Powered by Blog - Widget

Friday, February 28, 2014

Digicel နှင့် Ooredoo ပူးပေါင်းပြီး အဆင့်မြင့်ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်မှုစီမံကိန်း မကြာမီ စတင်တော့မည်


Post By Aung Ko Htet (MM IT Knowledge)

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့်နှင့် လွဲခဲ့ရသည့် Digicel ကုမ္ပဏီနှင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အစိုးရ၏ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကို လက်ခံရရှိခဲ့သည့် Ooredoo Myanmar Limited ကုမ္ပဏီတို့သည် မကြာမီလအနည်းငယ်အတွင်းတွင် ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်မည့် စီမံကိန်းကို စတင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အရှေ့အလယ်ပိုင်း ဒေသနိုင်ငံတွင် အခြေစိုက်သည့် Ooredoo သည် Digicel ဆက်သွယ်ရေးကုမ္ပဏီနှင့် ပူးပေါင်းပြီး ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်မည့်စီမံကိန်းအတွက် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းအချိန်ကတည်းက သဘောတူညီထားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခု၏ ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်မည့်စီမံကိန်းသည် တစ်နိုင်ငံလုံး မိုဘိုင်းဖုန်းသုံးစွဲသူများ၏ ဆက်သွယ်ရေး ကွန်ရက်အများစုကို လွှမ်းခြုံမိစေမည်ဖြစ်ကြောင်း Ooredoo ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ပုဂ္ဂလိကမှ စိုက်ထူသည့်တာဝါတိုင်များ ပိုမိုများပြားလာခြင်းကြောင့် ပြည်တွင်း မိုဘိုင်းဆက်သွယ်မှုစနစ်များ လက်ရှိထက် အဆပေါင်းများစွာ ကောင်းမွန်လာမည့်အပြင် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် အခြားအရေးကြီးကဏ္ဍများ၏ တိုးတက်မှုကိုပါ မြှင့်တင်ပေးနိုင်ရန် မျှော်လင့်ကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။

Digicel ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်အတွက် အခြားပြည်ပဆက်သွယ်ရေးကုမ္ပဏီ (၉၀) နှင့်အတူတကွ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရွေးချယ်ခြင်းမခံခဲ့ရပေ။ ထို့ကြောင့် ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းအတွက် တင်ဒါအောင်မြင်ထားသည့် ကာတာကုမ္ပဏီနှင့် တာဝါတိုင် တည်ဆောက်မည့် စီမံကိန်းကို ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် သန်းခြောက်ဆယ်ကျော်သော မြန်မာပြည်လူဦးရေအတွက် ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းကို အမှန်တကယ် လုပ်ကိုင်ရန် စိတ်ဝင်စားနေခြင်း ဖြစ်သည်။

မြန်မာအစိုးရ၏ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ကို ရရှိထားသည့် နော်ဝေအခြေစိုက်ကုမ္ပဏီနှင့် ကာတာနိုင်ငံအခြေစိုက် ကုမ္ပဏီတို့သည် ယခုအချိန်မှ စတင်ကာ နောက်ထပ် ခြောက်လမှ ရှစ်လခန့်အကြာတွင် အများပြည်သူသို့ ဈေးနှုန်း အလွန်သက်သာသည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို ရောင်းချတော့မည် ဖြစ်သည်။

Credit>>> ယုဇနကိုကို

ဆက်သွယ်ရေးဆိုင်ရာ နည်းဥပဒေ ရှေ့နေချုပ်ရုံးသို့ ရောက်ရှိပြီးဟု ဒုဝန်ကြီးပြော



Post By Aung Ko Htet (MM IT Knowledge)

ဆက်သွယ်ရေးဆိုင်ရာ နည်းဥပဒေအား အပြီးသတ်အဆင့် ဆောင်ရွက်လျက်ရှိရာ လက်ရှိရှေ့နေချူပ်ရုံးတွင် ရောက်ရှိနေပြီဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်၏ ပြောကြားချက်အရ သိရသည်။



“နည်းဥပဒေက ငါးခု။ ခေါင်းစဉ်တစ်ခုစီကို နည်းဥပဒေတစ်ခုစီ သွားရတယ်။ နည်းဥပဒေက အခု ရှေ့နေချုပ်ရုံးမှာ ရောက်နေပါပြီ။ အမှန်အတိုင်းပြောရင် ထွက်ပြီလို့ ပြောလို့ရတယ်ပေါ့” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။ လက်ရှိ ဆက်သွယ်ရေးဆိုင်ရာ အော်ပရေတာ လိုင်စင်နှစ်ခုကို ချထားပေးခဲ့ပြီး အခြားအမျိုးအစား လိုင်စင်များကိုလည်း နည်းဥပဒေထွက်ရှိပြီး နောက်ပိုင်းချထားပေးရန် စီစဉ်နေကြောင်း သိရသည်။ ဝန်ကြီးဌာနအနေဖြင့် ပေါ်လစီပိုင်းဆိုင်ရာများကိုသာ ဆောင်ရွက်သွားတော့မည်ဖြစ်ပြီး ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအား အော်ပရေတာများကသာ ဆောင်ရွက်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားသည်။



“ရှေ့နေချုပ်ရုံးက ဥပဒေဆိုတာနဲ့ ရေးထုံးရေးနည်းမှန်၏ မမှန်၏ လုပ်ရတာပေါ့” ဟု ဒုတိယဝန်ကြီးက ဆက်လက် ပြောကြားသည်။ အဆိုပါ ဥပဒေမှာ ဖေဖော်ဝါရီ လမကုန်ခင် ထွက်ရှိနိုင်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ဖူးသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ရေးဆွဲလျက်ရှိသော Licensing Rules, Spectrum Rules, Numbering Rules, Interconnection and Access Rules နှင့် Competition Rules တို့အပေါ် အများပြည်သူ၏ အကြံပြုချက်များကို ၄.၁၁. ၂၀၁၃ နေ့မှ ၂.၁၂. ၂၀၁၃ နေ့ အထိ တောင်းခံခဲ့ခြင်း ဖြစ်သည်။



ယင်းနည်းဥပဒေများအား မြန်မာဘာသာဖြင့် အတည်ပြု ပြဋ္ဌာန်းရမည်ဖြစ်သည့်အတွက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန အနေဖြင့် နည်းဥပဒေမူကြမ်းများအား မြန်မာဘာသာသို့ ပြန်ဆိုလျက်ရှိပြီး ယင်းဥပဒေများအား အတည်ပြုချက် ရရှိရေးအတွက် လျင်မြန်စွာ ဆောင်ရွက်လျက်ရှိ သည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။



ထွန်းထွန်း

MTI ကုမ္ပဏီ မိုဘိုင်းငွေကြေးလုပ်ငန်း ဆောင်ရွက်ရန်စီစဉ်




Post By Aung Ko Htet (MM IT Knowledge)

နည်းပညာကုမ္ပဏီပေါင်း ရှစ်ဆယ်ကျော်ဖြင့် စတင်ဖွဲ့စည်းထားသော MTI ကုမ္ပဏီက မိုဘိုင်းငွေကြေးလုပ်ငန်း (Mobile Money) ကို ဆောင်ရွက်ရန်စီစဉ် လျက်ရှိကြောင်း ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင် ဦးထွန်းထွန်းနိုင်က ပြောသည်။

အဆိုပါ ဆောင်ရွက်ချက်ကို မြန်မာနိုင်ငံသားများ ဘဏ်နှင့် ပူးပေါင်းကာ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းစနစ် အကောင်အထည်ဖော်ရန်အတွက် လက်ရှိတွင် နည်းပညာဆိုင်ရာ ဆောင်ရွက် ချက်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “အဓိကတော့ Mobile Money မှာ မြို့ကနေပြီး ကျေး ရွာတွေကို ငွေလွှဲတာမျိုး၊ မြို့မှာ အလုပ်လုပ်တဲ့သူက နယ်မှာရှိတဲ့သူကို ငွေလွှဲချင်တယ်။ နယ်က မိဘတွေက မြို့မှာကျောင်းတက်တဲ့သူတွေကို ငွေလွှဲချင်တာမျိုးဆိုရင် အလွယ်တကူ လွှဲလို့ရတာပေါ့။ ဘဏ်မလိုတော့ဘူး။ ကိုယ်စားလှယ်တွေဆီကနေ ပိုက်ဆံသွင်းလို့ရတယ်။ ပိုက်ဆံထုတ်လို့ရတယ်။ Bill Payment တွေပေါ့။ အဲဒါတွေပေးလို့ရတယ်” ဟု ဦးထွန်းထွန်းနိုင်က ပြောသည်။

အဆိုပါစနစ်ကို လာမည့် သင်္ကြန်ကာလပြီးနောက်ပိုင်း မေလခန့်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် Data Center, Technical, Operation ပိုင်းများကို  MTI ဘက်မှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး ကိုယ်စားလှယ်ပိုင်းဆိုင်ရာများကို ဘဏ်ဘက်အပိုင်းမှ တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ “အဓိကတော့ ဘဏ်အပိုင်းကတော့ အေးဂျင့်ပိုင်းကို တာဝန်ယူလိမ့်မယ်။ စူပါအေးဂျင့်၊ အေးဂျင့်တွေ သူတို့ သတ်မှတ်ထားတဲ့ Amount ရှိမှာပေါ့။ စူပါအေးဂျင့်ဆိုရင် ဘယ်လောက်ထည့်ရမယ် အဲဒါပေါ့။ Data Center, Technical နဲ့ Operation ရော MTI ဖက်ကနေ တာဝန်ယူတယ်” ဟု ဆိုသည်/

မတ်လအတွင်းတွင် AGM (Annual General Meeting) ဆောင်ရွက်မည်ဖြစ်ပြီး ယင်းနောက် သဘောတူညီချက် ရရှိပါက ရှယ်ယာစတင် ခေါ်ယူသွားမည်ဖြစ်ကြောင်း၊ ရှယ်ယာတန်ဖိုး တစ်သောင်းမှ စတင်သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “မတ် လ AGM ပြီးသွားရင်တော့ BOD ဆုံးဖြတ်ချက် အရင်လုပ်ရမယ်။ AGM မှာလည်း တခြားရှယ်ယာရှင်တွေ အကုန်လုံးကို မေးကြည့်ပြီး သူတို့ အကုန်လုံး သဘောတူမယ်ဆိုရင်တော့ ကျွန်တော်တို့ရှယ်ယာခေါ်ဖို့ရှိတယ်” ဟု ဆက်လက်ပြောကြားသည်။ MTI ကုမ္ပဏီကို ၂၀၁၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကွန်ပျူတာလုပ်ငန်းရှင် အသင်း၊ ပညာရှင်အသင်းမှ ကုမ္ပဏီများ ပါဝင်ကြောင်း၊ အိုင်တီကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထွန်းထွန်း

MPU ကတ်များဖြင့် AGD ဘဏ်၏ ATM စက်များတွင် ၂၄ နာရီ မိုလ်ဘိုင်းဖုန်းငွေဖြည့်ခြင်း ပြုလုပ်နိုင်ပြီ



Post By Aung Ko Htet (MM IT Knowledge)

အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် (AGD) နှင့် ချိတ်ဆက်ထားသော MPU Card များကို အသုံးပြု၍ ATM စက်များတွင် မိုဘိုင်းဖုန်းဘီလ်များကို ၂၄ နာရီ ကိုယ်တိုင်ဖြည့်သွင်းနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

၂၄ နာရီအသုံးပြုနိုင်သည့် ATM စက်များတွင် ယခုကဲ့သို့ AGD ဘဏ်နှင့် ချိတ်ဆက်ထားပြီး မိုဘိုင်းဖုန်းဘီလ်များ ထည့်သွင်းနိုင်သည့် ဝန်ဆောင်မှုကို ယခုလ ၁၃ ရက်က စတင်စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် မည်သည့်ဖုန်းအမျိုးအစားအတွက်မဆို အသုံးပြုနိုင်မည်ဖြစ်သည်။

အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ်နှင့် ချိတ်ဆက်ထားသော MPU စနစ်အသုံးပြု ATM စက်များတွင် မိုဘိုင်းဖုန်းဘီလ်များ ဖြည့်သွင်းသည့်အခါ ပထမဆုံးအနေဖြင့် MPU Card ထဲတွင် ငွေဖြည့်သွင်းနိုင်သည့် ပမာဏအလုံလောက်ရှိရန် လိုအပ်သည်။

ထို့နောက် ATM စက်များတွင် သီးခြားဝန်ဆောင်မှုဆိုသည့် ခလုတ်ကို နှိပ်ရမည်ဖြစ်ပြီး ယင်းနောက် မိမိအသုံးပြုသည့် ဆင်းမ်ကတ်အမျိုးအစား (Oyrm- CDMA 800Mhz, GSM) ကို ရွေးချယ်ရမည်ဖြစ်သည်။

ထိုအဆင့်ပြီးလျှင် မိမိဖုန်းထဲသို့ ငွေတိုက်ရိုက်ဖြည့်သွင်းသည့် စနစ်၊ မီတာဘီလ်စနစ်၊ ပြေစာစနစ်များထဲမှ ကြိုက်နှစ်သက်ရာစနစ်ကို ရွေးချယ်နိုင်မည်ဖြစ်သည်။ သို့သော် ယခုလတ်တလောတွင် ပြေစာစာရွက် ထုတ်ပေးသည့်စနစ် တစ်ခုတည်းကိုသာ သုံးစွဲနိုင်ဦးမည်ဟု သိရသည်။

ATM စက်မှတစ်ဆင့် မိုဘိုင်းဖုန်းဘီလ်ဖြည့်သွင်းလိုသူသည် ပြေစာစာရွက်ကို လက်ခံရရှိပါက ထိုစာရွက်တွင် ပါဝင်လာမည့် လျှို့ဝှက်ကုတ်နံပါတ်ဂဏန်းများကို မိုဘိုင်းဖုန်းထဲတွင် ရိုက်နှိပ်ကာ ငွေဖြည့်သွင်းနိုင်မည် ဖြစ်သည်။

အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ်အနေဖြင့် မကြာသေးမီကမှ စတင်သော အဆိုပါဝန်ဆောင်မှုကို အသုံးပြုသူများအတွက် စတင်စမ်းသပ်သည့်နေ့မှ နှစ်လအတွင်း ငါးထောင်နှင့် တစ်သောင်းကျပ်တန် ငွေဖြည့်ကတ်များကို ATM စက်မှ ဖြည့်သွင်းသူများအတွက် ငါးရာခိုင်နှုန်းစီ နှုန်းထားများကို လျှော့ထားသည်ဟု သိရသည်။

