Powered by Blog - Widget

Saturday, May 31, 2014

Intel က အလိုအလျှောက်မောင်းနှင်သည့် ကားများ အတွက် နည်းပညာအသစ်ကို ပြသ



Aung Ko Htet (MM IT Knowledge)

Google က အလိုအလျှောက်မောင်းနှင်သည့် ကားနမူနာပုံစံကို မကြာမီက ပြသပြီးနောက်တွင် Intel ကလည်း အလိုအလျှောက်မောင်းနှင်သည့်ကားဈေးကွက် သို့ ၀င်ရောက်မည် ဟု ကြေညာပါသည်။ Intel က “in-vehicle solutions platform” ဟု အမည်ရသည့် အလိုအလျှောက်မောင်းနှင်သည့်ကားများကို ထောက်ပံ့ပေးနိုင်သော နည်းပညာကို စတင်မိတ်ဆက်လိုက်ပါသည်။ Intel ၏ Hardware နှင့် Software နည်းပညာအသစ်သည် ယာဉ်မောင်းသူကို သတင်းအချက်အလက်ပေးနိုင်မှု နှင့် အထောက်အပံ့ပေးနိုင်မှု အပြင် ကားကို ထိန်းချုပ်မောင်းနှင်နိုင်မည် ဖြစ်သည်။

ကားထုတ်လုပ်သူများ နှင့် ကားအစိတ်အပိုင်းတီထွင်သူများက Processors များနှင့် Operating System ပါရှိသော Intel ၏ သတင်းအချက်အလက်နှင့် ဖျော်ဖြေရေး စနစ် ကို အခြား စနစ်များထက် လွယ်ကူလျှင်မြန်စွာ အသုံးပြုနိုင်မည် ဖြစ်ပြီး ကုန်ကျစရိတ်လည်း သက်သာမည် ဖြစ်သည်။


Intel ၏ နည်းပညာ အသစ်သည် ယခုအချိန်တွင် ကားတွင်း သတင်းအချက်အလက်နှင့် ဖျော်ဖြေရေး အပြင် ယာဉ်မောင်းသူကို ကူညီပေးနိုင်ပါသည်။ နောက်ပိုင်းတွင် ကားများကို အလိုအလျှောက်မောင်းနှင်နိုင်ရန် တီထွင်မည် ဖြစ်သည်။

Intel က ကားများနှင့် Consumer Electronic Device များကို ပူးတွဲ အသုံးပြုနိုင်ရန် ရည်ရွယ်၍ ဒေါ်လာ သန်းတစ်ရာ ထောက်ပံ့သည့် Intel Capital Connected Car Fund အစီအစဉ်ကို ၂၀၁၂ ခုနှစ်တွင် ပြုလုပ်ပေးခဲ့ပါသည်။ ရန်ပုံငွေထဲမှ အချို့ကို Sensors, Radars, Cameras များဖြင့် အလိုအလျှောက် ယာဉ်မောင်းနှင် စနစ်ကို တီထွင်နေသည့် ဂျပန် ZMP တွင် ရင်းနှီးမြှပ်နှံခဲ့ပါသည်။

Intel က ကားထုတ်လုပ်သူများနှင့် ပူးပေါင်းပြီး သုတေသနလုပ်ငန်းများ ပြုလုပ်လျှက်ရှိပါသည်။ Intel ၏ နည်းပညာကို BMW ၏ Navigation System Professional တွင် အသုံးပြုနေသကဲ့သို့ Driver Information System ကို 2015 Hyundai Genesis ကားများတွင် အသုံးပြုနေပါသည်။

Google က မကြာမီ က အလိုအလျှောက်မောင်းနှင်သည့် ကားနမူနာပုံစံကို ပြသခဲ့ပါသည်။ အဆိုပါကားသည် နှစ်ယောက်စီး ဖြစ်ပြီး စတီယာရင် နှင့် ဘရိတ်ဖမ်းသည့် ခြေနင်းများ မပါရှိကြောင်းသိရပါသည်။ အလိုအလျှောက်မောင်းနှင်သည့် ကားများသည် ဆုံးဖြတ်ချက်များ ပြုလုပ်ရာတွင် လူများထက် ပိုမိုမြန်သည့်အတွက် ယာဉ်အန္တရာယ် ကင်းရှင်းစေပါသည်။ ဥပမာ အားဖြင့် Google ၏ ကားများသည် လမ်းသွားလမ်းလာများကို သိရှိခြင်း၊ လမ်းကြိုလမ်းကြားများကို သိရှိခြင်း၊ စက်ဘီးစီးသူများ၏ လက်ဖြင့် ပြသသည့် အချက်ပြမှုများကို သိရှိခြင်း စသည့် စွမ်းဆောင်ချက်များ ပါရှိပါသည်။ ထို့အပြင် အလိုအလျှောက်မောင်းနှင်သည့် ကားများသည် လမ်းပိတ်ဆို့မှုများကို သိရှိပြီး ရှောင်ရှားမောင်းနှင်နိုင်သကဲ့သို့ ယာဉ်မောင်းနှင်နိုင်ခြင်း မရှိသူများကိုလည်း ရုံးသွား၊ ရုံးပြန် သည့်အခါ ပို့ဆောင်ပေးနိုင်ပါသည်။ လမ်းများတွင် ကားရပ်နားရန် နေရာများ ရှာဖွေရသည့် ဒုက္ခများလည်း လျော့ကျစေမည် ဖြစ်သည်။


Intel ၏ နည်းပညာကို Animation Video ဖြင့် သရုပ်ပြထားမှုကို အောက်မှာကြည့်နိုင်ပါတယ်။

https://www.youtube.com/watch?v=Lk2XNc7qyJ0

ref: သူရ

ခုနစ်လက်မ မျက်နှာပြင် တပ်ဆင်ထားသည့် Samsung Galaxy Mega 7.0 စမတ်ဖုန်း လာမည်



Aung Ko Htet (MM IT Knowledge)
 
Samsung Galaxy Mega 7.0 (Or Mega 2) ကို အမေရိကန် ဆက်သွယ်ရေး ကော်မရှင် က ခွင့်ပြုလိုက်ပြီဖြစ်သည်။ Galaxy Mega 2 တွင် ခဲတံ အရွယ်အစားရှိသည့် ကြီးမားသော ခုနစ်လက်မအရွယ် မျက်နှာပြင် တပ်ဆင်ထားပါသည်။ Galaxy Mega 2 သည် သူ၏ နောင်တော်ထက် ၀.၇ လက်မ ပိုမိုကြီးမားလာပြီး ထွက်ရှိပြီးသမျှ Android Phone များထဲတွင် အကြီးဆုံး ဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။

အမေရိကန်ရှိ မည်သည့် Wireless Carrier က အဆိုပါဖုန်းကို ရောင်းချမည် ဆိုသည်ကို မသိရသေးပါ။ Samsung ၏ စမတ်ဖုန်းများကို AT&T မှ ရောင်းချလေ့ရှိသည့်အတွက် Mega 2 ကိုလည်း AT&T မှပင်ရောင်းချမည် ဟု Android Central က ခန့်မှန်းပါသည်။ Mega 2 ကို အမေရိကန် သို့မဟုတ် အာရှ တွင် ရောင်းချမည် ဆိုသည့် သတင်းအချက်အလက်ကိုလည်း ကွဲပြားစွာ မသိရသေးပါ။

Mega 2 ကို ရောင်းချမည့် ဈေးနှုန်းကို မသိရသေးသော်လည်း ယခင်မျိုးဆက် ၏ ဈေးနှုန်းမှာ ဒေါ်လာ ၄၉၉ ရှိပါသည်။

Mega 2 ၏ မျက်နှာပြင်အရွယ်အစား အပြင် အခြား Specification များနှင့် ပတ်သက်၍ သတင်းထွက်ပေါ်ခြင်းမရှိသေးပါ။ Mega 2 သည် ခုနစ်လက်မအရွယ် ရှိသည့်အတွက် တက်ဘလက်အရွယ်ရှိပါသည်။ သို့သော် Mega 2 သည် အလွန်ပါးလွှာပြီး ပေါ့ပါးသည့်အတွက် ဖုန်းကဲ့သို့ အသုံးပြုရန် အဆင်ပြေမည် ဟု ကျွမ်းကျင်သူများက ခန့်မှန်းကြပါသည်။

Samsung က ဇွန်လ ၁၂ ရက်နေ့တွင် မီဒီယာတွေ့ဆုံပွဲတစ်ခု ကျင်းပရန် ရှိနေပြီး Galaxy Tab S တက်ဘလက်များကို ပြသမည် ဖြစ်သည်။ အဆိုပါပွဲတွင် Mega 2 ကိုလည်း ပွဲထုတ်နိုင်သည် ဟု ကျွမ်းကျင်သူများက ခန့်မှန်းကြပါသည်။

ref: သူရ

SpaceX က Dragon V2 အာကာသယာဉ် ကို ပြသ



Aung Ko Htet (MM IT Knowledge)


SpaceX က နှစ်ပေါင်းများစွာ သုတေသနပြုလုပ်အပြီးတွင် Dragon V2 အာကာသယာဉ် ကို ပြသလိုက် ပါသည်။ ယခင်မျိုးဆက်ထက် တိုးတက်ကောင်းမွန်သည့် အဓိက အချက်မှာ ကမ္ဘာမြေရှိ မည်သည့်နေရာ တွင်မဆို ဟယ်လီကော်ပတာ ဆင်းသက်သည့် တိကျမှုနှုန်းဖြင့် ဆင်းသက်နိုင်ခြင်း ဖြစ်ပါ သည်။ Dragon V2 ကို အာကာသယာဉ်မှူးများအား နိုင်ငံတကာ အာကာသစခန်းသို့ ပို့ဆောင်ပေးနိုင်ရန် ရည်ရွယ်ထားပါသည်။

Dragon V2 သည် ၂၀၁၂ ခုနှစ်မှစ၍ နိုင်ငံတကာ အာကာသစခန်းသို့ ကိရိယာ နှင့် ရိက္ခာများ သုံးကြိမ်ပို့ ဆောင်ပေး ခဲ့သည့် ပထမမျိုးဆက် အာကာသယာဉ် နှင့် ဒီဇိုင်းပိုင်းတွင် တူညီပါသည်။ Dragon V2 သည် အာကာသယာဉ်မှူး ခုနစ်ဦးကို သယ်ဆောင်နိုင်ပါသည်။

Dragon V2 သည် နိုင်ငံတကာ အာကာသစခန်း ၏ အကူအညီမလိုအပ်ဘဲ စခန်းနှင့် အလိုအလျှောက်ချိတ် ဆက်နိုင်သကဲ့သို့ ယာဉ်မှူး၏ ထိန်းကျောင်းမှုဖြင့်လည်း ချိတ်ဆက်နိုင်ပါသည်။ Dragon V2 ၏ နောက်ထပ် အားသာချက်တစ်ခုမှာ ပြန်လည် ပြုပြင်ရန်မလိုဘဲ နိုင်ငံတကာ အာကာသစခန်းသို့ ဆယ်ကြိမ် သွားရောက်နိုင် သည် ဟု SpaceX တည်ထောင်သူ Elon Musk က ပြောပါသည်။ မြေပြင်ပေါ်သို့ ဆင်းသက်ပြီးသည်နှင့် အာကာသစခန်းသို့ ချက်ချင်း ပျံသန်းနိုင်ပါသည်။ အင်ဂျင်နှစ်လုံး ပျက်ဆီးသွား လျှင်လည်း မြေပြင်ပေါ်သို့ ဘေးကင်းစွာ ဆင်းသက်နိုင်ပါသည်။

အဆိုပါ အင်ဂျင်များကို SuperDraco ဟု ခေါ်ဆိုပြီး ယခင်မျိုးဆက် အာကာသယာဉ်တွင် အသုံးပြုသည့် Draco အင်ဂျင်များထက် အဆ ၁၆၀ ကျော် စွမ်းဆောင်ရည်ကောင်းပါသည်။ မျိုးဆက်သစ် အင်ဂျင်များကို 3D Printing နည်းပညာဖြင့် ပထမဆုံး ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။

Dragon V2 သည် နာဆာ ၏ Commercial Crew Development စီမံကိန်း ၏ တစ်စိတ်တစ်ပိုင်း လည်း ဖြစ်ပါသည်။ နာဆာ က လူလေးယောက်ကို အာကာသ သို့ ပို့ဆောင်နိုင်သည့် အာကာသယာဉ် များကို အာကာသ နည်းပညာ ကုမ္ပဏီများ အပြိုင်အဆိုင် တီထွင်ရန် တွန်းအားပေးသည့် စီမံကိန်း ဖြစ်ပါ သည်။ နာဆာက SpaceX အပြင် Boeing, Blue Origin, Sierra Nevada စသည့် ကုမ္ပဏီများကို လည်း ထောက်ပံ့လျှက်ရှိပါသည်။

အမေရိကန် က ယခုလက်ရှိတွင် အာကာသယာဉ်မှူးတစ်ယောက်ကို အာကာသသို့ ပို့ဆောင်ပေးရန် ရုရှားကို ဒေါ်လာ သန်းခြောက်ဆယ် ပေးနေရပါသည်။ ယူကရိန်း နိုင်ငံ နှင့် ပတ်သက်၍ အမေရိကန် နှင့် ရုရှား နှစ်နိုင်ငံတင်းမာမှုများ ရှိနေသည့် အတွက် အာကာသ နည်းပညာ တွင် ပူးပေါင်းဆောင်ရွက် မှုများမှာ ပြတ်တောက်ဖွယ်ရှိနေပါသည်။ နာဆာ က ဧပြီလတွင် ရုရှား အစိုးရ အာဏာပိုင်များ နှင့် ဆက်သွယ်မှု ဖြတ်တောက်ခဲ့ပါသည်။ ရုရှားကလည်း ၂၀၂၀ နောက်ပိုင်းတွင် နိုင်ငံတကာ အာကာသစခန်း ကို အမေရိကန်တို့ အသုံးပြုမှုကို ပိတ်သိမ်းမည် ဟု ပြောထားပါသည်။ Musk က နှစ်နိုင်ငံတင်းမာမှုများ ရှိနေသည့် ဧပြီလတွင် အာကာသယာဉ် အသစ်ကို ပြသရန် အချိန်ကောင်း ဖြစ်သည် ဟု ပြောကြားခဲ့ပါသည်။

Dragon V2 အလုပ်လုပ်ပုံ animation video ကို အောက်တွင် ကြည့်နိုင်ပါသည်။

https://www.youtube.com/watch?v=Cf_-g3UWQ04

ref: သူရ

အကြမ်းခံသည့် Samsung Galaxy S5 Active ကို ရောင်းပြီ



Aung Ko Htet (MM IT Knowledge)
 

Samsung Galaxy S5 ကဲ့သို့ ရေစိုခံနိုင်သည့်အပြင် အကြမ်းခံသည့် Samsung Galaxy S5 Active ကို အမေရိကန် ရှိ AT&T Carrier မှ ရောင်းချပေးလိုက်ပါသည်။ Samsung Galaxy S5 Active တွင် သူ၏ နောင်တော် Galaxy S5 ကဲ့သို့ပင် ၅.၁ လက်မအရွယ် 1080p Super AMOLED Display, 2.5GHz Quad-Core Processor, 16 Megapixel Camera တို့ပါရှိပါသည်။ ရေနှင့်ဖုန်ဒဏ်ခံနိုင်သည့် ကိုယ်ထည်ဖြင့် ဖုံးအုပ်ထားပြီး နှလုံးခုန်နှုန်းကို တိုင်းတာပေးသည့် စွမ်းဆောင်ချက်ပါရှိပါသည်။ ဘေးဘက်တွင် ခလုတ်တစ်ခုပါရှိပြီး နေအိမ်ပြင်ပ နှင့် ပတ်သက်သည့် Apps များကို အလွယ်တကူ အသုံးပြုနိုင်ရန် တပ်ဆင်ပေးထားပါသည်။ Fingerprint Sensor ကို Home Button တွင် တပ်ဆင်ပေးထားပါသည်။

