Powered by Blog - Widget

Monday, November 30, 2015

ပရိုဖက်ရှင်နယ် လူငယ်များအတွက် လူနေမှု ပုံစံ



ဧည့်ခန်း
သန့် ရှင်း သပ်ရပ်တဲ့ ဧည့်ခန်းဟာ လူကို စိတ်လည်း ကြည်လင်စေသလို မိမိဆီ အလည်လာတဲ့ မိတ်ဆွေများကိုလည်း အထင်ကြီးစေပါတယ်။ တန်ဖိုးကြီးတာတွေ ဆင်မြန်းထားခြင်း မဟုတ်ရင်တောင် သပ်သပ်ရပ်ရပ်နဲ့  ပစ္စည်းများကို သေသေချာချာ စီမံထားတာက မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိစေလို မြင်ရတဲ့သူအပေါ်လည်း လေးစားမှု ရရှိစေပါတယ်။


မီးဖိုချောင်
မီးဖိုချောင် အတွက် လိုအပ်တဲ့ အရာများကို စနစ်တကျ ဖြည့်စွက်ထားပါ။ ထမင်းဟင်း ချက်စားတဲ့ အကျင့်ကို လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။ အလုပ်များလို့ မလုပ်နိုင်ဘူး ဆိုရင်တောင် ပိတ်ရက်လောက် သူငယ်ချင်းများနဲ့ တစ်ခုခု ချက်ပြုပ် စားသောက်ကြည့်ဖို့ တိုက်တွန်းပါတယ်။ မီးဖိုချောင် ကို စီမံခြင်းကလည်း မိမိအလုပ်က ဝန်ထမ်းတွေကို စီမံသလို ပညာသားပါတယ် ဆိုတာ မမေ့ပါနဲ့ ။

အိပ်ခန်း
အိပ်ခန်းဆိုတာ သင့်ရဲ့ အိမ် ထဲက အိုအေစစ်လေးပါ။ ဒီတော့ အကောင်းဆုံး နဲ့ သက်သောင့် သက်သာ အဖြစ်ဆုံး အရာကိုတွေ ဖြည့်တင်း ထားသင့်ပါတယ်။ အနည်းဆုံး သန့် ရှင်းသပ်ရပ်တဲ့ စောင် ၊ ခေါင်းအုံး ၊ အိပ်ရာခင်း နဲ့ မွေ့ ယာ စသဖြင့် ရှိသင့်ပြီး ။အခန်းအကျယ်ဝန်းအလိုက် ပစ္စည်းအထားအသို တွေလည်း စနစ်ကျဖို့ လိုပါတယ်။ အဝတ်အစားတွေကို ပစ်စလက်ခတ် ထားတာ မဟုတ်ဘဲ ဘီရို ဒါမှမဟုတ် ချိတ်တို့ နဲ့ ချိတ်ပြီး သေချာ စီစီရီရီထားသင့်ပါတယ်။ အနံ့ အသက်ကောင်းအောင် နံနက်ခင်းမှာ ပြတင်းပေါက် ၊ တံခါးပေါက်ကို ဖွင့်ထားပြီး အထဲက လေကို အပြင်ကို ထွက်စေဖို့ လိုပါတယ်။ 

အလုပ်လုပ်တဲ့ နေရာ 

အကယ်လို့  ကံကောင်းပြီး အလုပ်လုပ်ဖို့  အခန်းတစ်ခန်းရှိနေမယ် ဆိုရင်တော့ မိမိ အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်ဖို့  သေချာစွာ စီစဉ်သင့်ပါတယ်။ လိုအပ်တဲ့ အသုံးအဆောင် ၊ စာအုပ်စဉ် ၊ စာကြည့်စားပွဲ ၊ စာရေးကိရိယာ အစုံအလင်နဲ့ မြင်လိုက်တာနဲ့ ကျေနပ်သွားအောင် ၊ အလုပ်လုပ်ချင်လာအောင် ဖန်တီးသင့်ပါတယ်။ အကယ်လို့ ဒီလို အခန်းတစ်ခန်း မရှိခဲ့ဘူး ဆိုရင်လည်း ကိစ္စမရှိပါဘူး ။ ရတဲ့ တစ်နေရာလေးမှာ အလုပ်လုပ်မဲ့ စာရေးစားပွဲ သေသေချာချာ ထားသိုပြီး လေဝင်လေထွက် ကောင်းတဲ့ တစ်နေရာ ဖြစ်အောင် ပြောင်းလဲ သင့်ပါတယ်။ ဒါမှ မိမိ အလုပ်အပေါ် အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။ 

ပရိုဖက်ရှင်နယ် တစ်ဦး အနေနဲ့  ရပ်တည်နေတဲ့ လူငယ်တစ်ဦး အနေနဲ့ တန်ဖိုးကြီး အသုံးအဆောင်များ ၊ Gadgets များ အားလုံးကို ဝယ်သူသုံးစွဲနေသူ မဟုတ်ရင်တောင် အနည်းဆုံး မိမိတကယ်လိုအပ်မဲ့ အရာများကို ရှိထားဖို့ လိုပါတယ်။ အလုပ်များလာလို့ စိတ်ပြေလက်ပျောက် သီချင်းနားထောင်တာတို့ အတွက် Sound System ကောင်းကောင်း ဒါမှမဟုတ် လဲလျောင်းလို့ ရနိုင်တဲ့ Dream Bag / Bean Bag စသဖြင့် ဝယ်ယူဖို့ လိုပါတယ်။ ဒါဟာ ထိုက်တန်တဲ့ ရင်းနှီးမြုပ်နှံမှု တစ်ခုလည်း ဖြစ်ပြီး မိမိအတွက် အလုပ်လုပ်တဲ့ နေရာမှာ ပိုမို လုပ်နိုင်စွမ်း တိုးလာအောင် ကြံဆောင်တွေးတောကာ ရင်းနှီးမြုပ်နှံဖို့ လိုပါကြောင်း မျှဝေလိုက်ပါတယ်။ 




Please Like Our Facebook Here

Thank You !
Aung Ko Htet

0 comments:

Post a Comment