Credit>>> ယုဇနကိုကို

Samsung Galaxy S5 Specs


Post By Aung Ko Htet (MM IT Knowledge)

Samsung Galaxy S5 Specs အတွက် specification တွေဖြစ်ပါတယ်။ 


 - Network : LTE Cat.4 (150/50Mbps)
- Display: 5.1” FHD Super AMOLED (1920 x 1080)
- AP: 2.5GHz Quad core application processor
- OS: Android 4.4.2 (Kitkat)
- Camera: 16MP (rear), 2.1MP (front)
- Video: UHD@30fps, HDR, video stabilization
- Video Codec : H.263, H.264(AVC), MPEG4, VC-1, Sorenson - Spark, MP43, WMV7, WMV8, VP8
- Video Format: MP4, M4V, 3GP, 3G2, WMV, ASF, AVI, FLV, MKV, WEBM
- Audio Codec : MP3, AMR-NB/WB, AAC/ AAC+/ eAAC+, WMA, Vorbis, FLA
- Audio Format: MP3, M4A, 3GA, AAC, OGG, OGA, WAV, WMA, AMR, AWB, FLAC, MID, MIDI, XMF, MXMF, IMY, RTTTL, RTX, OTA
- Camera: HDR (Rich tone), Selective Focus, Virtual Tour Shot, Shot&More
- IP67 Dust and water Resistant
- Ultra Power Saving Mode
- Download Booster
- S Health 3.0
- Quick Connect
- Private Mode
- Kids Mode
- Google Mobile Services: Chrome, Drive, Photos, Gmail, Google, Google+, Google Settings, Hangouts, Maps, Play Books, Play Games, Play Newsstand, Play Movie & TV, Play Music, Play Store, Voice Search, YouTube
- Connectivity: WiFi: 802.11 a/b/g/n/ac HT80, MIMO(2×2)
Bluetooth®: 4.0 BLE / ANT+
- USB: USB 3.0
- NFC
- IR Remote
- Sensor: Accelerometer, gyro, proximity, compass, barometer, Hall, RGB ambient light, Gesture(IR), Finger Scanner, Heart rate sensor
- RAM: 2GB
- Internal Memory: 16/32GB , microSD slot upto 64GB
- Dimension: 142.0 x 72.5 x 8.1mm, 145g
- Battery: 2800mAh, Standby time: 390 hrs / Talk time: 21 hrs

အော်ရီဒူးမှ ၄င်း၏ဆာဗေးဖောင်များဖြည့်သွင်းရုံဖြင့် လာမည့် မိုးရာသီကာလအတွင်း 3G စနစ်သုံးဆင်းကတ်များအခမဲ့ ပေးအပ်သွားမည်



Post By Aung Ko Htet (MM IT Knowledge)

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၇
အော်ရီဒူးမှ ၄င်း၏ဆာဗေးဖောင်များဖြည့်သွင်းရုံဖြင့် လာမည့် မိုးရာသီကာလအတွင်း
3G စနစ်သုံးဆင်းကတ်များအခမဲ့ ပေးအပ်သွားမည်ဖြစ်ကြောင်း
တာမွေမြို့နယ် Bestone မိုဘိုင်းဖုန်းဆိုင်မှသိရသည်။
အဆိုပါဆာဗေးဖောင်များကို ရန်ကုန်မြို့တွင်းရှိ Bestone မိုဘိုင်းဆိုင်ခွဲများတိုင်းတွင်
သွားရောက်ဖြည့်သွင်းနိုင်မည်ဖြစ်ပြီး လျှောက်လွှာဖြည့်သွင်းခြင်း မှာလည်း အခမဲ့ပင်ဖြစ်ကြောင်း ၄င်းမိုဘိုင်းဖုန်းဆိုင် တာဝန်ခံမှပြောကြားသည်။
၎င်းလျှောက်လွှာဖြည့်သွင်းခြင်းကို ယနေ့ ဖေဖေါ်ဝါရီ ၂၇ တွင်စတင်ပြီဖြစ်ပြီး လျှောက်လွှာဖြည့်သွင်းချိန် တစ်လခွဲနီးပါးပေးထားမည်ဟုလည်းသိရသည်။
လျှောက်လွှာဖြည့်သွင်းရန် လူဦးရေကန့်သတ်မထားသော်လည်း ဆိုင်ခွဲများသို့ပေးထားသည့် လျှောက်လွှာများမှာ
အစောင်ရေ (၂၀၀)နီးပါး ခန့်သာရှိသည်ဟုသိရသည်။
အော်ရီဒူး၏ဆာဗေးဖောင်အတွင်း အဓိကအနေဖြင့် လက်ရှိတွင်
ကိုင်တွယ်နေသည့် လက်ကိုင်မိုဘိုင်းဖုန်းရှိ၊မရှိ မေးခွန်းပါဝင်သည်ဟုသိရသည်။
အော်ရီဒူးအနေဖြင့်
၎င်းအစီအစဉ်ကို ပြည်တွင်းရှိမိုဘိုင်းအရောင်းဆိုင်များနှင့် ပူးပေါင်းမည်ဖြစ်ကာ လက်ရှိတွင်
တာမွေ၊ဇ၀န၊လသာ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ရေကျော်၊မြေနီကုန်း၊လှည်းတန်းနှင့် ထောက်ကြန့်ရှိ
Bestone မိုဘိုင်းဖုန်းဆိုင်များတွင်သွားရောက် ဖြည့်သွင်းနိုင်မည်ဖြစ်သည်။
သုတလင်း
Ref:Popular Myanmar News Journal

ဖေ့စ်ဘွတ်သည် သုံးစွဲသူ၏ စိတ်နေသဘောထားကို ခန့်မှန်းနိုင်ဟုဆို


Post By Aung Ko Htet (MM IT Knowledge)

Ref : DailyMail

သုံးစွဲသူ၏ စာတိုများ၊ ပို့စာများနှင့် ရေးသားမှုများအပေါ် အခြေခံပြီး သုံးစွဲသူ၏ status ကို "single" မှ "in a relationship" သို့ ပြောင်းလဲမည့် အခြေအနေကို ထိုသို့မပြုလုပ်မီကပင် ဖေ့စ်ဘွတ်က ကြိုတင်ပြောပြနိုင် သည်ဟု ဆိုသည်။

အဆိုပါတွေ့ရှိမှုမှာ ၂၀၁၀ ခုနှစ်နှင့် ၂၀၁၃ ခုနှစ် အတောအတွင်းက ဖေ့စ်ဘုတ် အချက်အလက်သိပ္ပံ သုတေ သနလုပ်ငန်း တစ်ခုမှ စုံတွဲပေါင်း (၄၆၀,၀၀၀) ခန့်၏ ရေးသားချက်ပေါင်း ၁၈ သန်းကို လေ့လာမှု၏ရလဒ်ဖြစ် ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က CNET က ဖော်ပြခဲ့သည်။

အသုံးပြုသူများသည် လူမှုကွန်ရက်ပေါ်တွင် ဆက်ဆံရေး မစတင်မီ နှင့် စတင်ပြီး အခြေအနေများအားလည်း ကောင်း၊ စာတိုရေးသားပေးပို့မှု အခြေအနေပြောင်းလဲမှု၊ တစ်ဦးနှင့်တစ်ဦး သွားလာလည်ပတ်မှုနှင့်time-lines ပေါ်တွင် ရေးသားမှုများ အပြန်အလှန် ဝေမျှမှု စသည်တို့ကို အသေးစိတ် လေ့လာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

Mizzima - News in Burmese

ဖုန်းပြောနိုင်မည့် Supersmoker Bluetooth e-cigarette


Post By Aung Ko Htet (MM IT Knowledge)

Supersmoker Club က ဆေးလိပ်သောက်ရင်း အဝင်ဖုန်းလက်ခံခြင်းနှင့် သီချင်းနားထောင်ခြင်းတို့ ပြုလုပ်နိုင်မည့် အီလက်ထရွန်နစ်စီးကရက်တစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။ နီကိုတင်းဓာတ်မပါဝင်သည့် အဆိုပါ အီလက်ထရွန်နစ်စီးကရက်တွင် Bluetooth ပါဝင်သောကြောင့် စမတ်ဖုန်းနှင့်ချိတ်ဆက်၍ ဖုန်းပြောခြင်း၊ သီချင်းနားထောင်ခြင်းတို့ ပြုလုပ်နိုင်သည်။ ဘက်ထရီ၏ အောက်ဘက်တွင် ခလုတ်သုံးခုပါဝင်ပြီး အလယ်ခလုတ်က Supersmoker Bluetooth ကို activate ပြုလုပ်ခြင်း ဖြစ်သည်။ ၎င်းခလုတ်ကိုနှိပ်လိုက်သည့်အခါ စမတ်ဖုန်းက အဆိုပါ device ကို သိရှိပြီး ချိတ်ဆက်မှုပြုလုပ်မည် ဖြစ်သည်။ ၎င်းခလုတ် ကို နှိပ်လိုက်သည့်အခါ တုန်ခါမှုဖြင့် သတိပေးမည်ဖြစ်ပြီး အဆိုပါ အလယ်ခလုတ်ကိုနှိပ်ရုံဖြင့် built-in microphone ဖြင့် ဖုန်းပြောဆိုနိုင်သည်။ ကျန်ခလုတ်နှစ်ခုက အသံ တိုး/ကျယ်နိုင်သည့် ခလုတ်များဖြစ်သည်။ ၎င်း Supersmoker Bluetooth ကို Android နှင့် iOS ထုတ်ကုန်များဖြင့် တွဲဖက်အသုံးပြုနိုင်သည်။ တန်ဖိုးက ယူရို ၇၉.၉၉ ဖြစ်သည်။
 
Credit>>> -နောင်နောင်
 
Ref: Coolest-Gadgets

မြန်မာ့ဆက်သွယ်ရေး၏ ဝန်ဆောင်မှုကို အကျိုးတူကုမ္ပဏီ သက်မှတ်ပြီးမှ ထုတ်ပြန်ပြောဆိုမည်




Post By Aung Ko Htet (MM IT Knowledge)

မန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အခြားသော အော်ပရေတာများနည်းတူ ၎င်းတို့နှင့် ပူးပေါင်းလုပ်ကိုင်မည့် ကုမ္ပဏီကို လက်ရှိအချိန်၌ ရွေးချယ်နေခြင်းဖြစ်ကြောင်း၊ ပူးပေါင်းလုပ်ကိုင်မည့် ကုမ္ပဏီကို ရွေးချယ်ပြီးမှသာ ဝန်ဆောင်မှုပေးမည့် အစီအစဉ်များကို ပြောဆိုနိုင် မည်ဖြစ်ကြောင်း မြန်မာ့ ဆက် သွယ်ရေးလုပ်ငန်းနှင့် စစ်ဆေးရေးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

ဈေးကွက်သဘောအရ အခြားသော အော်ပရေတာ၏ ဝန်ဆောင်မှုအတိုင်း လုပ်ကိုင်ရမည်ဖြစ်သော်လည်း ပူးပေါင်းလုပ်ကိုင်သူ၏ လုပ်ကိုင်နိုင်စွမ်းနှင့် သဘောတူညီချက်များအပေါ် မူတည်၍ ပေးအပ်မည့် ဝန်ဆောင်မှုများကို သက်မှတ်ရမည်ဟု ၎င်းက ပြောဆိုခဲ့သည်။ လက်ရှိအချိန်၌ မြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်းလုပ်ကိုင်မည့် ကုမ္ပဏီမှာ ဂျပန်နိုင်ငံအခြေစိုက် KDDI ကော်ပိုရေးရှင်းဖြစ်နိုင်ကြောင်း သတင်းများထွက်ပေါ်လာသည်။

မြန်မာ့ဆက်သွယ်ရေးအနေဖြင့် အဓိက ပြိုင်ဆိုင်ရမည့် အော်ပရေတာများသည် ၎င်းတို့၏ ဝန်ဆောင်မှုများ၊ ပျမ်းမျှဈေးနှုန်းများနှင့် လုပ်ကိုင်ဆောင်ရွက်ပေးနိုင်သည့် ကတိများကို အသီးသီး ပြောကြားခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေးအနေဖြင့် အဆိုပါကဲ့သို့ ပြောကြားနိုင်ခြင်းမရှိဘဲ တစ်နှစ်လျှင် မိုဘိုင်းဖုန်းလိုင်း ၅ သန်းခန့် တိုးမြှင့်ချထားပေးမည်ဟုသာ ပြောဆိုနိုင်ခဲ့သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် အများပိုင်ကုမ္ပဏီအဖြစ်သို့ ပြောင်းလဲရန် ရည်ရွယ်ချက်ထားရှိသော်လည်း လက်တလောအနေဖြင့် ပြောင်းလဲနိုင်ရန် လွယ်ကူမည် မဟုတ်ကြောင်း၊ အများအားဖြင့် အဆိုပါကဲ့သို့ အများပိုင်အဖြစ် ပြောင်းလဲရန် အချိန် ၅ နှစ်မှ ၁၀ နှစ်အထိ လိုအပ်လေ့ရှိကြောင်း သိရသည်။

လက်ရှိအချိန်၌ ဂျပန်၊ ကိုရီးယား အပါအဝင် အခြားသော တိုင်းပြည်များမှ ချေးငွေများရယူနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆွေးနွေးနေသည်ဟု သိရသည်။ အဆိုပါ ချေးငွေများသည် ဖိုက်ဘာဆက်ကြောင်း တည်ဆောက်ခြင်း အပါအဝင် အခြားသော လုပ်ငန်းအသီးသီးအလိုက် အသုံးပြုနိုင်ရန်အတွက် ချေးယူခြင်းဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောဆိုခဲ့သည်။

Credit>>> မြင့်ကျော်လှိုင်

ကမ္ဘာ့ အကြီးဆုံး အဝေးကြည့်မှန်ပြောင်း


Post By Aung Ko Htet (MM IT Knowledge)


ဘယ်လောက်ကြီး သလဲဆိုတာရင် ကြည့်တဲ့ မှန်ကပင် ၁၀.၄ မီတာ ရှိပါတယ်။ အဝေးကို ကြည့်မယ်ဆိုရင် ကမ္ဘာ၏ အနီအောက်(ရောင်ခြည်) ထိအောင် မြင်နိုင်ပါတယ်။

