Powered by Blog - Widget

Friday, June 13, 2014

နိုင်ငံတကာ နဲ့ မတူတဲ့ မြန်မာနိုင်ငံရဲ့ အင်တာနက် ဆိုင်ရာ အိုင်တီ ဖွံ့ဖြိုး တိုးတက် ပြောင်းလဲမှု



Aung Ko Htet (MM IT Knowledge)


နိုင်ငံတကာမှာ ကြည့်လိုက်မယ် ဆိုရင် အင်တာနက် အခြေခံ အိုင်တီ ဆိုင်ရာ လုပ်ငန်းနဲ့ ဝန်ဆောင်မှု တိုးတက်မှုက နည်းလမ်း တစ်ခု ဖြစ်ပြီး မြန်မာပြည်မှာက နည်းလမ်း တစ်ခု ဖြစ်ပါတယ်။ နိုင်ငံတကာမှာက ကွန်ပြူတာ ဆိုတာ စတင်ပေါ်ပေါက် ပါတယ်။ ပြီးရင် ကွန်ပြူတာ ကနေ အခြေခံလို့ အင်တာနက် အသုံးပြုခြင်း ဖြစ်ပေါ်လာပြီး ပြီးတော့မှ မိုဘိုင်းဖုန်း အခြေခံ အင်တာနက် အသုံးပြုခြင်း ဖြစ်လာ ပါတယ်။

မြန်မာပြည်မှာ ကျတော့ အားလုံး မြင်ကြ တွေ့ကြတဲ့ အတိုင်း မိုဘိုင်းဖုန်း ကနေ အင်တာနက် အသုံးပြုမှုက တစစ နဲ့ အရေအတွက် ပိုများ လာပြီး ကွန်ပြူတာ နဲ့ အသုံးပြုမှု အရေအတွက် တိုးတက် မှုက နောက်ကနေ လိုက်ပါတယ်။ ဒါဟာ မိုဘိုင်းဖုန်းက ကွန်ပြူတာ များထက် ဈေးနှုန်း သက်သာမှု ကြောင့် ဖြစ်ပြီး တည်ရှိပြီးသား အင်တာနက် ကွန်ရက်ကို မိုဘိုင်းဖုန်း အတွက် ဖွင့်လှစ် ပေးခဲ့ ခြင်းကြောင့် ပြောင်းလဲတိုးတက်မှုက နိုင်ငံတကာနဲ့ မတူပဲ မိုဘိုဖုန်း ကနေ စတင်ခြင်း ဖြစ်ပါတယ်။

ဒီတော့ နည်းပညာ ဆိုင်ရ ကုမ္ပဏီများ အနေနဲ့ ဝဘ်ဆိုဒ်တွေ ဖန်တီးတဲ့ အခါ မိုဘိုင်း ဗားရှင်း ကို အဓိကထားပြီး ဖန်တီးရမှာဟာ အဓိကချက် တစ်ခု ဖြစ်ပါတယ်။ 'ကျနော်တို့ ဆိုရင် မိုဘိုင်း ဖုန်း ကနေ ကြည့်လိုရမယ့် ဝဘ်ဆိုဒ်ကို ဖန်တီးပြီးပြီ။ နောက်ထပ်ခြေလှမ်း အနေနဲ့ မိုဘိုင်း Application' လုပ်ဖို့ ကြိုးစားနေပါတယ်' လို့ www.motors.com.mm မှ မာကဲတင်း မန်နေဂျာ ဖြစ်သူ ကိုအောင်ခမ်းက ရှင်းလင်း ဖြေကြား ပေး ပါတယ်။ သတင်း မီဒီယာ များ အနေနဲ့လည်း www.news-eleven.com တို့လို သတင်းမီဒီယာ ကြီးတွေအောင် မိုဘိုင်းဖုန်း Application ကို ဖန်တီးခဲ့ကြပြီး မီဒီယာ ဈေးကွက်ကို ရယူလာတာကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။

မိုဘိုင်းမှာတောင် Android OS အခြေခံ ဖုန်းများကို အသုံးများပြီး iOS ကလည်း အရေအတွက် တိုးလာ နေပါတယ။် ဒါကြောင့်မို့ ပထမဆုံး ခြေလှမ်းအနေဲ့ ဝဘ်ဆိုဒ်ကို responsive template ဖြစ်အောင် ပြုလုပ်ပြီး ဒုတိယ ခြေလှမ်း ကတော့ ဖုန်း Application များ ဖန်တီးရန် ဖြစ် ပါတယ်။ မိုဘိုင်း App များကို အခမဲ့ ပြုလုပ်လို့ရသလို၊ ငွေကြေးပေး ပြုလုပ်ရင်လည်း ၅ သိန်းက စလို့ အစစ ဈေး ရှိကြောင်း သိရ ပါတယ်။


Aung Ko Htet (Myanmar IT Knowledge)

ဆိုရှယ်မီဒီယာပေါ်မှာ အရောင်းအဝယ် လုပ်သင့်သလား



Aung Ko Htet (MM IT Knowledge)


ဆိုရှယ်မီဒီယာလို့ ဆိုပေမယ့် အများစု သိကြမှာက ဖေ့စ်ဘွတ်ပဲ ဖြစ်ပါတယ်။ ဖေ့စ်ဘွတ် ဆိုတဲ့ အရာကို အသုံးပြုနေတဲ့ မြန်မာလူမျိုးဟာ သန်းဂဏန်းအထိ ရှိလာနေပြီ ဖြစ်ပါတယ်။ တစ်ချိန်တုန်းက ဘာရယ်မဟုတ် အပျော်တမ်း သုံးကြ ပေမယ့် ယခုနောက်ပိုင်းမှာ Commercially အသုံးပြုလာကြတာကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။

ဥပမာ - ဖေ့စ်ဘွတ် ကနေ အရောင်းအဝယ် ပြုလုပ်ခြင်း၊ ဖုန်းနဲ့ အိုင်တီ ဆိုင်ရာ ဆက်စပ် ပစ္စည်း များကို ရောင်းဝယ်ဖို့ အတွက် တွေ့ဆုံ ပြောဆိုခြင်းတို့ ဖြစ်ပါတယ်။ ဒီတော့ ဖေ့်စဘွတ်ဟာ အများစု အားကိုးလာတဲ့ Platform တစ်ခု ဖြစ်လာ ပါတယ်။ ဒါ့အပြင် ယုံကြည်မှုကလည်း တိုးလာ သလို၊ Facebook အပေါ် ကိုးကွယ်မှုလည်း တိုးလာ ပါတယ်။ ဒါကြောင့်မို့ ဖေ့စ်ဘွတ် ကနေ မြင်သမျှ၊ တွေ့သမျှဟာ အားလုံး အမှန်တွေ ဖြစ်ပါတယ်။ ဟုတ်ပါတယ်လို့ လက်ခံ လာသူများ ရှိလာပြီး ကောလဟာလ ဆိုတာ အလွယ်တကူ လွင့်လို့ ရတဲ့ နေရာ တစ်ခု ဖြစ်လာ ပါတယ်။ အကြောင်း ကတော့ ယုံကြည်သူ များလာလို့ ဖြစ်ပါတယ်။ ယင်းသို့ ဖြစ်လာမှု က ဖေ့စ်ဘွတ်ကို လူနေမှု ဘဝ မိတ်ဆွေ အပေါင်းအသင်း များ တွေ့ဆုံ နှီးနှောရန် မဟုတ်ပဲ စီးပွားရေး ဆန်ဆန် အသုံးပြုလာခြင်း တို့ကြောင့် ဖြစ်ပါတယ်။ ဖြစ်လာမယ့် Side effect အမျိုးမျိုးကို သိထားလို့ အသုံးပြုတယ် ဆိုတာ ကောင်းပေမယ့် ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံတွေမှာ ဒါဟာ အခက်အခဲ ဖြစ်လာ နိုင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို အိုင်တီ ဆိုင်ရာ၊ အင်တာနက် ဆိုင်ရာ တွေးခေါ် သိမြင်မှု နည်းနေသေးတဲ့ နိုင်ငံမှာဆိုရင် ပိုလို့တောင် အန္တရာယ် ရှိလာ ပါတယ်။

ယင်း အကြောင်း အရာကို www.motors.com.mm ရဲ့ MPNA ပွဲ တစ်ခုမှာ ကိုအောင်ခမ်းက မျှဝေ သွားခြင်း ဖြစ်ပါတ်။ ဒါကြောင့်မို့ မီဒီယာများ အနေနဲ့လည်း ယင်းနဲ့ ပက်သက်လို့ အသိပညာ ပေးခြင်း၊ ဗဟုသုတ ပေးခြင်းတို့ကို ပြုလုပ်နေကြောင်း www.yoyarlay.com မှာ အယ်ဒီတာ မှလည်း မျှဝေသွားခဲ့ ပါတယ်။ ဒါကြောင့်မို့ အိုင်တီနဲ့ ဆိုရှယ်မီဒီယာ ဆိုင်ရာ အခြေခံတဲ့ ဗဟုသုတ များကို ကိုယ်တိုင် လေ့လာ ထားရန် လိုအပ် ပါသေးတယ်။ 


Aung Ko Htet (Myanmar IT Knowledge)

Tuesday, June 10, 2014

နံနက်အိပ်ယာမှ နိုးနိုးချင်း လေ့ကျင့်ခန်းလုပ်ခြင်းနှင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူး



Aung Ko Htet (MM IT Knowledge)
 
နံနက် အိပ်ယာမှနိုးလျှင် ကျောများ တောင့်တင်းခြင်း၊ ခြေထောက်နာ ခြင်းနှင့် အခြားသော ကိုယ်ခန္ဓာ အစိတ်အပိုင်းများ နာကျင်မှုကို ဖြစ်စေပါသည်။

ယင်းတို့ကို ဖြေလျော့ပြီး ပေါ့ပါးသည့် ကိုယ်ခန္ဓာ ရရှိစေရန် အောက်ပါ လေ့ကျင့်ခန်းများကို အိပ်ယာထဲ၌ပင် ပြုလုပ်နိုင်ပါသည်။

(၁) အိပ်ယာပေါ်တွင် ပက်လက်အနေ အထားဖြင့် ဒူးနှစ်ဖက်ကို ထောင်ပါ။ ခန္ဓာကိုယ်ကို ညာသို့စောင်းပါ။ ပြီးလျှင် ဘယ်သို့ လှိမ့်၍စောင်းပါ။ (၁၀)ကြိမ် ပြုလုပ်ပါ။

(၂) ပက်လက် အနေအထားတွင် လက်နှစ်ဖက်ကို ဘေးမှာ ခပ်လျော့လျော့ ကပ်ထားပြီး ခြေထောက်နှစ် ဖက်ကို မျက်နှာကျက် ဆီသို့ မတင်ပါ။ (၁၀)စက္ကန့်ထားပါ။ ဤအနေအထား အတိုင်း (၁၀)ကြိမ်ပြုလုပ်ပါ။ သတိပြု ရန်မှာ ခြေဖျားကို ဖြေလျော့ ထားပါ။ ခြေချောင်းများကို ချွန်မထားပါနှင့် ခြေသလုံး ကြွက်တတ်တက်သည်။

(၃) ပက်လက်နေ၍ ခြေတစ်ဖက်၏ ဒူးကို ရင်ညွှန့်အထိကွေးချပါ။ စက္ကန့် (၂၀)ခန့်ထားပါ။ ဤနည်းဖြင့် ညာဒူး၊ ဘယ်ဒူး ပြောင်းပြီး တစ်ဖက်ကို (၃)ကြိမ်ပြုလုပ်ပါ။

(၄) အိပ်ယာပေါ်တွင် ပက်လက်အနေ အထားဖြင့် ဒူးနှစ်ဖက်ကို ထောင်ပါ။ လက်နှစ်ဖက်ကို မိမိအိပ်သည့် ခေါင်းရင်းဖက် ဖြည်းဖြည်း ဆန့်ထုတ်ပါ။ (၁၀)ကြိမ်ပြုလုပ်ပါ။