Galaxy S5 Active ကို ကာကွယ်ထားသည့် Case သည် မာကျောသော်လည်း ဖုန်းကို ကိုယ်တွယ်ကြည့်သည့်အခါ ပါးလွှာပြီး အိတ်ထဲတွင် သယ်ဆောင်ရလွယ်ကူစေသည်ဟု သိရပါသည်။ Case ကို "camo green," "titanium grey," "ruby red" စသည့် အရောင်သုံးမျိုးထုတ်လုပ်ပေးထားပါသည်။

ဆောက်လုပ်ရေးလုပ်ငန်းများ ၊ တောင်တက်သမားများအတွက် သင့်တော်သည် ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။ ကနဦးအနေဖြင့် ဒေါ်လာ ၁၉၉.၉၉ ပေးသွင်းရမည် ဖြစ်ပြီး နှစ်နှစ်စာချုပ်ဖြင့် AT&T မှ ၀ယ်ယူနိုင်ပါသည်။ အခြား Plan များလည်း ရွေးချယ်နိုင်ပြီး တစ်လလျှင် ၂၇.၅၀ ဒေါ်လာဖြင့် ၁၈ လ ပေးသွင်းနိုင်သကဲ့သို့ တစ်လလျှင် ၃၅.၇၅ ဒေါ်လာဖြင့် ၁၂ လပေးသွင်းနိုင်ပါသည်။ Samsung Gear Fit စမတ်လက်ပတ်နှင့် Galaxy S5 Active ကို တွဲဖက်ဝယ်ယူလျှင် ဒေါ်လာ ၅၀ ဈေးလျှော့ရရှိမည် ဖြစ်သည်။

ref : သူရ

Friday, May 30, 2014

တရုတ်မှာ ခေတ်စားနေတဲ့ ရုပ်ချောမချော စမ်းသပ်နည်း



Aung Ko Htet (MM IT Knowledge)

သင်ဟာ ကြည့်ကောင်းသူ တစ်ဦး ဟုတ်မဟုတ် စမ်းသပ်နိုင်တဲ့ အလွယ် နည်းလမ်း တစ်ခုဖြစ်ပြီး “finger trap test” လို့ အမည်ရပါတယ်။

စမ်းသပ်နည်းကတော့ ပုံမှာပြထားသလို လက်ညှိုးထောင်ပြီး နှာခေါင်းကနေ မေးစေ့အထိ ကပ်ထားကြည့် ပါ။ အဲလို ကပ်ထားတဲ့အခါ သင့်နှုတ်ခမ်းတွေက လက်ညှိုးအဆစ်တွေနဲ့ ထိနေတယ်ဆိုရင်တော့ သင်ဟာ တရုတ်တွေရဲ့ စံသံမှတ်ချက်အရ လှပတဲ့ သူ ဖြစ်ပါတယ်တဲ့။

အဲဒီ စမ်းသပ်နည်းဟာ တရုတ်ပြည်မှာ အလွန်ရေပန်းစားနေပြီး သရုပ်ဆောင်တွေ ၊အနုပညာရှင်တွေ ကိုယ်တိုင် သူ့တို့ကိုယ်သူတို့ လက်ညှိုးထောင်ပြီး စမ်းသပ်စစ်ဆေးနေပုံတွေကို နာမည်ကြီး လူမှု ကွနယက်တွေမှာ ဓါတ်ပုံတွေ အပြိုင်အဆိုင်တင်နေကြတဲ့အထိ ဖြစ်ပါတယ်။

Vocative.com မှ တင်ထားတဲ့ စာပိုဒ်အရ အဆိုပါ စမ်းသပ်ချက်ဟာ cosmetic surgeons တွေ အသုံးပြုတဲ့ သုံး အချိုး တစ် ပေါ်မှာ အနည်းငယ် အခြေခံထားတဲ့ စမ်းသပ်ချက်ဖြစ်ပြီး ယခုအခါ လူပေါင်း ၂ သိန်းကျော် ဟာ Weibo မှာ ငြင်းခုန် ဆွေးနွေးနေကြပြီး အများစုကတော့ အမျိုးသမီးများ ဖြစ်ကြောင်း သိရပါတယ်။

ဒါပေမယ့် အဲဒီစမ်းသပ်ချက်ပေါ်မူတည်ပြီး သင်ဟာ ရုပ်ဆိုးတယ် ရုပ်ချောတယ်လို့ အတိအကျ မပြောနိုင်သေးတဲ့အတွက် အလွန်အမင်း စိတ်ပျက်ဖို့တော့ မလိုပါဘူး။

ဘာကြောင့်လဲ ဆိုတော့ ဒီစမ်းသပ်ချက်အတိုင်းသာ ဆိုရင် ဂျိုလီ၊ ဂျက်ဆီကာ အလ်ဘာတို့ ရုပ်ဆိုးတဲ့ စာရင်းဝင် ဖြစ်သွားမှာပေါ့။

World-Myanmar News (world-myanmar.com)

Thursday, May 29, 2014

Microsoft က Skype Translator ကို ပြသ



Aung Ko Htet (MM IT Knowledge)
 
Microsoft က Skype တွင် Voice Call များပြောဆိုသည့် အခါ ဘာသာပြန်ပေးနိုင်သည့် Skype Translator ဆော့ဝဲ ကို ပြသလိုက်ပါသည်။ Microsoft ၏ CEO ဖြစ်သူ Satya Nadella က ဘာသာစကား မတူညီသည့်လူများ Skype တွင် ဖုန်းပြောဆိုသည့်အခါတွင် အချိန်နှင့် တစ်ပြေးညီ ဘာသာပြန်ပေးနိုင်သည့် စွမ်းဆောင်ချက်ကို သူတို့၏ Skype နှင့် Translator တို့က တီထွင်လိုက်ကြောင်း Code Conference တွင် ကြေညာပါသည်။ ထို့အတွက် ဘာသာစကား မတူသူများသည် Skype တွင် အလွယ်တကူ စကားပြောဆိုနိုင်မည် ဖြစ်သည်။

ယခုပြသသည့် ဆော့ဝဲသည် Beta အဆင့်သာရှိသေးပြီး အချောသတ် ဗားရှင်းကို ယခုနှစ်နှောင်းပိုင်းတွင် ဖြန့်ချီမည် ဖြစ်ကြောင်း ၊ ရောင်းတန်းဝင် အဆင့် ဗားရှင်းကို နှစ်နှစ်ခွဲ အတွင်း ဖြန့်ချီနိုင်မည် ဟု မျှော်လင့်ကြောင်း Nadella က ပြောပါသည်။ အဆိုပါ စွမ်းဆောင်ချက်ကို အခမဲ့ ရရှိမည် မဟုတ်ဘဲ ၀ယ်ယူအသုံးပြုရမည် ဖြစ်သည်။ ယခုအချိန်တွင် English နှင့် German ဘာသာစကားများကို အထောက်အပံ့ပေးပါသည်။ နောက်ပိုင်းတွင် အခြားဘာသာစကားများကို အသုံးပြုနိုင်မည် ဖြစ်သည်။

Microsoft သည် အချိန်နှင့် တစ်ပြေးညီ ဘာသာပြန်နို်င်သည့် နည်းပညာကို တီထွင်နေသည့် တစ်ခုတည်းသော နည်းပညာ ကုမ္ပဏီ မဟုတ်ပါ။ ဂျပန် Wireless Carrier တစ်ခုဖြစ်သည့် NTT Docomo က ဂျပန် မှ အင်္ဂလိပ် သို့ အချိန်နှင့် တစ်ပြေးညီ ဘာသာပြန်နိုင်သည့် ၀န်ဆောင်မှုကို ၂၀၁၁ ခုနှစ်တွင် ပြုလုပ်ပေးခဲ့ပါသည်။ Google ကလည်း Voice Chat များကို ဘာသာပြန်နိုင်ရန် ပြုလုပ်နေပြီး စာသားများကို ဘာသာပြန်ပေးနိုင်သည့် Google Translate App ကို ပြုလုပ်ပေးထားပါသည်။ Microsoft ၏ Skype သည် တစ်လလျှင် လူသန်းပေါင်း သုံးရာ အသုံးပြုကြပြီး တစ်နေ့လျှင် မိနစ်ပေါင်း ၂ ဘီလီယမ် ဖုန်းပြောဆိုကြသည့် လူသုံးများသည့် ဆက်သွယ်ရေး ၀န်ဆောင်မှုဖြစ်ပါသည်။

ref: သူရ

Apple က Beats Music နဲ့ Beats Electronics ကို ဒေါ်လာ သုံးဘီလီယမ်ဖြင့် ၀ယ်ယူကြောင်း အတည်ပြု



Aung Ko Htet (MM IT Knowledge)
 
Apple က အခပေး သီချင်းထုတ်လွှင့်သည့် ၀န်ဆောင်မှုနှင့် Headphone and Speaker ထုတ်လုပ်သည့် Beats Music and Beats Electronics ကို ၀ယ်ယူလိုက်ကြောင်း အတည်ပြုပြောကြားပါသည်။ ဒေါ်လာ သုံးဘီလီယမ် ဖြင့် ၀ယ်ယူခြင်းဖြစ်ပြီး ဒေါ်လာ ၂.၆ ဘီလီယမ် မှာ ၀ယ်ယူသည့် ဈေးနှုန်းဖြစ်ပြီး ဒေါ်လာ သန်းလေးရာမှာ အနာဂတ်အတွက် ရင်းနှီးမြှပ်နှံသည့် ငွေပမာဏ ဖြစ်ပါသည်။

The Beats ကို တည်ထောင်သူ Jimmy Lovine နှင့် Dr. Dre တို့က Apple လက်အောက်တွင် အလုပ်လုပ်မည် ဖြစ်သည်။

“ Beats ကို ၀ယ်ယူလိုက်ခြင်းဟာ iTunes Radio မှ သီချင်းများ အခမဲ့ ထုတ်လွှင့်တဲ့ ၀န်ဆောင်မှုကနေ ကမ္ဘာ့အဆင့် အခပေး သီချင်းထုတ်လွှင့်တဲ့ ၀န်ဆောင်မှု အထိ ကျွန်တော်တို့ရဲ့ သီချင်း ၀န်ဆောင်မှုကဏ္ဍကို တိုးတက်ကောင်းမွန်စေမှာပါ။ “ ဟု Apple ၏ Internet Software and Services ဌာနမှ ဒုတိယ ဥက္ကဌ ဖြစ်သူ Eddy Cue က ပြောပါသည်။

Dr.Dre က လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်းမှပင် Apple က Beats Electronics ကို ၀ယ်ယူချင်သည်ဟု အရိပ်အမြွက်ပြောကြားခဲ့ပါသည်။ Apple က Beats Electronics ကို ၀ယ်ယူလိုက်ပြီဆိုသည့် သတင်းများလည်း ထွက်ပေါ်ခဲ့ပါသည်။ Apple က ယခုမှသာ ၀ယ်ယူလိုက်ကြောင်း အတည်ပြုပြောကြားခြင်း ဖြစ်ပါသည်။

ဂီတသည် ကျွန်တော်တို့ လူသားများဘ၀မှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး Apple ၏ အဓိက ၀န်ဆောင်မှု တစ်ခုလည်း ဖြစ်သည် ဟု CEO Tim Cook က ပြောပါသည်။

Beats ၏ ထုတ်ကုန်များကို အွန်လိုင်းမှာသာမက Apple အရောင်းဆိုင်များတွင်ပါ ရောင်းချပေးမည် ဟု Apple က ပြောပါသည်။

“ Beats ဟာ တစ်ချိန်မှာ Apple နဲ့ ပူးပေါင်းနိုင်မယ်ဆိုတာ ကျွန်တော် ကြိုတင်မြင်နေပါတယ်။ ကျွန်တော်တို့ Beats ကို တည်ထောင်ရတဲ့ စိတ်ကူးကလည်း Apple ရဲ့ ပြိုင်စံရှားတဲ့ ယဉ်ကျေးမှု နဲ့ နည်းပညာကို ပေါင်းစပ်နိုင်တဲ့ စွမ်းရည်ကြောင့်ဖြစ်ပါတယ်။ “ ဟု Jimmy Lovine က ပြောပါသည်။

ref: သူရ

HTC One M8 ၏ ဈေးသက်သာသည့် အမျိုးအစား HTC One M8 Ace လာမည်



Aung Ko Htet (MM IT Knowledge)


HTC One M8 Ace ၏ ဓါတ်ပုံများ အင်တာနက် စာမျက်နှာများတွင် ထွက်ပေါ်လာပါသည်။ HTC One M8 Ace သည် အလူမီနီယမ် ကိုယ်ထည် တပ်ဆင်ထားသည့် တန်ဖိုးကြီး စွမ်းဆောင်ရည်မြင့် HTC One M8 ၏ ပလတ်စတစ် ကိုယ်ထည် တပ်ဆင်ထားသည့် ဈေးသက်သာသော အမျိုးအစားဖြစ်ပါသည်။

ဓါတ်ပုံများကို Twitter တွင် တွေ့ရှိရခြင်း ဖြစ်ပြီး HTC One M8 Ace သည် HTC One M8 နှင့် HTC One Mini 2 တို့၏ ဒီဇိုင်း နှင့် တူညီစေရန် ပြုလုပ်ထားပါသည်။ ကြီးမားသည့် BoomSound Stereo Speaker များကို အရှေ့ဘက် မျက်နှာပြင်တွင် တပ်ဆင်ထားပါသည်။

One M8 Ace ကို ပေါ့ပါးပြီး မာကျောသည့် Polycarbonate ပလတ်စတစ် ကိုယ်ထည်ဖြင့် ထုတ်လုပ်ထားသဖြင့် ကုန်ကျစရိတ်သက်သာပြီး Samsung Galaxy S5 ကို ယှဉ်ပြိုင်နိုင်မည် ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။ One M8 Ace ၏ အနောက်ဘက်တွင် One M8 ကဲ့သို့ ကင်မရာ နှစ်လုံး တပ်ဆင်ထားခြင်း မရှိဘဲ 8 MP or 13 MP Camera တစ်လုံးသာ တပ်ဆင်ထားမည် ဟု သတင်းထွက်ပေါ်နေပါသည်။ ကင်မရာ ၏ အပေါ်တွင် LED Flash တပ်ဆင်ထားမည် ဖြစ်သည်။

ထွက်ပေါ်နေသော သတင်းများအရ HTC One M8 Ace တွင် ငါးလက်မ အရွယ် 1080p Display နှင့် 2.5GHz Quad-Core Qualcomm Snapdragon 801 Processor တပ်ဆင်ထားမည်ဖြစ်သည်။ ဒေါ်လာ ငါးရာအောက်ဖြင့် ရောင်းချနိင်သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းကြသော်လည်း ရောင်းချမည့် အချိန်နှင့် ပတ်သက်၍ သတင်းထွက်ပေါ်ခြင်း မရှိသေးပါ။

ref: သူရ

အချစ်ကိုပြောင်းလဲရပ်တန့်သွားစေနိုင်သောအကြောင်းအရင်း(၇)ခု



Aung Ko Htet (MM IT Knowledge)

ချစ်သူစုံတွဲတွေမှာဆက်လက်မချစ်နိုင်တော့တဲ့ အကြောင်းပြချက်တွေတော့ တစ်မျိုးဆီရှိကြမှာပါ။ ဘယ်သူကမှ ဒီ relationship ကြီးမှာအချစ်တွေပြောင်းလဲသွားလိမ့်မယ်လို့ သိနိုင်မှာလဲ။ ဒါပေမယ့် တချို့အခြေအနေတွေမှာအချစ်ဆိုတာအမြဲထာဝရမရှိနေပါဘူး၊ မထင်မှတ်ဘဲနဲ့ relationship ကြီးကိုအဆုံးသတ်လိုက်ရတာမျိုးရှိပါတယ်။ ဒါကြောင့် အနာဂတ်မှာဖြစ်လာနိုင်မယ့်အရာတွေကို ကြိုတင်ကာကွယ်နိုင်အောင်လို့ အချစ်ကိုပြောင်းလဲရပ်တန့်သွားစေနိုင်တဲ့ အကြောင်းအရင်းလေးတွေကိုလေ့လာကြည့်လိုက်ရအောင်။