ကမ္ဘာ့ အကြီးဆုံး အဝေးကြည့်မှန်ပြောင်းကြီးကို ဒေါ်လာ ၁၈၀ သန်း အကုန်အကျ ခံကာ စပိန်နိုင်ငံမှ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ နည်းပညာ ကတော့ အမေရိကန် နှင့် မက္ကစီကို တို့မှ ထောက်ပံ့ပေး ထားတာ ဖြစ်ပါတယ်။

တောင်ပေါ်တောင်အောက် တွေကို ရှင်းလင်း ပြတ်သားစွာ မြင်နိုင်ပါတယ်။ အဝေးရှိ ကျွန်းတွေကို လည်း မြင်နိုင်တဲ့ မပြင် လေထုညစ်ညမ်းမှု ရှိ မရှိကိုတောင် မြင်နိုင်တဲ့ အဝေးကြည့်မှန်ပြောင်း ဖြစ်ပါတယ်။

ဘာလို့ ဒီလောက်ကြီးတဲ့ အဝေးကြည့်မှန်ပြောင်းကို တည်ဆောက်ရသလဲ ဆိုတော့ နိုင်ငံပိုင်ကျွန်းများကို အဝေးကြည့်မှန်ပြောင်းဖြင့် ကြည့်ရှုစောင့်ကျပ်နိုင်ခြင်း အခြားနေရာ ဒေသရှိ ပြဿနာများကို မှန်ပြောင်းဖြင့် ကြည့်ကာ ဖြေရှင်းပေးနိုင်အောင် ပြုလုပ်ပေးထားခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူလူထု၏ ကျန်းမာရေးအတွက် လေထုညစ်ညမ်းမှုတွေကို ကြည့်ရှုပေးနိုင်ခြင်းရန် မုန်တိုင်း များ ကျရောက်ပါက အချိန်မှီပြန်ကြား ထုတ်လွှင့်ပေးနိုင်ခြင်းနှင့် အခြားသော အရာများအတွက် အကုန် အကျခံ ဆောင် ရွက်ပေးထားခြင်း ဖြစ်ပါတယ်။

http://goo.gl/9jTQ1k

Credit>>> ကျော်လင်းနိုင် (www.smart.com.mm)

အင်တာနက် လိုင်းမကောင်းလည်း Youtube မြန်မြန်ကြည့်ရန်


Post By Aung Ko Htet (MM IT Knowledge)

မယုံလို့ ကိုယ်တိုင် စမ်းသုံးကြည့်လိုက်တာ တကယ်ပဲ မှန်ကန်နေတာ တွေ့ရ ပါတယ်။

မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော လောလော ဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ် ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေ ကို ဖြုတ် ထားပေးမှာ ဖြစ်ပါတယ်။

အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Credit>>> အောင်ခမ်း (www.smart.com.mm)

Samsung Gear Fit Review



Post By Aung Ko Htet (MM IT Knowledge)


စပိန်နိင်ငံ၊ ဘာစီလိုနာပွဲမှာ Samsung ဟာ Gear (3) လုံးကို ထုတ်ဖော်ချပြခဲ့ပါတယ်။ ဒါတွေကတော့ Gear 2 , Gear 2 Neo , Gear Fit တို့ပဲ ဖြစ်ပါတယ်။
ထိုအထဲတွင် Gear 2 , Gear 2 Neo မှာ ဆင်တူနီးပါးပုံစံရှိပြီး အရင် Gear နဲ့ပုံစံ သိပ်မကွာလှပါဘူး။ နောက်တစ်ခု ဖြစ်တဲ့ Gear Fit ဟာဆိုရင် Fitness လက်ပတ် တစ်ခုဖြစ်ပြီး တစ်ခြားဟာတွေနဲ့ တမူထူးခြားကာ ပုံစံလည်း အတော်ပြောင်းလဲသွားတာမို့ Gear Fit ကို ရွှေးချယ်ဖော်ပြ ပေးလိုက်ပါတယ်။

Samsung Galaxy S5 ကဲ့သို့ Super AMOLED display (432x128) ကိုသုံးထားရုံမျှမက IP67 ဖြင့် သံချေးတက်ခံ၊ ရေစိမ်ခံနိင်ပါတယ်။ ဒါအပြင် နှလုံးခုန်နှုန်းကို တိုင်းတာနိင်တဲ့ အာရုံခံလည်းပါဝင်ခဲ့တာကြောင့် Galaxy Gear Fit ဟာ S5 နဲ့ ဆင်တူများတောင် ထင်ရပါတယ်။

ဒီဇိုင်း

Gear , Gear 2, Gear 2 Neo တို့နဲ့ လုံးဝကွဲပြားပြီး နာရီပုံစံလေးထောင့်ကျခြင်းမှ ရုန်းထွက်ကာ မျက်နှာပြင် ခုံးပြီး သေးသွယ်သည့် လက်ပတ် ရှည်မျှောမျှော ပုံစံရှိပါတယ်။
မီနီမန် အလေးချိန်က 27 ဂရမ်သာရှိပြီး 11.95mm အထူရှိကာ စတိုင်ကျ ဆွဲဆောင်မူ ရှိလှတာကိုတွေ့နိင်ပါတယ်။ အရောင်တွေအနေနဲ့ အမည်းရောင်၊ လိမ္မော်ရောင်၊ ကော်ဖီ Mocha အရောင်တွေကို မိတ်ဆက်တဲ့နေရာမှာ တွေ့ရပါတယ်။ ရေစိုခံ ၊ သံချေးတက်ခံတဲ့အတွက် မိုးထဲမှာ လျှောက်ပြေးမိတဲ့ အခါမျိုးမှာတောင် အဆင်ပြေစေမဲ့ နည်းပညာ ဖြစ်ပါတယ်။ လက်ပတ်တွေကို ရာဘာသားနဲ့ ပြုလုပ်ထားပြီး အချိန်ကြာမြင့်လို့ ညစ်ပတ်ခြင်း ချေးဝင်ခြင်းတွေကို ကာကွယ်ပေးနိင်ပါတယ်။

အစိတ်အပိုင်းများ

အတွင်း အစိတ်အပိုင်းစုံလင်ပြီး ကျစ်လစ်တဲ့ ကရိယာတစ်ခုဖြစ်ကာ Tizen OS run ပါတယ်။ အတွင်းက Icron များဟာ ရှင်းလင်းရုံမျှမက ဖုန်းရှိ
အချက်အလက်အသိပေးမူ အားလုံးကို လက်ခံနိင်ပါတယ်။ အရင် Gear မှာပါရှိတဲ့ Find my phone ကဲ့သို့သော် အသုံးဝင်တဲ့ အစိတ်အပိုင်းများနဲ့
အခြား နှလုံးခုန်းနှုန်းကိုတိုင်းတာပေးနိင်သော အာရုံခံကရိယာတွေကလည်း လက်ပတ်အောက်တွင်ပါဝင်ခဲ့ပြီး မျက်နှာပြင်အစိတ်အပိုင်းကို ပိုကျယ်စေထားပါတယ်။ gyroscope ချိန်ခွင်ညှိ အာရုံခံ ၊ pedometric ကိန်းဂဏန်းဆိုင်ရာတွေကို အာရုံခံပေးတဲ့ စနစ်တွေလည်းပါဝင်ပါတယ်။

Setting တွေကလည်းလွယ်ကူရိုးရှင်းပြီး Bluetooth 4.0 LE ပါဝင်ကာ S Planner ပါဝင်ခဲ့တဲ့ Gear Fit ပဲဖြစ်ပါတယ်။

Credit>>> Aung Heine ( www.smart.com.mm )

ကမ္ဘာပေါ်ရှိ နာမည်ကြီး IT ကုမ္ပဏီများကို ရှင်းလင်းချက်



Post By Aung Ko Htet (MM IT Knowledge)

(၁) APPLE ဆိုတာကတော့ Asian Passenger Payload Experiment ပဲ ဖြစ်ပါတယ်။

(၂) SONY ဆိုတာကတော့ Sound Of New York ပဲ ဖြစ်ပါတယ်။

(၃) DELL ဆိုတာကတော့ michael DELL ပဲ ဖြစ်ပါတယ်။

(၄) HP ဆိုတာကတော့ Hewlett-Packard ပဲ ဖြစ်ပါတယ်။

(၅) IBM ဆိုတာကတော့ International Business Machines Corporation ပဲ ဖြစ်ပါတယ်။

(၆) HCL ဆိုတာကတော့ Hindustan Computer Limited ပဲ ဖြစ်ပါတယ်။

(၇) GE ဆိုတာကတော့ General Electronics ပဲ ဖြစ်ပါတယ်။

(၈) INTEL ဆိုတာကတော့ Integrated Electronics ပဲ ဖြစ်ပါတယ်။

(၉) AMD ဆိုတာကတော့ Advance micro devices ပဲ ဖြစ်ပါတယ်။

(၁၀) GOOGLE ဆိုတာကတော့ Global Organisation Of Oriented Group Language of Earth ပဲ ဖြစ်ပါတယ်။

(၁၁) TCS ဆိုတာကတော့ Tata Consultancy Services ပဲ ဖြစ်ပါတယ်။

ဖော်ပြပါ ရှင်းလင်းချက်အပြင် အခြားသော IT ကုမ္ပဏီများ ကျန်ရှိပါသေးတယ်။

Credit>>> ကျော်လင်းနိုင် (www.smart.com.mm)

Facebook Messenger Window တွေအတွက် ရပ်ဆိုင်းမည်


Post By Aung Ko Htet (MM IT Knowledge)


လာမဲ့ မတ်လ (၃) ရက်နေ့တွင် စတင် ရပ်ဆိုင်းမှာ ဖြစ်ပါတယ်။ Facebook ကုမ္ပဏီ အနေနဲ့ သူရဲ့ Download Page ကလည်း ဖယ်ရှားပြီး ဖြစ်ပြီး ၃ရက်နေ့ မတိုင်ခင် အထိတော့ ရပ်ဆိုင်းဦးမှာ မဟုတ်ပါဘူး။

အသုံးပြုနေဆဲ သူများအတွက် facebook ဟာ အသိပေးမူတွေပြုလုပ်ခဲ့ပြီး ဆက်လက် ပြီး ၀န်ဆောင်မူ ပေးတော့မှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဆိုပါ အဖြစ်အပျက်ဟာဆိုရင် ၀င်းဒိုးဖုန်းတွေပေါ်သို့ Messenger app ရောက်ရှိမှာ လို့ အတည်ပြုပြီး မကြာမီ အချိန်တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

Credit>>> Aung Heine ( www.smart.com.mm )


ရေထဲကျသော ဖုန်းကို ပြန်ကယ်ဖို့


Post By Aung Ko Htet (MM IT Knowledge)


ဖုန်းတစ်လုံး ရေထဲ ကျရင် ပျက်တာ များပါတယ်။ အချို့ ကျတော့လည်း ဆိုင်ပြန်မပို့ရပဲ အလိုလို ပြန်ကောင်းသွားတယ်ဆိုပါတယ်။ သို့ပေမယ့် မိမိ သုံးနေတဲ့ ဖုန်းတစ်လုံးသာ အကြောင်းအမျိုးမျိုးကြောင့် ရေထဲ ကျသွားရင် ဘာလုပ်ရမလဲ ဆိုတာ သိထားဖို့လိုအပ်ပါတယ်။

အိမ်မှာနေရင်း ဖုန်းက ရေထဲ ကျသွားတယ်ဆိုပါစို့။ ပေါက်ပေါက် ရှာရှာ အိမ်သာခွက်ထဲ ကျတဲ့ သူတွေတောင် ကြံဖူးပါတယ်။

ပါဝင်မဖွင့်ရ

အဲ့ဒီအချိန်မှာ လုံးဝ မလုပ်ရမယ့် အလုပ်က ပါဝါ ဖွင့်ခြင်း ဖြစ်ပါတယ်။ ဖုန်းရေထဲ ကျသွားပြီ ဆိုရင် ရေဘယ်လောက်ပဲ နှစ်နှစ်၊ ဘယ်လောက်ပဲ တိမ်တိမ်၊ နည်းနည်းပဲ စိမ်စိမ်၊ များများပဲ စိုစို ပါဝါ လုံးဝ မဖွင့်မိဖို့ အရေးကြီးပါတယ်။

ဖြုတ်နိုင်သမျှဖြုတ်

ဖုန်းရဲ့  ဘက်ထရီကို ဖြုတ်လိုက်ဖို့ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း ဘက်ထရီနဲ့ ဖုန်းက တစ်ဆက်တည်းလို့ ဆိုပါတယ်။ ဒီတော့လည်း မဖြုတ်ယုံပဲ ရှိပါတယ်။ အများစုကတော့ ဘက်ထရီက သက်သက် ဖြစ်ပါ တယ်။ ဘက်ထရီတင်မကပဲ SIM ကဒ်ကိုလည်း ဖြုတ်ရ ပါမယ်။ ဒါမှ SIM ကဒ်မှာ မှတ်ထားတဲ့ Contact များ မပျောက်ဆုံးမှာ ဖြစ်ပါတယ်။ Micro SD ကဒ်လည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။ ဖြုတ်လို့ရတာ မှန်သမျှ အကုန် ဖြုတ်ပေးရပါမယ်။

ရေငွေ့မြန်မြန်ပြန်

ရေငွေ့မြန်မြန်ပြန်မယ့် နည်းက နေပူအောက်ထားခြင်း လုံးဝ မဟုတ်ပါဘူး။ ဒါက ဖုန်းကို လုံး ထိခိုက်စေပါတယ်။ နေရဲ့  အပူဒဏ်ကို ဖုန်းမှာ ပါဝင်တဲ့ သတ္တုများက မခံနိုင်ပါဘူး ပိုလို့တောင် ပျက်ဆီးစေပါတယ်။ ဒါကြောင့် ရေငွေ့ အစုပ်မြန်တဲ့ နေရာတစ်ခုခုမှာ ထားရပါမယ်။ အနီးစပ်ဆုံး ဥပမာ ကတော့ ဆန်အိုးပဲ ဖြစ်ပါတယ်။ ဆန်အိုးထဲ နှစ်ထည့်ထားလိုက် ရင် ရေငွေ့ကို အမြန်ဆုံး စုပ်ပေးပါတယ်။ သို့ပေမယ့် ဆန်စေ့များ မဝင်စေဖို့လည်း သတိထားရပြန်ပါတယ်။ ဒီမှာ လေမှုတ်စက်လည်း လုံးဝ အသုံးမပြုရပါဘူး။ လေမှုတ်စက်က အပူဒဏ်လည်း နေပူနဲ့ မခြားပါဘူး။ ပန်ကာနဲ့တော့ ရပါမယ်။ ဘက်ထရီကိုလည်း ထိုနည်းတူစွာ ပါပဲ။ နေပူထဲ လုံးဝ မထုတ်ပဲ ရေငွေ့စင်အောင် ကြိုးစားရပါမယ်။ ဥပမာ- အဝတ်ခြောက်၊ လက်ကိုင်ပုဝါ ခြောက်နဲ့ ထိုင်သုပ် ပေးတာမျိုးတို့ ဖြစ်ပါ တယ်။