(၅)ပက်လက် ဆန့်အိပ်ပြီး ညာခြေကို ဖြည်းဖြည်းချင်း ညာဘက်ကို ဆန့်ထုတ်ပါ။ ညာဘက်ပြီးလျှင် ဘယ်ဘက် ခြေထောက်ကို အလားတူပြု လုပ်ပါ။ခြေထောက်ကို ဆန့်ထားဖို့ မမေ့ပါနှင့်။

ထုံးစံအတိုင်း တစ်ဖက်ကို (၁၀)ကြိမ်ပြုလုပ်ပါက တစ်ညတာ မာကြောတောင့်တင်းနေသော အကြောများ ပြေလျော့သွားမည်မှာ အသေချာပင်ဖြစ်ပါသည်။

Page ၀န်ဆောင်မှုပေးခြင်း မှ ပြန်လည်မျှဝေပါသည်။

Credit to ဆေးပညာရပ်ဆိုင်ရာဆောင်းပါးများ

ရုတ်တရက် လေဖြတ်ခံရသောလူနာကို အမြန်ကယ်ဆယ် ကုသနည်း



Aung Ko Htet (MM IT Knowledge)
 
(၁) လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သော နေရာမှ ရွှေ့ပြောင်းသယ်မခြင်း မပြုရပါ။

ထိုသို့ချက်ခြင်းရွှေ့ပြောင်းသယ်ဆောင်ပါက ကားဆောင့်ခြင်း အစရှိသော
လှုပ်ရှားခြင်း ဒဏ်များကြောင့် ဦးနှောက် သွေးကြောငယ်များကို လျှင်မြန်စွာ ပေါက်ကွဲစေပြီး လူနာ၏ အခြေအနေကို ပိုဆိုးစေပါသည်။ ထို့ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။

(၂) လူနာကိုဖြစ်သည့် နေရာတွင်ပင် အသာ,ထူမပေးပြီး ပြန်လဲ မကျအောင် အသာမှေးပြီး ထိုင်စေရပါမည်။

လူနာကိုယ်တိုင် မထိုင်နိုင်ပါက ဘေးမှတစ်ဦးက ထူမပေးထားပါ။ ပြီးနောက် ပိုးသတ်ထားသော ဆေးထိုးအပ် (သို့) လက်အပ်ဖြင့် လူနာ၏လက်ချောင်း ဆယ်ချောင်း ထိပ်ဖျားများကို (ပဲစေ့ခန့်) သွေးတစ်စက်စီ ထွက်လာအောင် ဖောက်ပေးပါ။ ဖောက်ရုံမျှဖြင့် သွေးမထွက်ပါက လက်ဖြင့် ညှစ်ထုတ်ပေးပါ။ ထိုသို့ သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း လူနာပြန်လည် သတိရ လာပါလိမ့်မည်။

(၃) လူနာပါးစပ် ရွဲ့သွားပါက လူနာ၏ နားရွက်နှစ်ဖက်ကို နီလာသည်အထိ လက်ဖြင့် ပွတ်သပ်ပေးပါ။

နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့် နေရာ) ကို ပိုးသတ် ထားသောအပ်ဖြင့် တစ်ဖက်လျှင် နှစ်ပေါက်စီ ဖောက်ပေးပါ။ နားရွက်နှစ်ဖက် လုံးမှ (ပဲစေ့ခန့်) သွေးနှစ်စက်စီ ထွက်လာပြီး မိနစ်ပိုင်းအတွင်း ရွဲ့နေသောပါးစပ် ပြန်တည့် သွားပါလိမ့်မည်။

(၄) ထိုအခြေအနေ ရောက်သည်အထိ ပြုစုပြီးမှ ဆေးရုံ၊ ဆေးပေးခန်းသို့ ခေါ်သွားစေလိုပါသည်။

ထိုအခြေအနေရောက်အောင် စောင့်ပြီးမှ ဆေးကုသခံစေပါက
(၁) အကြောသေခြင်း
(၂) ကိုယ်တစ်ခြမ်းသေခြင်း
(၃) ခြေလက်လှုပ်မရခြင်း
(၄) စကားမပီသခြင်း စသည်တို့ လုံးဝမဖြစ်နိုင်တော့ပါ။

လက်တွေ့ ပျောက်ကင်း သက်သာ စေသောနည်း ဖြစ်ပါသည်။ လေဖြတ်ခြင်း ဝေဒနာမှ ကင်းဝေးစေရန် အတွက် ကုသိုလ်ပြုလိုက်ပါသည်။ တရုတ်ပြည်မှ ပေးပို့သော တရုတ်ရိုးရာ ဆေးကျမ်းမှ တိုက်ရိုက် ဘာသာပြန်ဆိုထား ပါသည်။

Page ၀န်ဆောင်မှုပေးခြင်း မှ ပြန်လည်မျှဝေပါသည်။

Credit to Original Writer



 

ကမ္ဘာ့ အကြီးဆုံး ၀င်းဒိုးဖုန်းဖြစ်လာသည့် Wistron Tiger



Aung Ko Htet (MM IT Knowledge)
 
ထိုင်ဝမ် အခြေစိုက် Wistron Corporation က Computex 2014 နည်းပညာပြပွဲ တွင် Wistron Tiger ဟု အမည် ရသည့် အရွယ်အစားကြီးမားသော ၀င်းဒိုးဖုန်းကို ပြသလိုက်ပါသည်။ ထွက်ရှိပြီး သမျှဝင်းဒိုးဖုန်းများတွင် အရွယ်အကြီးဆုံး ဖြစ်ပြီး ၆.၄၅ လက်မ Full HD Screen တပ်ဆင်ထားသည့် Phablet ဖုန်းဖြစ်ပါသည်။ မျက်နှာပြင် ၏ Resolution မှာ 1080x1920 ဖြစ်ပါသည်။ Quad-Core Snapdragon 800 Processor တပ်ဆင်ထားပြီး အလူမီနီယမ် ကိုယ်ထည် ဖြင့် ဖုံးအုပ်ထားပါသည်။

Wistron Tiger သည် နမူနာ ပုံစံသာဖြစ်ပြီး Navigation Button နှင့် Camera Button တို့ မပါရှိပါ။ အခြား ထုတ်လုပ်သူက နမူနာပုံစံကို ဆက်လက်တည်ဆောက်ပြီး ရောင်းတန်းဝင် အဆင့် ရောက်စေရန် ပြုလုပ်ရမည် ဖြစ်သည်။

Taipei International Information Technology Show ဟုလည်း ခေါ်သည့် Computex သည် ထိုင်ဝမ် တွင် နှစ်စဉ် ကျင်းပလေ့ရှိသည့် ကွန်ပြူတာ နှင့် အီလက်ထရောနစ် ပြပွဲ ဖြစ်ပါသည်။ ယခုနှစ်တွင် ဇွန်လ (၃) ရက်နေ့မှ စတင်ခဲ့ပြီး (၇) ရက်နေ့တွင် ပြပွဲ ပြီးဆုံးမည် ဖြစ်သည်။

ref: သူရ

Samsung က Galaxy Tab 4 Nook ကို ကြေညာ



Aung Ko Htet (MM IT Knowledge)
 
Samsung က Barnes&Noble နှင့် ပူးပေါင်းပြီး Galaxy Tab 4 Nook ဟု အမည်ရသည့် တက်ဘလက် အသစ်ကို ကြေညာလိုက်ပါသည်။ ဈေးသက်သာသည့် တက်ဘလက် ဖြစ်ကြောင်း သိရပါသည်။

Hardware အပိုင်းတွင် ဧပြီလတွင် ကြေညာခဲ့သော Samsung Galaxy Tab 4.7 နှင့် ဆင်တူပါသည်။ ခုနစ်လက်မအရွယ် 1280x800 Pixels Resolution Display , 1.2GHz Quad-Core Processor, 1.5GB RAM တပ်ဆင်ထားပါသည်။ အလေးချိန်မှာ ၂၇၆ ဂရမ် ဖြစ်ပြီး MicroSD Card အသုံးပြုနိုင်ပါသည်။ Internal Storage ကို ကြေညာခြင်း မရှိသော်လည်း Galaxy Tab 4.7 တွင် 8GB နှင့် 16GB နှစ်မျိုးထည့်သွင်းထားပါသည်။

Galaxy Tab 4 Nook သည် ဆော့ဝဲ အပိုင်းတွင် Galaxy Tab 4.7 နှင့် ကွာခြားပြီး ကိုယ်ပိုင် User Interface ကို အသုံးပြုထားပါသည်။ ထို့အတွက် အမေရိကန် စာအုပ် အရောင်းဆိုင် ဖြစ်သည့် Barnes&Noble ၏ သုံးသန်းကျော်သော စာအုပ်များ ၊ မဂ္ဂဇင်းများ ၊ သတင်းစာများကို အလွယ်တကူ ကြည့်ရှု ၀ယ်ယူနိုင်မည် ဖြစ်သည်။ သို့သော် Android ၏ စွမ်းဆောင်ချက်အချို့ပါရှိမည် မဟုတ်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။ ယခင် Nook မျိုးဆက် တက်ဘလက် တွင် Google Play Store အသုံးပြုနိုင်သည့် အတွက် Galaxy Tab 4 Nook တွင်လည်း ထည့်သွင်းပေးနိုင်ပါသည်။

ကုမ္ပဏီ နှစ်ခုက Samsung Galaxy Tab 4 Nook ကို အမေရိကန် တွင် သြဂုတ်လ အစောပိုင်း ၌ ရောင်းချမည် ဟု မျှော်လင့်ရပါသည်။ ဈေးနှုန်းကို မသိရှိရသေးပါ။ Galaxy Tab 4.7 ၏ ဈေးနှုန်း ဖြစ်သည့် ဒေါ်လာ နှစ်ရာ အောက်ဖြင့် Galaxy Tab 4 Nook ကို ရောင်းချမည် ဖြစ်သည်။

Barnes&Noble က Samsung နှင့် တက်ဘလက် ထုတ်လုပ်သော်လည်း သူ၏ e-reader ထုတ်လုပ်သည့် လုပ်ငန်းကို ဆက်လက်လုပ်ကိုင်မည် ဟုပြောပါသည်။

ref: သူရ

အင်တာနက်အမြန်နှုန်း 4 Mpbs မှ 6 Mbps အထိ အသုံးပြုနိုင်ရန်Telenor Myanmar မှ စီစဉ်


Aung Ko Htet (MM IT Knowledge)
 
၂၀၁၄ခုနှစ် ဇွန် (၂)ရက်နေ့တွင် Telenor Myanmar အနေဖြင့် စတုတ်္ထအကြိမ်မြောက် net Monday အစီအစဉ်ကို Telenor House တွင် ကျင်းပခဲ့သည်။ အဆိုပါ ပွဲအခမ်းအနားတွင် ဦးဆောင် ဆွေးနွေးသူများ အဖြစ် Microsoft ကုမ္ပဏီမှMr. Alvin Chua Telenor Myanmar မှ CEO ဖြစ်သူMr. Petter Furberg နှင့် CMO Mr.Sharad Mehrotra တို့ ပါဝင်ခဲ့ကြသည်။


စတုတ္ထအကြိမ်မြောက် net Monday တွင် “ ကမ္ဘ့အင်တာနက် ” ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့ပြီး နည်းပညာ ကျွမ်းကျင်သူလူငယ် (၁၅၀) ကျော် တက်ရောက်ခဲ့သည်။ “ကမ္ဘ့လူဦးရေ၄.၁ဘီလီယံ ဟာဆိုရင် အခုအချိန်အထိအင်တာနက်ချိတ်ဆက်မှု မရရှိသေးပါဘူး။ ဒါပေမယ့် ၂၀၁၇ခုနှစ် အရောက်မှာပဲ
အဲဒီလူဦးရေတွေထဲက (၁)ဘီ လီယံဟာ အင်တာနက်အသုံးပြုနိုင်မှာပါ။ အင်တာနက် အသုံးပြုသူ များအနက် ၂၅ရာခိုင်နှုန်းဟာမိုဘိုင်းလ်ကနေတစ်ဆင့် အင်တာနက် အသုံးပြုသူတွေပါ” ဟု Telenor Myanmar မှ တာဝန်ရှိသူတစ်ဦး ကပြောကြားခဲ့သည်။Telenor Myanmar အနေဖြင့် 3G ကွန်ရက်အသုံးပြု သူများအတွက် အင်တာနက်အမြန်နှုန်းကို700Mbps မှ 7 Mbps အထိ သုံး စွဲနိုင်ရန် ၀န်ဆောင်မှုပေး သွားမည်ဖြစ်ပြီး အင်တာနက်အသုံးပြုသူနည်းပါးသောအချိန်ကာ လများတွင် 4 Mbps
မှ 6Mbps အထိ ၀န် ဆောင်မှုပေးသွားရန် စီစဉ်ထားရှိသည်။