၁။     လူတွေရဲ့ ပြောင်းလဲခြင်း
တခါတရံမှာတစ်စုံတစ်ရာအကူးအပြောင်းကြောင့် လူတွေကပြောင်းလဲသွားတတ်ကြပါတယ်။ ဒါကြောင့် အရင်ကချစ်ခင်မြတ်နိုးတဲ့ ချစ်သူပုံစံလည်းပြောင်းလဲသွားပါတယ်။ ဘဝမှာကိုယ်လိုချင်တာကိုသိရှိနားလည်ပြီးပြောင်းလဲသွားတတ်ကြတာလူတွေရဲ့သဘာဝပါ။ အသစ်ဖြစ်ပေါ်ပြောင်းလဲလာတဲ့ ကိုယ့်လိုအင်ဆန္ဒက ကိုယ့်ချစ်သူဆန္ဒတွေနဲ့ မတူညီတော့ဘူး။ ဒီလိုနဲ့ တဖြည်းဖြည်းရင်းနှီးမှုတွေ စတင်နည်းပါးလာပါတယ်။ လူတွေရဲ့ပြောင်းလဲခြင်းကအချစ်ကိုပြောင်းလဲစေနိုင်တဲ့ အကြောင်းအရာတွေထဲကမှ အဖြစ်အများဆုံးတစ်ခုပါပဲ။

၂။     ယုံကြည်စိတ်ချမှုကိုထိခိုက်ခြင်း
ကိုယ့်ချစ်သူကကိုယ့်အပေါ်လိမ်ညာခဲ့တဲ့ ကိစ္စတစ်ခုခုကိုကိုယ်နောက်ကျမှသိလိုက်ရပြီဆိုရင် ကိုယ်ဘာမှမလုပ်နိုင်တော့ဘူးလေ။ သူ့ကိုခွင့်လွှတ်ကောင်းခွင့်လွှတ်လိုက်မယ်။ ဒါပေမယ့် ကိုယ့်အပေါ်သစ္စာမရှိဘူးဆိုတဲ့ ခံစားချက်ကကိုယ့်ကိုခြောက်လှန့်နေပါလိမ့်မယ်။ ဒီ relationship ကြီးကိုဘာမှမဖြစ်ခဲ့သလိုရှေ့ဆက်ဖို့လည်းခက်ခဲပါလိမ့်မယ်။ တချို့ဒဏ်ရာတွေက ပြန်ကုလို့မရတော့တာကြောင့် ဒါကိုဖြေရှင်းဖို့ တစ်ခုတည်းသောနည်းလမ်းကလမ်းခွဲခြင်းဖြစ်လာပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။     ပုံမှန်အဆက်အသွယ် ပျက်တောက်ခြင်း
အချစ်တွေခိုင်မြဲနေစေဖို့ ကြီးထွားလာစေဖို့ ချစ်သူနှစ်ဦးကသူတို့ရဲ့ခံစားချက်တွေကိုစကားပြောဆိုခြင်းတွေ၊ ပုံမှန်အဆက်အသွယ်လေးတွေကနေတဆင့် ဖော်ပြကြပါတယ်။ တကယ်လို့ အဆက်အသွယ် ပျက်တောက်သွားမယ်ဆိုရင် ကိုယ့်ခံစားချက်တွေ ဖော်ပြဖို့ မဖြစ်နိုင်တော့ဘူးလေ။ ဒါဆို relationship မှာဆက်ဆံရေးကအေးဆက်သွားမှာဖြစ်ပါတယ်။ အဆက်အသွယ်နည်းပါးတာကြောင့် အထင်အမြင်လွှဲမှားမှုတွေ၊ နားလည်မပေးနိုင်တာတွေ ဖြစ်လာဖို့အခွင့်အရေးပိုများလာခြင်း ဖြစ်ပါတယ်။

၎။     စိတ်လှုပ်ရှားဖွယ်မကောင်းခြင်း
ကိုယ့်ရဲ့ relationshipကိုလန်းဆန်းပြီးပျော်ရွှင်စရာကောင်းအောင် ထိန်သိမ်းထားဖို့ထက် ပိုပြီးအရေးကြီးတာမရှိပါဘူး။ နှစ်ယောက်တူတူအချိန်ပိုပေးကြလေ နှစ်ယောက်သားပိုရင်းနှီးလေပါပဲ။ ဒါဆိုရင် relationship ကြီးကလည်းရင်ခုန်စရာသိပ်မကောင်းတော့ဘူးပေါ့။ ဒါကြောင့် ပုံမှန်အတိုင်း ငြီးငွေ့လာတဲ့ထိချိန်းတွေ့မနေကြဘဲစိတ်ကူးယဉ်ဆန်ဆန် အပြောင်းအလဲလေးတွေနဲ့ ချိန်းတွေ့ကြပါ။

၅။     ပန်းတိုင်နဲ့ လိုအင်ဆန္ဒတွေ မတူညီခြင်း
တစ်ယောက်အကြောင်းတစ်ယောက် ပိုပိုပြီးသိလာတဲ့အခါ ကိုယ်က relationship ရဲ့ဘယ်လိုပုံစံဘက်ကရပ်တည်သလဲဆိုတာရှင်းရှင်းလင်းလင်းမြင်လာပါတယ်။ တချို့စုံတွဲတွေကလိုက်ဖက်ညီနေတဲ့အချိန်မှာတချို့တွေမှာလည်းပန်းတိုင်နဲ့ အမြင်တွေကွဲပြားနေတာမျိုးရှိပါတယ်။ ဥပမာပြောရရင် ကလေးများများနဲ့ မိသားစုဘဝကိုလိုချင်တဲ့ အမျိုးသားတစ်ယောက်အတွက် ကလေးယူဖို့အစီအစဉ်မရှိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ လက်တွဲဖို့ဆိုတာတော်တော်လေးကိုခက်ခဲပါလိမ့်မယ်။

၆။     မနာလိုဝန်တိုခြင်း
မနာလိုတာလေးတွေ၊ သဝန်တိုတာလေးတွေ နည်းနည်းပါးပါးရှိခြင်းက relationship တစ်ခုအဆင်ပြေနေစေဖို့ အရေးပါပါတယ်။ ဒါပေမယ့် တစ်ချိန်လုံးမနာလိုဖြစ်နေရင်တော့ နားလည်မှုလွှဲမှားလာတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ မနာလိုဝန်တိုလွန်းရင် relationship ကိုထိခိုက်သွားစေနိုင်ပါတယ်။

၇။     ဘဝအလှည့်အပြောင်းများ
တခါတရံမှာဘဝအလှည့်အပြောင်းတွေကြောင့် အချစ်ကိုလည်းပြောင်းလဲသွားစေနိုင်ပါတယ်။ အလုပ်တစ်ခုကိုဆုံးရှုံးလိုက်ရတဲ့အခါ၊ ကိုယ်ချစ်တဲ့လူတစ်ယောက်ယောက်ကိုဆုံးရှုံးလိုက်ရတဲ့အခါမျိုးမှာကိုယ့်ဘဝကြီးကဆိုးရွားအကြီးတန်တဲ့နေရာကိုရောက်နေရသလိုပါပဲ။ ဒီလိုအချိန်မျိုးမှာလက်ရှိကိုယ့်ရဲ့ relationship ကိုထိခိုက်စေနိုင်ပါတယ်။ ဘဝမှာတွေ့ရတဲ့ စိတ်ဆင်းရဲစရာကိစ္စတွေက relationship တစ်ခုရဲ့ ခရီးလမ်းမှာဆူးခလုတ်တွေဖြစ်စေနိုင်ပါတယ်။ လူတွေရဲ့အချစ်ကိုပြောင်းလဲစေနိုင်တဲ့ တခြားအကြောင်းအရာလေးတွေများရှိဦးမလား။
အ​တွေးအခေါ်များကို မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။

ref: Gandawin

Wednesday, May 28, 2014

လှုပ်ရှားမှုများဖြင့် စမတ်နာရီကို ထိန်းချုပ်နိုင်ရန် သုတေသီများ လုပ်ဆောင်နေ



Aung Ko Htet (MM IT Knowledge)



Carnegie Mellon တက္ကသိုလ်မှ သုတေသီများသည် touchscreen မပါဝင်ဘဲ လှုပ်ရှားမှုများအတွက် လက်ဖြင့် လှည့်ခြင်းနှင့် စောင်းခြင်းတို့ကို ပြုလုပ်ရန် စမတ်နာရီပုံစံငယ် အသစ်တစ်မျိုးကို စမ်းသပ်လုပ်ကိုင်နေကြောင်း သိရသည်။



စမတ်နာရီများသည် သာမန်ဆက်သွယ်ရေးဖန်တီးမှုနှင့် သတင်းအချက်အလက်များ ရယူရာတွင် သက်သောင့်သက်သာဖြစ်စေမည့်အရာများဖြစ်ကြောင်း အထက်ပါစီမံကိန်းတွင် လုပ်ကိုင်နေသူ HumanComputer ဆက်သွယ်ရေးလက်ထောက်ပရော်ဖက်ဆာ Chris Harrison က ပြောကြားခဲ့သည်။ စမတ်နာရီများကို လက်တွင် ဝတ်ဆင်ထားသည့်အခါတွင် ၎င်းတို့သည် သေးငယ်ပြီး ထင်ရှားမှုမရှိသောကြောင့် အသုံးပြုရာတွင် အကန့်အသတ်များရှိသည်။ အဓိကပြဿ     နာမှာ စမတ်နာရီများတွင် touchscreen ထည့်သွင်းထားခြင်းသည် ပြဿ     နာတစ်ခုဖြစ်ပြီး display မှာသေးငယ်ပြီး လက်ချောင်းများမှာ ကြီးမားလျက်ရှိသည်။



အဆိုပါပြဿ     နာအတွက် အဖြေသည် နာရီကိုစက်ပိုင်းဆိုင်ရာ လှုပ်ရှားမှုအဖြစ် ထိန်းချုပ်ခြင်းဖြစ်ကာ အမျိုးမျိုးလှည့်၍ အသုံးပြုနိုင်သည့် bezel ဖြင့် လှည့်ခြင်း၊ စောင်းခြင်း၊ နှိပ်ခြင်း၊ ဆွဲခြင်းတို့ ပြုလုပ်ထိန်းချုပ်နိုင်
သည်။ လှုပ်ရှားမှုများအားလုံးကို လက်ချောင်းနှင့်လက်မ အသုံးပြု၍ ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။

-စိုးထက်

Ref: CNET

Google မှ ကိုယ်ပိုင် မောင်းသူမဲ့ကားမျိုး တည်ဆောက်၇န် ဆုံးဖြတ်



Aung Ko Htet (MM IT Knowledge)



ကမ္ဘာကျော် Google ကုမ္ပဏီ က တခြားထုတ်လုပ်သူတွေရဲ့ ယာဉ်တွေကို အထူးပြုမွန်းမံပေးနေရတာထက် စာရင် Google ရဲ့ ကိုယ်ပိုင် မောင်းသူမဲ့ကားမျိုး တည်ဆောက် ထုတ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။

Google ရဲ့ မောင်းသူမဲ့ ကားမှာ Stop နဲ့ Go Button ကလွဲရင် တခြားထိန်းချုပ်ခလုတ်တွေ၊ လက်ကိုင် Steering wheel နဲ့ ခြေနင်းတွေ ဘာမှ ပါမှာမဟုတ်ပါဘူး။

သွားရလာရလွယ်ကူသက်သာစေပြီး လူတွေရဲ့လူနေမှုဘဝကို မြှင့်တင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ထုတ်လုပ်တယ် ဆိုတဲ့ Google ရဲ့ self-driving ယာဉ်မှာ ဘယ်လို အားသာချက်တွေ အားနည်းချက်တွေ ရှိဦးမလဲ။ မောင်းသူမဲ့ယာဉ်ဟာ အမှန်တကယ်ရော လက်တွေ့မှာ အန္တရာယ်ကင်းမှာလား၊ သတင်းအပြည့်အစုံက ဒီမှာပါ။

ကာတွန်းထဲက ကားလေးနဲ့ တူတဲ့ ဒီယာဉ် ပုံစံငယ်ကို စမ်းသပ်မောင်းနှင်ပြပုံကိုလည်း ကြည့်ရှုနိုင်ပါတယ်။

ဗီဒီယို ကြည့်ရန် >>> http://www.bbc.com/news/technology-27587558

ref: BBC

သိမှတ်သင့်သော စကားလုံးတစ်ချို့



Aung Ko Htet (MM IT Knowledge)


(၁) GSM ဆိုတာကတော့ Global System for Mobile Communication ဖြစ်ပါတယ်။

(၂) CDMA ဆိုတာကတော့ Code Divison Multiple Access ဖြစ်ပါတယ်။

(၃) MP3 ဆိုတာကတော့ MPEG player ၃ ဖြစ်ပါတယ်။

(၄) MP4 ဆိုတာကတော့ MPEG-4 video file ဖြစ်ပါတယ်။

(၅) PDF ဆိုတာကတော့ Portable Document Format ဖြစ်ပါတယ်။

(၆) CD ဆိုတာကတော့ Compact Disk ဖြစ်ပါတယ်။

(၇) DVD ဆိုတာကတော့ Digital Versatile Disk ဖြစ်ပါတယ်။

(၈) HTML ဆိုတာကတော့ Hyper Text Markup Language ဖြစ်ပါတယ်။

(၉) WML ဆိုတာကတော့ Wireless Markup Language ဖြစ်ပါတယ်။

ဖော်ပြပါ ရှင်းလင်းချက်များသည် အဓိက အသုံးများသော အရာများ ကိုပင်ဖော်ပြ ထားတာ ဖြစ်ပါတယ်။ တစ်ခြားသော အရာများ ကျန်ရှိပါသေးတယ်။

ref: ကျော်လင်းနိုင် (ရိုးရာလေး)

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း eGovernment ဆက်ကြောင်းများအတွက် ဖိုက်ဘာကေဘယ်ဆိုင်ရာပစ္စည်းများ တင်ဒါခေါ်




Aung Ko Htet (MM IT Knowledge)



နေပြည်တော်ရှိ အစိုးရဌာနများတွင် eGovernment ဆက်ကြောင်းများ ဆောင်ရွက်ရာ၌ လိုအပ်သည့် ဆက်သွယ်ရေးဆိုင်ရာပစ္စည်းများ ဝယ်ယူရန် တင်ဒါခေါ်ယူထားသည်။



ဖိုက်ဘာကေဘယ်နှင့် ဆက်စပ်ပစ္စည်းများ၊ ဖိုက်ဘာကေဘယ်လိုင်း တည်ဆောက်ခြင်း ဆက်စပ်ပစ္စည်းများ၊ Data Network နှင့် ဆက်စပ်ပစ္စည်းများ ပါဝင်ကြောင်းတွေ့ရသည်။ လုပ်ငန်းအပေါ်စိတ်ဝင်စားပါက စဘော်ငွေ ကျပ်ငါးသိန်းတိတိကို စိတ်ဝင်စားမှုအာမခံကြေးအဖြစ် ပေးသွင်းပြီးမှသာလျှင် အိတ်ဖွင့်တင်ဒါလက်ခံမည်ဖြစ်ကြောင်း သိရှိရသည်။ လုပ်ငန်းမရရှိပါက ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ တင်ဒါခေါ်ယူသည့် ပစ္စည်းများကို လုပ်ငန်းအပ်နှံသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း အပြီးသတ်ပေးသွင်းရမည်ဖြစ်ကြောင်း၊ သတ်မှတ်ရက်အတွင်း ပစ္စည်းပေးသွင်းနိုင်ခြင်းမရှိပါက ရက်လွန်ဆောင်ရွက်မှုအတွက် နှောင့်နှေးကြေးအဖြစ် တစ်ရက်လျှင် လုပ်ငန်းတစ်ပတ်လျှင် နောက်ကျပေးသွင်းမည့် ပစ္စည်းတန်ဖိုး၏ တစ်ရာခိုင်နှုန်းကို ဖြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။



