Powered by Blog - Widget

Wednesday, January 28, 2015

Adobe Master Collection အတွက် Master Collection CS6 with Crack




Adobe Master Collection ကိုကြိုက်ကြတဲ့ မိတ်ဆွေတို့အတွက် အကောင်းဆုံး CS 6 ကို တင်ပေးလိုက်ပါတယ်။ Adobe Series အစုံကို ထည့်ပေးထားပါတယ်။ Full Version ဖြစ်အောင် crack file တွေပါ ထည့်ပေးထားပါတယ်။ Crack File ကတော့ CS 5 အတွက်ပါ ပါတဲ့အတွက် ကြောင့် CS 5 Full Version မဖြစ်တဲ့ သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။

Download Here

အားလုံးအဆင်ပြေကြပါစေ..



Please Like Our Facebook Here

Thank You !
Aung Ko Htet

ညစာစားသူတွေကို ဧည့်ခံတဲ့ ဇီးကွက်



ဂျပန်နိုင်ငံမှာရှိတဲ့ Owl Cafe လို့ခေါ်တဲ့ လက်ဖက်ရည်ဆိုင်မှာ ညစာလာစားကြသူများကို ဇီးကွက်က ဧည့်ခံပါတယ်။ ဆိုင်အတွင်းကို ညစာလာရောက်စားသားကြတဲ့ စားသုံးသူတွေက ဇီးကွက် လေးရဲ့ လုံးဝိုင်းတဲ့မျက်လုံးပတ်ပတ်လည်မှာ ရှိတဲ့ သူ့ရဲ့ နူးညံ့တဲ့ အမွှေးလေးတွေကို ထိတွေ့ကိုင်တွယ်ခွင့်ပြုပြီး ဧည့်ခံခဲ့ပါတယ်။ ဒီလိုထိတွေ့ကိုင်တွယ်ချင်တဲ့ စားသုံးသူတွေက ဇီးကွက် လေးကို ထိတွေ့ကိုင်တွယ်ချင်တယ်ဆိုရင် မိမိစားသုံးနေရာ နေရာကနေ ဇီးကွက်ရှိရာကို သွားရောက်ပြီး ပွတ်သပ် ကိုင်တွယ်ရပါတယ်။

Ref: Dyknow

Written By Aung Ko Htet


Please Like Our Facebook Here

Thank You !
Aung Ko Htet

Tuesday, January 27, 2015

ရုပ်ထွက်အကောင်းဆုံးနဲ့ အသံထွက်အကောင်းဆုံး Power DVD Ultra 14 Ultimate (Crack)



Media Software အစုံကို အသုံးပြုဖူးကြတဲ့ မိတ်ဆွေတွေကတော့ သိကြမှာပါ။ ရုပ်ထွက်အကောင်းဆုံးနဲ့ အသံထွက်အကောင်းဆုံးလို့ ကျွန်တော်သတ်မှတ်ထားတဲ့ Media Software ကတော့ Power DVD ပါပဲ။ အခု Power DVD က နောက်ဆုံး Version လေး ထွက်လာပါပြီ။ Full version ဖြစ်အောင် Crack file ပါ ထည့်ပေးထားပါတယ်။ အားလုံးပဲ အကောင်းဆုံ Media Player ကို အသုံးပြုချင်ရင်တော့ အောက်က link ကနေ Download လုပ်နိုင်ပါတယ်။

Download Here

အားလုံးအဆင်ပြေကြပါစေ..


Please Like Our Facebook Here

Thank You !
Aung Ko Htet

သင့်ကွန်ပျူတာကို လျင်မြန်စွာ အသုံးပြုလိုလျှင်




ကွန်ပျူတာ အသုံးပြုသူတိုင်း Desktop  ဖြစ်ဖြစ် ၊ Laptop ဖြစ်ဖြစ် အသုံးပြုနေ ရင်းဖြင့် နှေးကွေး သွားခြင်းတွေ၊  Performance ကျခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ ဒီလိုတွေကြုံလာ ရပြီးဆိုရင် စိတ်သောက ရောက်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ မိမိရဲ့စိတ်ရဲ့မြန်ဆန်မှုကို မိမိအသုံးပြုနေတဲ့ ကွန်ပျူတာက မလိုက်နိုင်လို့ပဲဖြစ်ပါတယ်။