ထို့အပြင် 2G ကွန်ရက်အသုံး ပြုသူများအတွက် 100Kpbs မှ 150Kbpsအထိ အသုံးပြုနိုင်ရန် ၀န်ဆောင်မှုပေးသွားမည်ဖြစ်သည်။ နောက်ပိုင်းကာလများတွင် မိုဘိုင်းလ်ဈေးကွက်အတွင်း LTE စနစ် ပါဝင်သော မိုဘိုင်းလ်ဖုန်းအသုံးပြုမှုအရေအတွက် မြင့်မားလာ သည်နှင့် တစ်ပြိုင်နက် 4G LTE ၀န် ဆောင်မှုကို Telenor Myanmar မှ သတင်း ထုတ်ပြန်ထားရှိကြောင်း
သိရှိရ သည်။ 


ref:  အောင်ရဲကျော်

Android တွင် Bump , iBeacon တို့နှင့် ဆင်တူသည့် နည်းပညာ ထည့်သွင်းမည်




Aung Ko Htet (MM IT Knowledge)


Google က Bump App ၏ စွမ်းဆောင်ချက် ကို Android တွင် ထည့်သွင်းမည် ဖြစ်ပြီး Neary စွမ်းဆောင်ချက် ဟု အမည်ပေးထားပါသည်။ Android Police ၏ အဆိုအရ Nearby ကို မကြာမီတွင် Google Play Service အနေဖြင့် Android Device များတွင် ထည့်သွင်းပေးမည် ဟု သိရပါသည်။ Nearby သည် Android Device များကြားတွင် သတင်းအချက်အလက်များ အလွယ်တကူ Share လုပ်နိုင်မည်ဖြစ်သည်။ ထို့အပြင် စတိုးဆိုင်များတွင် ဈေးဝယ်သည့်အခါတွင်လည်း Discount အစီအစဉ်များ နှင့် ကူပွန်များကို ဖုန်းမှ လက်ခံရရှိမည် ဖြစ်သည်။

အနီးအနားတွင် ရှိသော Android Device များကြားတွင် သတင်းအချက်အလက်များ လွယ်ကူစွာ ပေးပို့ရယူနိုင်သည့် စွမ်းဆောင်ချက်မှာ Bump App နှင့် ဆင်တူပါသည်။ Bump App ကို Google က ၂၀၁၃ ခုနှစ် စက်တင်ဘာလ တွင် ၀ယ်ယူခဲ့ခြင်း ဖြစ်ပါသည်။ Bump ၏ CEO ဖြစ်သူ David Lieb က သူတို့ အဖွဲ့သည် Google ၏ စီမံကိန်းများတွင် ပူးပေါင်းမည် ဟု ယခုနှစ် ဇန်န၀ါရီလ တွင် ပြောကြားခဲ့ပါသည်။

Bump သည် Android Phone နှစ်လုံး ကို ထိတွေ့ရုံဖြင့် Contact Information, Photos, Videos, Apps, Files များကို လွယ်ကူစွာ Share လုပ်နိုင်ခြင်း ဖြစ်ပါသည်။ ဖုန်းနှစ်လုံး တွင် Bump App ကို ဖွင့်ထားရမည် ဖြစ်ပြီး ညင်သာစွာ ထိတွေ့ပေးသည်နှင့် Bump က ဖိုင်များကို ပေးပို့မည် ဖြစ်သည်။

Google ၏ Nearby စွမ်းဆောင်ချက်သည် Apple ၏ iBeacon နည်းပညာ နှင့် ဆင်တူပါသည်။ သဘောတရားမှာ စတိုးဆိုင် အနီးအနားတွင် ရောက်ရှိသည်နှင့် ဖုန်းသည် စတိုးဆိုင်တွင် တပ်ဆင်ထားသည့် Beacon Device နှင့် WiFi or Bluetooth တို့ဖြင့် ချိတ်ဆက်မည် ဖြစ်သည်။ ထို့နောက်တွင် လျှော့ဈေးများ၊ ကူပွန်များကို ရောက်ရှိနေသည့် တည်နေရာ အလိုက် ပြသပေးမည် ဖြစ်သည်။

Google က Nearby စွမ်းဆောင်ချက် ကို ဇူလိုင်လ တွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် Google I/O Conference တွင် ကြေညာမည် ဟု မျှော်လင့်ရပါသည်။

ref : သူရ

တစ်တိုင်လျှင်သိန်း (၂,၀၀၀)တန်ကြေးရှိ မိုဘိုင်းလ် တာဝါတိုင် (၁၀)တိုင် MPT မှ တိုးချဲ့တည်ဆောက်(၇.၆.၂၀၁၄)



Aung Ko Htet (MM IT Knowledge)

 GSM စခန်း (၁၈) ရုံးနှင့် WCDMA စခန်း(၃) ရုံးသာရှိသော ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်း မြန်မာ့ ဆက် သွယ်ရေးနှင့်သတင်း အချက်အလက်နည်းပညာဝန်ကြီးဌာနမှ GSM မိုဘိုင်းလ်တယ်လီ ဖုန်းတာဝါတိုင် (၁၀) တိုင်ကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ၊ တာချီ လိတ်နှင့် မိုင်းဆတ် ခရိုင်မြို့များတွင် ၂၀၁၃ ခုနှစ်နိုဝင်ဘာလမှစတင်၍ တိုးချဲ့တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ကျိုင်းတုံ၊ ကတ်တောင်၊ လွယ်မွေ၊ တာချီလိတ်၊ ပါခုတ်၊ တာလေ၊ ၀မ်ပုံ၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆက်၊ မိုင်းတုံ၊မိုင်းပျဉ်၊ အစရှိသော မြို့ (၁၃)မြို့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် နှစ်သိန်းတန် GSM ၁၅,၂၄၅ လုံး၊ ၀န်ထမ်းများအတွက် အရစ်ကျစနစ်ဖြင့် ၂,၅၉၂ လုံး၊ ကျေးလက်ဒေသအရစ်ကျစနစ်ဖြင့် ၅,၃၀၁ လုံးရောင်းချပေးခဲ့ သည်။ ထို့အပြင် ငွေကျပ် ၁၅၀၀ တန်တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်းအလုံး ရေ ၃၆,၂၀၀ နှင့် သက်ပြည့်ပင်စင်စားများအတွက် WCDMA အလုံး ရေ ၂,၀၀၀ ကိုရောင်းချပေးခဲ့ ပြီဖြစ်သောကြောင့်ဖုန်း အသုံးပြုမှုများ ပြားလာပြီး ဆက်သွယ်ရေးလိုင်းများ ပိုမိုလွယ်ကူကောင်းမွန်စေ ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝါတိုင် (၁၀) တိုင်ထပ်မံတိုးချဲ့ တည်ဆောက်သွားမည်ဖြစ်သည်။


တာဝါတိုင်တစ်တိုင်လျှင် မိုဘိုင်းလ် ဖုန်းလိုင်းအင်အား ၃၀၀၀ သုံးစွဲမည်ဖြစ်သည်။ တာဝါတိုင်တစ်တိုင်လျှင် အမြင့်ပေ (၄၀) မီတာ ရှိပြီး အဆိုပါ တာဝါတိုင်တစ်တိုင်၏ ခန့်မှန်းတန်ဖိုးမှာမြန်မာပြည်ငွေသိန်း  ၂,၀၀၀ ရှိ ၍ စုစုပေါင်း သိန်း ၂၀,၀၀၀ ကုန်ကျမည်ဖြစ်သည်။ 


ref: စိုးမင်းဦး

၂၀၁၄ ကမ္ဘာ့ဖလား တွင် Goal-Line နည်းပညာ ကို အသုံးပြုမည်



Aung Ko Htet (MM IT Knowledge)
 
ဖီဖာ က ၂၀၁၄ ကမ္ဘာ့ဖလား တွင် Goal-Line နည်းပညာ ကို ပထမဆုံး အသုံးပြုမည် ဟုသိရပါသည်။ အဆိုပါ နည်းပညာ သည် ဘောလုံး က ဂိုးစည်း ကို ကျော်သွားလျှင် အလိုအလျှောက် သိရှိနိုင်ပါသည်။ ဂျာမန် ကုမ္ပဏီ GoalControl ၏ နည်းပညာ သည် အခြား ကုမ္ပဏီများ ထက် ပိုမိုကောင်းမွန် လျှင်မြန်ပြီး တိကျသည် ဟု သိရပါသည်။

ဖီဖာ က GoalControl ၏ နည်းပညာ ကို ၂၀၁၃ FiFA Confederations Cup Brazil တွင် စမ်းသပ်သုံးစွဲခဲ့ပြီး ဂိုးများ ကို တိကျစွာ ဆုံးဖြတ်နိုင်ခဲ့သည် ဟု ပြောပါသည်။ ဖီဖာ က ဂိုးစည်း နည်းပညာ ကုမ္ပဏီ လေးခု မှ GoalControl ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။ GoalControl ၏ စနစ် တွင် 4D နည်းပညာ နှင့် ကင်မရာ ၁၄ လုံး ကို အသုံးပြုမည် ဖြစ်ပြီး ကင်မရာ ခုနစ်လုံး က ဂိုးများ ကို တိကျစွာ စောင့်ကြည့် ဆုံးဖြတ်ပေးမည် ဖြစ်သည်။

GoalControl ၏ နည်းပညာ သည် ဘောလုံး ဂိုးစည်းထဲ ၀င် ၊မ၀င် ကို တိကျစွာ တိုင်းတာပေးနိုင်သည် ဟု GoalControl မှ တာဝန်ရှိသူ Rolf Dittrich က ပြောပါသည်။ ဘောလုံး ဂိုးစည်းထဲသို့ ၀င်သွားလျှင် ဒိုင်လူကြီး ၏ လက်ပတ်နာရီ မှ အချက်ပြမှု ရရှိမည် ဖြစ်ပြီး ဂိုးမ၀င်လျှင် အချက်ပေးမှု မရရှိဘဲ ပွဲကို ဆက်လက် ကစားရမည် ဖြစ်သည်။

ကင်မရာများ က ဘောလုံး ကို ရိုက်ကူးထားသည်များ ကို စွမ်းဆောင်ရည်မြင့် ကွန်ပြူတာ သို့ ပေးပို့မည် ဖြစ်ပြီး ဘောလုံး ၏ လှုပ်ရှားမှု ကို ပုံဖော်မည် ဖြစ်သည်။ သို့သော် ကစားသမားများ ၊ ဒိုင်လူကြီးများ နှင့် အခြား အရာဝတ္ထုများ သည် ပုံဖော်မှုတွင် ချန်လှပ်ထားမည် ဖြစ်သည်။

ဒိုင်လူကြီးများ ၏ နာရီ တွင် ထည့်သွင်းထားသည့် Circuit နည်းပညာ ကို ဂျာမန် တက္ကသိုလ် Fraunhofer မှ တီထွင်ထားခြင်း ဖြစ်ပါသည်။ ယခုအချိန်တွင် ဂိုးဝင်လျှင် Goal ဆိုသည့် စာသား ကိုသာ ဖော်ပြနိုင်သော်လည်း အနာဂတ်တွင် အချိန် နှင့် Timer များကို ထည့်သွင်းမည် ဖြစ်သည်။

၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးကွင်းများ သည် အင်တာနက် ချိတ်ဆက်နိုင်သည့် Connected Stadiums များ ဖြစ်လာပြီဖြစ်သည်။

GoalControl ရဲ့ အလုပ်လုပ်ပုံ ကို အောက်က ဗီဒီယို မှာ လေ့လာနိုင်ပါတယ်။

https://www.youtube.com/results?search_query=goalcontrol

ref: သူရ

Microsoft က Kinect မပါသည့် Xbox One ကို ရောင်းပြီ



Aung Ko Htet (MM IT Knowledge)