ယင်းတစ်ရာခိုင်နှုန်း ဖြတ်တောက်ခြင်းကို ရက်သတ္တပါတ်စုစုပေါင်း ခြောက်ပတ်အထိသာ ဖြတ်တောက်မည်ဖြစ်ပြီး ယင်းကာလထက်ကျော်လွန်ပါက ပေးသွင်းထားသည့် အာမခံငွေအားလုံးကိုသိမ်းယူ၍ နာမည်ပျက်စာရင်းတွင် ထည့်သွင်းအရေးယူသွားမည်ဖြစ်ကြောင်း၊ ဌာနမှသတ်မှတ်ထားသည့် စည်းကမ်းများကို ဖောက်ဖျက်ပါက အာမခံများကို လုံးဝထုတ်ပေးခြင်းမပြုသည့် နာမည်စာရင်းကြေညာခြင်း ခံရမည်ဖြစ်ကြောင်း သိရသည်။ တင်ဒါနှင့် ပတ်သက်သည့်အချက်လက်များကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နေပြည်တော် ဒုတိယ အထွေထွေမန်နေဂျာရုံးတွင် စုံစမ်းနိုင်ကြောင်း သိရသည်။



တင်ဒါပုံစံတစ်စောင်လျှင် တစ်ထောင်ကျပ်ဖြင့် ဝယ်ယူနိုင်ပြီး ဇွန်လ ၂၄ ရက်တွင် တင်ဒါပိတ်သိမ်းမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့်အချိန်ထက် ကျော်လွန်ပေးသွင်းသော တင်ဒါများအား လက်ခံမည်မဟုတ်ကြောင်း ကြေညာထားသည်။



ref: ထွန်းထွန်း

ဖိုက်ဘာဆက်ကြောင်း ချိတ်ပြီးချိန်၌ Wi-Fi စနစ် လျှောက်သည့် ကုမ္ပဏီများ လုပ်ကိုင်ခွင့်ရမည်



Aung Ko Htet (MM IT Knowledge)



မြန်မာတစ်နိုင်ငံလုံး၏ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် Wi-Fi အင်တာနက်စနစ်ကို အသုံးပြုနိုင်ရန်အတွက် ဖိုက်ဘာဆက်ကြောင်း ချိတ်ဆက်မှုများကို ပြုလုပ်ပြီးပါက လျှောက်လွှာတင်ထားသည့် ကုမ္ပဏီများကို တရားဝင်လုပ်ကိုင်ခွင့်များ ချထားပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။



ယခုလက်ရှိတွင် မန္တလေး-မြစ်ကြီးနား၊ မန္တလေး-မူဆယ်နှင့် တောင်ကြီး-တာချီလိတ်အစရှိသည့် ဖိုက်ဘာဆက်ကြောင်းများကို ချိတ်ဆက်မှုများပြုလုပ်နေပြီဖြစ်ပြီး ရန်ကုန်အပါအဝင် အခြားသောမြို့ကြီးများနှင့် နယ်မြို့များတစ်လျှောက် အင်တာနက် ဆက်သွယ်မှုကွန်ရက်များကို ဆက်လက်ချိတ်ဆက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။



တစ်နိုင်ငံလုံးရှိ လူနေထူထပ်သောနေရာများအတွက် အဓိကရည်ရွယ်သည့် ယင်း Wi-Fi စနစ် အင်တာနက်ဝန်ဆောင်မှုကို ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ပေးနေကြောင်း သိရသည်။ အဆိုပါ ဖိုက်ဘာဆက်ကြောင်း ချိတ်ဆက်မှုများ အပြီးသတ်ဆောင်ရွက်ပြီးပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Wi-Fi အင်တာနက်စနစ်ကို ဝန်ဆောင်မှုပေးနိုင်မည့် ကုမ္ပဏီများကို အပြီးသတ်ရွေးချယ်သွားမည်ဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။



ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနသည် တစ်နိုင်ငံလုံး၌ ကြိုးမဲ့အင်တာနက်စနစ်ဖြစ်သည့် Wi-Fi ဆက်သွယ်မှုကွန်ရက် ဝန်ဆောင်မှုကို ပေးနိုင်မည့် ပုဂ္ဂလိကကုမ္ပဏီများကို ပြီးခဲ့သည့်နှစ်က ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ လျှောက်ထားသည့် ကုမ္ပဏီအရေအတွက် တစ်ရာခန့်ရှိကြောင်း သိရသည်။



ယခုကဲ့သို့ တစ်နိုင်ငံလုံးရှိ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် ကြိုးမဲ့အင်တာနက်စနစ် လွှင့်တင်နိုင်ရန်အတွက် လျှောက်ထားသော ပုဂ္ဂလိကကုမ္ပဏီများအနက်မှ ကုမ္ပဏီနှစ်ဆယ့်ခုနစ်ခုကိုသာ ရွေးမည်ဖြစ်သည်။



ပြည်တွင်းအင်တာနက် ဆက်သွယ်ရေးဝန်ဆောင်မှုများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအပြင် ပုဂ္ဂလိကကုမ္ပဏီများဖြစ်သည့် ရတနာပုံတယ်လီပို့နှင့် Red Link Communications တို့က ပေးနေသည်။ သို့သော် အစိုးရနှင့်ပုဂ္ဂလိကတို့၏ လက်ရှိအင်တာနက် ဝန်ဆောင်မှုအရည်အသွေးများသည် ကောင်းမွန်ခြင်းမရှိသေးဘဲ သုံးစွဲသူများ၏ ဝေဖန်မှုများနှင့် မကြာခဏကြုံတွေ့နေရသည်ဟု စုံစမ်းသိရသည်။



ref: ယုဇနကိုကို

မြန်မာပါဝင်သည့် အရှေ့တောင်အာရှဒေသ၏ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအစဉ်ကို NGC, FOX ရုပ်သံလိုင်းများနှင့် အင်တာနက်ပေါ်တွင် ထုတ်လွှင့်မည်




Aung Ko Htet (MM IT Knowledge)



နိုင်ငံတကာ ရုပ်သံလိုင်းများဖြစ်သော National Geographic Channel နှင့် Fox ရုပ်သံလိုင်းအပါအဝင် အခြားသော လူမှုရေးနယ်ပယ်မှ အဖွဲ့အစည်းအချို့နှင့် ဖိလစ်ပိုင်နိုင်ငံ၏ နာမည်ကျော်လက်ဝှေ့ကစားသမား မန်နီပက်ကွီအိုတို့ ပူးပေါင်းထားသည့် မြန်မာနိုင်ငံပါဝင်သော အာရှဒေသတွင်း သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်သည့် Safe Steps အမည်ရှိ အစီအစဉ်တစ်ခုကို သက်ဆိုင်ရာရုပ်သံလိုင်းများနှင့် အင်တာနက်စာမျက်နှာများပေါ်တွင် လွှင့်တင်နိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။



အရှေ့တောင်အာရှဒေသသည်  ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ်ဒဏ်များကို အဆိုးရွားဆုံး ခံရသည့် ဒေသကြီးတစ်ခုဖြစ်သည့်အတွက် ယခုကဲ့သို့ ကြိုတင်ကာကွယ်သည့် အသိပညာပေးအစီအစဉ်များကို ရိုက်ကူးထုတ်လွှင့်ပြသရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။



အဆိုပါအစီအစဉ်တွင် အာရှဒေသတွင်း အလှူငွေကြေးများ ထောက်ပံ့ပေးရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် Purdential Corporation Asia (PCA) လည်း ပါဝင်ကြောင်း သိရသည်။ နာမည်ကျော် နိုင်ငံတကာ ရုပ်သံလိုင်းနှစ်ခုပါဝင်သည့် အဆိုပါအစီအစဉ်တွင် သဘာဝဘေးအန္တရာယ်များကို ဘေးအန္တရာယ်ကင်းစွာ ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများကို မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်အစရှိသည့် နိုင်ငံများအပါအဝင် အာရှဒေသတစ်ခုလုံးတွင် ဖြန့်ဖြူးမျှဝေပေးမည့် ပထမဆုံး အစီအစဉ်တစ်ခုဖြစ်သည်။



အာရှဒေသတွင်း သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်မည့် အဆိုပါအစီအစဉ်ကို  FOX (Fox International Channel) အသံလွှင့်ကွန်ရက်မှလွှင့်တင်သော National Geographic Channel, Net Geo Wild, Net Geo People, Fox, Fox Crime, Fox Movies Premium, Fox Sports, FX, Star Movies, Star Chines Movies, Star Sports, Star World နှင့် Channel V အစရှိသည့် ရုပ်သံလိုင်းများနှင့် အဆိုပါရုပ်သံလိုင်းများ၏ အင်တာနက်စာမျက်နှာ ဝက်ဘ်ဆိုက်များပေါ်တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။



“ဒီအစီအစဉ်က တန်ဖိုးမဖြတ်နိုင်တဲ့ အစီအစဉ်တစ်ခုပါ။ ကျွန်တော်တို့ရဲ့ ရုပ်သံကွန်ရက်တွေနဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေပေါ်ကနေ ဒီအစီအစဉ်ကို ထုတ်လွှင့်တဲ့အခါ အာရှဒေသတွင်းက နိုင်ငံတွေက အိမ်ခြေအရေအတွက် နှစ်ဆယ့်လေးသန်းကျော်က ကြည့်ရှုနိုင်မှာဖြစ်ပါတယ်” ဟု Fox အသံလွှင့်ကွန်ရက်၏ ဆက်သွယ်ရေးဆိုင်ရာ အလုပ်အမှုဆောင်ဥက္ကဋ္ဌ Mr. Joon Lee က ပြောသည်။



အာရှဒေသတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးအစီအစဉ်နှင့် ပတ်သက်သည့် ရုပ်သံထုတ်လွှင့်မှုများကို www.safestaps.com ဝက်ဘ်ဆိုက် စာမျက်နှာပေါ်တွင် ကြည့်ရှုနိုင်မည်ဖြစ်ပြီး အလွယ်တကူ Download များ ပြုလုပ်နိုင်မည်ဖြစ်သည်။



Safe Steps မှ ထုတ်လွှင့်မည့် သဘာဝဘေးအန္တရာယ် ကျော်လွှားနိုင်မည့် အချက်အလက်များသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့အစည်းက အတည်ပြုချက်ပေးထားပြီးဖြစ်ကြောင်း သိရသည်။



ref: ယုဇနကိုကို

တာဝါတိုင်တည်ဆောက်ရေး ယခင်ထက် လွယ်ကူလာ




Aung Ko Htet (MM IT Knowledge)



ပြည်ပမှ ဝင်ရောက်လာသည့် ဆက်သွယ်ရေး အော်ပရေတာများအတွက် အဓိကစိန်ခေါ်မှုတစ်ခုဖြစ်သည့် တာဝါတိုင်စိုက်ထူနိုင်ရေးအစီအစဉ်သည် တဖြည်းဖြည်းလွယ်လာသည်ဟု သိရသည်။



ဆက်သွယ်ရေးတာဝါတိုင်အတွက် မြေနေရာရရှိရေးနှင့် အဆင့်ဆင့်ညှိနှိုင်းဆောင်ရွက်ရသည့် ကိစ္စရပ်တို့သည် မိုဘိုင်းဖုန်းလိုင်းများ အချိန်မီချထားပေးနိုင်ရန်အတွက် အဓိကစိန်ခေါ်မှုဖြစ်သည်ဟု Telenor Myanmar နှင့် Ooredoo Myanmar တို့က လိုင်စင်စတင်ရရှိကာစက ပြောသည်။



“အခုဆိုရင် မြေနေရာအတွက် တဖြည်းဖြည်းလွယ်လာတယ်။  နောက်ပိုင်းဆိုရင် တစ်လကို တာဝါတိုင် ၃၀၀ ကနေ ၄၀၀ အထိ တည်ဆောက်လာနိုင်မယ်လို့ ခန့်မှန်းရတယ်။ Telenor က မိုဘိုင်းဖုန်းလိုင်းတေ စတင်ရောင်းချတဲ့အချိန်မှာဆိုရင် တာဝါတိုင် ၈၀၀ ကနေ ၁၀၀၀ ကြားရှိမယ်လို့ ခန့်မှန်းထားတယ်” ဟု Telenor Myanmar ၏ CEO ဖြစ်သူက ပြောသည်။



ဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် တာဝါတိုင်တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ စိန်ခေါ်မှုများတည်ရှိနေသော်လည်း ကြီးမားသည့်ပြဿနာ မဟုတ်တော့ကြောင်း ဝန်ကြီးဌာန အနေဖြင့်လည်း အဆိုပါကိစ္စရပ်ကို အတွေ့အကြုံရှိသည့်အတွက် ကူညီဆောင်ရွက်ပေးနေကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက သတင်းထောက်များနှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့သည်။



ဆက်သွယ်ရေး တာဝါတိုင်တည်ဆောက်ရေးနှင့် ပတ်သက်၍ ပြည်ပမှ ဝင်ရောက်လာသည့် အော်ပရေတာများအနေဖြင့် အခက်အခဲများရှိသည်ဟု ပြောဆိုခဲ့သော်လည်း ပြည်တွင်းမှ ဆက်သွယ်ရေး အော်ပရေတာနှစ်ခုသည် တာဝါတိုင်တည်ဆောက်ရေး လုပ်ငန်းနှင့် ပတ်သက်၍ အခက်အခဲရှိသည်ဟု ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။



ပြည်ပအော်ပရေတာနှစ်ခုသည် မိုဘိုင်းဆင်းမ်ကတ်များ အလုံးအရင်းနှင့် ချထားပေးမည့် သတ်မှတ်လကို ပြောဆိုထားသော်လည်း အရန်သင့်တာဝါတိုင်များနှင့် ဝန်ဆောင်မှု ဆက်လက်ပေးအပ်နေသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မိုဘိုင်းဆင်းမ်ကတ်များ အလုံးအရင်းနှင့် ဖြန့်ဖြူးပေးနိုင်မည့် အကြောင်းအရာကို ပြောဆိုနိုင်ခြင်း မရှိသေးပေ။



ref: မြင့်ကျော်လှိုင်

USB Memory Stick တစ်ချောင်း အသေးစိတ် လေ့လာခြင်း



Aung Ko Htet (MM IT Knowledge)


