောပ တွင် အသုံးပြုနေသည့် ကားတွင်းနည်းပညာ ငါးခု ထဲမှ တစ်ခု ဖြစ်ပါသည်။ Nokia ၏ ကားတွင်းနည်းပညာ တပ်ဆင်ထားသည့် ကားအစီးရေ ဆယ်သန်း ကို ၂၀၁၃ ခုနှစ် တွင် ရောင်းချခဲ့ရပါသည်။
ref: သူရ
0 comments:
Post a Comment