Microsoft က မကြာမီက ကတိပေးခဲ့သည့်အတိုင်း Kinect မပါသည့် Xbox One ကို ရောင်းချပေး လိုက်ပြီဖြစ် သည်။ Kinect သည် လှုပ်ရှားကစားရသည့်ဂိမ်းများကစားရန် နှင့် Xbox One ကို လှုပ်ရှားမှု ၊ အသံများဖြင့် ခိုင်းစေနိုင်သည့် Sensor ဖြစ်ပါသည်။ Kinect မပါသည့် Xbox One ကို ဒေါ်လာ လေးရာ ဖြင့် စတင်ဝယ်ယူနိုင်ပြီဖြစ်သည်။ Kinect ပါသည့် Xbox One ကို ဒေါ်လာ ငါးရာ ဖြင့် ဆက်လက်ရောင်း ချမည် ဖြစ်သည်။

Sony ၏ PlayStation 4 ဂိမ်းစက်များသည် Xbox One ထက်ရောင်းအားကောင်းနေသောကြောင့် Microsoft က ရောင်းအားမြှင့်တင်ရန် Kinect မပါသည့် Xbox One ကို ရောင်းချပေးခြင်း ဖြစ်သည် ဟု ကျွမ်းကျင်သူများ က သုံးသပ်ပါသည်။ ဧပြီလတွင် Sony က ဂိမ်းစက် အလုံးရေ ခုနစ်သန်းရောင်း ချပြီးကြောင်း ကြေညာခဲ့ပြီး Microsoft က ဂိမ်းစက် အလုံးရေ ငါးသန်းရောင်း ချပြီးကြောင်း ကြေညာ ခဲ့ပါသည်။ Xbox One ကို စတင်ရောင်းချစဉ်က ဈေးနှုန်းမှာ ဒေါ်လာ ငါးရာ ဖြစ်ပြီး PS4 ၏ ဈေးနှုန်း မှာ ဒေါ်လာ (၃၉၉) ဖြစ်သည့်အတွက် PS4 ကို ပိုမိုဝယ်ယူကြခြင်းလည်း ဖြစ်နိုင်ပါသည်။

Microsoft က Kinect Sensor ကို ငွေကြေးမြောက်မြားစွာ ဖြင့် တီထွင်နေသော်လည်း Xbox One ကို Kinect နှင့် တွဲဖက်ရောင်းချသည့် အစီအစဉ်မှာ အောင်မြင်ခြင်းမရှိခဲ့ဟု ကျွမ်းကျင်သူများ က သုံးသပ်ပါသည်။ Sony က Kinect နှင့် စွမ်းဆောင်ရည် တူညီသည့် PlayStation Camera ကို (၅၉) ဒေါ်လာဖြင့် သီးခြားရောင်းချခြင်း ဖြစ်ပါသည်။ စားသုံးသူများ က ဈေးနှုန်းကိုသာ အဓိက ကြည့်ရှုပြီး ၀ယ်ယူသည့်အတွက် Xbox One ၏ ရောင်းအားမှာ PS4 ကို မယှဉ်နိုင်ခြင်း ဖြစ်သည် ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။

ယခုမူ Sensor များကို ဖယ်ရှားရောင်းချကြသည့်အတွက် အနာဂတ်တွင် Sensor များ၏ အခန်းကဏ္ဍမှာ မည်သို့ ဖြစ်လာမည် ဆိုသည်မှာ စိတ်ဝင်စားစရာ ကောင်းပါသည်။ ဂိမ်းတီထွင်သူများကလည်း Sensor များ၏ စွမ်းဆောင်ချက်များကို ဂိမ်းတွင်ထည့်သွင်းရေးဆွဲရန် စဉ်းစားရခက်မည် ဖြစ်သည်။

ref: သူရ

ကမ္ဘာတစ်လွှားမှ IQ အရည်အသွေး မြင့်မားလှသည့် လူသိထင်ရှားပုဂ္ဂိုလ် (၁၀)ဦး



Aung Ko Htet (Myanmar IT Knowledge)

ကမ္ဘာပေါ်တွင် သက်ဆိုင်ရာ နယ်ပယ်ကဏ္ဍအလိုက် ထင်ရှားကျော်ကြားသူများ၊ အောင်မြင်နေသူများ၊ လူသိထင်ရှား Celebrity အများစုသည် မိမိတို့၏ လုပ်ငန်းတာဝန်များ၊ ဖန်တီးမှုများအပေါ် ထဲထဲဝင်ဝင်၊ နှစ်နှစ်ကာကာ စိတ်ဝင်တစား မြှုပ်နှံခဲ့ကြသူများ ဖြစ်ကြသည်။
ထို့အပြင် အနုပညာ၊ စီးပွားရေး၊ နည်းပညာ နယ်ပယ်အသီးသီးတွင် ဘွဲ့အမြောက်အမြား ရရှိထားသူများ၊ ဘာသာစကား အမျိုးမျိုးကို ကျင်လည်စွာ တတ်မြောက် ပြောဆိုနိုင်သူများ၊ ဇာတ်ညွှန်းတစ်ခုမျှကို ခေတ္တမျှ ဖတ်ရှုရုံဖြင့် စွဲမြဲစွာမှတ်မိနေတတ်သူများ အစရှိသဖြင့် ဉာဏ်ရည်နှင့် ပတ်သက်သော ထူးခြားသည့် စွမ်းရည်ကောင်းများ ပိုင်ဆိုင်ထားသည့် နာမည်ကျော်များလည်း ရှိနေသည်။ ယင်းသို့သော Celebrity များ၏ ဉာဏ်ရည်ထက်မြက်မှု အတိုင်းအတာ (IQ)ကိန်းဂဏန်းများသည် ပါရမီရှင်အဆင့်မျှထိ မြင့်မားနေလေ့ရှိသည်။
ပျမ်းမျှအားဖြင့် သာမန်လူတစ်ဦး၏ IQ ပမာဏကို (၁၀၀)ဝန်းကျင်ဟု သတ်မှတ်လေ့ရှိပြီး ယင်းထက်မြင့်မားလေ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှုအပိုင်းတွင် ပိုမိုပြည့်ဝထူးချွန်လေဖြစ်သည်။ (၁၄၀)အထက်ကိုမူ ပါရမီရှင်ဟု သတ်မှတ်လေ့ရှိသည်။
နယ်ပယ်အသီးသီးမှ ထင်ရှားကျော်ကြားသည့် လုပ်ငန်းရှင်နှင့် အနုပညာရှင် အချို့တို့တွင်လည်း IQ အဆင့်သတ်မှတ်ချက် မြင့်မြင့်များ ပိုင်ဆိုင်ထားကြရာ ယင်းတို့အနက် (၁၀)ဦးကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

၁၀။ နစ်ကိုးလ်ကစ်ဒ်မန်း



ကစ်ဒ်မန်း၏ ဉာဏ်ရည်ထက်မြက်မှုသည် မိဘများထံမှ အမွေဆက်ခံ ရရှိခဲ့သည်ဟု ဆိုနိုင်မည် ဖြစ်သည်။ ဟောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ မိဘနှစ်ပါးသည် သုတေသန ပရောဂျက်တစ်ခုအတွက် အမေရိကန်သို့ ပြောင်းရွှေ့လာသည့် သုတေသီများ ဖြစ်ကြပြီး ကစ်ဒ်မန်းကို ဟာဝိုင်ယီရှိ ဟိုနိုလူလူတွင် မွေးဖွားခဲ့သည်။

ကစ်ဒ်မန်း၏ ဖခင်သည် ဇီဝဓာတုသိပ္ပံပညာရှင် တစ်ဦးဖြစ်ပြီး ကစ်ဒ်မန်းကမူ ဖခင်၏လမ်းစဉ်ကို မလိုက်ဘဲ အနုပညာနယ်ပယ်တွင် အောင်မြင်မှုများ ရှာဖွေရယူနိုင်ခဲ့သည်။ လက်ရှိတွင် မင်းသားကိတ်သ်အာဘန်နှင့် လက်ထပ်ထားသည့် ဟောလိဝုဒ်ကြယ်ပွင့်သည် ကလေးဘဝငယ်ရွယ်စဉ်ကတည်းက အနုပညာလောကသို့ စတင်ခြေချ ဝင်ရောက်လာသူလည်း ဖြစ်သည်။

သူမ၏ IQ အဆင့်မှာ (၁၃၂)အထိရှိပြီး ဗစ်တိုရီးယား အနုပညာကောလိပ်နှင့် ဩစတြေးလျ လူငယ်များ ပြဇာတ်ရုံတို့တွင် ပညာသင်ယူ ဆည်းပူးခဲ့ဖူးသည်။

ကစ်ဒ်မန်းသည် အကောင်းဆုံး မင်းသမီးဆုအတွက် အော်စကာဆုရရှိခဲ့ဖူးပြီး ဖြစ်သလို UNICEF ၏ နှလုံးလှသံတမန်တစ်ဦးအနေဖြင့် ပရဟိတလုပ်ငန်းများတွင်လည်း ကူညီဆောင်ရွက်လျက်သည်။ ကစ်ဒ်မန်းသည် အမျိုးသမီးများ အကြမ်းဖက်ခံရမှု အခြေအနေများကို ကမ္ဘာက ပိုမိုအာရုံစိုက်လာအောင် တက်တက်ကြွကြွ နှိုးဆော်စည်းရုံးနေသူ တစ်ဦးလည်း ဖြစ်သည်။

၉။ ကီဗင်စပေဆီ



IQ အဆင့် (၁၃၇)အထိ ရှိနေသည့် စပေဆီ အနေဖြင့် ငယ်စဉ်ကျောင်းသားဘဝကတည်းက ပညာရည်ထူးချွန်ပြီး ကျောင်းအတွက် ကိုယ်စားပြုရသည့် အဆင့်မျိုး သတ်မှတ်ခံခဲ့ရခြင်းမှာ မဆန်းကြယ်လှချေ။

ဟောလိဝုဒ်၌ တော်လှန်ဆန်းသစ်သော အမြင်ရှိသည့် သရုပ်ဆောင်တစ်ဦး ဖြစ်ခဲ့သလို ဘရော့ဒ်ဝေး ပြဇာတ်နယ်ပယ်တွင်လည်း အောင်မြင်မှုများ ရရှိခဲ့သည်။

ဟောလိဝုဒ်တွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ စွဲစွဲမြဲမြဲ ဖြတ်သန်းခဲ့ပြီးနောက် လန်ဒန်အခြေစိုက် Old Vic ပြဇာတ်ကုမ္ပဏီ၌ အနုပညာဖန်တီးမှုဆိုင်ရာ ဒါရိုက်တာအဖြစ် စာချုပ်ခဲ့သည်။

စပေဆီသည် ၎င်း၏ ဉာဏ်ရည်မြင့်မားမှုကို သရုပ်ဆောင်၊ ဒါရိုက်တာ၊ ပရိုဂျူဆာနှင့် စာရေးဆရာ နယ်ပယ်များ၌ ရပ်တည်ရင်း လက်တွေ့ပြသခဲ့သူဖြစ်သည်။

၈။ နာတာလီပို့တ်မန်း



ဟားဗတ်တက္ကသိုလ်မှ ဘွဲ့ရခဲ့သူတစ်ဦးကို ရုပ်ရှင်ရိုက်ကွင်းများတွင် အခြေချရပ်တည်ပြီး ထူးထူးခြားခြား အောင်မြင်နေသည့် အခြေအနေမျိုး များများစားစား မျှော်လင့်နိုင်မည် မဟုတ်ချေ။
ပို့တ်မန်းသည် ယင်းကဲ့သို့ ရှားပါးစာရင်းဝင် မင်းသမီးတစ်လက်ဖြစ်ပြီး (၂၀၀၃)ခုနှစ်က ဟားဗတ်မှ စိတ်ပညာအထူးပြုဘွဲ့ကို ရရှိထားခဲ့သည်။ ထို့အပြင် Black Swan ဇာတ်ကားတွင် အကောင်းဆုံး ဦးဆောင်သရုပ်ဆောင်ရင်း အော်စကာဆု၊ ရွှေကမ္ဘာလုံးဆုများကို သိမ်းကျုံးရရှိထားခဲ့သည်။
ဆရာဝန်တစ်ဦးနှင့် အနုပညာရှင်တစ်ဦးတို့ ပေါင်းဖက်ရာမှ မွေးဖွားလာသည့် အစ္စရေးသူ၏ IQ အဆင့်သတ်မှတ်ချက်သည် (၁၄၀)အထိ ရှိနေသည်။