သတင်းအချက်အလက်တွေကို Memory stick တစ်ချောင်းထဲမှာ အားလုံး သိမ်းဆည်းနိုင်တယ်ဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ အမှန်တော့ အချက်အလက်များကို အတတ်နိုင်ဆုံး ရှုံပြီး Chip ထဲသွင်းလိုက်ခြင်း ဖြစ်ပါ တယ်။ USB memory key လို့ခေါ်ပါတယ်။ သူ့ဆီမှာ ပါဝင်တဲ့ ပစ္စည်းအစိတ်အပိုင်း အားလုံး အကြမ်းဖျင်းကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
1 USB Standard, Male A-plug
ကွန်ပြူတာက USB port ကိုထိုးမယ့်အပိုင်း ဖြစ်ပါတယ်။ Male လို့ခေါ်တဲ့ အကြောင်းကတော့ အလွယ်နည်းနဲ့ပြောရင် ထိုးရလို့ ဖြစ်ပါတယ်။ Motherboard တွေမှာ ပါတဲ့ အပေါက်ကတော့ Female plug ဖြစ်ပါတယ်။
2 USB mass storage controller device
သိုလှောင်သိမ်းဆည်းမှု အနည်း၊အများကို ထိန်းချုပ်ပေးမယ့် အီလက်ထရောနစ် ပစ္စည်းတစ်ခု ဖြစ်ပါတယ်။
3 Test points
test point ကတော့ သူ့နာမည်အတိုင်း test လုပ်ပေးပါတယ်။ စီးဝင်တဲ့ လျှပ်စစ် ကြိမ်နှန်းအနည်းအများ ကို test လုပ်ပေးခြင်း၊ ပစ္စည်းချို့ ယွင်းချက် ဖြစ်ပေါ်လျှင် signal testing ပြုလုပ်ပေးခြင်းတို့ လုပ်ဆောင်ပါတယ်။
4 Flash memory chip
အဓိက သိုလောင်သိမ်းဆည်းတဲ့နေရာ ဖြစ်ပါတယ်။ သိမ်းတယ်ဆိုလို့ ဘာတွေ သိမ်းတယ်ဆိုတာ စိတ်ဝင်စားစရာပါပဲ။ အမှန်တော့ အီလက်ထရောနစ် ဒေတာတွေကို အီလက်ထရောနစ် ဒေတာ အနေနဲ့ပဲ သိမ်းဆည်းလိုက်တာ ဖြစ်ပါတယ်။ ဥပမာ - ကွန်ပြူတာထဲက ပုံ၊သီချင်း တို့ဟာ အီလက်ထရောနစ် ဒေတာ ဖြစ်ပြီး ၎င်း ကို transfer လုပ်ပေးရုံသာ ဖြစ်ပါတယ်။ သီချင်းဆိုရင်တော့ amplifier တို့လို ကြားခံ device အသုံးပြုပြီး ပြန်ဖွင့်ရပါတယ်။ ဒါကတော့ မဆိုင်ပါဘူး။ ဒီမှာ သိရင် လုံလောက်တာပါ Flash memory chip ဆိုတာ အချက်အလက်တွေကို လျှပ်စစ် signal နဲ့ အနည်းနိုင်ဆုံး ဖြစ်အောင် ရှုံ့ ပြီး ထည့်ထား၊ သိမ်းဆည်း ပေးတာ ဖြစ်ပါတယ်။
5 Crystal oscillator
သူက အီလက်ထရောနစ် Signal ဖန်တီးပေးပါတယ်။ သူသာ ပျက်ရင် Memory ကီးက ဘာမှ လုပ်ဆောင်လို့ မရတော့ပါဘူး။ ရေဒီယိုတို့မှာဆိုရင် အသံဖမ်းမှန်အောင် ကြိမ်နှုန်းမှန်အောင် Crystal oscillator က လုပ်ဆောင်ပေးရတာမျိုး ဖြစ်ပါတယ်။
6 LED (Optional)
LED မီးလုံးကတော့ ပါတဲ့ဟာလည်း ပါပြီး မပါတဲ့ဟာလည်း မပါပါဘူး။ အဓိက ကတော့ အသုံးပြုနေရင် မီးလင်းပြီး အချက်ပေးနေတာမျိုး ဖြစ်ပါတယ်။
7 Write-protect switch (Optional)
Write protect ကတော့ Memory key ထဲကို ဝင်ရေးလို့မရအောင်၊ ဝင်သိမ်းဆည်းလို့မရအောင်၊ အတွင်းက အချက်အလက်များအား ပြောင်းလဲလို့ မရအောင် တားဆီးပေးပါတယ်။ ဒါလည်း ပါတဲ့ဟာက ပါပြီး မပါတဲ့ဟာ မပါပါဘူး။
8 Space for second flash memory chip
အကြမ်းအားဖြင့်ကတော့ memory သိမ်းဆည်းဖို့ နောက်ထပ် chip အပေါ်မှာ ထပ်ခွဲထားတဲ့ အခန်း တစ်ခုလိုပဲ ဖြစ်ပါတယ်။
--
Ref: wiki
အောင်ခမ်း (ရိုးရာလေး)
.

ဆယ်ရက်တာအတွင်း အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းဆီးရရှိမှုတွင် အိုင်စီတီဆိုင်ရာပစ္စည်း အများစုပါဝင်



Aung Ko Htet (MM IT Knowledge)



အကောက်ခွန်ဦးစီးဌာနမှ ဆယ်ရက်တာအတွင်း အကောက်ခွန်မဲ့ ပစ္စည်းများဖမ်းဆီးရရှိမှုတွင် အိုင်စီတီဆိုင်ရာပစ္စည်းအများစု ပါဝင်ကြောင်း သိရသည်။



ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မေလ ၁၅ရက်၌ ရန်ကုန်သို့ ဆိုက်ရောက် ခရီးသည်ထံမှ ခန့်မှန်းတန်ဖိုးကျပ် ၂၈ သန်းခန့်တန်ဖိုးရှိ ဟန်းဆက်မျိုးစုံ ၁၄၁ လုံးနှင့် ဆက်စပ်ပစ္စည်း ၁၂ မျိုးတို့အား တွေ့ရှိ၍ တားဆီးခဲ့ကြောင်း၊ မေလ ၁၇ ရက်တွင်လည်း စင်္ကာပူမှ ရန်ကုန်သို့ ဆိုက်ရောက်ခရီးသည်ထံမှ ခန့်မှန်းတန်ဖိုး ကျပ် ၁၅ သန်းခန့် တန်ဖိုးရှိ ကင်မရာ၊ ဟန်းဆက်နှင့် GPS ဆက်စပ်ပစ္စည်း ၁၂ မျိုးအား တွေ့ရှိတားဆီးခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။ မေလ ၂၀ ရက်၌ ထီးတန်းဆိပ်ကမ်း၌လည်း Remote Control Aircraft 2 စီး ခန့်မှန်းတန်ဖိုးကျပ် ၄ သိန်းခန့်အား တွေ့ရှိ၍ တားဆီးခဲ့ကြောင်း သိရသည်။



အကောက်ခွန်ဦးစီးဌာနမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရေဆိပ်နှင့် အကောက်ခွန်နယ်မြေဒေသ အသီးသီးတို့တွင် ခွင့်ပြုချက်တစ်စုံတစ်ရာမပါရှိဘဲ တင်သွင်းလာသောကုန်ပစ္စည်းများအား စစ်ဆေးတားဆီး ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ မေလ  ၁၁ ရက်မှ ၂၀ ရက်အတွင်း ဖမ်းဆီးမှုများမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ၉ မှု ခန့်မှန်းတန်ဖိုး ကျပ်သန်း ၅၃.၈၃ သန်းခန့်၊ ရန်ကုန်ဆိပ်ကမ်းများမှ ၁၀ မှုခန့်မှန်းတန်ဖိုးကျပ်သန်း ၇၀.၁ သန်းခန့်ဖြစ်ပြီး အကောက်ခွန်နယ်မြေဒေသများမှ ၄ မှု ခန့်မှန်းတန်ဖိုးကျပ် ၆၁.၈ သန်းခန့်ဖြစ်ပြီး စုစုပေါင်းဖမ်းဆီးမှု ၂၃ မှု စုစုပေါင်း ခန့်မှန်းတန်ဖိုးကျပ် ၁၈၅.၇၅ သန်းခန့်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်သည်။



မေလ ၁၇ ရက်တွင် မန္တလေး ကျောက်ချောစစ်ဆေးရေးစခန်း၌ မန္တလေးမှ မူဆယ်သို့သွားမည့်   (အဖြူရောင်) ယာဉ်အမှတ် AA/------ အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်၏နောက်ဖုံးအတွင်း စက္ကူဖာများဖြင့် သိုဝှက်သယ်ဆောင်လာသော ခန့်မှန်းတန်ဖိုးကျပ် ၅.၇ သန်းခန့်တန်ဘိုးရှိ ကျောက်စိမ်းလက်ကောက်အကြမ်းထည် ၂၈၅ ကီလို ဂရမ်အားတွေ့ရှိ၍ ယာဉ်နှင့်ပစ္စည်းများအား အကောက်ခွန်ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ မေလ ၁၂ ရက်နေ့ ဘားအံမြို့ သံလွင်တံတားစစ်ဆေးရေးဂိတ်တွင် ယာဉ်အမှတ်၊ ၈ည/------ (Nissan) ၁၂ ဘီး ယာဉ်ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသော ဂေါက်ကွင်းသုံးယာဉ်ငယ် ၃ စီးနှင့် ကားပစ္စည်း ၂၂ မျိုး၊ ခန့်မှန်းတန်ဖိုး စုစုပေါင်း ၂၁.၂ သန်းခန့် တွေ့ရှိ၍ အကောက်ခွန်ဥပဒေအရ ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။



ref: ထွန်းထွန်း

မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် GSM/ UMTS စခန်းများ တည်ဆောက်လျက်ရှိ




Aung Ko Htet (MM IT Knowledge)



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် GSM/UMTS  စခန်းများ တည်ဆောက်လျက်ရှိကြောင်း သိရသည်။



မန္တလေးတိုင်းဒေသကြီး၊ မိထ္ထီလာခရိုင်၊ မုန်တိုင်ရွာအနီးနှင့် မိထ္ထီလာခရိုင်၊ ရေဝေရွာ အနီးတွင် GSM/UMTS စခန်းများ တည်ဆောက်လျက်ရှိကြောင်း၊ အဆိုပါနေရာများတွင် ဆိုလာပါဝါစနစ်ကို အသုံးပြု၍ ဆက်သွယ်မှု အမြဲမပြတ်တောက်စေရေးကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ကျောက်ပန်းတောင်း-ညောင်ဦးလမ်း မိုင်တိုင်အမှတ် ၄ မိုင် ၃ ဖာလုံတွင်လည်း ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။ မကွေးတိုင်းဒေသကြီး၊ ဆောမြို့အော်တိုအိတ်ချိန်းစခန်း၊ GSM/UMTS စခန်း၊ စာတိုက်၊ ကြေးနန်းစခန်းများတွင်လည်း MPT Satellite တပ်ဆင်ထားရှိမှုအား လျှပ်စစ်စွမ်းအင်အစားထိုး နေရောင်ခြည်သုံး ဆိုလာစွမ်းအင်များဖြင့် တွဲဖက်အသုံးပြုမည့် Battery များ အစဉ်ကြံ့ခိုင်မှုရှိစေရေး ဆောင်ရွက်သွားရန် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ပြောကြားခဲ့သည်ဟု သိရသည်။



ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ တယ်လီဖုန်းအိတ်ချိန်းရုံး၊ မကွေးတိုင်းပေါက်မြို့တယ်လီဖုန်းအိတ်ချိန်းရုံးများတွင်လည်း MPT Satellite ထားရှိမှု အဝေးဆက်ကြောင်းများ အမြဲကောင်းမွန်စေရေးနှင့် စက်ပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်စေရေး လိုအပ်သည်တို့ကို ပြည်ထောင်စုဝန်ကြီးက ဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းထုတ်ပြန်ထားသည်။ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ အော်တိုအိတ်ချိန်းစခန်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ အလ္လကပ္ပ GSM/UMTS စခန်း၊ စစ်ကိုင်းမြို့ စာတိုက်စခန်း၊ အော်တိုအိတ်ချိန်းစခန်း၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရ အော်တိုအိတ်ချိန်းစခန်းများသို့လည်း ပြည်ထောင်စုဝန်ကြီးရောက်ရှိခဲ့ပြီး ပိုမိုကောင်းမွန်သော ဆက်သွယ်ရေးစနစ်အား ရရှိသုံးစွဲနိုင်အောင် ဆောင်ရွက်ရန် မှာကြားခဲ့သည်ဟု ဆိုသည်။



ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဆက်သွယ်ရေးစခန်းများအား ကြည့်ရှုစစ်ဆေးခြင်း သတင်းထုတ်ပြန်ချက်အရ အထက်ပါအချက်များကို ဖော်ပြထားခြင်းဖြစ်သည်။



ref: ထွန်းထွန်း

တယ်လီဖုန်း တပ်ဆင်ခြင်း၊ ပြောင်းရွှေ့ခြင်းအတွက် မြို့နယ်တာဝန်ခံများ၏ လိုင်းစစ်ဆေးချက် မှတ်တမ်းလို


Aung Ko Htet (Myanmar IT Knowledge)

တယ်လီဖုန်းတပ်ဆင်ခြင်း၊ ပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံများ၏ လိုင်းစစ်ဆေးချက်မှတ်တမ်း လိုအပ်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။



အဆိုပါ လိုင်းစစ်ဆေးချက် မှတ်တမ်းအပြင် အိမ်ထောင်စုစာရင်းမိတ္တူလည်း လိုအပ်မည်ဖြစ်ကြောင်း တယ်လီဖုန်းတပ်ဆင်ခြင်း၊ ပြောင်းရွှေ့ခြင်းအတွက် ဆောင်ရွက်ရမည့် အချက်များအရ သိရသည်။ “ဆောင်ရွက်ချက်အပေါ် မူတည်ပြီး ဈေးကိုယူပါတယ်။ တချို့ကိစ္စတွေက ပွဲစားနဲ့ဆောင်ရွက်လို့မရဘဲနဲ့ လူကိုယ်တိုင် ဆောင်ရွက်ရတာမျိုးလည်း ရှိတယ်။ များသောအားဖြင့်တော့ ကတ်ပျောက်ကတ်ပျက်ကိုပဲ ပွဲစားတွေက အဓိကဆောင်ရွက်တာပါ” ဟု ရွှေဂုံတိုင်အိတ်ချိန်းရုံးအနီးရှိ အမည်မဖော်လိုသူ ဖုန်း အကျိုးဆောင်က ပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏တယ်လီဖုန်းတပ်ဆင်ခြင်း၊ ပြောင်းရွှေ့ခြင်းအတွက် ဆောင်ရွက်ရမည့်အချက်များအရ မြို့နယ်၊ ရပ်ကွက်၏ အမှန်တကယ်နေထိုင်ကြောင်း ထောက်ခံချက်လည်းလိုအပ်မည်ဖြစ်သည်။

 နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ပြောင်းရွှေ့ (ကြွေးကျန်ကင်းရှင်းကြောင်း) တို့ဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။ တယ်လီဖုန်းအသစ် တပ်ဆင်ခြင်းအား ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်လွှဲစာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး တယ်လီဖုန်းလိပ်စာ ပြောင်းရွှေ့ခြင်းအားလည်း ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားဆောင်ရွက်နိုင်ကြောင်း သိရသည်။ တယ်လီဖုန်း လျှောက်ထားသူများအနက်မှ မြို့နယ်ဧရိယာအလိုက် လိုင်းနံပါတ်ရှိ၍ တပ်ဆင်ခွင့်ရရှိပါက ကျသင့်သည်ဝန်ဆောင်ခအား ပေးသွင်းရမည်ဖြစ်ပြီး သက်ဆိုင်ရာအိတ်ချိန်းမှ ဆက်လက်တပ်ဆင်ပေးကြောင်း သိရသည်။



တယ်လီဖုန်း ပြောင်းရွှေ့လိုသည့် လိပ်စာအသစ်တွင် လိုင်း၊ နံပါတ် ရှိ၊ မရှိစိစစ်ပြီး လိုင်းနံပါတ်ရှိပါက ပြောင်းရွှေ့ပေးနိုင်ရန် သုံးစွဲသူအား အကြောင်းကြားပြီး အထောက်အထားများစိစစ်၍ ကျသင့်သည့် ဝန်ဆောင်ခအား ပေးသွင်းစေကာ သက်ဆိုင်ရာအိတ်ချိန်းများမှ ပြောင်းရွှေ့တပ် ဆင်ပေးကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ PABX ဖုန်းအသစ်တပ်ဆင်လိုသူများလည်း သက်ဆိုင်ရာကုမ္ပဏီမှ အထောက်အထား၊ PABX အမျိုးအစား၊ Network Plan ပူးတွဲ၍ လျှောက်ထားနိုင် မည်ဖြစ်ကြောင်း သိရသည်။



ref: ထွန်းထွန်း

EMBER SPIRIT



Aung Ko Htet (MM IT Knowledge)


၁၀၀ ရာခိုင်နှုန်း carry hero တစ်ကောင်လို့ပြောလို့မရပေမယ့် Semicarry ရော Carry လို့ပါ သတ်မှတ်လို့ရတဲ့ Agility Hero တစ်ကောင်ဖြစ်တဲ့ Ember Spirit ဟာ ယခုနောက်ဆုံးထွက်ထားတဲ့ v6.81 အထိ Imbalance ဖြစ်နေဆဲပါပဲ။ v6.73 မြေပုံမှာစပြီး ပေါ်လာခဲ့တဲ့ Xin ဟာ မြေပုံ update တစ်ခုလုပ်တိုင်း တခြား Hero တွေလိုမျိုး တိုးတက်လာတာ မရှိဘဲ လျှော့ပြီးရင်း အလျှော့ခံနေရတဲ့ကြားထဲကနေ ကြမ်းတမ်းနေဆဲ၊ လူကြိုက်များနေဆဲ Hero တစ်ကောင်အနေနဲ့ ဆက်လက်ရပ်တည်နေပါတယ်။ သင်က အထိုက်အလျောက် ပိုက်ဆံရှာကောင်းတဲ့သူတစ်ယောက်ဖြစ်မယ်ဆိုရင် Item ရွေးချယ်စရာ အမြောက်အမြားရှိတဲ့အပြင် ဘာ Item ထည့်ထည့် လိုက်ဖက်တဲ့ Agility Ganker Carry Role ကို ပိုင်ဆိုင်ထားတဲ့ Ember Spirit ဟာ သင့်ရဲ့ Favourite Hero တွေထဲက တစ်ကောင်ဖြစ်မှာ အသေအချာပါပဲ။