တကယ်တမ်းအသုံးပြုမယ်ဆိုရင်တော့ ဘယ်စက်ကမှ လူတစ်ယောက်ရဲ့ စိတ်အလိုကို မလိုက်နိုင်ဘူးဆိုတာကိုတော့ နားလည်စေချင်ပါတယ်။ စက်မှာလည်း သူ့ရဲ့ခံနိုင်ရည်နဲ့သူဆိုတာရှိပါတယ်။ ဒီတော့ နေ့စဉ်ရက်ဆက် ကွန်ပျူတာနဲ့မှ အလုပ်လုပ်နေကြရတဲ့ မိတ်ဆွေတို့အတွက် မိမိစက်ကို ရိုရိုသေသေနဲ့ နည်းစနစ်ကျကျကိုင်တွယ်ပြီး ကျွန်တော် ဖော်ပြပေးမဲ့ လုပ်ဆောင်ချက်အနည်းငယ်ကို လိုက်နာပြီး ဆောင်ရွက်သွားမယ်ဆိုရင် သင့်ရဲ့ စက်ဟာ အရင်ကထက် အနည်းငယ် လျင်မြန်မှုရှိလာမယ်ပါလိမ့်မယ်။

မိတ်ဆွေတို့အနေနဲ့ လုပ်ဆောင်ရမဲ့အချက်အချို့ကတော့ စက်သုံပြီးဖြစ်စေ ၊ မသုံးခင်ဖြစ်စေ C Cleaner နဲ့ အရင်ဆုံး Clean and Analyze လုပ်ပါ။ C Clenaer အသုံးပြုရခြင်းအကြောင်းကတော့ နောက်ကွယ်မှာရှိတဲ့ Program တွေနဲ့ Cache ထဲမှာ Run နေတဲ့ Program တွေကို ရှင်းပစ်စေချင်တဲ့ အတွက်ကြောင့်ပါ။

နောက်တစ်ဆင့်ကတော့ Disk - Difgrament လုပ်ပေးပါ။ ဒီလိုလုပ်ရခြင်းအကြောင်းကတော့ File တွေအစီအစဉ်တကျ ဖြစ်သွားစေဖို့ပါ။

Software များကို Download လုပ်ရန် ဒီနေရာကို နှိပ်ပါ။

အထက်ပါ  Software တွေကို အသုံးပြုပြီး Difgrament နှင့် Clean လုပ်နေချိန်မှာ မိမိရဲ့စက်မှာ ဘာမှ အသုံးမပြုတာ အကောင်းဆုံးပါ။

အားလုံးအဆင်ပြေကြပါစေ..


Please Like Our Facebook Here

Thank You !
Aung Ko Htet

လက်တွဲကူညီခြင်း



ဗာဂျီးနီးယား တက္ကသိုလ် နှင့် ၀စ်ကွန်စင် တက္ကသိုလ်တို့၏ သိပံ္ပနည်းအရ လေ့လာတွေ့ရှိချက်များအရ "လက်တွဲကူညီခြင်း" သည် သာမန်လူသားတိုင်းရဲ့  အလွယ်တကူ လုပ်ဆောင်ချက် ဖြစ်ပြီး တစ်ဦးနှင့် တစ်ဦး လက်တွဲထားခြင်းက စိတ်ဖိစီးမှု ဒဏ်ကို လျော့နည်းစေတယ်လို့ လေ့လာတွေ့ရှိရပါတယ်။

Dr. James Conan ရဲ့ လေ့လာတွေ့ရှိချက်အရ ...

" လူတစ်ဦးနှင့်တစ်ဦး လက်တွဲထားခြင်းသည် ထိုသူနှစ်ဦးတွင်ဖြစ်ပေါ်နေသော စိတ်ဖိစီးမှုကို ဖြစ်ပွားစေသည့် အလုပ်မျာအား အနည်းငယ် လျော့နည်းသွားစေပါတယ်။ "

Written By Aung Ko Htet

Ref: dyknow


Please Like Our Facebook Here

Thank You !
Aung Ko Htet

Thursday, January 22, 2015

Android Game တွေကို ကွန်ပျူတာပေါ်မှာ ကစားကြမယ်


အခုချိန်မှာ ရေပန်းအစားဆုံး Online Game တစ်ခုဖြစ်တဲ့ COC ကို လူတိုင်းသိကြမှာပါ။ လူတိုင်းရဲ့လက်ထဲမှာလဲ Game ကစားလို့ကောင်းတဲ့ Smart Phone တစ်လုံးကလည်း ရှိပြီးသားဖြစ်မှာပါ။ Phone မှာ Game ကစားရင်း  အချိန်ကြလာတာနဲ့အမျှ ဖြစ်ပေါ်လာတဲ့ စက်ပူခြင်း၊ ဘက်ထရီကုန်ခြင်းတွေဖြစ်ပေါ်လာရင် အရမ်းပဲ စိတ်သောကရောက်ကြရပါတယ်။ အချို့ Phone တွေကျတော့ လည်း Game အကြီးကြီးတွေ ကစားဖို့အတွက် ဖုန်းရဲ့ Firmware Version က မနိုင်ဘူးလေ။ အဲ့ဒီအခါမှာ မိမိမှာ ဖုန်းရှိရဲ့သားနဲ့ လူအများလို application စုံစုံကို စမ်းသပ်ခွင့်မရကြတော့ဘူးပေါ့။ ဒီအတွက် အဆင်ပြေစေမဲ့နည်းလမ်းလေးကို ကျွန်တော်မျှဝေပေးလိုက်ပါတယ်။ အဲ့ဒါကတော့ Phone application , Game များကို မိမိရဲ့ ကွန်ပျူတာပေါ်မှာ စမ်းသပ် နိုင်မဲ့ ဆော့ကစားနိုင်မဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ်။