ပို့တ်မန်းသည် ဟီးဘရူးနှင့် အင်္ဂလိပ်စကားများကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ပြီး စပိန်၊ ဂျပန်၊ ဂျာမန်နှင့် ပြင်သစ် ဘာသာစကားများကိုပါ လက်ပွန်းတတီး လေ့လာသင်ယူထားသူ ဖြစ်သည်။

“ကျွန်မက ရုပ်ရှင်စတားတစ်ယောက် ဆိုတာထက် ပိုပြီးတော့ စမတ်ကျချင်ပါတယ်”ဟု ပြောဆိုဖူးသည့် ပို့တ်မန်းအနေဖြင့် ပညာရေးတွင်လည်း အမှန်တကယ် ထူးချွန်သူတစ်ဦးဆိုသည်မှာ ယုံမှားစရာမရှိချေ။

၇။ မက်ဒေါနား



တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အယ်လ်ဘမ်ချပ်ရေ ကော်ပီပေါင်း သန်း(၃၀၀)ကျော် ရောင်းချပြီး သည့်နောက် Material Girl စတားအဆိုတော်သည် အထင်ကရ ဂီတကြယ်ပွင့် တစ်ဦးအဖြစ် ခိုင်ခိုင်မာမာ မှတ်ကျောက်တင်နိုင်ခဲ့ပြီး ဖြစ်သည်။

သူမ၏အသံနှင့် သူမ၏အလှအပတို့ကို ဘေးဖယ်လိုက်လျှင်ပင် မက်ဒေါနား၌ အထူးတလည် အသိအမှတ်ပြုရမည့် အရည်အသွေးကောင်းတစ်ခု ကျန်ရှိနေသေးသည်။ ယင်းမှာ သူမ၏ IQ အဆင့်ဖြစ်သည်။

မက်ဒေါနားသည် IQ အဆင့် (၁၄၀)အထိ ရှိနေသူဖြစ်ပြီး ငယ်စဉ်က မစ်ချီဂန်တက္ကသိုလ်တွင် အကပညာကို ဆည်းပူးသင်ယူနေရာမှ တစ်ဝက်တစ်ပျက်ဖြင့် ကျောင်းထွက်ခဲ့ ရပြီးနောက် မျှော်လင့်ချက် အိပ်မက်များကို လက်တွေ့အကောင်အထည်ဖော်ရန်အတွက် နယူးယောက်သို့ စွန့်စားထွက်ခွာလာခဲ့သည်။

မက်ဒေါနားသည် သီချင်းအယ်လ်ဘမ် (၁၂)ခုထိ ထုတ်ဝေဖြန့်ချိခဲ့ပြီး ဖြစ်သလို ဖက်ရှင်အမှတ်တံဆိပ်များ၊ ရေမွှေးအမှတ်တံဆိပ် အမျိုးမျိုးတို့ကို ထုတ်လုပ်ခြင်း အပါအဝင် စီးပွားရေးလုပ်ငန်းအချို့ကိုပါ စီမံကိုင်တွယ်ပြီး အောင်မြင်မှုများ ရရှိနေသည်။

၆။ ဟီလာရီကလင်တန်



ပါရမီရှင်အဆင့် IQ သတ်မှတ်ချက်မျိုး ပိုင်ဆိုင်သူများထဲတွင် အမေရိကန်သမ္မတ ကတော်ဟောင်းနှင့်   နှင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီကလင်တန်သည်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။

လွှတ်တော်အမတ်ဘဝမှသည် သမ္မတလောင်းနေရာထိ နိုင်ငံရေးနယ်ပယ်တွင် အမျိုးမျိုးအဖုံဖုံ ကျင်လည်ခဲ့သော ကလင်တန်သည် IQ အဆင့် (၁၄၀)အထိ ရှိနေသူ တစ်ဦးဖြစ်သည်။

ချီကာဂိုတွင် မွေးဖွားသည့် ကလင်တန်သည် ကျောင်းသူ မိန်းကလေးငယ် ဘဝကတည်းက ရည်မှန်းချက် ကြီးကြီးမားမား ထားရှိခဲ့သည်။

နိုင်ငံရေးနယ်ပယ်ကို သူမဘဝ၏ တက်လမ်းအဖြစ် အခိုင်အမာ မရွေးချယ်မီက ကလင်တန်သည် အာကာသယာဉ်မှူးတစ်ဦး ဖြစ်လာရန်အတွက် NASA တွင် အလေးအနက် ချိတ်ဆက်ကြိုးစားခဲ့ဖူးပြီး ထိုစဉ်က အမျိုးသမီးအာကာသယာဉ်မှူးများ ရွေးချယ်ရန် အစီအစဉ်မရှိသေးဟု NASA က ပြန်ကြားခဲ့၍သာ ကလင်တန်တစ်ယောက် အာကာသဟင်းလင်းပြင်ထဲ ရောက်မနေဘဲ လွှတ်တော်အဆောက်အ အုံထဲ ရောက် လာခဲ့ခြင်းဖြစ် သည်။

၅။ စတိဗ်မာတင်



Father of the Bride နှင့် Pink Panther ကဲ့သို့ ရုပ်ရှင်များတွင် ဆံပင်ဖြူဖြူနှင့် သရုပ်ဆောင် မာတင်၏ ရယ်ရွှင်ဖွယ်ဇာတ်ရုပ်များကို တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။ မာတင်သည် ရုပ်ရှင်ပိတ်ကားပေါ်တွင် ပရိသတ်များ တွေ့မြင်ရသည့် ပုံရိပ်မျိုးထက် ပိုမိုနက်နဲသော နောက်ခံဖြတ်သန်းမှုများ ရှိနေသူဖြစ်သည်။
၎င်းသည် လောင်းဘိခ်ျရှိ ကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ်တွင် စိတ်ပညာအထူးပြုအဖြစ် ပညာသင်ယူခဲ့ပြီး ထို့နောက်တွင်မူ ပရိသတ်များကို ပျော်တော်ဆက်သည့် ဟာသဇာတ်ဆောင်တစ်ဦး၏ ဘဝကို ခံယူခဲ့သည်။

ထူးခြားချက်မှာ မာတင်သည် MENSA ခေါ် နိုင်ငံတကာမှ IQ အဆင့်အတန်း အလွန်မြင့်မားသူများ စုဖွဲ့ထားသည့် အစည်းအရုံးမှ အသင်းဝင်တစ်ဦး ဖြစ်နေခြင်းပင်။ ၎င်း၏ IQ အဆင့်သည် (၁၄၂)အထိ ရှိနေကြောင်း သိရသည်။

မာတင်သည် အောင်မြင်သည့် ဟာသဇာတ်ဆောင်တစ်ဦးအပြင် ပြဇာတ်ရေးဆရာ၊ စာရေးဆရာဘဝများကိုပါ ခံယူထားပြီး ကမ္ဘာ့အဆင့် ဘင်ဂျိုတူရိယာပညာရှင် တစ်ဦးအဖြစ်လည်း သတ်မှတ်ခံထားရသည်။

၎။ ရှရွန်စတုန်း



IQ အဆင့် မယုံနိုင်လောက်စရာ မြင့်မားနေသည့် နောက်ထပ် ဟောလိဝုဒ် ကြယ်ပွင့်တစ်ဦးအဖြစ် စတုန်းကို ညွှန်းဆိုရမည် ဖြစ်သည်။ သူမ၏ IQ အဆင့်မှာ (၁၅၄)ဖြစ်သည်။
မျက်လုံးပြာပြာများနှင့် မင်းသမီးသည် စက်ရုံအလုပ်သမားတစ်ဦး၏ သမီးအဖြစ် ဘဝကို အစပြုခဲ့သော်လည်း အသက်(၁၅)နှစ်အရွယ်တွင် ပင်ဆယ်လ်ဗေးနီးယားရှိ အီဒင်ဘိုရိုတက္ကသိုလ်မှ စကောလားရှစ် ရရှိသည်အထိ ပညာရေးတွင် ထူးချွန်ခဲ့သည်။

တက္ကသိုလ်တွင် ဖန်တီးရေးသားမှု အတတ်ပညာနှင့် ပန်းချီအနုပညာ ဘာသာရပ်များကို သင်ယူခဲ့ပြီး ဇွဲနပဲကြီးသည့် ကျောင်းသူလေးတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။

ထို့နောက်တွင်မူ ပင်ဆယ်လ်ဗေးနီးယား အလှမယ်ပြိုင်ပွဲ၌ သရဖူဆောင်းခဲ့ ပြီးနောက် မော်ဒယ်လော ကသို့ ခြေချဝင်ရောက်လာပြီး ထိုမှတစ်ဆင့် ဟောလိဝုဒ်ကြယ်တစ်ပွင့် မွေးဖွားလာခဲ့သည်။

Total Recall နှင့် Basic Instinct ဇာတ်ကားများတွင် ပြောင်မြောက်စွာ သရုပ်ဆောင်ခဲ့သည့် မင်းသမီးသည် အီတလီစကားကိုလည်း လည်လည်ပတ်ပတ် ပြောဆိုတတ်သူ တစ်ဦးဖြစ်သည်။

၃။ ကွန်တင်တာရန်တီနို



အထက်တန်းပညာရေးမျှ သင်ယူပြီး ကျောင်းထွက်ခဲ့သူတစ်ဦး ဖြစ်သော်လည်း တာရန်တီနိုသည် ဉာဏ်ရည်အရ IQ အဆင့် (၁၆၀)အထိ ပိုင်ဆိုင်ထားသူ ဖြစ်သည်။
တစ်နည်းအားဖြင့် ကမ္ဘာပေါ်တွင် ဉာဏ်ရည်ဉာဏ်သွေး သတ်မှတ်ချက် အမြင့်ဆုံးပုဂ္ဂိုလ်များအနက် တစ်ဦးအဖြစ် ယူဆနိုင်သည်။

တစ်ချိန်က သရုပ်ဆောင်သင်တန်းများ တက်ရောက်ခဲ့ဖူးသော်လည်း မိမိ၏ စိတ်အာရုံကို နှစ်နှစ်ကာကာ ဖမ်းစားနိုင်သော နယ်ပယ်သည် စာရေးခြင်းနှင့် ရုပ်ရှင်ဒါရိုက်တာ အလုပ်များသာဖြစ်ကြောင်း ရှာဖွေ တွေ့ရှိလာခဲ့သည်။

စိတ်ကူးစိတ်သန်း ကောင်းမွန်သော်လည်း မိခင်ကို ကြောက်ရွံ့နေရလေ့ရှိသည့် လူငယ်လေးတစ်ဦးသည် ယခုအခါ ရုပ်ရှင်လောက၏ ထူးချွန်သော ပဲ့ကိုင်ရှင် ဒါရိုက်တာတစ်ဦးအဖြစ် ရပ်တည်နေပြီ ဖြစ်သည်။ ၎င်း၏ Pulp Fiction ဇာတ်ကားသည် အကောင်းဆုံး ဖန်တီးမှုလက်ရာတစ်ခုအဖြစ် ဟောလိဝုဒ် ရုပ်ရှင်ဝေဖန်ရေး ပညာရှင်များနှင့် ပရိသတ်များက သတ်မှတ်ထားကြသည်။

၂။ ဘီလ်ဂိတ်စ်



ယနေ့အချိန် ဂိတ်စ်၏ ရပ်တည်နေမှုအရ ၎င်း၏ IQ အဆင့် (၁၆၀)အထိ ရှိနေသည်ဆိုသော အချက်သည် အံ့ဩစရာ အခြေအနေမျိုး မဟုတ်တော့ချေ။

Microsoft ၏ ပဲ့ကိုင်ရှင်ကြီးသည် ခေတ်သစ် ကွန်ပျူတာနည်းပညာလောကတွင် ဖန်တီးဆန်းသစ်မှု အမျိုးမျိုးဖြင့် ဦးဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