Background Story



လူသူအရောက်အပေါက်နည်းပါးတဲ့ မရဏတောင်ကြားတစ်ခုမှ မီးလျှံခံတပ်ကြီးတစ်လုံးအတွင်းမှာရှိတဲ့ စစ်သားများ စစ်ရေးလေ့ကျင့်ရာ ဟောခန်းကြီးတစ်ခုဟာ အခုချိန်မှာတော့ သစ်ရွက်ခြောက်များ၊ ဖုန်များနဲ့ ပြည့်နှက်နေပါတယ်။ သမိုင်းမှတ်တမ်းများအရ အဆိုပါခံတပ်ကြီးရဲ့တံခါးဝကို ဒဏ္ဍာရီလာစစ်သူကြီး Xin ရဲ့ဝိညာဉ်ခိုအောင်းလျက်ရှိတဲ့ ဥဿ ဖရား ကျောက်ခွံတစ်ခုနဲ့ ခတ်ပိတ်ထားတယ်လို့ ဆိုကြပါတယ်။ လွန်ခဲ့တဲ့မျိုးဆက် ၃ ခုခန့်ကတော့ မီးလျှံနတ်ဘုရားဟာ ပိုမိုအရည်အသွေးမြင့်မားလာစေရန် ရက်စက်စွာ စစ်ရေးသင်ကြားပေးမှုများဟာ မီးလျှံခံတပ်ရဲ့နံရံများထက်ပင် ကျော်လွန်၍ ရိုက်ခတ်လျက်ရှိပါတော့တယ်။ သူ့ရဲ့ရက်စက်စွာ သင်ကြားပေးခဲ့တဲ့အတွက် ရက်စက်တဲ့ စစ်သည်တော်တွေဖြစ်လာတဲ့ လက်အောက်ငယ်သားတွေဟာ သူ့ရဲ့ပြိုင်ဘက်များ ပြန်လည်ဖြစ်လာပါတော့တယ်။ အရည်အသွေးပြည့်ဝသွားတဲ့ တပည့် ဆိုးများရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် Xin သာ အသက်ပေးခဲ့ရပါတယ်။ အဆိုပါ တပည့်ဆိုးများလည်း လေနဲ့အတူ ပျောက်ကွယ်သွားပါတော့တယ်။ ဒါဟာ ကြိုတင်စီစဉ်ထားခဲ့တဲ့ ဇာတ်လမ်းတစ်ခုဆိုတာ မည်သူမျှ မသိခဲ့ပါဘူး။ ရာစုနှစ်ပေါင်းများစွာ ကြာညောင်းလာပြီး မျိုးဆက် ၃ အရောက်မှာတော့ သူ့ရဲ့တပည့်တပန်းများရဲ့ခန္ဓာကိုယ်ထဲကို အကြံအစည်နဲ့ ထည့်သွင်းပေးထားခဲ့တဲ့ မှော်မီးခဲများဟာ တစ်ပြိုင်နက်တည်း လောင်
ကျွမ်းခဲ့တဲ့အတွက် မျိုးဆက်တွေ အကုန်လုံးသေဆုံးကုန်ပါတော့တယ်။ အဆိုပါ ပြာစများစုဝေးကာ တမြည့်မြည့်လောင်ကျွမ်းရင်း မျိုးဆက်သစ်များရဲ့သွေးများစီးဆင်းနေတဲ့ မီးခဲနတ်ဘုရား Xin ကို တဖန်ပြန်
လည်မွေးဖွားလာခဲ့ပါတော့တယ်။ တလက်လက်တောက်ပနေတဲ့ မီးခဲများသဖွယ် လင်းလက်နေတဲ့ Xin The Ember Spirit ဟာ သူ့ရဲ့အရည်အသွေးတွေကို ပိုမိုတိုးတက်အောင် လေ့ကျင့်ရင်း၊ မီးလျှံနဲ့ ပတ်သက်တဲ့ အသိပညာတွေကို သင်ယူလိုသူတွေအတွက် လမ်းညွှန်သင်ကြားပေးရန် ကမ္ဘာမြေပေါ်မှာ ပြန်လည်ပေါ်ထွက်လာပါတော့တယ်။





Overview



Str, Int, Agi Grow တွေ အကုန်လုံးနည်းတဲ့ Ember Spirit ဟာ Hp နည်း၊ Mana နည်း၊ Armor နည်းတဲ့အတွက် တော်တော်လေးကို ပျော့ဖတ်ဖတ်ဖြစ်ပြီး Mana မလောက်ငှတဲ့အတွက် မကောင်းဘူးလို့ ထင်ရပေမယ့် သူ့ရဲ့ Ability တွေအားလုံးကို ပြန်ထည့်စဉ်းစားလိုက်ရင်တော့ တော်တော်ကြမ်းတဲ့ Hero တစ်ကောင်လို့ သတ်မှတ်လို့ရပြန်ပါတယ်။ အစောပိုင်းမှာ Searing Chains ဟာ များများယူထား စရာမလိုဘူးဆိုပေမယ့် cooldown လည်း နည်းတယ်လို့ပြောလို့ရတဲ့အတွက် Mana အဆင်ပြေသွားမယ့် Late Game မှာ အရမ်းသုံးလို့ကောင်းတဲ့ Ability တစ်ခုဖြစ်ပါတယ်။ ထုံးစံအတိုင်း Ember Spirit လို့ ပြောလိုက်တာနဲ့ မျက်စိထဲပထမဦးဆုံး မြင်မိတာက သူ့ရဲ့တဖျပ်ဖျပ်နဲ့ ခုတ်တဲ့ဓားချက်တွေပါပဲ။ Sleight of Fist ဟာ Xin အတွက် Trademark ability တစ်ခုဖြစ်တဲ့အပြင် သူ့ရဲ့ သဘောတရားက Damage များတာ၊ အစုလိုက် အပြုံလိုက်ထိတာမျိုး မဟုတ်ဘဲ သီးခြားစီတိုက်ခိုက်တဲ့ ability တစ်ခုဖြစ်တာကြောင့် ဘယ် Hero နဲ့မှ မတူနိုင်တဲ့အတွက် Passive မဟုတ်တဲ့  Chance  Item တွေကို အသာစီးရစေမယ့် Ability တစ်ခုပါပဲ။ Ember Spirit ဟာပျော့ပါတယ်။ Spell သုံးတဲ့ Nuker တစ်ကောင်ကောင်နဲ့တွေ့လိုက်ရင် ချက်ချင်း အသက်ပျောက်သွားနိုင်လောက်အောင် Hp နည်းတယ်ဆိုပေမယ့် Flame Guard သာ ယူထားမယ်ဆိုရင် 500 Magical Damage လောက်ကို ကာကွယ်နိုင်မယ့်အပြင် အစောပိုင်း Ganking လုပ်နိုင်ရုံမကဘဲ Initiaotor တစ်ကောင်လို ပွဲကို ဦးဆောင်နိုင်မှာပါ။ အစောပိုင်းမှာ တစ်ဖက်အသင်းရဲ့
သွေးနည်းတဲ့ Supporter တွေဟာ Xin ရဲ့ Flame Guard ကို ဖြိုဖို့အခက်တွေ့မှာ အသေအချာပါပဲ။ တခြား Agility Hero တွေလို မတ်တတ်ရပ်ပြီး ခုတ်နေရတဲ့ Hero မျိုးမဟုတ်လို့ ဖိနပ်ကို စဉ်းစားတဲ့အခါ Power Tread ကို ထည့်မစဉ်းစားလည်း အဆင်ပြေပါတယ်။ Flame Guard တင်ထားပြီးရင် ရန်သူကြားထဲ ဝင်ရောက်တိုက်ခိုက်ရတဲ့အတွက် Phase Boots ကတော့ အစောပိုင်းအသင့်တော်ဆုံးလို့ ယူဆပါတယ်။ Damage လည်း အသင့်အတင့်တက်သွားတဲ့အတွက် Farming လုပ်ဖို့အတွက်လည်း သင့်တော်ပါတယ်။ Hero တစ်ကောင်နောက်ကို လိုက်ဖို့၊ ထွက်ပြေးဖို့နဲ့ Battle တစ်ခုကို စတင်ဖို့အတွက် နည်းအမျိုးမျိုးနဲ့ သုံးလို့ရတဲ့ Ultimate Fire Remnant ဟာလည်း အခြေအနေပေါ်လိုက်ပြီး သုံးလို့ကောင်းတဲ့ Ability ဖြစ်လို့ 200 Damage လောက်နဲ့ Creep တစ်အုပ်စားနိုင်လောက်အောင် အကျိုးမဖြစ်စေတဲ့အတွက် Creep စားတဲ့နေရာမှာ မသုံးတာကောင်းပါတယ်။ Creep စားဖို့အတွက် Fire Remnant ကို အကျိုးရှိရှိသုံးချင်တယ်ဆိုရင်တော့ စိတ်ချရ တဲ့နေရာတစ်ခုခုမှာ အရိပ်ချထားခဲ့ပြီး ၄၅ စက္ကန့်လောက် စိတ်အေးလက်အေး လမ်းပေါ်တက်စားတဲ့နည်းက အကောင်းဆုံးပါပဲ။ ကိုယ့်ကိုလမ်းလာပိတ်ရင် "R" ခလုတ်လေးကို မြေကြီးထောက်ပြီး ပြေးလိုက်ရုံပါပဲ။



Abilities



Searing Chains ကတော့ များများယူရင် cooldown ကျပြီး ကြာချိန် ၃ စက္ကန့်အထိ ထိုးကျသွားမှာဖြစ်တဲ့အပြင် စုစုပေါင်း Damage လည်း ၃၀၀ အထိ တိုးသွားမှာပါ။ Searing Chains ဟာ အနီးကပ် Radius 400 အတွင်းမှာရှိတဲ့ ကြုံရာ unit ၂ ခုကို ချုပ်မှာဖြစ်တယ်လို့ဆိုပေမယ့် သင့်ရဲ့ Sleight of Fist နဲ့ တွဲသုံးလို့ရပါတယ်။ ရန်သူတစ်ယောက်ကို Sleight of Fist နဲ့ ခုတ်နေတဲ့အချိန်မှာ Chains ကို သုံးခဲ့မယ်ဆိုရင် Sleight of Fist ခုတ်နေတဲ့နေရာရဲ့ Aoe 400 အတွင်းက ကြုံရာ ၂ ကောင်ကို ချုပ်မှာဖြစ်ပါတယ်။ ဒါကြောင့် မလှမ်းမကမ်း ထွက်ပြေးနေတဲ့ Hero တစ်ကောင်ကို Sleight of Fist + Searing Chains နဲ့ တွဲသုံးပြီး ဖမ်းထားနိုင်တာပါပဲ။ ဒါပေမဲ့ Invisible Unit တွေနဲ့ Blackspace ထဲက Hero တွေကိုတော့ မထိနိုင်ပါဘူး။



Sleight of Fist ဟာ နောက်ဆုံးအဆင့်မှာ 550 AoE အတွင်းက Unit တွေ အကုန်လုံးကို တစ်ချက်စီခုတ်ပါတယ်။ အခုတ်ခံရတဲ့ unit ဟာ Hero ဖြစ်ခဲ့မယ်ဆိုရင် Xin ရဲ့ပုံမှန် Damage အပြင် နောက်ထပ် 20/40/60/80 Damage တောင်ထပ်ပြီး အပိုဆောင်းထိဦးမှာပါ။ ဒါပေမဲ့ Hero မဟုတ်ခဲ့ဘူးဆိုရင်တော့ အပို Damage မထိတဲ့အပြင် မိမိမှာရှိတဲ့ Damage ရဲ့တစ်ဝက်ကိုတောင် လျော့ပြီးထိဦးမှာပါ။  ဒါကြောင့် Item လုံလုံလောက်လောက်မရခင်မှာ Sleight of Fist သုံးပြီး Creep စားဖို့ အစီအစဉ်က လုံးဝအဆင်ပြေမှာ မဟုတ်ပါဘူး။



Xin ရဲ့ Ability (၃)ခုကို ယှဉ်ကြည့်လိုက်ရင် စောစောယူလေ အတန်ဆုံးဖြစ်လေတာကတော့ Flame Guard ပါပဲ။ ဒါကြောင့် Level 7 အရောက်မှာ ဂိတ်ဆုံးယူသင့်ပါတယ်။ 500 Magical Damage အထိ ကာကွယ်ပေးနိုင်တဲ့အပြင် 400 AoE အတွင်းမှာ တစ်စက္ကန့်ကို 60 Damage ထိပြီး ကြာချိန်စက္ကန့် ၂၀ ရှိပါတယ်။ Radiance လို Item မျိုးတောင် တစ်စက္ကန့်ကို 50 Damage ပဲ ထိပါတယ်။ ဒါပေမဲ့စက္ကန့် ၂၀ မပြည့်ခင်မှာ Flame Guard ပေါ် 500 Magic Damage ထပ် ပိုပြီး သက်ရောက်ခဲ့မယ်ဆိုရင်တော့ Flame Guard လည်း ကွဲသွားပြီး မီးလောင်တဲ့ Dps (Damage per Second) ပါ ပျောက်သွားမှာပါ။ Flame Guard နဲ့ ဆင်တူတဲ့ Pipe of Insight ဟာ 400 Magic Damage ကိုပဲ ကာကွယ်ပါတယ်။ ဒါကြောင့် အစောပိုင်းမှာ ပိုက်ဆံတစ်ပြားမှမကုန်ဘဲ Radiance ရော Pipe ရောစပ်ထားသလို အကျိုးရှိမယ့် Flame Guard ကို များများယူထားတာ အကောင်းဆုံးပါပဲ။



Ultimate Fire Remnant ကတော့ အပေါ်မှာပြောထားသလိုပဲ အခြေအနေ ၃ မျိုးပေါ် မူတည်ပြီး အသုံးပြုပုံတွေပြောင်းလဲသွားနိုင်ပါတယ်။ Professional Player တွေ အသုံးပြုတဲ့ပွဲတွေမှာ အများဆုံးတွေ့ရတဲ့ ပုံစံကတော့ ဘယ်တော့မှအရိပ်ကို တစ်ရိပ်ထက်ပိုပြီးတစ်ပြိုင်တည်း မသုံးတဲ့အချက်ပါပဲ။ တစ်ဖက်အသင်းကို Ganking လုပ်ဖို့အတွက် ရန်သူ့အသင်းသားတွေကြားထဲကို Remnant တစ်ခုပစ်ထည့်ပြီး ပြေးဝင်တဲ့ပုံစံနဲ့ အခြေအနေကို လိုက်ပြီးမှ နောက်ထပ် Remnant တွေကို ဆက်သုံးတာမျိုးကို တွေ့ရလေ့ရှိပါတယ်။ ဒါ့အပြင် Battle နဲ့ဝေးပြီး Farm နေတဲ့အချိန်မှာလည်း အပေါ်မှာပြောထားခဲ့သလိုမျိုး အရိပ်တစ်ရိပ်ချန်ထားပြီး စိတ်ချလက်ချ ပိုက်ဆံရှာတဲ့ပုံစံမျိုးနဲ့ Foundation ပြန်ပြီး သွေးဖြည့်ဖို့အတွက် အရိပ်ချထားခဲ့ပြီး Portal နဲ့ ပြန်၊ Foundation မှာ လုပ်စရာရှိတာတွေလုပ်ပြီးမှ Remnant ရှိရာကို ပြန်လာတဲ့ပုံစံက အတွေ့ရအများဆုံး ပုံစံတွေပါပဲ။ သူ့ရဲ့ 200 Damage က အဓိကအချက် မဟုတ်ပါဘူး။ ၃၅ စက္ကန့်ကို Remnant တစ်ခုပြန်ပြည့်ပြီး ကိုယ်လွှတ်ထားတဲ့ Remnant တစ်ခုဟာ ၄၅ စက္ကန့်အထိ အချိန်ကြာပါတယ်။ ဒီမှာအရေးကြီးတဲ့အချက်က မိမိလွှတ်ထားတဲ့ Remnant ဆီကို အရောက်သွားဖို့ ၀.၄ စက္ကန့်ကြာပါတယ်။ ဒါကြောင့် ကိုယ်သွားမယ့်အရိပ်က နီးနေမယ်ဆိုရင် သွားတဲ့နှုန်းနှေးပြီး ဝေးလေမြန်လေ ဖြစ်ရတဲ့အချက်ပါပဲ။ နောက်တစ်ခုက သင်ကအရိပ် ၃ ခုတစ်ပြိုင်တည်းသုံးထားမယ်ဆိုရင် သင်နောက်ဆုံးချထားတဲ့ Remnant ဆီကိုသွားပြီး နောက်ဆုံး Remnant အရောက်မှာ ရပ်သွားပါလိမ့်မယ်။