ရေငွေ့ပြန်အောင် လုပ်တဲ့အဆင့်က အနည်းဆုံး ၂ နာရီလောက်တော့ ကြာပါတယ်။ ရေဝင်တဲ့ အတိုင်းအတာ အလိုက်၊ ရေငွေ့ပြန်နိုင် တဲ့ နှုန်းထားအလိုက် အချို့ ဆို ၂၄ နာရီကြာမှ ပြန်ဖွင့် ပါတယ်။ ဒီတော့ မိမိဖုန်း ရေငွေ့ကုန်စင်မှု ရှိမရှိက မိမိရဲ့  ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။

အထက်ပါ ပြီးလို့ ဖုန်းရဲ့  ပါဝါကို ပြန်ဖွင့်ကြည့်တဲ့အခါ ပုံမှန်အတိုင်း အလုပ်ပြန်လုပ်တယ်ဆိုရင်တော့ ကံကောင်းသွားသူ ဖြစ်ပါတယ်။ သို့ပေမယ့် ပါဝါ ပွင့်မလာဘူး။ မီးလင်းလာတော့လည်း Welcome ကနေ တက်မလာဘူး။ စက်က ထစ်နေတယ်ဆိုရင်တော့ တကယ် စိတ်မကောင်းစရာ ပါပဲ။ ဒါဆိုရင် နီးစပ်ရာ ဖုန်းပြင်ဆိုင်တွေမှာ သွားရောက် ပြသနိုင်ပါတယ်။

ဒါဆို အထက်ပါနည်းက ဘာထူးလို့လဲလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ အများကြီး ထူးပါတယ်။ ကိုယ့်ဖုန်းကို ရေကုန်အောင် အတတ်နိုင်ဆုံး ကြိုးစားထားပြီး ဖြစ်တဲ့အတွက် ဆိုင်မှာ ပြင်တဲ့အခါ ပြန်အသက်ရှင်ဖို့ လွယ်ကူပါတယ်။ ရေခြောက်ပြီး ပုံမှန်အလုပ်လုပ်တယ်ဆိုရင်တောင် ဆိုင်ကို တစ်ခေါက်တော့ သွားပြသင့်ပါတယ်။ အချို့ ဆို ရေတစ်ခါ ထိထားတဲ့အတွက် နောက်မှ touch အလုပ်မလုပ်တော့တာမျိုးတို့ ဖြစ်တတ် လို့ ဖြစ်ပါတယ်။

အထက်ပါ နည်းလမ်းများအတိုင်း ပြုလုပ်သွားမယ်ဆိုရင် မိမိရဲ့  ရေစိုဖုန်းများ မြန်မြန်အသက်ပြန်ရှင်နိုင်ပါတယ်။ သို့တည်းမဟုတ် အပြင်မှာ သွားရင်း လာရင်း ဖြစ်တယ် ဆိုရင်လည်း အိမ်မှာ ရှိတဲ့ facility များလို အနီးစပ်ဆုံး နည်းလမ်းများကို အသုံြး့ပုရမှာ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း သွားရင်းလာရင်း ဖြစ်တတ်လို့ ဖြစ်ပါတယ်။ ကိုယ်ဖြစ်တဲ့ နေရာက ဆိုင်နဲ့နီးနေရင် ပိုတောင် အဆင်ပြေပါသေးတယ်။

သို့ပေမယ့် ဖုန်းများ ရေထဲ မကျအောင်၊ ရေမစိုအောင် ထားဖို့ကတော့ စာဖတ်သူတို့ တာဝန်သာ ဖြစ်ပါတယ်။
---
Credit>>> အောင်ခမ်း (www.smart.com.mm)

အင်တာနက်လိုင်း မြန်အောင်လုပ်နည်း


 

Post By Aung Ko Htet (MM IT Knowledge)

နဂိုရှိမှ နားကိုင်းထွက် ဆိုသလို နဂိုအဝင် အင်တာနက် လိုင်းမကောင်းရင် ကိုယ်ရမယ့် Output အင်တာနက်လိုင်းကလည်း မကောင်းနိုင်ပါဘူး။

ဒီကြားထဲ Waste ဖြစ်သွားတာတွေလည်း မိမိ ကွန်ပြူတာ တစ်လုံးတည်းမှာ တင် အများကြီးရှိနေတတ်တော့ မကောင်းတဲ့ ကော်နက် ရှင်က တက်ကို မလာဘူး ဖြစ်သွားရပါရော။ ဒီလို အလဟဿ ဖြစ်သွားမယ့် Bandwidth တွေကို Waste မဖြစ်ပဲ အပြည့်အဝ အသုံးချလိုက်ရင် အင်တာနက် ကော်နက်ရှင်က အနည်းနဲ့အများ ပြန်တက် လာမှာတော့ အမှန်ပါပဲ။ လုပ်ပုံလုပ်နည်းလေးက အောက်ပါ အတိုင်း ဖြစ် ပါတယ်။

၁။ Bndwidth မြင့်ခြင်း

ှStart Menu >Run > gpedit.msc ဟူသော စာကို ရိုက်> Enter ခေါက်။ Screen ဘယ်ဘက်က administrative templates ကိုရွေး> Network ကိုရွေး> QoS packet scheduler ကို click နှိပ်>limit reservable bandwidth ကို click နှိပ်။ Enabled ပြောင်း၊ Bandwidth ကို 0 သို့ထား။

လက်ရှိ အင်တာနက် မြန်နှုန်းထက် ၂၀ ရာခိုင်နှုန်းတက်ပါတယ်။

၂။ Window network socket reset လုပ်ခြင်း

OS တစ်ခုကနေ အချက်အလက်တွေကို ပို့ဖို့အတွက် network socket များအား အသုံးပြုပါတယ်။ သူတို့က ကြာလာရင် overload ဖြစ်ပြီး အင်တာနက်အသုံးပြုရလေးစေပါတယ်။

run>cmd ရိုက် enter ခေါက်> command prompt တက်လာရင် netsh winsock reset စာကိုရိုက် Enter ခေါက်> ပြီးရင် ကွန်ပြူတာကို Restart လုပ်ရပါမယ်။

ဒီလောက်ဆိုရင်မြန်သင့်သလောက် မြန်လာမယ့်လို့ ထင်ပါတယ်။ အခြားနည်းလမ်းများ ရှိရင်လည်း စာဖတ်သူတို့ လာရောက် မျှဝေ နိုင်ပါတယ်။
--
Ref: freak
အောင်ခမ်း (www.smart.com.mm)

အသံနဲ့ ရှာဖွေခြင်း ပညာရပ် ( Chrome Beta )


 

Post By Aung Ko Htet (MM IT Knowledge )
 

Google Chrome ဆိုရင်တော့ ရင်းနှီးနေပြီးသားလို့ ထင်ပါတယ်။ထို အွန်လိုင်း Voice Search ကိုသုံးမယ်ဆိုရင်တော့ ကြိမ်းသေChrome Extension ကို Install ပြုဖို့လိုမှာ ဖြစ်ပါတယ်။
အခု လုပ်စရာ မလိုတော့ပါဘူး။ အကြောင်းကတော့ ကုမ္ပဏီက Chrome Beta ဗားရှင်းကို ထုတ်လုပ်ပေး ခဲ့ပါတယ်။ သူက Install ပြုလုပ်စရာမလိုဘဲ Web Brower ထဲမှာ ပါဝင်ပြီးသားမို့ပါ။ မကြာခင်က US မှာ Chrome Beta ကိုစမ်းသပ်ခဲ့ကြပြီး

မကြာမီ အင်္ဂလိပ် User တွေဆီသို့ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အခြားဘာသာ စကား ပေါင်း ထည့်ပါဝင်တဲ့ ထောက်ပံမူတွေနဲ့ Window, Mac, Linux တို့ဆီသို့ မကြာတော့တဲ့ ရက်အနည်း ငယ်အတွင်းကိုရရှိလာမှာ ဖြစ်တယ်လို့ သိရပါတယ်။

Supervised User နဲ့ လုပ်ဆောင်နိင်မူများ

လက်နဲ့ ထိတွေ့ကိုင်တွယ်ကာ စာရိုက်စရာမလိုဘဲ “Ok Google" လို့ အရှေ့ကစကားခံပြောပြီးတာနဲ့ သိလိုသမျှကိုမေးနိင်ပြီး အချိန်တွေကို set ထားလို့ရပါတယ်။ ထိုအပြင် အချိန်ကို ပြောကြားပြီး ဘယ်နှစ်နာရီမှာ သတိပေးပါလို့ ဆိုသော အချက်ပေး သတိပေးမူတွေကိုပါ ပြုနိင်ပါတယ်။
ဘာပဲ ပြောချင် ပြောချင် ရှေ့ကတော့ “Ok Google" လို့စကားခံပြီး ပြောရမှာ ဖြစ်ပါတယ်။ ထို ထောက်ကူပေးတဲ့ အစိတ်အပိုင်းကို ရရှိဖို့အတွက် Google.com ကိုသွားကာ Mic iCon မှာ Click နှိပ်ထားဖို့လိုပြီး “Enable Ok Google:" ကို နှိပ်ထားရမှာ ဖြစ်ပါတယ်။

Supervised User ဆိုတာကတော့ အိမ်မှာ (ရုံးမှာ )နေပြီး စက် အများအပြားကိုအသုံးပြုသူတွေအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။ မိတ်ဆွေတို့အလိုရှိတဲ့ ဆိုဒ်တွေကို ဖွင့်ခွင့်ပေးနိင်ခြင်း၊ Block လုပ်ထားနိင်ခြင်း တို့ကို ပြုနိင်ပါလိမ့်မယ်။ အထူးသဖြင့် အိမ်မှာ + 18 မပြည့်သေးတဲ့ သား၊ သမီးလေးတွေအတွက် အရေးပါပါလိမ့်မယ်။ Supervised User ကိုဖန်တီးတော့မယ်ဆိုရင်တော့ new “Import” option နဲ့ အတူ လုပ်ဆောင်ရမှာဖြစ်ပါတယ်။အခုလို ဆောင်ရွက်ထားမယ်ဆိုရင်တော့ သူတို့ ဆိုဒ်တွေ ကိုဖွင့်တဲ့ အခါ ခွင့်ပြုစေဖို့ တောင်းခံရမှာ ဖြစ်ပါတယ်။

ဒီလိုပြုလုပ်ဖို့အတွက် အောက်ကအချက်လေးတွေကို ဆောင်ရွက်ထားဖို့
့တော့ လိုပါတယ်။

(၁) Browser ရဲ့ Toolbar ပေါ်က Chrome Menu ကိုနှိပ်ပြီး Setting
ကိုရွေးပါ။

(၂) User Section ထဲက Add new user ကိုနှိပ်ပါ။

(၃) စာရင်းထဲက သင့် Import လုပ်ထားချင်တဲ့ user ကို ရွေးလိုက်ပါ။

(၄) နောက်ဆုံး (“Import supervised user” ) ကို နှိပ်လိုက်ရင်တော့
ရရှိသွားပါပြီ။

Chrome Beta ကို အောက်က link ကနေ download လုပ်နိုင်ပါတယ်။

Chrome Beta ကိုရယူရန်...

Source: Google Chrome Blog

Credit>>> Aung Heine ( www.smart.com.mm )

Thursday, February 27, 2014

Samsung က Galaxy Gear 2 စမတ်နာရီ ကို ကြေညာပြီ


Post By Aung Ko Htet (MM IT Knowledge)

Samsung က Galaxy Gear စမတ်နာရီ ရဲ့ မျိုးဆက်ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ ပထမမျိုးဆက်ထုတ်လုပ်ရောင်းချပြီး ငါးလ အကြာမှာ ဒုတိယ မျိုးဆက် ကို ထုတ်ဖော်ပြသလိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် Gear 2 ကို နှစ်မျိုးထုတ်လုပ်လိုက်တာဖြစ်ပါတယ်။

ပုံရဲ့ ညာဘက်က Gear 2 ဖြစ်ပြီး ဘယ်ဘက်က Gear 2 Neo ဖြစ်ပါတယ်။ စမတ်နာရီ နှစ်မျိုးရဲ့ အဓိက ကွာခြားချက်က Neo မှာ ကင်မရာ မပါရှိတာ ဖြစ်ပါတယ်။ Gear 2 ရဲ့ ကင်မရာ ကလည်း သူ့အရင် မျိုးဆက်မှာလို ကြိုးမှာ တပ်ဆင်ထားတာမဟုတ်ဘဲ နာရီကိုယ်ထည်မှာ တပ်ဆင်ထားပါတယ်။ အဲဒီအတွက် နာရီကြိုးကို နှစ်သက်ရာလဲလှယ်သုံးနိုင်တယ်လို့ သိရပါတယ်။

စမတ်နာရီ အသစ်များမှာ စွမ်းဆောင်ချက်အသစ်များ ပါရှိလာပါတယ်။ နှလုံးခုန်နှုန်း ကိုတိုင်းတာပေးနိုင်တဲ့ Sensor ပါရှိလာသလို ကိုယ်လက်လှုပ်ရှားမှု ကို တိုင်းတာပေးနိုင်ပါတယ်။ စမတ်နာရီများမှာ Music Player ပါရှိလာပြီး သီချင်းများ ကို Bluetooth Headset များ ဆီသို့ ထုတ်လွှင့်ပေးနိုင်ပါတယ်။

မကြာမီ က ထုတ်လုပ်ခဲ့တဲ့ Samsung ရဲ့ တက်ဘလက် နဲ့ ဖုန်းများမှာလို စမတ်နာရီအသစ်များမှာ Infrared ထုတ်လွှင့်ပေးနိုင်ပြီး TV Remote Control အဖြစ် အသုံးပြုနိုင်ပါတယ်။

ထူးခြားတာက စမတ်နာရီ အသစ်များမှာ Tizen OS ကို အသုံးပြုထားပြီး အနာဂတ် ချပ်ဝတ်တန်ဆာ ကွန်ပြူတာ များမှာလည်း Tizen ကို ပဲ အသုံးပြုမယ်လို့ Samsung က ပြောပါတယ်။ အရင်က စမတ်နာရီမှာ Android ကို အသုံးပြုထားတာဖြစ်ပါတယ်။