Android Application ကို Window ပေါ်မှာ ဆော့ကစားဖို့ဆိုတာ ဒီအတိုင်းတော့ မရနိုင်ဘူးလေ။ အဲ့ဒီတော့ ကျွန်တော်တို့ Android Application ကို Window ပေါ်မှာ Run နိုင်အောင် Android Emulator ကိုတော့ Window ထဲမှာ Install လုပ်ထားဖို့လိုအပ်ပါတယ်။ Android Emulator တွေဖြစ်တဲ့ Andy , YouWave နဲ့ Bluestack တို့ကို အောက်က Link တွေမှာ Download လုပ်နိုင်ပါတယ်။

ဒီ Software သုံးခုထဲက ကျွန်တော်နဲ့ အဆင်ပြေတဲ့ Software ကတော့ Bluestack Android Emulator ပါ။ ဒီ Software ကို Download လုပ်ပြီးရင်တော့ ကွန်ပျူတာ မှာ Run လိုက်ပါ။ Run ပြီးရင်တော့တစ်ခုတည်း သုံးလို့မရသေးပါဘူး။ Data တွေကို ထပ်ပြီး Download လုပ်ပေးရပါသေးတယ်။ ပြီးရင်တော့ 1Mobile Market Application လေးကို Bluestack ထဲကနေ Install လုပ်လိုက်ပါ။ ပြီးရင်တော့ 1 Mobile Market ထဲကနေ COC ကို ရှာပြီး Download လုပ်ပြီး ကစားနိုင်ပါပြီ။

ကျွန်တော်တင်ပေးထားတဲ့ Software သုံးခုထဲမှာ Youwave ကလွဲလို့ အခြား Software နှစ်ခုက တန်းပြီး install လုပ်လိုက်ရုံပါပဲ။ You Wave ကတော့ Crack File ပါတဲ့အတွက်ကြောင့် Crack လုပ်ပြီး အသုံးပြုစေချင်ပါတယ်။

Software များ Download လုပ်ရန်

Download Here


အဆင်မပြေမှုများရှိပါက Comment ဖြင့်ဖြစ်စေ aungkohtet@mmitknowledge.com သို့ဖြစ်စေ Mail ပို့ပြီး ပြောကြားနိုင်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

Aung Ko Htet

ဂရိဒဏ္ဍာရီကဆင်းသက်လာသော Englishစာလုံးများ




ဂရိဒဏ္ဍာရီကိုစိတ်ဝင်စားတဲ့ စာဖတ်ပရိတ်သတ်တွေများရှိပါသလား?
ကျွန်တော်ကတော့ ဂရိဒဏ္ဍာရီကိုအရမ်းစိတ်ဝင်စားပါတယ်။
အဲဒါကြောင့်လည်းဂရိဒဏ္ဍာရီကို အခါအခွင့်သင့်တိုင်းလေ့လာလေ့
ရှိပါတယ်။ အခုတော့ဂရိဒဏ္ဍာရီကဆင်းသက်လာတဲ့ Englishစာလုံးများကို ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်။

(1)Atlas = ကောင်းကင်ဘုံကြီးကို ပုခုံးနဲ့ထမ်းထားဖို့ အပြစ်ပေးခံထားရသော Titan တစ်ကောင်

Atlas = မြေပုံများပါဝင်သောစာအုပ်။ မြေပုံစာအုပ်။

(2)Clotho = Clotho ဆိုတာကတော့ မွေးဖွားခြင်း၊သေဆုံးခြင်းစသည်တို့ကို ချုပ်ကိုင်တဲ့ဂရိနတ်ဘုရားမတစ်ပါးပါ။Zeus နဲ့ Themis တို့ရဲ့သမီးတော်ပါ။ လူသားတွေရဲ့အသက်ချည်မျှင်ကိုဗိုင်းငင်သလိုထိန်းချုပ်တယ်လို့ ဒဏ္ဍာရီကဆိုပါတယ်။