Item Build



Phase Boots, Bracer, Bottle ကတော့ အခြေခံလိုအပ်တဲ့ Item တွေ ဖြစ်ပါတယ်။ Bottle ကတော့ Hp ရော Mana ပါနည်းတဲ့ Xin လို Hero မျိုးအတွက် ၁၅ မိနစ်မတိုင်ခင်မှာ အလွန်အသုံးတည့်တဲ့ အတွက် ဖြစ်ပါတယ်။ Xin လို့စဉ်းစားလိုက်တာနဲ့ သူ့အတွက် စဉ်းစားပေးရမယ့် Item တွေက သတ်မှတ်ပြီးသားဖြစ်ပါတယ်။ အကြောင်းက သူ့ရဲ့ Sleight of Fist ကြောင့်ပါပဲ။ Desolator စပ်မယ်ဆိုရင် စက္ကန့်ပိုင်းအတွင်းမှာ 550 AoE အတွင်းမှာရှိတဲ့ Enemy unit အားလုံးကို 7 armor စီလျှော့ပြီး တိုက်ခိုက်နိုင်မှာပါ။ Mjollnir, Daedalus တို့ဟာ Basher လိုမျိုး Cooldown ထည့်သွင်း တွက်ချက်တာ မဟုတ်တဲ့အတွက် များများခုတ်နိုင်လေ၊ Chain ထွက်ဖို့၊ Critical တက်ဖို့ဖြစ်နိုင်ခြေ များလေပါပဲ။ ဒါ့အပြင် Daedalus ဟာ သီးခြားဆီသက်ရောက်တဲ့ Pseudo Random ပုံစံနဲ့ တွက်ချက်တာဖြစ်လို့ Professional Player တွေကိုယ်တိုင် Daedalus နှစ်ခု ထည့်ပြီးကစားတာဖြစ်ပါတယ်။ တကယ်လို့ Battle Fury တွေ အများကြီးစပ်ချင်တယ်ဆိုရင် ၃ ချောင်းထက်ပိုပြီး မစပ်သင့်ပါဘူး။ အကြောင်းက ပထမတစ်လက်အတွက် Cleave 35 % ၊ ဒုတိယတစ်လက်အတွက် စုစုပေါင်း Cleave 70 % ရရှိမှာဖြစ်ပြီး တတိယမြောက် တစ်လက်ကို ထပ်စပ်လိုက်မယ်ဆိုရင်တော့ နောက်ထပ် Cleave 17.5% ပိုရမှာဖြစ်လို့ စုစုပေါင်း 70 + 17.5 = 87.5% Cleave အထိ ရသွားမှာဖြစ်ပါတယ်။ လေးလက်စပ်မယ်ဆိုရင်တော့ 4350 Gold  ရင်းပြီး နောက်ထပ် Cleave 11.67 % ပဲ ထပ်ရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် Battle Fury ၄ လက်အစား Critical တက်မယ့် Item တွေ ထည့်လိုက်ရင် ပိုအသုံးတည့်မှာ အသေအချာပါပဲ။



Item အပြည့်အနေနဲ့ Pro တွေ အကြိုက်ပုံစံနဲ့ဆိုရင်တော့ Boots of Travel, 2 x Battle Fury, 2 x Daedalus နဲ့ Divine Rapier တို့ပဲ ဖြစ်ပါတယ်။ (Xin ကို Arcane Boots + Dagon lvl 5 စပ်ပြီး Semi-carry ပုံစံ၊ Power Treads + Mjollnir စပ်ပြီး Pusher ပုံစံနဲ့ ကစားရင်လည်း သင့်တော်တယ်ဆိုပေမဲ့ ကိုယ့်ကစားကွက်နဲ့ သင့်တော်မှ စမ်းသပ်ကြည့်စေချင်ပါတယ်။)



Counter fof Xin



Ember Spirit ရဲ့အဓိကအားနည်းချက်ကတော့ သူ့ရဲ့ Ability တွေပေါ်ကို မှီခိုနေရတဲ့အချက်ပါပဲ။ ဒါကြောင့် Ember Spirit ကို Ability မသုံးနိုင်အောင် ဟန့်တားနိုင်ခြင်းဟာ အကောင်းဆုံး Counter လုပ်နည်းတစ်ခုလို့ ပြောလို့ရပါတယ်။ Silence Ability ပါတဲ့ Hero တွေနဲ့ Orchid ဟာ Xin ကို အနှောင့်အယှက်ပေးဖို့ အကောင်းဆုံးအရာတွေပါပဲ။



ဒီ Suggestion ကို ပြီးပြည့်စုံတဲ့ Suggestion လို့ မဆိုလိုပါဘူး။ မိမိပိုင်နိုင်တဲ့ ကစားကွက်သာလျင် မိမိအတွက် အကောင်းဆုံးဖြစ်ပါတယ်။ နောက်တစ်ပတ်မှာ လက်ရှိ ကမ္ဘာ့အနှံ့အပြားက လူအများ စိတ်ဝင်စားလျက်ရှိတဲ့ The International DotA 2 Championship The Compendium Book အကြောင်းနဲ့ အဆိုပါစာအုပ်ကဘာကြောင့် ၁၁ ရက်အတွင်းမှာ Valve Corporation ကို ကမ္ဘာ့စံချိန်တင် အမြတ်အစွန်း အမေရိကန်ဒေါ်လာ ၁၈ သန်းရရှိစေခဲ့သလဲဆိုတဲ့ အချက်အလက် အချို့ကို ဆွေးနွေးတင်ဆက်သွားမှာ ဖြစ်ပါတယ်။
yahooyeeha



သင်ဒါကို သိပါသလား?



Searing Chains မှာ mini stun ပါဝင်တဲ့အတွက် Town Portal အပါအဝင် Channeling Ability တွေ အားလုံးကို ပျက်စေပါတယ်။

ref: Internet Journal

ဈေးသက်သာ ဟန်းဆက် အသုံးပြုသူများ သိထားရန်



Aung Ko Htet (MM IT Knowledge)


ဈေးသက်သာ ဟန်းဆက်များကို အသုံးပြုခြင်းဖြင့် လိုင်းစွဲအား ကောင်းတာ ကိုပဲ သိထားကြပြီး အများစုက သူ့ဆီက ပါလာမယ့် ဆိုးကျိုးအကျိုးဆက်ကို သိမထားပါဘူး။ အဲ့ဒီအကျိုးဆက်များထဲကနေ ကျန်းမာရေးကို ထိခိုက်စေ တာက အဆိုးဆုံးပဲ ဖြစ်ပါတယ်။ SAR လို့ခေါ်တဲ့ အချက် တစ်ခုပါ။ 

Specific absorption rate လို့ အရှည်ခေါ်တဲ့ SAR ဆိုတာ ထပ်ရှင်းရရင် power absorbed per mass of tissue လို့ ခေါ်ပါတယ်။ တစ်ရှုး ၁ ကီလိုဂရမ်စာ ပမာဏ ရှိတဲ့ လူ့အသားထဲကို ဝပ်အား ဘယ်လောက် ရှိတဲ့ ရေဒီယို ကြိမ်နှုန်း သို့မဟုတ် electromagnetic field ဘယ်လောက် ရှိတယ်ဆိုတာကို တွက်ချက် ခြင်း ဖြစ်ပါတယ်။
ကမ္ဘာ့ စမတ်ဖုန်းနဲ့ အခြား Telecommunication ဆစ်စပ် ပစ္စည်း ထုတ်လုပ်မှုတိုင်းမှာ SAR Rating အတွက် စောင့်ကြည့် လေ့လာတဲ့ အဖွဲ့က သီးသန့်ထားရပါတယ်။ မထားနိုင်ရင်တောင် SAR Rating စံချိန်စံညွန်း သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းထောက်ခံချက် ရရှိတဲ့ ကုန်ကြမ်း ပစ္စည်းများကိုသာ အသုံးပြုလို့ စမတ်ဖုန်းများ ထုတ်လုပ် ရပါတယ်။

တရုတ်ပြည်က လာတဲ့ ဈေးပေါ ဟန်းဆက်မှာ သုံးတဲ့ ကုန်ကြမ်းများက SAR Rating နဲ့ ပက်သက်လို့ သေချာ ဖန်တီး၊ဆောင်ရွက်မှု မရှိပါဘူး။ အားလုံးကို မဆိုလိုပါ။ ဈေးနှုန်းနိမ့် ဖုန်းများ၊ ကလုန်းများ ဖြစ်ပါတယ်။ ကုန်ကြမ်း ပေါပေါ သီသီ ရှိတော့ Apple က iPhone 6 စတင်မိတ် ဆက်ပြီး နောက် ၁ ရက်ဆို တရုတ် တရုတ်တို့က ဆင်တူနီးပါး အတုကို ဖန်တီးနိုင်ပါတယ်။ သို့ပေမယ့် အတွင်းက ပစ္စည်းများအတွက် ကျန်းမာရေးနဲ့ ပက်သက်တဲ့ အာမခံချက် သိပ်မရှိပါဘူး။

SAR Rating မြင့်တော့ ဘာဖြစ်လဲလို့ အချို့ ကမေးကြပါလိမ့်မယ်။ ဟုတ်ကဲ့။ သူက ဦးနှောက်ကင်ဆာဖြစ်စေ ပါတယ်။ ဘော်ဒီတစ်ရှူး များကို ရေဒီယို လှိုင်း များ တိုက်ရိုက်ထိတွေ့မှုကြောင့် တစ်ရှူးများ သေစေပါတယ်။ ဒီတော့ ဆိုးကျိုးက ခဏသုံးလို့ ဘာမှ မဖြစ်ပေမယ့် ရေရှည်ကျရင် စကားပြောလာ ပါလိမ့်မယ်။ ဖုန်းတစ်လုံးကို တစ်နှစ်သုံးတယ်ပဲထား။ ယင်း ဖုန်းကို တစ်နှစ်လုံး အိပ်ထဲထည့်၊ သွားလေရာသယ်၊ အိပ်ယာဘေးထား အိပ်၊ နေ့မအား၊ ညမနား ပြော၊ ဖြစ်လာမယ့် ဆိုးကျိုးက မတွေးရဲစရာပါပဲ။
SAR နဲ့ Connectivity က တိုက်ရိုက်အချိုးကျပါတယ်။ လိုင်းဆွဲ အား ကောင်းလေလေ SAR များလေလေ၊ လိုင်းဆွဲအား နည်းလေလေ SAR နည်းလေလေလေ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ခေတ် နောက် ဆုံး ပေါ် စမတ်ဖုန်းများက မော်ဒယ်နိမ့် ကီးပတ်ပါ စမတ်ဖုန်းများလောက် အများ အားဖြင့် လှိုင်းဆွဲအား မကောင်းခြင်း ဖြစ်ပါ တယ်။

ဥပမာ Samsung Galaxy Note 2 ဆိုရင် သုည ဒသမ နောက်မှာပဲ ရှိပါ တယ်။ ခေါင်း ကို 0.17, ဘော်ဒီကို 0.95 W/Kg ပဲ ရှိပါတယ်။ ဖုန်းကို လက်က ကိုင်ပြောပေမယ့် ခေါင်းနဲ့ ကိုယ်ကို ဝင်တဲ့ SAR တွက်ချက်ပုံ ကလည်း မတူသေးပါဘူး။ effect ကလည်း ကွဲပြားနေလို့ ဖြစ်ပါတယ်။
ဒီတော့ ဖုန်းဝယ်ရင် ယုံကြည်စိတ်ချရတဲ့ ကမ္ဘာသုံး Brand များကို သာ ရွေးချယ်လို့ ဝယ်သင့်ပါတယ်။ ဈေးမသက် သာရင်တောင် ဈေးမကြီးတဲ့ ဖုန်းတွေ အများကြီး ရှိပါတယ်။ ဥပမာ နိုကီယာ၊ ZTE အပြင် အခြားသော Brand အချို့လည်း ဈေးနည်းဖုန်း ဈေးကွက် အတွက် ဖုန်းများထုတ်ပါသေး တယ်။
ဒီလောက်ဆိုရင် SAR အကြောင်းကို သိလို့ စာဖတ်သူတို့ ဆင်ခြင် နိုင်မယ် လို့ မျှော်လင့်ပါတယ်။
--
ref: အောင်ခမ်း (ရိုးရာလေး)

"မဟာ" ဂိမ်းသစ် မိတ်ဆက်



Aung Ko Htet (MM IT Knowledge)


မြန်မာတွ အများကြီးဆော့တဲ့ မြန်မာ့ ပထမဆုံး Multiplayer Online Game ဖြစ်တဲ့ Shan - MyanmarGame.com ကို လွင့်တင်ထားတဲ့ Studio AMK Pte., Ltd. မှ ဂိမ်းသစ်လေး ထွက်ဖို့ရှိပါတယ်။ "မဟာ" လို့ အမည်ပေးထားပြီး မြန်မာ့ ရာဇဝင် ကို အခြေခံတဲ့ မြန်မာဂိမ်း လေး ဖြစ်ပါတယ်။ Online မှာ အခြားသော မြန်မာ တွေ နှင့်အတူ ကစားနိုင်မယ့် Online Multiplayer Game လေးပဲဖြစ်ပါတယ်။ ဒါကြောင့် "မဟာ" ကို စောင့်မျှော်ပေးကြဖို့ စတင်မိတ်ဆက်ပေးလိုက်ပါရစေနော်...

များမကြာမှီ လများမှာ အစမ်းကစားဖို့ ဖတ်ခေါ် သွားမှာဖြစ်လို့ အစမ်း ကစားချင်တဲ့ မောင်နှမများက Mahar - MyanmarGame.com page ကို Like လုပ်ထားပေးနိုင်ပါတယ်နော်...

လူအနည်းစုကိုသာ စတင် အစမ်းပေးကစားမှာမို့ ပါဝင်ကစားချင်ရင် Like / Share လေးတွေ လုပ်ထားပေးကြပါနော်...