Tizen ကို ပြောင်းလဲအသုံးပြုလိုက်သဖြင့် Gear Apps များနဲ့ တွဲဖက်အလုပ်လုပ်မလားဆိုတာ ကိုတော့ မသိရသေးပါဘူး။ Samsung က Gear 2 , Gear 2 Neo တို့ဟာ သူ့ရဲ့ Smartphone များစွာ နဲ့ တွဲဖက် အသုံးပြုနိုင်မယ်လို့ ပြောပါတယ်။

အရင်မျိုးဆက်မှာလိုပဲ စမတ်နာရီ အသစ်များမှာ 320x320 1.63 လက်မ ထိတွေ့မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Dual-Core 1GHz Processor တပ်ဆင်ထားပါတယ်။ အရင်မျိုးဆက်မှာ 800MHz Chip ကို အသုံးပြုထားပါတယ်။ မျိုးဆက်သစ်မှာ အရင်မျိုးဆက်မှာလိုပဲ 512MB RAM, 4GB Storage ပါရှိပါတယ်။

Gear 2 Neo မှာ ကင်မရာ မပါတဲ့အတွက် Gear 2 ထက်ပေါ့ပါးပါတယ်။ Gear 2 Neo ရဲ့ အလေးချိန် ဟာ ၁.၉ အောင်စ ဖြစ်ပြီး Gear 2 ရဲ့ အလေးချိန်ဟာ ၂.၄ အောင်စ ဖြစ်ပါတယ်။ စမတ်နာရီ နှစ်မျိုးကို အနက်၊ လိမ္မော် ထုတ်လုပ်ပေးထားပြီး Gear 2 ကို ရွှေရောင် ရွေးချယ်နိုင်ပါသေးတယ်။ Gear 2 Neo ကို အညိုရောင် လည်း ထုတ်လုပ်ပေးထားပါတယ်။

ဈေးနှုန်း ကို Samsung က ပြောကြားခြင်း မရှိသေးပေမယ့် ဧပြီလ မှာ စတင်ရောင်းချပေးမှာ ဖြစ်ပါတယ်။

HTC က Desire 816 နဲ့ Desire 610 စမတ်ဖုန်းများ ကို ပြသ




Post By Aung Ko Htet (MM IT Knowledge)
 
HTC က စွမ်းဆောင်ရည် အလယ်အလတ် ရှိတဲ့ Desire 816 နဲ့ Desire 610 စမတ်ဖုန်းများ ကို ကြေညာလိုက်ပါတယ်။

HTC Desire 816
------------------
Desire 816 ရဲ့ အရွယ်အစား က 156.6 x 78.7 x 7.99mm ဖြစ်ပြီး အလေးချိန် က (၁၆၅) ဂရမ် ဖြစ်ပါတယ်။ စွမ်းဆောင်ရည်မြင့် HTC One နဲ့ ဒီဇိုင်းဆင်တူပါတယ်။ ဈေးနှုန်းသက်သာအောင် ပြုလုပ်ပေးထားပါတယ်။

Desire 816 က Phablet အမျိုးအစားဖြစ်ပြီး ၅.၅ လက်မ 720x1280 Pixels Display တပ်ဆင်ထားပါတယ်။ Qualcomm Snapdragon 400 Processor ဖြစ်ပြီး 1.6GHz Quad-Core CPU , Adreno 305 GPU တပ်ဆင်ထားပါတယ်။ 1.5GB RAM က Multitasking ပြုလုပ်လို့အဆင်ပြေပါတယ်။ 8GB Internal Storage နဲ့ MicroSD Card အသုံးပြုနိုင်ပါတယ်။

အနောက်ဘက်မှာ 13 MP Camera နဲ့ မျက်နှာချင်းဆိုင်မှာ 5 MP Camera တပ်ဆင်ထားပါတယ်။ ကိုယ်တိုင်ရိုက်ဓာတ်ပုံတွေ ရိုက်ကူးလို့ ကောင်းမွန်ပါတယ်။

ဆက်သွယ်မှု အပိုင်းမှာ GSM/ GPRS/EDGE နဲ့ WCDMA/HSPA+/4G LTE အသုံးပြုနိုင်ပါတယ်။ Bluetooth 4.0 , WiFi 802.11 b/g/n နဲ့ WiFi Direct အသုံးပြုနိုင်ပါတယ်။

Sense 5.5 ကို Android OS နဲ့ ပေါင်းစပ်အသုံးပြုထားပါတယ်။ 2600mAh Battery တပ်ဆင်ထားပါတယ်။ အနက်၊ အဖြူ၊ လိမ္မော်၊ အစိမ်း၊ အပြာ ၊ အညိုရောင်များ ထုတ်လုပ်ပေးထားပါတယ်။ ဧပြီလ မှာ စတင်ရောင်းချပေးမှာဖြစ်ပါတယ်။

HTC Desire 610
-------------------
HTC Desire 610 မှာ ၄.၇ လက်မ qHD Display တပ်ဆင်ထားပါတယ်။ Snapdragon 400 Processor တပ်ဆင်ထားပြီး 1.2GHz အမြန်နှုန်း ရှိတဲ့ Kraits လေးလုံး ပါရှိပါတယ်။ 1GB RAM, 8GB Storage ပါရှိပြီး 64GB အထိဝင်ဆန့်တဲ့ MicroSD Card အသုံးပြုနိုင်ပါတယ်။

အနောက်ဘက်မှာ 8 Megapixel Camera နဲ့ LED Flash တပ်ဆင်ထားပါတယ်။ မျက်နှာချင်းဆိုင်မှာ 1.3 Megapixel Camera တပ်ဆင်ထားပါတယ်။ 4G LTE အသုံးပြုနိုင်ပါတယ်။

HTC Desire 610 မှာ Android Jelly Bean ကို အသုံးပြုထားပြီး HTC ရဲ့ Sense UI လည်းထည့်သွင်းထားပါတယ်။ 2040mAh Battery တပ်ဆင်ထားပါတယ်။ မေလမှာ ဥရောပမှာ စတင်ရောင်းချပေးမှာ ဖြစ်ပါတယ်။

MasterCard က Credit Card လုံခြုံရေးအတွက် Smartphone တည်နေရာ ကို အသုံးပြုမည်


Post By Aung Ko Htet (MM IT Knowledge) 


Credit Card တွေကို Hack လုပ်ပြီး အသုံးပြုမှုများပြားလာတဲ့အတွက် Credit Card Company များက လုံခြုံရေးအတွက် နည်းလမ်းများ ရှာဖွေလာကြပါတယ်။ MasterCard က မိုဘိုင်းနည်းပညာ Company ဖြစ်တဲ့ Syniverse နဲ့ ပူးပေါင်းပြီး Card ပိုင်ရှင်ရဲ့ မိုဘိုင်းဖုန်း တည်နေရာ ကို ခြေရာခံတဲ့ နည်းပညာ ကို အသုံးပြုမယ်လို့ ကြေညာပါတယ်။ Card ကို အသုံးပြုတဲ့ တည်နေရာ နဲ့ Card ပိုင်ရှင် ရဲ့ တည်နေရာ ကို တိုက်ဆိုင်စစ်ဆေးမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် Card ပိုင်ရှင် က Mexico မှာ ရောက်နေတဲ့အချိန်မှာ ကနေဒါ ကနေ Card ကို အသုံးပြုမယ်ဆိုရင် ပိတ်ပင်တားဆီးပေးမှာဖြစ်ပါတယ်။

များသောအားဖြင့် ဘဏ် ကို အသိပေးခြင်းမရှိဘဲ Credit Card တွေကို အခြားနိုင်ငံများ မှာ အသုံးပြုလို့မရပါဘူး။ MasterCard ရဲ့ နည်းပညာ က အဲဒီပြဿနာ ကို ပြေလည်စေမှာဖြစ်ပါတယ်။ ဘယ်နိုင်ငံကို သွားသွား စမတ်ဖုန်း ယူဆောင်သွားရင် Card ကို အသုံးပြုလို့ရမှာဖြစ်ပါတယ်။

အဓိက Credit Card Company တွေက စမတ်ဖုန်းများ ကနေ ငွေပေးချေနိုင်မယ့် နည်းလမ်း တွေကို တီထွင်နေကြပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ မှာ MasterCard, Visa, American Express တို့က Digital Token ကို အသုံးပြုပြီး ၀က်ဆိုက် နဲ့ မိုဘိုင်းဖုန်း ကနေ လုံခြုံစွာငွေပေးချေနိုင်မယ့် Digital Payment နည်းပညာ ကို တီထွင်ဖို့ ကြေညာခဲ့ပါတယ်။ MasterCard က MasterPass System ကိုလည်း ပြုလုပ်နေပါတယ်။

MasterCard နဲ့ Syniverse တို့ရဲ့ စမတ်ဖုန်း တည်နေရာ အခြေပြု လုံခြုံရေး စနစ် ဟာ တီထွင်နေဆဲဖြစ်ပြီး ဘယ်အချိန်မှာ အသုံးပြုနိုင်မလဲ ဆိုတာ မသိရသေးပါဘူး။

Android Phone ပျောက်သွားလား? ဒီနည်းတွေနဲ့ ရှာပါ။




Post By Aung Ko Htet (MM IT Knowledge)

Android Phone ရဲ့ တည်နေရာကို ခြေရာခံနိုင်တဲ့ Apps တွေများစွာရှိသလို Google က သူ့ရဲ့ ကိုယ်ပိုင် Find My Phone Feature ဖြစ်တဲ့ Android Device Manager ကို Android Phone တွေမှာ မကြာမီ က ထည့်သွင်းပေးခဲ့ပါတယ်။ Google ရဲ့ Find My Phone Feature ကို အသုံးပြုခြင်းဖြင့် တစ်ခြား Apps တွေကို အသုံးပြုစရာမလိုတော့ပါဘူး။ သင့်ဖုန်းပျောက်သွားရင် ဖုန်းရဲ့ တည်နေရာ ကို ခြေရာခံနိုင်သလို၊ ဖုန်းကို Lock လုပ်တာ၊ ဖုန်းမှာသိမ်းထားတဲ့ အရေးကြီးဒေတာတွေကို Wipe လုပ်တာတွေကို Google အကောင့်ကို အသုံးပြုပြီးပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် Google ရဲ့ Find My Phone Feature က ဖုန်းမပျောက်ခင် ကြိုတင် Set Up လုပ်ထားရတာဖြစ်ပါတယ်။ Google ရဲ့ Find My Phone Feature ကို Set Up မလုပ်ထားမိရင် ဒါမှမဟုတ် တစ်ခြား Tracking Apps တွေကို ဖုန်းမှာ အင်စတောမလုပ်ထားမိဘူးဆိုရင်လည်း သင့်ဖုန်းကို ပြန်ရှာနိုင်တဲ့ အခွင့်အရေးတော့ ရှိပါသေးတယ်။
တစ်ခုမှတ်ထားရမှာက ပျောက်သွားတဲ့ သင့်ဖုန်းဟာ WiFi ဒါမှမဟုတ် Mobile Connection တစ်ခုခုကို ချိတ်ဆက်နေမှသာ ဖုန်းရဲ့တည်နေရာ ကိုခြေရာခံနိုင်တာတွေ၊ Lock , Wipe လုပ်တာတွေပြုလုပ်နိုင်မှာဖြစ်ပါတယ်။


Android Device Manager
----------------------------
Google က Android Device Manager ကို Android 2.2 နဲ့ သူ့အထက်ကဖုန်းတွေအားလုံးမှာထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။ Android Device Manager ကို အသုံးပြုခြင်းဖြင့် တစ်ခြား Apps တွေကို အသုံးပြုစရာမလိုတော့ သလို သီးခြား အကောင့်တွေလည်းပြုလုပ်စရာမလိုတော့ပါဘူး။ သင့်ဖုန်းပျောက်သွားရင် Android Device Manager ၀က်ဆိုက်ကိုသွားပါ။ သင့် Google အကောင့်နဲ့ Sign In ၀င်ပြီး ပျောက်သွားတဲ့ဖုန်းကို ပြန်ရှာနိုင်ပါပြီ။ Android အသုံးပြုသူတော်တော်များများ အတွက်တော့ Google ရဲ့ ၀န်ဆောင်မှုက အကောင်းဆုံး ရွေးချယ်မှုတစ်ခုပါ။

Android Device Manager ကို အသုံးပြုဖို့အတွက် သင့်ဖုန်း က App Drawer ကိုဖွင့်ပြီး Google Settings App ကို ဖွင့်ပါ။ Android Device Manager ကို တစ်ချက်နှိပ်ပါ။ “Remotely locate this device” Option မှာ အမှန်ခြစ်ပေးပါ။ Lock , Factory Reset စတာတွေပါပြုလုပ်ချင်ရင် “Allow remote lock and factory reset” မှာ အမှန်ခြစ်ပေးပါ။ ဒါဆိုရင် သင့်ဖုန်း မှာ Android Device Manager ကို Set Up လုပ်ပြီးပါပြီ။

သင့်ဖုန်းပျောက်သွားခဲ့ရင် www.google.com/android/devicemanager ၀က်ဆိုက်ကိုသွား ပြီး ဖုန်းတည်နေရာကို မြေပုံမှာ ရှာဖွေနိုင်ပါတယ်။ ဖုန်းက အနီးအနားမှာပျောက်နေတယ်လို့ယူဆရင် Ring သံမြည်အောင် ပြုလုပ်နိုင်ပါတယ်။ ဖုန်းကို Lock ချနိုင်သလို သင့်ရဲ့ အရေးကြီး ဒေတာတွေကို ဖျက်ပစ်ဖို့အတွက် Erase ကို အသုံးပြုနိုင်ပါတယ်။