Cloth = အ၀တ်အစားများ

(3)Chronos =အချိန်ထိန်းသိမ်းစောင့်ရှောက်သည့်နတ်ဘုရား

Chronology= သမိုင်းဝင်ဖြစ်ရပ်များကို ခေတ်ကာလသတ်မှတ်သည့်ပညာရပ်။ ဖြစ်စဉ်များကို
ကာလအလိုက်စဉ်ထားသည့် စာရင်း။

(4)Erôs =အချစ်နှစ်လိင်ပိုင်းဆိုင်ရာကိုကိုယ်စားပြုသည့်နတ်ဘုရား

Erotic =ကာမရာဂနှိုးဆွသော။ Sexyဖြစ်သော။

(5)Hypnos =အိပ်စက်ခြင်းနတ်ဘုရား

Hypnosis = စိတ်ညှို့ခြင်း၊ အိပ်မွေ့ချခြင်း

(6)Hêlios =သစ္စာတရားကိုစောင့်ရှောက်သောနေနတ်ဘုရား

Heliotrope= နေဘက်လှည့်ပွင့်တတ်သော ခရမ်းရောင်အပင်တစ်မျိုး

(7)Muses = စာပေ၊အနုပညာစသည်တို့ကို စောင့်ရှောက်သောနတ်ဘုရား။

Musical= တေးဂီတနှင့်ဆိုင်သော

(8)Narcissus = သူ့ပုံဏ္ဍာန်ကိုသူ့ဘာသာပြန်ချစ်ခင်နှစ်သက်နေသော နတ်ဘုရား။

narcissism =မိမိကိုယ်ကိုအချစ်လွန်ခြင်း

(9)Nectar =နတ်ဘုရားများသောက်သုံးသော အဖျော်ယမကာတစ်မျိုး။

Nectarr=ပန်းဝတ်ရည်

(10)Nymph =အပင်များနှင့်တိရစ္ဆာန်များကိုစောင့်ရှောင့်ရသော နတ်ဘုရားထက်အဆင့်နိမ်သည့်အမျိုးသမီးငယ်များ။

nymph = အမျိုးသမီးငယ်

(11)Ôkeanos =ကမ္ဘာမြေကြီး၏ ရေချိုးများမြစ်ဖျားခံရာ Oceanusမြစ်ကိုစောင့်ရှောက်သော နတ်ဘုရား။

Ocean= သမုဒ္ဒရာ

(12)Typhon =မိစ္တာများ၏ဖခင်။

typhoon = တိုင်ဖုန်းမုန်တိုင်း

(13)Zephyrus =လေကိုစောင့်ရှောက်သောနတ်ဘုရား

zephyr = လေပြေလေညှင်း

ဗဟုသုတတိုးပွားကြပါစေ။

Credit to မိုးရှင်း (I.M.T)

Knowledge Bank 


Aung Ko Htet (MM IT Knowledge)

Tuesday, January 13, 2015

ဓမ္မဒူတ အရှင်ဆေကိန္န ဟောကြားတော်မူအပ်သော ဘ၀ဖြောင့်ကြောင်း တစ်စေ့တစ်စောင့် တရားတော် အပိုင်း ၁ မှ ၁၃၀ အထိ (အစအဆုံး)



တရားနာရတာ ၀ါသနာပါတဲ့ မိတ်ဆွေတို့အတွက် Cherry FM တွင် အပိုင်းဖြင့် ဟောကြားသွားသော ဓမ္မဒူတ အရှင်ဆေကိန္န ဟောကြားတော်မူအပ်သော ဘ၀ဖြောင့်ကြောင်း တစ်စေ့တစ်စောင့် တရားတော် အပိုင်း ၁ မှ ၁၃၀ အထိ (အစအဆုံး) ကို Media Fire ကနေ တင်ပေးလိုက်ပါတယ်။ တိုက်ရိုက် နားထောင်နိုင်ပါတယ်။

အရင်က တစ်ပိုင်းချင်းစီ တင်ပေးဖူးပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုး ကြောင့် အပြီးထိ မတင်ပေးခဲ့မိပါဘူး။ အခုချိန်မှာတော့ အားလုံး အတွက်အဆင်ပြေအောင် အစအဆုံးနာနိုင်အောင်လို့ တင်ပေးလိုက်ပါတယ်။

Download လုပ်လို့ အဆင်မပြေခဲ့ရင် Comment ပေးခဲ့ပါဗျာ။

အောက်က Link ကနေ တိုက်ရိုက်နာလို့ ရသလို Download လုပ်ပြီးလည်း နာနိုင်ပါတယ်။

>>> Download Here <<<

Aung Ko Htet