အချို့သော အထင်ကရပုဂ္ဂိုလ်ကြီး အချို့ကဲ့သို့ပင် ဂိတ်စ်သည်လည်း ပညာရေးဆုံးခန်းမတိုင်ဘဲ ဟားဗတ်တက္ကသိုလ်မှ ကျောင်းထွက်လာကာ Microsoft အတွက် ထဲထဲဝင်ဝင် မြှုပ်နှံခဲ့သည်။
ငယ်သူငယ်ချင်းတစ်ဦးဖြစ်သည့် ပေါလ်အလန်နှင့်အတူ (၁၉၇၅)ခုနှစ်တွင် ဂိတ်စ်က အစပြုတည်ထောင်ခဲ့သည့် Microsoft သည် ယခုအခါ ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး Software ကုမ္ပဏီကြီးအဖြစ် ရပ်တည်နေပြီ ဖြစ်သည်။

Microsoft၏ အောင်မြင်မှု အရှိန်အဝါကြောင့် ဂိတ်စ်သည်လည်း ကိုယ်ထူးကိုယ်ချွန် ချမ်းသာလာသည့် အသက်အငယ်ဆုံး ဘီလျံနာအဖြစ် အသက်(၃၁)နှစ်အရွယ်တွင် မှတ်တမ်းတင်နိုင်ခဲ့သည်။

၁။ ဂျိမ်းစ်ဝုဒ်စ်



ကောလိပ်ကျောင်းမှ ထွက်ခွာခဲ့ရသည့် အခြားသော IQ အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဝုဒ်စ်ကို ရွေးချယ်ရမည်ဖြစ်ပြီး ယခုဆောင်းပါးပါ (၁၀)ဦးတွင် အဆင့်အမြင့်ဆုံး IQ ပိုင်ရှင် အနေဖြင့်ပါ ညွှန်းဆိုရမည် ဖြစ်သည်။

ဝုဒ်စ်၏ IQ အဆင့်သည် (၁၈၄)အထိရှိပြီး အထက်တန်းကျောင်းသား ဘဝကတည်းက လော့စ်အန်ဂျလိစ်ရှိ၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သင်ရိုးတစ်ခုကို ဆည်းပူးနေခဲ့သည်။

အဲလ်ဘတ်အိုင်းစတိုင်း၏ IQ အဆင့် (၁၆၀)ထက် ပိုမိုမြင့်မားသော IQ အရည်အသွေးကို ပိုင်ဆိုင်ထားသူ တစ်ဦးအနေဖြင့် မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်တွင် ပညာသင်ယူရင်း သမားရိုးကျ သင်ကြားမှုများကို ငြီးငွေ့လာသည်မှာ မဆန်းချေ။ ထို့ကြောင့်လည်း ၎င်းသည် နိုင်ငံရေးသိပ္ပံပညာရပ်ကို အထူးပြုသင်ယူနေရာမှ ကျောင်းထွက်ပြီး သရုပ်ဆောင်နယ်ပယ်ထဲ ဝင်ရောက်ခဲ့သည်။

Ghost of Mississippi နှင့် Any Given Sunday ဇာတ်ကားများသည် ဝုဒ်စ်၏ လူသိများသော အနုပညာမှတ်တိုင်များ ဖြစ်ခဲ့ပြီး ၎င်း၏ ဉာဏ်ရည်ထက်မြက်မှုများက ဇာတ်ရုပ်အမျိုးမျိုးတွင် ပိုင်နိုင်စွာ သရုပ်ဆောင်ပြီး ပရိသတ်များကို လွှမ်းမိုးနိုင်သည့် အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နိုင်စေခဲ့သည်။

_THE RICHEST

Saturday, June 7, 2014

Samsung ရဲ့ Products အသစ် ဖြစ်တဲ့ Samsung Galaxy Tab S



Aung Ko Htet (MM IT Knowledge)

Samsung က product တစ်ခုထွက်ပြီးလို့မှ မကြာသေးဘူး နောက်ထပ် product ဘယ်အချိန်ထွက် လာမလဲဆိုတာကို Samsung ပရိတ်သက်တွေက အမြဲတမ်း မျှော်နေ တတ်နေပြီပဲဖြစ်ပါတယ်။ အခုတော့ စောင့်ရကြိုးနပ်အောင်လို့ Samsung ကတော့ Galaxy Tab S ကို ထုတ်လုပ်တော့ မှာပဲဖြစ် ပါတယ်။ ဒီ Tablet ကို Samsung အနေနဲ့ June 12 th ရက်နေ့မှ ထုတ်လုပ် ရောင်းချ မှာ ဖြစ်တယ်လို့ တရားဝင်ကြေညာ ထားတာပဲ ဖြစ်ပါတယ်။

ဒီ Tablet ရဲ့ အလေးချိန်ကတော့ 465 grams ရှိပြီး အတိုင်းအတာကတော့ 6.6 mm ရှိတယ်လို့ ဆိုပါတယ်။ Samsung Tab S ရဲ့ feature ဟာ ရုတ်တရက် ကြည့်လိုက်ရင် S5 နဲ့ တောင် ဆင်တူတယ် လို့  ထင်ရပါတယ်။ Tab S ရဲ့ အရောင်ကတော့ ကြေးနီ ရွှေအိုရောင်ဖြစ်ပါတယ်။


Samsung Galaxy Tab S ရဲ့ screen resolution က 2560 × 1600 ရှိပြီး Processor အနေနဲ့ Octa-core  Exynos 5240 ကိုအသုံးပြုထားပါတယ်။ Memory RAM ကတော့ 3 GB နဲ့ micro SD card 32 GB အထိ ထပ်တိုး အသုံးပြုနိုင်တဲ့ card slot ပါဝင်ပါတယ်။ Camera အနေနဲ့ back camera ကတော့ 8 MP အသုံးပြုထားပြီး front camera 2.1 MP နှင့် selfie unit ကိုလည်း ထည့်သွင်းပေးထားပါတယ်။
Android version 4.2.2 Kitkat ကို အသုံးပြုထားတဲ့ Galaxy Tab S ကို June လကုန်မှာ ၀ယ်ယူနိုင်တော့မှာပဲဖြစ်ပါတယ်။ ဒီ Samsung Galaxy Tab S ကတော့ sim card ထည့်ပြီး အသုံးပြုနိုင်မှာ မဟုတ်ပေမဲ့ wifi နဲ့ တော့ အင်တာနက် အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။

ref: arena

Aung Ko Htet (Myanmar IT Knowledge)




မြန်မာနိုင်ငံမှာ ခေတ်အစားအဆုံးနဲ့ ဖွံ့ဖြိုးတိုးတက်ဆုံးအရာ



Aung Ko Htet (MM IT Knowledge)


ကျွန်တော် ဒီခေါင်းစဉ် တပ်လိုက်လို့ အမျိုးမျိုး စဉ်းစားကြမယ်ဆိုတာ သေချာသလောက်ရှိပါ တယ်။  ခေတ်အစားဆုံးဆိုတဲ့အတွက်ကြောင့် အ၀တ်အစားလား ၊ မော်ဒယ်လား၊ ဒါမှမဟုတ် သတင်းလား ဆိုပြီးတွေးကြလိမ့်မယ်။ ဖွံ့ဖြိုးတိုးတက်ဆုံးဆိုတဲ့အတွက်ကြောင့် နည်းပညာလား၊ ဆက်သွယ်ရေးလား၊ ပညာရေးလား စသည်ဖြင့် အတွေးတွေ ကိုယ်စီဖြစ်သွားကြမယ်ဆိုတာ မလွဲဧကန်ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

တကယ်တော့ ကျွန်တော် ဆိုလိုချင်တဲ့အရာက ဒါတွေအားလုံးနဲ့သက်ဆိုင်ပါလိမ့်မယ်။ အဲ့ဒါဟာ ဘာလဲဆိုရင် ဝေဖန်ရေးပါ။ နေပါအုံး မင်းကရော ဒီစကားပြောရအောင် ဘယ်လောက်များ သိလို့လဲ လို့မေးကောင်းမေးနိုင်ပါတယ်။ ကျွန်တော်ပြန်ဖြေပါ့မယ်။ ဘာမှ မသိပါဘူး။ ဒါပေမဲ့ အမြင်မတော်တာလေးတော့ နည်းနည်း လေးပြောပါရစေ။

အိုကေ ဒါဆိုရင် နိုင်ငံရေးနဲ့ပဲ စလိုက်ရအောင်။ ၂၀၀၈ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတုန်းက အမေစု (ဒေါ်အောင်ဆန်း စုကြည်) အင်မတန်မှ ခေတ်စားပါတယ်။ လူချစ်လူခင်လည်း ပေါများပါတယ်။ အားလုံးက လည်း သူ့အပေါ်မှာ မျှော်လင့်ထားကြပါတယ်။ နောက်ဆုံး NLD ပါတီလည်း အနိုင်ရသွားရော ထွက်လာ လိုက်တဲ့ ဝေဖန်မှုတွေက များပြားလွန်းနေပါတယ်။ ဒေါ်စုက ဘာလိုတွေဖြစ်နေတာ။ ဘာတွေ လုပ်နေ တာနဲ့ မျိုးစုံလို့ပါပဲ။ နောက်ဆုံး ပြောရရင် ကုလားနဲ့တောင်ပေးစားခံ ရအောင် ကို ဝေဖန်ခဲ့ကြ ပါ တယ်။ နောက်မိုးစက်ဝိုင် နဲ့ အခု မေမြတ်နိုးအထိပါ ဒီဝေဖန်မှုတွေဟာ ဖြစ်နေပြန်ပါတယ်။ ကုန်ကုန်ပြောရရင်တော့  Facebook ပေါ်မှာ စာသားတစ်ခု ဓါတ်ပုံတစ်ခု တင်လိုက်ပြီဆိုတာနဲ့ ဘယ်သူ့ဆီက ကူးထားတာပါ။ ဘယ်က ပုံကြီးပါကွာဆိုပြီးဝေဖန်ခံနေရတဲ့သူတွေရှိနေပါတယ်။ ဒီဝေဖန်ရေးတွေဟာ ဘယ်လောက်ထိ သက်တမ်းကြာလဲ။ ဘယ်လောက်မှ မရှိပါဘူ။ တဒင်္ဂအတွင်းမှာပဲ ပြန်ပြီးပျောက်ကွယ်သွားပါတယ်။ ဒီလို အကျိုးမရှိတဲ့ ဝေဖန်မှုမျိုးကို ဘာအတွက်လုပ်နေကြလဲ ဆိုတာတော့ စဉ်းစားရခက်ပါတယ်။

ကျွန်တော်ကတော့ လူငယ်ဆိုတော့ လက်တွေ့ကိုပဲ အရင်းတည်ပြီး ပြောချင်ပါတယ်။ ကျွန်တော် တို့ တွေဒါမျိုးတွေလုပ်မေ့အစား လူတစ်ယောက်ကို မှုဒိတာ ပွားပြီး ကိုယ့်အလုပ်ကို လုပ်ကြမယ်ဆိုရင် ကိုယ့်အတွက်လည်း တိုးတက်နိုင်သလို အများအတွက်လည်း အကျိုးရှိစေ မယ်လို့ မျှော်လင့်မိပါတယ်။ အရင်တုန်းက ကိုယ့်အလုပ်ကို မလုပ်ပဲ ဝေဖန်နေခဲ့တာတွေကို အခုမှာ ပြန်ပြင်သင့် တဲ့အချိန် ကို ရောက်နေပြီ လို့ ထင်ပါတယ်။ ကျွန်တော်တို့ တွေ အခုချိန်လောက် ကတည်းက စပြီး ပြုပြင်ပြောင်းလဲ ထားမှသာ ကျွန်တော်တို့ရဲ့ နောင်လာနောက်သား သားသမီး ညီအစ်ကို မောင်နှမများခေတ်ရောက်တဲ့ အခါမှ သာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ အောင်မြင် မှုတွေကို ပိုက်ထွေးခွင့်ရတဲ့သူတွေဖြစ်လာမှာပါ။ 

Aung Ko Htet (Myanmar IT Knowledge)


စာမေးပွဲကျတယ် ဆိုတာဘာလဲ ?