Android Device Manager ကို Set Up မလုပ်ထားမိရင် ဒါမှမဟုတ် တစ်ခြား Tracking Apps တွေကို အင်စတော မလုပ်ထားမိရင်
----------------------------------------------------------------------------
သင့်ဖုန်းမှာ Android Device Manager ကို Set Up မလုပ်ထားမိဘူးဆိုရင် ဒါမှမဟုတ် တစ်ခြား Tracking App တွေကို အင်စတော မလုပ်ထားမိဘူးဆိုရင် လည်း သင့်ဖုန်းကိုပြန်ရှာနိုင်တဲ့အခွင့်အရေးရှိပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင့်ဖုန်းပျောက်သွားပြီး မှ Tracking App တစ်ခုကို Google Play Store ကနေ Remote Install ပြုလုပ်နိုင်လို့ဖြစ်ပါတယ်။ Android အတွက် Tracking App တွေများစွာရှိပြီး သင့်ဖုန်းနဲ့ Compatible ဖြစ်တဲ့ App ကို Google Play Store မှာရှာပြီး Remote Install ပြုလုပ်နိုင်ပါတယ်။ နာမည်ကြီးတဲ့ Tracking Apps တွေက Android Lost, Lookout Plan B , Prey, Cerberus စတာတွေအပြင် Google Play Store မှာ များစွာရှိပါတယ်။ ဒီဆောင်းပါးမှာတော့ Android Lost ကို သုံးပါမယ်။Android Lost က android 2.2 နဲ့ သူ့အထက်ကဖုန်းတွေမှာ အလုပ်လုပ်ပေးနိုင်တဲ့အတွက် ဖုန်းတော်တော်များများနဲ့  အဆင်ပြေပါတယ်။

Android Lost
----------------
Google Play Store မှာ Android Lost ကို အင်စတောလုပ်ပါ။ ။ သင့်ဖုန်းနဲ့ Incompatible ဖြစ်တယ်လို့ Message ပြရင် VPNium ,TunnelBear,Ultrasurf တို့ လို Proxy ကျော်တဲ့ ဆော့ဝဲသုံးပါ။


အင်စတောလုပ်ပြီးရင် တစ်ခြားဖုန်း တစ်ခု ကနေ သင့်ဖုန်းကို androidlost register လို့ ရိုက်ပြီး Message ပို့ ပေးပါ။

ပြီးရင် www.androidlost.com ၀က်ဆိုက်ကို သွားပြီး Google Account နဲ Sign In ၀င်ပါ။ သင့်ဖုန်းကို Map မှာရှာနိုင်တာတွေ ၊ Lock လုပ်နိုင်တာတွေ ၊ Wipe လုပ်နိုင်တာတွေ၊ Front Facing Camera ကနေ ပုံရိုက်ပေးတာတွေ၊ SD Card ကို Wipe လုပ်တာတွေ ၊ Alarm မြည်အောင်လုပ်နိုင်တာတွေ စတာတွေကို ပြုလုပ်နိုင်ပါတယ်။



သင့်ဖုန်း မှာ Android Lost ကို Remote Install လုပ်ဖို့ နဲ့  Register လုပ်ဖို့  သင့်ဖုန်းမှာ Google Account ရှိရပါမယ်။ သင့်ဖုန်း Power On နေရပါမယ် ။ သင့်ဖုန်းမှာ ကွန်နက်ရှင်ရှိနေရပါမယ်။ အောက်ကပုံမှာလို သင့် ဖုန်း က Register လုပ်တာကို စောင့်နေပါတယ် ဆို တဲ့ Message ပေါ်နေရင်တော့ Register လုပ်ပြီးတဲ့အထိစောင့်ပေးပါ။ Play Store ကနေ Remote Install မကြာခဏပြန်လုပ်ပေးပါ။ SMS ပို့ ပြီး Register မကြာခဏပြန်လုပ်ပေးပါ။



ဘယ်နည်းကို အသုံးပြုရမလဲ?
-----------------------------
Android Device Manager
-----------------------------
Android Device Manager ဟာ Google ရဲ့ အခမဲ့ ၀န်ဆောင်မှု ဖြစ်ပါတယ်။ ဒါပေမယ့် Android Device Manager မှာ Advanced Feature တွေမပါရှိပါဘူး။ သာမာန်အသုံးပြုသူတွေအတွက်တော့ တစ်ခြား Tracking Apps တွေကို Download, Install လုပ်စရာမလိုဘဲ အသုံးပြုနိုင်တဲ့အတွက် အဆင်ပြေစေပါတယ်။

Android Lost နဲ့ တစ်ခြား Tracking Apps များ
------------------------------------------------
သင့်ဖုန်းပျောက်သွားပြီးမှ ဖုန်းကိုခြေရာခံချင်ရင်တော့ Android Lost နဲ့ တစ်ခြား Apps တွေကို Remote Install ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။ ဖုန်းမပျောက်ခင်မှာလည်း Tracking App တွေကို စမ်းသပ်အသုံးပြုကြည့်ပြီး သင့်ဖုန်းနဲ့ အဆင်ပြေတဲ့ အကောင်းဆုံး App တစ်ခုကို ရွေးချယ် အင်စတော ပြုလုပ်ထားရင်လည်း အဆင်ပြေစေမှာဖြစ်ပါတယ်။

MM IT Knowledge 

Samsung က Galaxy Core LTE ကို ကြေညာ


 

Post By Aung Ko Htet (MM IT Knowledge)

Samsung က အင်တာနက် မြန်နှုန်းမြင့် အသုံးပြုချင်ပြီး ဈေးသက်သာတဲ့ ဖုန်း ကို လိုချင်သူတွေအတွက် ရည်ရွယ်ပြီး 4G Smartphone တစ်လုံး ကို ကြေညာလိုက်ပါတယ်။ Galaxy Core LTE ဖြစ်ပြီး အချို့နိုင်ငံတွေမှာ Galaxy Core 4G လို့ခေါ်ကြပါတယ်။ 1.2GHz Dual-Core Processor တပ်ဆင်ထားပါတယ်။ ၄.၅ လက်မအရွယ် 960x540 PLS TFT Display တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 5 MP Camera နဲ့ မျက်နှာချင်းဆိုင်မှာ 0.3 MP Camera တပ်ဆင်ထားပါတယ်။ 8GB Internal Storage , 1GB RAM ပါရှိပြီး 64GB အထိဝင်ဆန့်တဲ့ MicroSD Card အသုံးပြုနိုင်ပါတယ်။

Display က Full HD မဟုတ်ပေမယ့် 1080p Video တွေကို တစ်စက္ကန့်လျှင် Frame သုံးဆယ် နှုန်း ဖြင့် ရိုက်ကူးပေးနိုင်ပါတယ်။ WiFi, DLNA Support, Bluetooth 4.0, NFC တို့ပါရှိပါတယ်။ Android 4.2.2 Jelly Bean ကို အသုံးပြုထားပါတယ်။ S Translator, S Voice, S Travel တို့ အပါအ၀င် Samsung ရဲ့ Apps များစွာ ပါရှိပါတယ်။ 2100mAh Battery တပ်ဆင်ထားပါတယ်။ ဖုန်း ရဲ့ အရွယ်အစားက 132.9 x 66.3 x 9.8mm ဖြစ်ပါတယ်။

Samsung Galaxy Core LTE ကို ဥရောပ ၊ရုရှား နဲ့ အာရှနိုင်ငံအချို့မှာ ရောင်းချပေးမှာဖြစ်ပြီး အဖြူ နဲ့ အနက် ထုတ်လုပ်ပေးထားပါတယ်။ ဈေးနှုန်း ကို မကြာမီ မှာ ကြေညာပေးမယ်လို့ သိရပါတယ်။


MM IT Knowledge 

Facebook မှာ Audio Comment ပေးမယ်


Post By Aung Ko Htet (MM IT Knowledge)

Facebook မှာ Photo Comment တွေ ပေးလို့ ရလာတာ ပျော်စရာ ကောင်းပါတယ်။ Photo Comment တွေ အသုံးပြုပြီး သူငယ်ချင်း တွေ စနောက်လို့ ရလာတဲ့အတွက်ဖြစ်ပါတယ်။ Facebook မှာ Photo Comment တွေ ကို အသုံးပြုသူအတော်များများ က နှစ်သက်ကြတာ တွေ့ရပါတယ်။ ဒါပေမယ့် Facebook မှာ Audio Comment တွေ ပေးလို့မရသေးပါဘူး။ အဲဒီ လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်တဲ့ Chrome Extension တစ်ခုက Talk and Comment ဖြစ်ပါတယ်။

Extension ကို အင်စတော လုပ်ပြီးရင် Microphone ကို အသုံးပြုခွင့်ပေးရပါမယ်။ Pop-Up Message ပေါ်လာရင် Allow ကိုနှိပ်ပေးပါ။

Facebook ဖွင့်ထားရင် Refresh လုပ်ပေးပါ။ ဒါဆိုရင် Facebook Post တွေရဲ့ Comment Box မှာ Microphone Icon ကိုမြင်တွေ့နိုင်ပါတယ်။ Icon ကို ဖိထားရင် အနီရောင်ပြောင်းသွားပါလိမ့်မယ်။ Audio Message ကို Record လုပ်လို့ရပါပြီ။ Record လုပ်ပြီးရင် Icon ကိုဖိထားတာကို လွှတ်ပြီး Enter နှိပ်ပါ။

Post မှာ သာမက Chat Box မှာလည်း Microphone Icon ကိုမြင်တွေ့နိုင်ပြီး Audio Message ပေးနိုင်ပါတယ်။


Chrome Extension ကို အောက်က link ကနေ ရယူနိုင်ပါတယ်ဗျာ။ 

Facebook Audio Comment အတွက် Chrome Extension 

အားလုံး အဆင်ပြေကြပါစေ....

အောင်ကိုထက် (MM IT Knowledge)

ကမ္ဘာ့အပါးလွှာဆုံး Gionee Elife S5.5 စမတ်ဖုန်း






Post By Aung Ko Htet (MM IT Knowledge)

Gionee က စမတ်ဖုန်း အသစ်တစ်လုံ ကို ထုတ်ဖော်ပြသလိုက်ပြီး ကမ္ဘာ့အပါးလွှာဆုံး စမတ်ဖုန်း လို့ ပြောကြားပါတယ်။ Elife S5.5 လို့ အမည်ပေးထားပြီး ၅.၅၅ မီလီမီတာ အထူ ရှိပါတယ်။ Android အခြေပြု Amigo OS ကို အသုံးပြုထားပြီး Octa-Core 1.7GHz Processor တပ်ဆင်ထားပါတယ်။ 2GB RAM ပါရှိပြီး အနောက်ဘက်မှာ 13MP Camera နဲ့ မျက်နှာချင်းဆိုင် မှာ 5MP Camera တပ်ဆင်ထားပါတယ်။

Gionee Elife S5.5 မှာ ငါးလက်မအရွယ် Display တပ်ဆင်ထားပြီး 2300mAh Battery ပါရှိပါတယ်။ 3G အသုံးပြုရင် ဘက်ထရီ သက်တမ်း က တစ်နေ့လုံး အသုံးခံပါတယ်။ LTE အမျိုးအစား ကို ဇွန်လမှာ ရောင်းချမယ်လို့ သိရပါတယ်။ Elife S5.5 ကို ဒေါ်လာ (၃၇၀) ဖြင့် တရုတ် မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ အခြား နိုင်ငံ လေးဆယ် မှာ ရောင်းချပေးမယ်လို့ မျှော်လင့်ရပါတယ်။

Gionee Elife S5.5 ဟာ ၅.၇၅ မီလီမီတာ အထူရှိတဲ့ Vivo X3 ထက်ပါးလွှာပါတယ်။ Huawei Ascend P6 ရဲ့ အထူ က ၆.၂ မီလီမီတာ ဖြစ်ပြီး iPhone 5S ရဲ့ အထူ က ၇.၆ မီလီမီတာ ဖြစ်ပါတယ်။

HTC က Google Now Smartwatch ကို ထုတ်လုပ်မည်



Post By Aung Ko Htet (MM IT Knowledge)

HTC နောက်တစ်ပတ် ထဲမှာ ပြုလုပ်မယ့် Mobile World Congress မှာ ချပ်ဝတ်တန်ဆာ ကွန်ပြူတာ သုံးခု ကို ထုတ်ဖော်ပြသမယ်လို့ သတင်းအရင်းအမြစ် တစ်ခု က Bloomberg ကို ပြောကြားကြောင်း သိရပါတယ်။ ထိုင်ဝမ် အခြေစိုက် HTC က စမတ်နာရီ နမူနာ ပုံစံ ကို Mobile World Congress မှာ Carrier တွေကို ပြသမှာ ဖြစ်ပါတယ်။ HTC က အဲဒီ စမတ်နာရီ ကို အများပြည်သူ ကို ပြသမှာ မဟုတ်ဘူးလို့ သိရပါတယ်။ HTC ရဲ့ စမတ်နာရီ ဟာ Qualcomm ရဲ့ Toq စမတ်နာရီ ကို အခြေခံ ပြုလုပ်ထားတာ ဖြစ်ပြီး Qualcomm ရဲ့ Mirasol Display တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ HTC ရဲ့ စမတ်နာရီ မှာ Bluetooth အသုံးပြုနိုင်ပြီး Music Player ပါရှိမှာ ဖြစ်ပါတယ်။

HTC က အခြား ချပ်ဝတ်တန်ဆာ ကွန်ပြူတာ နှစ်ခုကို လည်း ပြုလုပ်နေတယ်လို့ Bloomberg ရဲ့ သတင်းအရင်းအမြစ် က ပြောပါတယ်။ သီချင်းဖွင့်ပေးနိုင်တဲ့ လက်ကောက် နဲ့ Google Now အသုံးပြုနိုင်တဲ့ စမတ်နာရီ ဖြစ်ပါတယ်။ အခုလောလောဆယ် မှာ Google Now အသုံးပြုနိုင်တဲ့ စမတ်နာရီ ကို မည်သည့် Company ကမှ ထုတ်လုပ်ထားခြင်း မရှိသေးပါဘူး။ Wall Street Journal ရဲ့ သတင်းအရင်းအမြစ် တစ်ခုက Google Now စမတ်နာရီ ဟာ လပိုင်းအတွင်းမှာ ပေါ်ထွက်တော့မှာ ဖြစ်တယ်လို့ ပြောပေမယ့် HTC က ထုတ်လုပ်မှာ ဖြစ်တယ်လို့ ပြောကြား ခြင်းမရှိပါဘူး။ Google က Google Now အသုံးပြုနိုင်တဲ့ စမတ်နာရီ ကို ထုတ်လုပ်သင့်တယ်လို့ အကြံပေးထားပါသေးတယ်။ Google Now က စမတ်ဖုန်း မှာ ပါတဲ့ ကိုယ်ရေးလက်ထောက်ဖြစ်ပြီး အလုပ်များစွာ ခိုင်းစေလို့ရပါတယ်။ Google Now အသုံးပြုနည်း ကိုအောက်က လင့် မှာ လေ့လာပါ။

https://www.facebook.com/MyanmarDigitalLife/posts/288411877975179?stream_ref=10

HTC က ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းမှာ အရှုံးပေါ်နေပြီး ဈေးကွက်ဝေစု လည်း ကျဆင်းခဲ့ပါတယ်။ ချပ်ဝတ်တန်ဆာ ကွန်ပြူတာ တွေ ထုတ်လုပ်ပြီး အရှုံးပေါ်နေတာ ကို ဖာထေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ HTC ရဲ့ CEO ဖြစ်သူ Peter Chou က ချပ်ဝတ်တန်ဆာ ကွန်ပြူတာ တွေ ဟာ Company အတွက် အရေးပါတယ်လို့ ပြီးခဲ့တဲ့ နှစ် က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် HTC က ထုတ်လုပ်မယ့် စမတ်နာရီ ဟာ အချို့စမတ်နာရီ တွေလို ဒီဇိုင်း ပိုင်းမှာ ကြည့်ရှုလို့ မကောင်း တာမျိုး မဖြစ်ဖို့ လိုပါတယ်။ HTC ရဲ့ အရာရှိ တစ်ယောက် ဖြစ်သူ Cher Wang က ၂၀၁၄ ခုနှစ် အကုန် မှာ ချပ်ဝတ်တန်ဆာ ကွန်ပြူတာ တစ်ခု ရောင်းချမယ်လို့ ပြောခဲ့ဖူးပါတယ်။

 

အမေရိကန် ရှိ Samsung Device (၁၄) ခု တွင် Android 4.4 KitKat ရပြီ


 

Post By Aung Ko Htet (MM IT Knowledge)
 
Samsung USA က အမေရိကန် ရှိ Samsung Device (၁၄) ခုတွင် Androoid 4.4 KitKat ကို Update ပြုလုပ်ပေးလိုက်ကြောင်း ကြေညာပါတယ်။ Galaxy S3 အပါအ၀င် လွန်ခဲ့တဲ့ နှစ် နှစ် က ထုတ်လုပ်ရောင်းချခဲ့တဲ့ Device တွေ ပါဝင်ပါတယ်။ ဒီလို Update ပေးနိုင်ဖို့ Samsung ရဲ့ Software ဌာန က အတော်ကြိုးစားခဲ့ရတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ Update ရရှိတဲ့ Device တွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

• Galaxy Note 3
• Galaxy Note II
• Galaxy S4
• Galaxy S4 mini
• Galaxy S4 Active
• Galaxy S4 zoom
• Galaxy S III
• Galaxy S III mini
• Galaxy Mega
• Galaxy Light
• Galaxy Note 8.0
• Galaxy Tab 3
• Galaxy Note 10.1
• Galaxy Note 10.1 2014 Edition
အဲဒီ Device တွေအားလုံး ကို လာမယ့် ရက်သတ္တပတ်များမှာ Update ပေးမှာ ဖြစ်ပါတယ်။ Sprint သို့မဟုတ် အမေရိကန် Cellular ကနေ ၀ယ်ယူအသုံးပြုတဲ့ Galaxy Note 3 , Galaxy S4 ဖုန်းများမှာတော့ Update စတင်ရရှိပြီ ဖြစ်ပါတယ်။ အမေရိကန် မှာ သာ Update ရရှိသေးတာဖြစ်ပြီး နိုင်ငံတကာ က အဆိုပါ Device တွေအတွက်တော့ Samsung က ပြောကြားခြင်းမရှိသေးပါဘူး။


Credit>>> Myanmar Digital Life Journal 

Myanmar Digital Life Journal (24.2.2014 )



Post By အောင်ကိုထက် (MM IT Knowledge)

အပတ်စဉ်စီစဉ်တင်ဆက်နေကျဖြစ်သော Digital Life နည်းပညာဂျာနယ်၏ အတွဲ ၂ အမှတ် ၄၂ အား အောက်ပါ link များမှ download ဆွဲယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ကျေးဇူးပြု၍ Download လုပ်သူတိုင်း Like လုပ်ပေးခြင်း၊ ထပ်ဆင့် Share ပေးခြင်းဖြင့် ကူညီပေးကြပါခင်ဗျာ။
အရောင်းဆိုင်များမှ ၀ယ်ယူအားပေးကြသော၊ အွန်လိုင်းမှ Download ရယူ အားပေးကြသော စာဖတ်ပရိသတ်များကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

အောက်က link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ။ 




အားလုံးအဆင်ပြေကြပါစေ...

 

BlackBerry က Z3 နဲ့ Q20 ဖုန်းနှစ်မျိုး ကို ကြေညာ

Post By Aung Ko Htet (MM IT Knowledge)
 
BlackBerry က Mobile World Congress မှာ Z3 နဲ့ Q20 ဖုန်းနှစ်မျိုး ကို ကြေညာလိုက်ပါတယ်။ BlackBerry Z3 က ငါးလက်မအရွယ် Touchscreen Smartphone ဖြစ်ပြီး BlackBerry OS 10.2.1 ကို အသုံးပြုထားပါတယ်။ အဲဒီဖုန်း ဟာ Foxconn နဲ့ ပူးပေါင်းထုတ်လုပ်ထားတယ်လို့ BlackBerry CEO ဖြစ်သူ John Chen က ပြောပါတယ်။ 1.2GHz Dual-Core Snapdragon 400 Chipset , 1.5GB RAM, 8GB Internal Storage ပါရှိပါတယ်။ SD Card အသုံးပြုနိုင်မလားဆိုတာ မသိရသေးပါဘူး။ အနောက်ဘက်မှာ 5 MP Camera နဲ့ မျက်နှာချင်းဆိုင်မှာ 1.1 MP Camera တပ်ဆင်ထားပါတယ်။ FM Radio အသုံးပြုနိုင်ပါတယ်။ ဧပြီလ မှာ အင်ဒိုနီးရှား တွင် ဒေါ်လာ နှစ်ရာ နဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။

Q20 မှာ QWERTY Keyboard နဲ့ Trackpad ကို အသုံးပြုထားပါတယ်။ BlackBerry ရဲ့ QWERTY Keyboard ကို နှစ်သက်သူများအတွက် ရည်ရွယ်ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ ဘက်ထရီ သက်တမ်း ကိုလည်း ကြာရှည်စွာ အသုံးပြုနိုင်ရန် ပြုလုပ်ပေးထားပါတယ်။ ၃.၅ လက်မမျက်နှာပြင် တပ်ဆင်ထားပါတယ်။ အီးမေး အသုံးပြုရကောင်းမွန်အောင် ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။

BlackBerry က မကြာမီ မှာ သတင်းအချက်အလက် အသေးစိတ် ကို ပေးမယ်လို့ မျှော်လင့်ရပါတယ်။


Credit>>> Myanmar Digital Life Journal 

Smart Phone ရဲ့ ကင်မရာ ကို အသုံးချနည်းများ


Post By Aung Ko Htet (MM IT Knowledge)

စမတ်ဖုန်း တွေရဲ့ ကင်မရာ ဟာ ဓာတ်ပုံ ၊ ဗီဒီယို တွေကို ပဲရိုက်ကူးဖို့ အသုံးပြုနိုင်တာမဟုတ်ဘဲ ဘာသာပြန်ဖို့၊ ကုန်ပစ္စည်းတွေကို ဈေးသက်သာတဲ့ နေရာ မှာ ရွေးချယ်ဝယ်ယူဖို့ ၊ Scanner အဖြစ်အသုံးပြုဖို့၊ Contacts တွေကို အလွယ်တကူ မှတ်သားဖို့ အပြင် အခြား အလုပ်တွေကို ပြုလုပ်ပေးနိုင်ပါတယ်။
 

ဘာသာပြန်ဖို့ အသုံးပြုပါ။
-------------------------
အရင်တုန်းကဆိုရင် မသိတဲ့ နိုင်ငံခြား ဘာသာစကားတစ်ခုကို သိချင်ရင် Dictionary ထဲမှာရှာရပါတယ်။ ဒါမှမဟုတ် ကွန်ပြူတာ မှာ ရိုက်ပြီး ရှာဖွေရပါတယ်။ အခုတော့ စမတ်ဖုန်း ရဲ့ ကင်မရာ ကို အသုံးပြုပြီး မသိတဲ့ ဘာသာစကားတစ်ခုကို အလွယ်တကူ သိရှိနိုင်ပါပြီ။
Word Lens ဆိုတဲ့ App ကို Android , iOS Device တွေမှာ အသုံးပြုနိုင်ပြီး မသိတဲ့ဘာသာစကားကို ကင်မရာ ကနေ ချိန်ရွယ်လိုက်တာနဲ့ ဖုန်းမှာ အလိုလို ဘာသာပြန်ပေးမှာဖြစ်ပါတယ်။ Word Lens ကို အသုံးပြုဖို့ အင်တာနက် ကွန်နက်ရှင် မလိုအပ်ပါဘူး။ ဒါပေမယ့် Word Lens ကို အခမဲ့ မရရှိဘဲ ငါးဒေါ်လာ နဲ့ ၀ယ်ယူအသုံးပြုရမှာပါ။ မ၀ယ်ယူချင်ရင် အင်တာနက်မှာ Cracked Version ကို ရှာဖွေအသုံးပြုနိုင်ပါတယ်။

နောက်ထပ် ရွေးချယ်စရာ App တစ်ခုက Google Translate ဖြစ်ပါတယ်။ Google Translate မှာ Optical Character Recognition (OCR) စွမ်းရည်ပါရှိတဲ့အတွက် နားမလည်တဲ့ ဘာသာစကားကို Camera ကနေ Photo အဖြစ်ရိုက်ပြီး Google Translate ကနေဘာသာပြန်နိုင်ပါတယ်။



Scanner အဖြစ်အသုံးပြုပါ။
---------------------------
စာအုပ်တစ်ခု ၊ စာရွက်တစ်ခုက စာသားတွေကို Edit လုပ်နိုင်တဲ့ Document အဖြစ်ပြောင်းလဲချင်ရင် ကွန်ပြူတာမှာ အဲဒီ စာသားတွေကို ရိုက်စရာမလိုတော့ပါဘူး။ Scanner တွေလည်း မလိုအပ်တော့ပါဘူး။ စမတ်ဖုန်း ကင်မရာ ကို Scanner အဖြစ် အသုံးချနိုင်ပါတယ်။ Google Drive, Evernote , Scan To PDF Free စတဲ့ Apps တွေက စာသားတွေကို Scan လုပ်ပေးနိုင်ပြီး PDF ဖိုင်အနေနဲ့ ပြုလုပ်ပေးနိုင်ပါတယ်။

 
 
ကုန်ပစ္စည်းတွေကို ဈေးသက်သာတဲ့နေရာမှာ ရွေးချယ်ဝယ်ယူပါ။
---------------------------------------------------------------
Store တစ်ခုမှာ ပစ္စည်းတစ်ခုကို ၀ယ်ယူဖို့ ကြည့်ရှုနေတဲ့အခါ အဲဒီ ပစ္စည်း ရဲ့ ဈေးနှုန်းကို Online Store တွေ ကဈေးနှုန်း နဲ့ နှိုင်းယှဉ်ဖို့ အတွက် Application တွေ ရှိပါတယ်။ ကုန်ပစ္စည်းရဲ့  Barcode ကို Application ကနေ Scan လုပ်ပြီး Online Store က ဈေးနှုန်း တွေ နဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ Amazon ရဲ့  Price Check က အဲဒီလို ပြုလုပ်ပေးနိုင်ပါတယ်။

RedLaser က လည်း နောက်ထပ်ရွေးချယ်စရာ တစ်ခုဖြစ်ပါတယ်။ RedLaser ကို Android ,iOS , Windows Phone တို့မှာ အသုံးပြုနိုင်ပါတယ်။


 
Contact သတင်းအချက်အလက်တွေကို ဖုန်းမှာ အလွယ်တကူမှတ်သားပါ။
--------------------------------------------------------------------------
Business Cards တွေဟာ ကောင်းမွန်ပေမယ့် ခေတ်မမီတော့ပါဘူး။ အခုခေတ်မှာ Business Card အစား Contact Information တွေကို စမတ်ဖုန်းမှာ ပဲ မှတ်သားလို့ရပါပြီ။ Business Cards တွေက သတင်းအချက်အလက်တွေကို ဖုန်းမှာ ရိုက်ထည့်စရာမလိုဘဲ ဖုန်း ကင်မရာ ကနေ ဓာတ်ပုံ ရိုက်လိုက်တာနဲ့ Phone Contact ထဲကို Contact Information တွေ အလွယ်တကူ ထည့်သွင်းပေးမယ့် App တွေရှိပါတယ်။ ဒီလိုအသုံးချဖို့အတွက် CamCard ကို အသုံးပြုနိုင်ပါတယ်။ CamCard ရဲ့ OCR က အနည်းငယ်အားနည်းတာကို တွေ့ရပါတယ်။ ဒါပေမယ့် အနည်းငယ် ပြုပြင်ပေးစရာပဲလိုအပ်တဲ့အတွက် သတင်းအချက်အလက်တွေကို ကိုယ်တိုင် ရိုက်ထည့်တာထက်စာရင် အလုပ်ရှုပ်သက်သာစေမှာဖြစ်ပါတယ်။

 
Visual Search ပြုလုပ်ဖို့ အသုံးပြုပါ။
------------------------------------
Search Application တွေ မှာ စာနဲ့ ရိုက်ပြီးသိချင်တာရှာနိုင်သလို ပုံနဲ့ လည်းရှာနိုင်ပါတယ်။ဥပမာအားဖြင့် Product တစ်ခု အကြောင်းသိချင်တယ်ဆိုရင် Product ကို Photo အနေနဲ့ ရိုက်ပြီးအဲဒီ Product ရဲ့  သတင်းအချက်အလက်တွေကို ရှာနိုင်ပါတယ်။Google Goggles Application မှာ Visual Search ကို သုံးနိုင်ပါတယ်။

ဒါ့အပြင် Google Goggles က Augmented Reality နည်းပညာ ပါရှိပါတယ်။ တည်နေရာ တစ်ခု ကို ကင်မရာ ကနေချိန်ရွယ်လိုက်တာနဲ့ ပတ်ဝန်းကျင်က တည်နေရာ တွေကို ဖော်ပြပေးနိုင်ပါတယ်။ Augmented Reality နည်းပညာက ဖုန်းကင်မရာက တွေ့မြင်ရတဲ့ အရာဝတ္ထု ၊ တည်နေရာ တွေကို သိရှိပြီး ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပြသပေးနိုင်ပါတယ်။ စားသောက်ဆိုင် လို နေရာမျိုးတွေရှာဖွေနိုင်ပါတယ်။