Aung Ko Htet (MM IT Knowledge)

ဒီစကားဟာ ကျွန်တော်တို့ ငယ်ငယ်ကတည်း က ကြားဖူးခဲ့ကြတဲ့ စကားပါ။ ငယ်ငယ်တုန်းက စာမေးပွဲ ဖြေပြီး အောင်စာရင်းတွေထွက်တဲ့ အခါ အောင်လား ကျလား ဆိုပြီး မေးကြတယ်။ တကယ်တော့ အောင်တဲ့ သူတွေအနေနဲ့ နောက်တစ်တန်းကို တက်ရောက်သင်ကြားရတယ်ဆိုပေမဲ့ ကျတဲ့သူတွေအနေနဲ့ အောက်တစ်ဆင့်ကို ပြန်ပြီး ကျဆင်းသွားတာ မဟုတ်ပါဘူး။ (ဥပမာ ကိုယ်က ကိုးတန်းဆိုပါစို့ ကိုးတန်းစာမေးပွဲ ကျတဲ့အခါ ရှစ်တန်းကို ပြန်ဆင်းသွားရတာ မဟုတ်ပါဘူး။ ကိုးတန်းမှာ ပဲ နေခဲ့တာပါ။ ဒါဆို အရင်းပဲပေါ့)။

ဟုတ်ပါတယ်။ ကျွန်တော်တို့ ဘ၀မှာ ကျဆုံးမှုဆိုတာ လုံးဝမရှိပါဘူး။ ကိုယ်ဒီနေရာ တစ်ခုကို ရောက်လာခဲ့ဖို့ အများကြီး ကြိုးစားခဲ့ကြတယ်။ အဲ့ဒီ ကြိုးစားမှုနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေ အများကြီးရခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ရည်မှန်းချက်တွေ မအောင်မြင်သေးတာကို ကျရှုံးတယ်လို့ပြောလို့မရပါဘူး။ မဖြစ်သေးတာပဲ ရှိပါတယ်။ ဒီမဖြစ်သေးတဲ့အချိန်ကာလလေးအတွင်းမှာ ကိုယ်ရဲ့ အတွေ့အကြုံတွေက မဆုံးရှုံးသွားပါဘူး။
သောမတ်စ် အက်ဒီစင် ကပြောတယ်။ မီးသီးထဲမှာ ထည့်ဖို့ မီးစာကို သူရှာခဲ့တာ အကြိမ်တစ်သောင်းထက် မနည်းပါဘူး။ အဲ့ဒါကို သူပြောခဲ့တယ်။ သူအသုံးမကျလို့ မဟုတ်ပါဘူး။ အလုပ်မဖြစ်တဲ့မီးစာပေါင်း တစ်သောင်းကျော်ကို သူရှာဖွေတွေ့ရှိခဲ့တာပါလို့ ဆိုပါတယ်။

ဒီအတွက်ကြောင့် မိတ်ဆွေ သင်ဘယ်တော့မှ မကျရှုံးဘူးဆိုတာကို အမြဲတမ်း သတိရနေပါ။ သင့်ရဲ့ ကြိုးစားမှုတွေဟာ မဖြစ်သေးတာပဲရှိပါတယ်။ အဲ့ဒီမဖြစ်သေးတဲ့ ကြိုးစားမှုကို လက်လွှတ်အလျှော့မပေးပဲ ဆက်ပြီးကြိုးစားသွားပါက သင့်ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို မလွဲမသွေ စုပ်ကိုင်နိုင်မှာပဲဖြစ်ပါတယ်။

Aung Ko Htet (Myanmar IT Knowledge)

Friday, June 6, 2014

Adobe Page Maker 7.0 အသုံးပြုနည်း(Ebook)



အောင်ကိုထက် (Myanmar IT Knowledge)

ကျွန်တော့်ကို Facebook မှာ အစ်ကို တစ်ယောက်လာတောင်းသွားလို့ အခုမှ ကျွန်တော်ပြန်ရှာပြီး ဒီစာအုပ်လေးတင်ပေးလိုက်ပါတယ်။

Adobe Page Maker 7.0 သည် Adobe ကုမ္ပဏီမှ ထုတ်လုပ်သော Application Software ဖြစ်သည်။ Desk Top Publication (D.T.P) လုပ်ငန်းတွင်ထိရောက်စွာ အသုံးပြုနိုင်ပြီး ၊ အသုံးတွင်ကျယ်သော Software တစ်ခုဖြစ်ပါသည်။ ယခင် Page Maker များနှင့် နှိုင်းယှဉ်လျှင် ပိုမိုကောင်းမွန်လာပါသည်။

ဆက်လက်ဖတ်ရှုလိုပါက အောက်က link ကနေ Download လုပ်၍ ဖတ်ရှုနိုင်ပါတယ်။ အွန်လိုင်းမှ တိုက်ရိုက် ဖတ်ရှုလိုသူများလည် အောက်က link ကို နှိပ်ပြီး တိုက်ရိုက်
ဖတ်ရှုနိုင်ပါတယ်။




 အောင်ကိုထက် (Myanmar IT Knowledge)

အခြေခံ Hacking နည်းပညာစာအုပ် (Ebook)



အောင်ကိုထက် (Myanmar IT Knowledge)

Hacker ဆိုသည်မှာ သင်ယူလို့ရာသော ပညာမဟုတ်၊ အသုံးချ နည်းပညာများကို လေ့လာတွေ့ရှိပြီး အားနည်းချက်ကို ရှာဖွေနိုင်သော ပညာဖြစ်သည်။ online ပေါ်တွင် Hacking နဲ့ပါတ်သက်သော စာအုပ်များစွာကို တွေ့ဘူးပြီး Hacking နဲ့ပါတ်သက်သော website များစွာလည်း ပေါ်ထွက်နေပါပြီ ။ Vlunerability ပေါင်းများစွာကို Hacker ဟုခေါ်သော လူစုတွေရှာဖွေတွေ့ရှိပြီး website ပေါင်းများ စွာပေါ်တွင် တင်ထားကြပါတယ်။ Tool ပေါင်းများစွာ လည်းလွယ်လင့်တကူ ရရှိနိုင်ပါတယ်။ အဲ့နည်းပညာရပ်တွေကို အသုံးပြုတဲ့ လူတွေမှီခို နေတဲ့လူတွေလည်း အများကြီးပါ။ ဒါတွေက ဟက်ကာတွေလားဆိုတဲ့မေးခွန်းမေးနိုင်ပါတယ်။

Tool user level တွေပါ။ Hacker ဆိုတာ ပါရမီ အရင်းခံပြီး ကွန်ပြူတာ နည်းပညာကိုရူးသွပ်တဲ့ လူတစ်ယောက်ရဲ့ IT ပိုင်းဆိုင်ရာ ပျော့ကွက်ကို ရှာတွေ့နိုင်ခြင်းဖြစ်ပါတယ်။ White, Black ,
Grayလို့ခေါ်တဲ့ Hacker အမျိုးစား သုံးမျိုးခွဲထားပါတယ်။  White နဲ့ Black ကတော့ ရန်သူပေါ့ ဒါပေမဲ့ အများစုက Gray တွေပါ။

ဒါဆို ကျနော် ရေးတဲ့စာအုပ်ကကော၊ ဖတ်ပြီး Hacker တစ်ယောက်ဖြစ်နိုင်ပါပြီလား လို့မေးနိုင်စရာ အကြောင်းရှိပါတယ်။ ကျနော်ကိုယ်တိုင်တောင်မှ Hacker မဟုတ်တာ၊ ကျနော်သိတာလေးတွေကို
ပြန် share ချင်တဲ့ ရည်ရွယ်ချက်ကို အဓိက ထားပြီးရေးထားတာပါ။

ref: Anonymous



ဆက်လက်ဖတ်ရှုလိုပါက အောက်က link ကနေ Download လုပ်၍ ဖတ်ရှုနိုင်ပါတယ်။ အွန်လိုင်းမှ တိုက်ရိုက် ဖတ်ရှုလိုသူများလည် အောက်က link ကို နှိပ်ပြီး တိုက်ရိုက်
ဖတ်ရှုနိုင်ပါတယ်။

Download Here

အောင်ကိုထက် (Myanmar IT Knowledge)






Adobe Illustrator အတွက် Tutorial များ (Ebook)



အောင်ကိုထက် (Myanmar IT Knowledge)

Adobe Illustrator အကြောင်းကို လေ့လာနေကြတဲ့ Designer သမားတွေအတွက် Tutorial  လုပ်ရင်း လေ့လာခွင့်ရနိုင်အောင် Ebook လေးတင်ပေးလိုက်ပါတယ်။ ဒီတစ်ခါတော့ English လိုဖြစ်တဲ့အတွက်အကြောင့် ပိုပြီး ပြည့်စုံမယ်လို့ ထင်ပါတယ်။

ဆက်လက်ဖတ်ရှုလိုပါက အောက်က link ကနေ Download လုပ်၍ ဖတ်ရှုနိုင်ပါတယ်။ အွန်လိုင်းမှ တိုက်ရိုက် ဖတ်ရှုလိုသူများလည် အောက်က link ကို နှိပ်ပြီး တိုက်ရိုက်ဖတ်ရှုနိုင်ပါတယ်။



Download Here

အားလုံးအဆင်ပြေကြပါစေ....

အောင်ကိုထက် (Myanmar IT Knowledge)

Adobe Acrobat အကြောင်းသိကောင်းစရာ (Ebook)




Aung Ko Htet (MM IT Knowledge)

Adobe Acrobat Program သည် အီလက်ထရောနစ်စာရွက်စာတမ်းများ (ကွန်ပျူတာ ဖိုင်များ) ကို ကမ္ဘာနှင့် အ၀န်း ဖလှယ်သုံးစွဲရာတွင်အဓိကကျသည့် Software တစ်ခုဖြစ်ပါသည်။ မည်သည့် စာရွက် စာတမ်းမျိုးကို မဆို Acrobat ကို အသုံးပြု၍ PDF (Portable Document Format )ဖိုင်အဖြစ် စာအုပ် ထုတ်၍ ဖြန့်ဝေနိုင်သည်။ ၄င်းဖိုင်စနစ်ဖြင့် သိမ်းဆည်းထားသည့် စာအုပ် စာတမ်းများကို Electronic Book (သို့မဟုတ်)  ebook ဟူ၍ လည်း လူသိများသည်။

PDF ဖိုင်စနစ်ဖြင့် သိမ်းဆည်းထားသည့်စာရွက်စာတမ်းများသည် မူရင်းအတိုး တိကျ သပ်ရပ်မှုရှိပြီး ရုပ်ပုံများ၊ စာလုံး (Font ) များ ပြည့်စုံစွာ ပါရှိသဖြင့် ၄င်းကို email ပေးပို့ခြင်း (သို့မဟုတ်) Internet, Intranet ၊ File system တစ်ခုဖြင့် Diskette , CD-ROM စသည်တို့တွင် သိမ်းဆည်း ထားပြီး Mirsoft Windwos , Mac OS, Unix စသည့် Plattform (Operation System )မျာကို အသုံးပြုကာ လူအများ ဖတ်ရှုနိုင်ရန်အတွက်၏ ဖြန့်ဝေနိုင်ပါသည်။

ဆက်လက်ဖတ်ရှုလိုပါက အောက်က link ကနေ Download လုပ်၍ ဖတ်ရှုနိုင်ပါတယ်။ အွန်လိုင်းမှ တိုက်ရိုက် ဖတ်ရှုလိုသူများလည် Download Here ဆိုတဲ့ စာသား ကို နှိပ်ပြီး တိုက်ရိုက်ဖတ်ရှုနိုင်ပါတယ်။

Download Here

အားလုံးအဆင်ပြေကြပါစေ...