QR Code တွေကို Scan ပြုလုပ်ပါ။
-----------------------------------
QR Code ( Quick Response Code) တွေကို Application Store, Billboards, Advertisements, Products တွေ မှာ တွေ့ မြင်နိုင်ပါတယ်။ အဲဒီ QR Code တွေကို QR Code Scanner Apps တွေသုံးပြီးတော့ Scan လုပ်ပြီး သက်ဆိုင်ရာ ၀က်ဆိုက်တွေ မှာ Products တွေ ရဲ့  သတင်းအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။အဲဒီအတွက် ၀က်ဆိုက်လိပ်စာရိုက်ရတဲ့ အလုပ်ရှုပ်မှုကင်းဝေးစေပါတယ်။

Remote Control ရဲ့ ဘက်ထရီ အားကုန်နေပြီလား ဆိုတာ ဆန်းစစ်ပါ။
-----------------------------------------------------------------------
Remote Control တွေမှာ Infrared (IR) Light ပါရှိပြီး သာမာန် လူတွေရဲ့ မျက်စိနဲ့ မမြင်နိုင်ပါဘူး။ Remote Control တွေဟာ TV , Blu-ray Player စတာတွေကို အဆိုပါ IR ကို Signal အနေနဲ့ ပေးပို့ပြီး ခိုင်းစေကြတာဖြစ်ပါတယ်။ Remote Control က အလုပ်မလုပ်တော့ ရင် ဘက်ထရီ အားကုန် သွားတာလား ဒါမှမဟုတ် အခြား ပြဿနာ တစ်ခုကြောင့်လား ဆိုတာ မသိရှိပါဘူး။ အဲဒီ အခြေအနေမှာ စမတ်ဖုန်း ကင်မရာ ကို အသုံးချနိုင်ပါတယ်။
Remote Control ရဲ့ IR Light ကို ဖုန်း ကင်မရာ ရဲ့ Lens ကို ချိန်ရွယ်ပါ။ ဖုန်း က Camera App ကို ဖွင့်ပါ။ Remote မှာ ခလုတ် တစ်ချက်နှိပ်ပါ။ Camera App မှာ အလင်းရောင် မြင်ရရင် Remote ရဲ့ ဘက်ထရီ အားကုန်တာ မဟုတ်ဘဲ အခြား အကြောင်း တစ်ခုကြောင့်ဖြစ်ပါတယ်။ Camera App မှာ အလင်းရောင် မမြင်ရရင် တော့ Remote ရဲ့ ဘက်ထရီ အားကုန်တာဖြစ်ပါတယ်။

Security Camera အနေနဲ့ အသုံးပြုပါ။
---------------------------------------
Smart Phone ရဲ့  Camera ကို Security Camera အနေနဲ့ လည်းသုံးနိုင်ပါတယ်။ သင့်မှာ အသုံးမပြုတော့တဲ့ Phone တစ်လုံးရှိရင် အဲဒီ Phone ကို IP Webcam လို Application ကိုသုံးပြီး Security Camera အဖြစ်နဲ့ သုံးနိုင်ပါတယ်။ နှစ်သက်ရာ ကွန်ပြူတာ ကနေ ဖုန်းရဲ့ Video Feed တွေကို တိုက်ရိုက်ကြည့်နိုင်ပါတယ်။

နိဂုံး
----
Smart Phone တွေ ဟာ အိတ်ကပ်အရွယ်အစားသာရှိတဲ့ Computer တွေ ဖြစ်ပါတယ်။ အဲဒီအတွက် ထူးခြား ဆန်းသစ်တဲ့ Application တွေကိုအသုံးပြုပြီး Smart Phone တွေရဲ့ Camera တွေကနေ သာမာန် Phone တွေ၊ Digital Camera တွေထက်ပို ပြီးစွမ်းဆောင်နိုင်တဲ့ စွမ်းရည်တွေ ကို အသုံးချနိုင်ပါတယ်။
 
Credit>>> Myanmar Digital Life Journal 

Alcatel's Fire E



 Post By Aung Ko Htet (MM IT Knowledge )

ယနေ့ စပိန်နိင်ငံ၊ ဘာစီလိုနာမှာ ကျင်းပခဲ့တဲ့ MWC မှာ ပြသခဲ့တဲ့ ပြင်သစ် Alcatel's Fire E ဖုန်း ဖြစ်ပါတယ်။Mozilla OS နဲ့ ဖြစ်ပြီး သေးသွယ် ကျစ်လစ်တဲ့ စမတ်ဖုန်းအမျိုးအစား တစ်မျိုးဖြစ်ပါတယ်။

မျက်နှာပြင် ၄.၅ လက်မ ရှိကာ dual -core run တဲ့အတွက် တံဆိပ်အသစ်တစ်ခု ကိုဈေးနှုန်းချိုချိုဖြင့် ၀ယ်ယူ သုံးချင်သော သူများအဖို့အဆင်ပြေစေမှာပြီး ကင်မရာပိုင်းကို ဒီဂျစ်တယ် ကင်မရာ 5MP ကိုသုံးပြီး LED Flash တွေပါဝင်ပါတယ်။  HDR mode တွေအပြင် 4× ဒီဂျစ်တယ် ဇုန်တွေကိုပါ ရရှိမှာ ဖြစ်ပါတယ်။ ထိုအပြင် VGA အရှေ့ကင်မရာတွေပါ ပါဝင်လာတာတွေ့ရပါတယ်။

4GB အတွင်းမှတ်ဥာဏ်ပါဝင်ကာ RAM အနေနဲ့ 512MB ဖြစ်ကာ အနည်းငယ်ပြောစရာရှိပါတယ်။ ဘတ္ဘရီ အစားလွန်စွာ သက်သာအောင် လုပ်ထားတယ်လို့ဆိုပါတယ်။ အဆိုပါ ဖုန်းအတွင်းရှိ အစိတ်အပိုင်းတွေ ကတော့ မိုဘိုင်း Firefox OS အတွက် ကောင်းကောင်း ချောမွတ်စွာ run နိင်ဖို့အတွက် အဆင်ပြေတဲ့ အနေ အထားမှာ ရှိနေပါတယ်။

ထို Alcatel's Fire E ကို ၂၀၁၄ နှစ်လယ်လောက်မှာ တစ်ကမ္ဘာလုံးဆီသို့ ရောင်းချနိင်အောင် မျှော် လင့်နေပြီး မကြာမီ အာရှ၊ ဥရောပ ဈေးကွက်တွေသို့ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Credit>>> Aung Heine ( www.smart.com.mm )

တရုတ် iPhone လို့ အမည်တွင်တဲ့ Xiaomi MI-3




Post By Aung Ko Htet (MM IT Knowledge )


တရုတ် iPhone ဆိုတာ သက်သက် အမည်မဲ့ခေါ်ကြတာပါ။ အမှန်တော့ Xiaomi MI-3 က Android စမတ်ဖုန်း ဖြစ်ပြီး ကမ္ဘာ့ရောင်းအား အကောင်းဆုံး အဆင့်မြင့် စမတ်ဖုန်း စာရင်းထဲမှာ ပါဝင်လာပါတယ်။

အမေရိကန်ဒေါ်လာ ၃၁၀၊ ၄၁၀ အသုံးပြုရုံနဲ့ High End စမတ်ဖုန်း ကိုင်ရမယ်ဆိုရင်တော့ စိတ်ဝင်စားစရာပါပဲ။ ပြီးခဲ့တဲ့ အောက်တိုဘာလကမှ စတင်ရောင်းချတဲ့ စမတ်ဖုန်းဖြစ်ပြီး ဈေးကွက် ပျက်လောက်အောင် ရောင်းအား အင်မတန် ကောင်းနေပါတယ်။

မျက်နှာပြင်

၅ လက်မ အရွယ် ရှိပြီး Pixel Density က 441 ppi တောင် ရှိပါတယ်။ အတော်လေး အရည်အသွေး ကောင်းတဲ့ မျက်နှာပြင်ပါ။ resolution က 1080x1920 တောင် ရှိပါတယ်။

Body

144 x 73.6 x 8.1 mm (5.67 x 2.90 x 0.32 in) ရှိပြီး အလေးချိန်က ၁၄၅ ပေါင်ထဲ ဆိုတော့ ပေါ့ပေါ့းပါးပါး ဖုန်းပါပဲ။

Memory

16 GB, 64 GB ၂ မျိုးထုတ်ပြီး RAM က 2GB တောင် ရှိပါတယ်။

ကင်မရာ

13 Megapixel ကင်မရာကို အသုံးပြုထားပြီး ထူးခြားချက်က dual flash အသုံးပြုထားခြင်း ဖြစ်ပါတယ်။ ဒီတော့ အမှောင်မှာ အတော်လေး အစွမ်းပြမယ့် ကင်မရာ ဖြစ်ပါတယ်။ ရှေ့ မှာ ကတော့ 2 MP ကင်မရာ ပါဝင် ပါသေးတယ်။

Feature

Android 4.2.1 OS ထည့်သွင်းထားပြီး Processor က Quad Core 2.3 GHz ကို အသုံးပြုထားခြင်း ဖြစ်ပါတယ်။ Chipset က Qualcomm Snapdragon 800 ဆိုတော့ လက်ရှိ Samsung Galaxy S4, LG G2 တို့နဲ့ မထူးမခြားနားပါပဲ။

GSM Network အတွက် ထုတ်လုပ်ထားတဲ့ ဖုန်း ဖြစ်ပါတယ်။ မိုင်ခရိုဆင်းကဒ်ပါ။ ဈေးနှုန်းက 16 GB အတွက် အမေရိကန်ဒေါ်လာ ၃၁၀ ဝန်းကျင်သာ ကုန်ကျပြီး 64GB ဗားရှင်းက ၄၁၀ ရှိပါတယ်။ ၃ သိန်းခွဲ၊ ၄ သိန်းခွဲ ဝန်းကျင်လောက်မြန်မာပြည်မှာ ပေါက်ဈေးရှိနိုင်ကြောင်း သိရပါတယ်။

Ref: Xiaomi
အောင်ခမ်း (www.smart.com.mm)

Orange မှ မျက်နှာပြင် ၄.၅ လက်မ Gova စမတ်ဖုန်း ဖြန့်ချီမည်




Post By Aung Ko Htet (MM IT Knowledge)
 
Orange မှ မျက်နှပြင် ၄.၅ လက်မ Gova စမတ်ဖုန်း ဖြန့်ချီမည် ဥရောပ အခြေစိုက်ဖြစ်တဲ့ Orange မှ ၄.၅ လက်မနှင့် Gova အမည်ရ စမတ်ဖုန်းကို ဖြန့်ချီမည် ပါတယ်။ အင်တာနက် 4G ရရှိပြီး ထူးခြားမှုတွေလည်း ပါရှိပါတယ်လို့ ဆိုပါတယ်။

၎င်းဖုန်း၏ ထူးခြားမှုတွေ ကတော့ မျက်နှပြင် ၄.၅ လက်မ qHD display ဖြစ်ပြီး processor ကတော့ 1.2GHz quad-core ဖြစ်ပါတယ်။ ဒါ့အပြင် RAM က 1GB ဖြစ်ပြီး storage ကတော့ 8GB ဖြစ်ပါတယ်။

နာက်ကင်မရာ 5-megapixel ဖြစ်ပြီး Android ဗားရှင်းကိုတော့ 4.3 Jelly Bean ဖြစ် ပြုလုပ်ထားသည့် အတွက် အကြိုက်တွေ့စေမှာ ဖြစ်ပါတယ်။ UK မှာ စတင်ဖြန့်ချီမှာ ဖြစ်ပြီး စပိန်၊ စလိုဗားကီးယား အပြင် အခြားနိုင်ငံများကိုလည်း ဖြန့်ချီမျာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါတင်မက သေးပါဘူး မျက်နှာပြင် ၅ လက်မနှင့် IPS display Orange Reyo စမတ်ဖုန်းကိုပါ တွဲဖက် ဖြန်ပချီမှာ ဖြစ်ပါတယ်။ Orange Reyo ကတော့ processor 1.3GHz dual-core ဖြစ်ပြီး Android Jelly Bean 4.2 ဖြစ်ပါတယ်။

http://goo.gl/lNnHzz

Credit>>> ကျော်လင်းနိုင် (www.smart.com.mm)

ဒေါ်လာ ၁၂၀ တန် Alcatel OneTouch Pop Fit


 


Post By Aung Ko Htet (MM IT Knowledge)

အပြားကြီးကြီးတွေနဲ့ Phablet တွေရဲ့ ခေတ်ထဲမှာ တစ်မူထူးခြားတဲ့ ဖုန်း ကို ပြင်သစ် ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Alcatel က ၂.၈ လက်မ/ရှိတဲ့ "wearable" စမတ်ဖုန်း Pop Fit နဲ့ ဖန်တီးလိုက်ပါတယ်။
3G ဖုန်း တစ်လုံး ဖြစ်တဲ့ Pop fit ရဲ့ ထူးခြားချက်က ဘာလဲဆိုတော့ သူက နောက်ကျောမှာ ပုံစံမျိုးစုံးရွေ့ပြောင်းနိင်တဲ့ Flip ကာဗာနဲ့ဖြစ်သည့် အတွက် လက်မှာ ပတ်သွားနိင်ပြီး အားကစားသမားတွေအတွက် အပြေးလေ့ကျင်းသူတွေအတွက် သင့်တော်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဖုန်းနဲ့အတူ JBL နားကြပ်တစ်စုံကိုပါ ရရှိမှာ ဖြစ်ပါတယ်။





Specs အားဖြင့် 1GHz dual-core MediaTek chip ကိုသုံးထားပြီး ဘတ္တရီကလည်း လုံလောက်တဲ့ 1,000mAh ဘတ္တရီ အမျိုးအစားသုံးဖြစ်ပါတယ်။

Spes တွေအနေနဲ့ သိပ်ကြီး အကောင်းကြီး မဟုတ်ပေမဲ့ ပြင်သစ် brand ဖုန်းတစ်လုံးကို သုံးရမှာ ဖြစ်ပြီး ဈေးနှုန်းတွေမှာ သက်သာတာကိုတွေ့ရပါတယ်။ internal မှတ်ဥာဏ်ကတော့ 16GB or
32GB လာမှာ ဖြစ်ပြီး မေလလောက်မှာ ထွက်ရှိဖို့ မျှော်မှန်းရပါတယ်။

Aung Heine ( www.smart.com.mm )