အောင်ကိုထက် (Myanmar IT Knowledge)

ဆယ်တန်းအောင်စာရင်းကို အွန်လိုင်းကနေ ကြည့်မယ်



Aung Ko Htet (MM IT Knowledge)

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုထားကြတဲ့ ညီ၊ ညီမ လေးတွေအတွက်ပါ။ သူများတွေ ကျောင်းမှာ အိပ်ရေးပျက်ခံပြီး သွားကြည့်နေချိန်မှာ ကိုယ်က အိပ်ရာထဲကနေ ဖုန်းလေးဖွင့်ပြီး ကိုယ့်ရဲ့ ခုံနံပါတ်ကို အလွယ်တကူ ရှာလို့ရနိုင်ပြီ ဖြစ်ပါတယ်။

၇.၆.၂၀၁၄ ရက်နေ့ မနက်ဖြန်မှာထွက်မဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မှာ ညီ၊ ညီမတွေအကုန်လုံး ကိုယ့်ခုံနံပါတ်ကို အလွယ်တကူ ရှာနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Web Site အသုံးပြုနည်း...
==============

အောက်က၀က်ဆိုဒ်အားဝင်ရောက်ပြီး စာစစ်ဌာန သင်္ကေတ နေရာမှာ ဆကရ -ဖဖ -စသဖြင့်မိမိဖြေဆိုရာစာစစ်ဌာန၏သင်္ကေတကိုထည့်ပေးပြီး ခုံအမှတ်ထည့်ကာ search နှိပ်ခြင်းဖြင့်
အောင်စာရင်းကြည့်ရှု နိုင်ပါတယ်။

http://www.moemyanmar.net/

အားလုံး အောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Aung  Ko Htet (Myanmar IT Knowledge)





Monday, June 2, 2014

လူတိုင်းမသိသေးသော အီစွပ် ရဲ့အကြောင်း




Aung Ko Htet (MM IT Knowledge)

အီစွပ်ဆိုရင် ကမ္ဘာကျော် ပုံပြင်တွေကို ဖန်တီးရေးသားခဲ့တဲ့ လူတစ်ယောက်ဆိုတာကို ကလေးကအစ လူကြီးက အဆုံးသိကြပါတယ်။ ဒါပေမဲ့ အီစွပ်က ဘယ်လိုပုံစံမျိုးလဲ အီစွပ်ရဲ့ အကြောင်းက ဘယ်လိုတွေလဲဆိုတာကို သိတဲ့ လူတွေရှားအုံးမယ်လို့ထင်ပါတယ်။ အဲ့ဒါကြောင့် အီစွပ်ရဲ့အကြောင်းကို သိသင့်သလောက်လေးတင်ပေးလိုက်ပါတယ်။

တကယ်တော့ ကျွန်တော်တို့သိကြတဲ့ အီစွပ်ဆိုတာ ကျွန်တစ်ယောက်ပါ။ အမည်ရင်းကတော့ အီစိုပတ် ဖြစ်ပါတယ်။ သူ့ကို မွေးဖွားခဲ့တာကတော့ ဘီစီ ၆၂၀ မှာဖြစ်ပြီး ကွယ်လွန်ခဲ့သည့်ခုနှစ်ကတော့ ဘီစီ ၅၆၀ မျာဖြစ်ပါတယ်။ သူ့ကို မွေးခဲ့တဲ့ မွေးရပ်ဇာတိကတော့ အမိုးနီးယပ်စ်မြို့ ဖရစ်ဂျီယာနယ်မှာဖြစ်ပါတယ်။ သူဟာ မွေးကတည်းက ချို့တဲ့ပြီး မသန်စွမ်းသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ ပုံသဏ္ဍန်ကတော့ ဦးခေါင်းက သာမန်ထက် အနည်းငယ် ပိုပြီး ရှည်တယ်။ နှာခေါင်းက အနည်းငယ်ပိနေတယ်။ နှုတ်ခမ်းထူပြီးတွဲကျနေတယ်။ အသားကမဲတယ်။ ခါးကုန်းပြီး ကျောကုန်းမှာ ဘို့တစ်ခုရှိတယ်။ ဗိုက်ကပူပူ ခြေနှစ်ဖက် လုံးခွင်နေတယ်။ သူ့မှာရှိတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို အစွဲပြုပြီး အီစွပ်လို့ အမည်တွင်ခဲ့တယ်။

သူဟာ လူပျိုအရွယ်ရောက်တဲ့အချိန်အထိ စကားပြောရင် အထစ်ထစ်ငေါ့ငေါ့နဲ့ တစ်ချက်တစ်ချက်မှာ အသံက တိမ်ဝင်သွားသေးသည်။ သူဟာ မွေးကတည်းက အလွန်ဆင်းရဲပြီး ကျွန်ဘ၀က လွတ်မြောက်နိုင် တဲ့ ပညာအရည်အချင်းမျိုးလည်း သူ့မှာမရှိခဲ့ပါ။ သူသေခါနီး နှစ်အနည်းငယ်လောက်မှ ကျွန်ဘ၀က လွတ်မြောက်ခွင့်ရခဲ့သည်။ ဒါကလညး သူဖန်တီးထားတဲ့ ပုံပြင်စာပေတွေရဲ့ ကျေး ဇူးကြောင့်ဖြစ်သည်။

အီစိုပတ် ဘ၀ကနေ အီစွပ်ဖြစ်လာပုံကတော့ ငယ်စဉ်က အီစွပ်ဟာ သူ့ရဲ့ ပထမဆုံး သခင်ထံမှာနေခဲ့ရသည်။ သူ့ကို အိမ်မှုကိစ္စခိုင်းပြန်တော့လည်း အဆင်မပြေ၊ တောက် တိုမယ်ရခိုင်းတော့လည်းအဆင်မပြေဖြစ်တာတွေ့ရတဲ့အတွက်ကြောင့် နောက်ဆုံး သူ့ခင်က သူ့ကို လယ်ထဲပို့ထားလိုက်ရတော့သည်။ လယ်ထဲမှာ အခြား အလုပ် သမားတွေနဲ့ အတူ အလုပ်ကြမ်းလုပ်ရသည်။

တစ်နေ့ သူ့သခင်ကလယ်ထဲကို လာကြည့်သည်။ အဲ့ဒီအချိန်မှာ အလုပ်တစ်ဦးက အလွန်အရသာရှိတဲ့ ကတွတ်သီးမှည့် တစ်ချို့ကို သခင့်အတွက်လက်ဆောင်ပေးသည်။ သခင်က ဒီအသီးတွေကို သူရေချိုးပြီးမှ စားမယ်ဆိုပြီး သူ့ရဲ့လူယုံတော် အဂါသိုပိုးဒပ်စ် ကိုသိမ်းထားခိုင်းလိုက်သည်။ လူယုံကလည်း အခြားအလုပ်သမားတွေကိုစည်းရုံးပြီး ကတွတ်သိးတွေကို အကုန်ဝေ စားပစ်လိုက်သည်။ ပြီးတော့ အီစွပ်ကို အပြစ်ပုံချဖို့ အကြံအစည်ကို အားလုံးသဘောတူလိုက်ကြသည်။

သခင်ရေချိုးပြီးပြန်အလာမှာ အဂါသိုပိုးဒပ်စ်နဲ့ သူ့အပေါင်းအသင်းတွေက ဆီးကြိုပြီး ကတွတ်သိး တွေကို အီစွပ်က အကုန်စားပစ်ပါတယ် လို့ပြိုင်တူ ၀ိုင်းပြီး စွပ်စွဲကြတယ်။ သခင်လည်းဒီစကားကြားတော့ ရုတ်တရက် ဒေါသထွက်ပြီး အီစွပ်ကို အမြန်ခေါ်ခိုင်းလိုက်တယ်။ အီစွပ်ရောက်လာတဲ့အခါသခင်စားဖို့ သိမ်းထားခိုင်းတဲ့ ကတွတ်သီးတွေကိုဘာဖြစ်လို့ အကုန်စားလိုက်တာလဲလို့မေးသည်။

အီစွပ်ဟာ စကားကောင်းစွာ မပြောနိုင်တဲ့အတွက်ကြောင့် ရုတ်တရက်ကြောင်တောင်တောင်ဖြစ်နေပြီး သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းမရှိဖြစ်ခဲ့ရသည်။ ထို့အတွက်ကြောင့် သူ့ကို အပြစ်ပေးဖို့ အမိန့်ထုတ် လိုက်တဲ့အခါ သခင်ရှေ့မှာ ခေါင်းငုံ့ပြီး လောလောဆယ်သူ့ကို အပြစ်မပေးသေးပဲ သူပြောတာကို ခဏနားထောင်ဖို့တောင်းပန်လိုက်သည်။

အဲ့ဒီအချိန်အတွင်းမှာ အီစွပ်က ရေနွေးအနည်ငယ်ယူပြီးသောက်လိုက်တယ်။ အဲ့ဒိနောက်မှာ လက်ညှိုးနဲ့ အာခေါင်ထဲကို နှိုက်ပြီး အံချလိုက်သည်။ အဲ့ဒီနောက်မှာ သူသောက်ထား တဲ့ ရေနွေးတွေ ပဲ ပြန်ထွက်လာတာကို တွေ့ရတယ်။ အဲ့ဒီနည်းအတိုင်းပဲ တခြား အလုပ်သမားတွေကိုလည်း လုပ်ခိုင်းဖို့ သခင်ကို တောင်းပန်တဲ့အချိန်မှာ အမှုမှန်ပေါက်သွားပြီး တကယ်ခိုးစားတဲ့သူတွေကိုသူတို့နဲ့ ထိုက်တန်တဲ့ အပြစ်ကို သူတို့သခင်က ပေးလိုက်ပါတယ်။

သူ့သခင်မြို့ကိုပြန်သွားပြီးတဲ့နောက်မှာ ကျန်တဲ့အလုပ်သမားတွေက အီစွပ်ကို ပိုပြီးဖိအားပေး လာကြတဲ့အတွက်ကြောင့် အီစွပ်မှာ ပို၍ အလုပ်ပင်ပန်းသွားသည်။ တစ်နေ့တော့ လယ်ထဲမှာ အလုပ်လုပ်နေတုန်း ဘုန်းကြီးနှစ်ပါး ရောက်လာပြီး လမ်းပြဖို့သူ့ကို အကူအညီလာတောင်သည်။ အီစွပ်က လမ်းပြပေးရုံမက ပဲ လမ်းမှာလိုအပ်တဲ့ ၀တ္ထု တစ်ချို့ကို လည်း ကူညီပေးလိုကသည်။

ပြီးတော့ အလုပ်ပင်ပန်းတဲ့အရှိန်ကြောင့် တစ်နေရမှာ အိပ်ပျော်သွားသည်။ အိပ်မက်ထဲမှာ လူတစ်ယောက်က အခုချိန်က စပြီး သင်ဟာ သင်ပြောချင်တဲ့အကြောင်းကို ပုံပြင်ပုံစံနဲ့ ပြောပါက ပိုပြီးအောင်မြင်လိမ့်မည်ဟု ပြောပြီး ပြန်ပျောက်သွားသည်။ အီစွပ်လည်း အိပ်ယာကနိုးထလာတော့  သူ့ကိုယ်သူ အံ့သြပြီး စားပြောကြည့်တော့ စကားဟာ အထစ်ငေါ့မရှိပြောဆိုနိုင်လာတာကိုတွေ့ရတယ်။ အဲ့ဒါနဲ့ ၀မ်းသာလွန်းပြီး တိရီစ္ဆာန်လေးတွေနဲ့ စကားပြောပြီး တိရိစ္ဆာန်လေးတွေရဲ့အကြောင့်ကို ပုံပြင်သဖွယ်ပြောကြည့်ရာကနေ လူအများစိတ်ဝင်စားမှုကို ရသွားပြီး တစ်စနဲ့ တစ်စ စာပေတွေလေ့လာရင်း၊ ပုံပြင်တွေရေးသားရင်းနဲ့ နောက်ဆုံးမှာ သူ့ရဲ့ စာပေအရေးသားတွေကို လူကြိုက်များလွန်းပြီး ကျွန်ဘ၀မှ လွတ်မြောက်ခွင့်ရပြီး နှစ်အနည်းငယ် အတွင်းမှာ ပဲ ကွယ်လွန်သွားခဲ့သည်။

အီစွပ်ရေးသားခဲ့တဲ့ ပုံပြင်ပေါင်းဟာ ခြောက်ရာကျော်ရှိတယ်လို့ သိရပေမဲ့ ကျွန်တော်တိုပလေ့လာသိရှိထားတဲ့ ပုံပြင်အပုဒ်ရေပေါင်းမှာ ၃၆၀ ခန့်သာရှိတော့သည်။

Aung Ko Htet (Myanmar IT Knolwedge)