Teaser လေးကို အောက်ပါလင့်ကနေ ကြည့်နိုင်ပါတယ်နော်...

http://www.mahargame.com/

Lets rewrite the history! Together!

ref: - မဟာဂိမ်း Development အဖွဲ့

Tuesday, May 27, 2014

ကမ္ဘာ့အကောင်းဆုံးအစားအသောက်များတွင် မုန့်ဟင်းခါးပါဝင်



Aung Ko Htet (MM IT Knowledge)

အမေရိကန်နိုင်ငံအခြေစိုက် နာမည်ကြီးသတင်းစာတစ်စောင်ဖြစ် သော နယူးယောက်တိုင်းမ်သတင်း စာက စုစည်းဖော်ပြသော ကမ္ဘာ့ အကောင်းအဆုံးအစားအသောက် များစာရင်းတွင်မြန်မာ့ရိုးရာစားစရာ တစ်မျိုးဖြစ်သော မုန့်ဟင်းခါးကို ထည့်သွင်းဖော်ပြခဲ့သည်ဟုသိရသည်။

နယူးယောက်တိုင်းမ် သတင်း စာသည် ကမ္ဘာအရပ်ရပ်မှရိုးရာ အစားအသောက်များကို လှည့် လည် လေ့လာမှုပြုလုပ်ပြီးနောက် အကောင်းဆုံးအစားအသောက်များ စာရင်းကို ထုတ်ပြန်လိုက်ခြင်းဖြစ် ပြီး မုန့်ဟင်းခါးကိုထိပ်တန်းအစား အသောက်များစာရင်း၌ ထည့်သွင်း ဖော်ပြခဲ့သည်။ ပျမ်းမျှရောင်းဈေး အမေရိကန်တစ်ဒေါ်လာတန်ဖိုး အောက်တွင်ရှိသော မြန်မာ့ရိုးရာ အစားအစာမုန့်ဟင်းခါးမှာ အရသာ ထူးခြားကောင်းမွန်သည့်အပြင် နံနက်စာအဖြစ်စားသုံးရန်သင့်တော် သောအခြေအနေမျိုးပိုင်ဆိုင်ထား သည်ဟု နယူးယောက်တိုင်းမ်က သုံးသပ်ချက်ပေးခဲ့သည်။

နယူး ယောက်တိုင်းမ်မှ တာဝန်ရှိသူများ သည် အစားအသောက်ဆိုင်ရာ ကျွမ်းကျင်သူများ၊အာဟာရဆိုင်ရာ ပညာရှင်များ၏ အကူအညီဖြင့် ကမ္ဘာအရပ်ရပ်မှ အစားအသောက် များကို လက်တွေ့လေ့လာမှုပြုလုပ် ခဲ့ခြင်းဖြစ်၍ မုန့်ဟင်းခါးမှာကမ္ဘာ့ ထိပ်တန်းအစားအစာတစ်ခုဖြစ်သည် ဟု ဆိုသည်။

ref: The Union Daily

အကျင့်သီလနှင့် ပတ်သက်၍ ကမ္မဝါဒီတို့ အထူးသိမှတ်ထားသင့်သော အချက်နှစ်ခုရှိ၏။



Aung Ko Htet (MM IT Knowledge)

ပထမအချက်မှာ အကျင့်သီလသည် တည်ဆောက်ရာ၌ စေတနာမှန်ကန်မှုထက် အကြောင်းအကျိုး အကောင်းအဆိုး ဆင်ခြင်တိုင်းထွာ၍ သိမြင်နိုင်သော အသိဥာဏ်ရှိရန် ပိုမိုအရေးကြီး၏။ စေတနာသန့်ရှင်းသော်လည်း ဆင်ခြင်တုံးတရား ကင်းမဲ့သောအမှုသည် မိမိနှင့် သူတစ်ပါးကိုပါ အကျိုးယုတ်စေတတ်၏။ 

ဒုတိယသိမှတ်ရန်အချက်မှာ အကျင့်သီလသည် ကာလဒေသ အမျိုးမျိုး၌ ခံနိုင်ရည်ရှိသော အကျင့်သီလဖြစ်ရန် လိုအပ်၏။ တစ်နည်းဆိုသော် လူတိုင်းအနည်းအများ ကြုံတွေ့ရတတ်သော အခက်အခဲ အနှောက်အယှက် အဖျက်အဆီးနှင့် ဘဝပြဿနာ အမျိုးမျိုးကြား၌ခိုင်မြဲသော အမာခံအကျင့်သီလ တည်ဆောက်ရန် ကြိုးစားအားထုတ်ရပေမည်။

ကမ္မဝါဒီသည် အကျင့်သီလ၌ အစွဲဥပါဒါန် မရှိအပ်ချေ။ အကျင့်သီလကို စွဲမှီ၍ဖြစ်သော ဥပါဒါန်နှစ်မျိုးရှိ၏။ ပထမဥပါဒါန်မှာ သီလရှိသောသူကို နတ်သိကြားများက စောင့်ရှောက်သည်ဟူသော အယူဖြစ်၍ ဤအယူအတွက် ဗုဒ္ဓဒေသနာ အထောက်အထားမရှိချေ။။ အခြား အစွဲဥပါဒါန်မှာ တစ်ကြိမ်တစ်ခါပြုမိသော မကောင်းမှုအတွက် စိတ်နှလုံးပူပန်မှုကို ဖြစ်စေသော ဥပါဒါန်ဖြစ်၏။ ဗုဒ္ဓဟောသော ကမ္မဝါဒ အရမူကား ပထမအကြိမ် မကောင်းမှုတစ်ခု ပြုမိသောသူသည် နောင်တရ၍ ထိုမကောင်းမှုကို နောင်ရှောင်ကြဉ်ပါက အပြစ်မှလွတ်မြောက်၏။ ဗုဒ္ဓကျင့်စဉ်သည် ဤကမ္မဝါဒနှင့်အညီဖြစ်၏။ " ရဟန်းတို့ အကြင်သူသည် မိမိအပြစ်ကိုမြင်၍ အပြစ်အားလျော်စွာ ကုစား၏။ နောင်အခါ၌လည်း စောင့်စည်း၏။ ထိုကုစားခြင်း စောင့်စည်းခြင်းသည် အရိယာတို့၏ ဝိနည်းကျင့်ဝတ်၌ ကြီးပွားကြောင်းဖြစ်၏။

(နိဒါနကဿပသံယုတ်/သြဝါဒသုတ်)

ကမ္မလမ်းစဉ်၏ အဓိကဦးတည်ချက်မှာ ကျယ်ပြန့်ခိုင်မာ၍ မှတ်ကျောက်တင်ခံနိုင်သော အကျင့်သီလဖြစ်၏။ ထိုအမာခံသီလကို တည်ဆောက်ရာ၌ မိမိစိတ်ကို ဆုံးမခြင်း မိမိကိုယ်ကို စောင့်စည်းခြင်း သတိဝီရိယရှိခြင်း စဉ်းစားဆင်ခြင်ခြင်း စသော သူတော်ကောင်းတရားများကို မွေးမြူလေ့ကျင့်ရ၏။ ထိုသို့လေ့ကျင့်ရာမှ ရရှိအပ်သော စိတ်ဓာတ်ခွန်အားသည် ကမ္မဝါဒီအဖို့ အမြတ်ဆုံးဆုလာဘ်ဖြစ်၍ ဘဝသံသရာ၌ ကြီးပွားချမ်းသာမှုကို ကူညီပံ့ပိုးမည့် ကိုယ်ပိုင်ဥစ္စာဖြစ်ကြောင်း ယုံမှားစရာမရှိချေ။
----------------------------------------
ref: (ဦးအေးမောင်/ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ)

မီဒီယာအများစု အသိမှတ်ပြုလိုက်ပြီ ဖြစ်တဲ့ ထွက်ရှိလာသော iPhone 6 ဒီဇိုင်း



Aung Ko Htet (MM IT Knowledge)


ပြင်သစ် အခြေဆိုက် nowhereelse.fr က စလို့၊ ထိုင်ဝမ်၊ ဂျပန် သတင်း မီဒီယာ နဲ့ တရုတ်ပြည် ဆိုရှယ် မီဒီယာတွေပေါ်မှာ ဖော်ပြ ချက်များအရ ယခု ပုံမှာ မြင်တွေ့ နေရတဲ့ ဖုန်းဟာ iPhone 6 ဖြစ်ပါတယ်။ ၄.၇ လက်မ အရွယ် iPhone 6 ဖြစ်ပြီး ၅.၅ လက်မ အရွယ်လည်း ထွက်ရှိ အုံးမှာ ဖြစ်ပါတယ်။
iPhone 5S ထက် ပါးလွှာပြီး iPod Touch နဲ့တောင် ဒီဇိုင်း သိပ်မကွာ ဘူးလို့ ဝေဖန် ထားကြ ပါတယ်။ ၂၀၁၄ ခုနှစ် အတွင်းမှာ iPhone 6 အလုံးရေ သန်း ၈၀ ထုတ်လုပ် သွားမှာ ဖြစ်ပြီး သြဂုတ်လမှာ ဖြန့်ချိ ရောင်းချမှာ ဖြစ်ကြောင်း ဆိုပါတယ်။ စက်တင်ဘာလ အရောက် မှာတော့ အရွယ် ပိုကြီးတဲ့ ၅.၅ လက်မ iPhone 6 ကို ဈေးကွက် ဖြန့်ချိ မှာ ဖြစ်ပါတယ်။ ကင်မရာ 10 Megapixel pixel ရှိပြီး မှန်ဘီလူး အရည်အသွေး ပိုမို ကောင်းလာမယ် ဖြစ်ကြောင်း ဆိုပါတယ်။ Display အတွက် ဂျပန် ကနေ မှာယူထားကြောင်း ဆိုပါတယ်။ 

တရုတ်ပြည် Foxconn စက်ရုပ်မှ ထွက်ရှိလာတဲ့ Leak ဖြစ်တာ ကြောင့် ယခု ဖော်ပြပါ ဒီဇိုင်းက မှန်ကန်နိုင်ချေ ပိုများ ကြောင်း ဆိုပါတယ်။ ပိုမို ပါးလွာ မှု အတွက် မျက်နှာပြင် touch နည်းပညာ အပြောင်းအလဲ ရှိကြောင်း ဆိုပါတယ်။ ဒါ့အပြင် iPad ကို အီလက်ထရောနစ် နှင့် ဒီဂျစ်တယ် ပစ္စည်း အားလုံးကို ထိန်းချုပ်လို့ရတဲ့ Universal Remote အဖြစ် အသုံးပြု လာနိုင်တော့မှာ ဖြစ်ပြီး iPhone 6 မှာလည်း ပါဝင်နိုင်ချေ ရှိမယ်လို့ ခန့်မှန်း ထားကြ ပါတယ်။
iPhone 6 ဒီဇိုင်းအား ပြသနေတဲ့ ဗီဒီယိုကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်

http://youtu.be/0mUdILvB4Qg

ref: အောင်ခမ်း (ရိုးရာလေး)

Monday, May 26, 2014

မြန်မာပြည်တွင် Mobile Money ၏ အနာဂတ် အခြေအနေ နှင့် အလားအလာ ကို MobileMonday တွင် ဆွေးနွေးမည်



Aung Ko Htet (MM IT Knowledge)


ရန်ကုန်၊ မြန်မာ၊ ၂၂ မေ ၂ဝ၁၄- MobileMonday ရန်ကုန် ၏ ဒုတိယ အကြိမ်မြောက် လစဉ် တွေ့ဆုံပွဲကို မေလ ၂၆ ရက် ညနေ ၆ နာရီ ခွဲတွင် 50th Street Bar တွင် Silicon Straits ၏ ပူးပေါင်းဆောင်ရွက်မှု ဖြင့် ကျင်းပမည် ဖြစ်ကြောင်း ၀မ်းမြောက်စွာ အသိပေးအပ်ပါသည်။ ဤပွဲသည် mobile လုပ်ငန်းများ အတွက် အလွတ်သဘော ချိတ်ဆက် ဆွေးနွေးခြင်းမှ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက် ဖွံ့ဖြိုးလာရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။



မြန်မာပြည်တွင်း လုပ်ငန်းကြီးများ ဖြစ်ကြသော Ooredoo မြန်မာနှင့် CB ဘဏ် တို့သည် ပထမဆုံးအကြိမ်အဖြစ် တွဲဖက် ပါဝင်ကြမည်ဖြစ်ပြီး မြန်မာပြည်တွင် mobile money ၏ အလားအလာများကို သုံးသပ်ဆွေးနွေး ကြမည်ဖြစ်ပါသည်။ ထိုသို့ ဆွေးနွေးရာတွင် မိုဘိုင်းဆက်သွယ်ရေး နှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ရှူထောင့်များကို တင်ပြပြီး နိုင်ငံတကာ နှင့် ပြည်တွင်း အတွေးအမြင်များကို ထည့်သွင်း စဉ်းစား ပေးရန်လည်း လုပ်ဆောင်ပေးကြပါမည်။



Technomation ၏ အမှုဆောင် အရာရှိချုပ် နှင့် MobileMonday ရန်ကုန် ၏ ဥက္ကဌ ဦးထူးမြင့်နောင် က ပထမဆုံး MobileMonday ရန်ကုန် တွေ့ဆုံပွဲ ကျင်းပစဉ်က နိုင်ငံတကာ ကုမ္ပဏီများ ပြည်တွင်း စွန့်ဦးတီထွင် လုပ်ငန်းရှင်များ နှင့် အတတ်ပညာရှင်များ စုံစုံလင်လင် တက်ရောက် ကြ သဖြင့် အထူး ၀မ်းသာမိပါကြောင်း၊ Ooredoo , Deloitte စသည့် ကုမ္ပဏီကြီးများ ၄င်းတို့၏ ဒေသခံ ကိုယ်စားလှယ်များ ၊ တက်သစ်စ လုပ်ငန်းရှင်များ ပါဝင်ဆင်နွှဲ ကြသဖြင့် ဒေသခံ နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ စုစည်း ဆွေးနွေး နိုင်သည့် တွေ့ဆုံပွဲ တစ်ခု ဖြစ်ရန် အလားအလာ လွန်စွာကောင်းပါကြောင်း စသဖြင့် ပြောကြားခဲ့ပါသည်။



Ooredoo မြန်မာ၏ အလုပ်အမှုဆောင် အရာရှိချုပ် Ross Cormack က ဤသတင်းပေါ် မှတ်ချက်ပြောကြားခဲ့ရာတွင် " ဒီပွဲဟာ IdeaBox ရဲ့ စတင် ထိုးဖောက်ဆောင်ရွက်မှုများ အတွင်းက တစ်ခုဖြစ်ပါတယ်။ Ooredoo ရဲ့ မြန်မာပြည် အပေါ်ထားတဲ့ စေတနာ့ အမြင် တစိတ်တပိုင်း စတင် သက်ဝင် လှုပ်ရှားလာတာကို မြင်ရလို့ စိတ်လှုပ်ရှား ကြည်နူးမိပါတယ်။ ကုန်အမှတ်တံဆိပ် တစ်ခုနေနဲ့ ပြောရရင် ကျွန်တော်တို့ဟာ ချိတ်ဆက်ဆောင်ရွက်မှု နဲ့ ပူးပေါင်းဆောင်ရွက်မှုကို အဓိကအသားပေး ဆောင်ရွက်နေပါတယ်။ အောက်ခြေအဆင့်မှစကာ လှုပ်ရှားဆောင်ရွက်ခြင်းဖြင့် မြန်မာပြည် ICT အစိတ်အပိုင်းကော၊ တစ်ပြည်လုံးရဲ့ စီးပွားရေးကဏ္ဍမှ ရလာမဲ့ လများနှစ်များ တစ်လျှောက် အကျိုး စီးပွားထွန်းကားလိမ့်မယ်လှို့ မျှော်လင့်ပါတယ်။ ဒီ MobileMonday ပေါင်းစုလှုပ်ရှားမှုတွေမှာ အစကတည်းက ပါဝင်ဆင်နွှဲတာဟာ အားလုံးကောင်းကျိုးအတွက်ပါ" ဟုပြောခဲ့သည်။



Mr. Cormack မှ ဆက်လက်ပြောကြားသည်မှာ "ကမ္ဘာတစ်လွှားမှာ Mobile ကဏ္ဍဟာ အံ့မခန်းဖွယ်ရာ တိုးတက်ပြောင်းလဲနေပါတယ်။ မြန်မာပြည်ဟာ ခြေလှမ်းကျယ်ကြီးများနဲ့ ရှေ့ဆက်တိုးဖို့ အခွင့်အလမ်းများစွာ ရှိပါတယ်။ ဒီလို ထိုးဖောက်ဆောင်ရွက်မှုတွေကြောင့် မြန်မာပြည်တိုးတက်မှုကို အထောက်အကူပြုနိုင်မှာပါ"ဟုပြောသည်။ ပထမအကြိမ် MobileMonday တွေ့ဆုံမှုကို ရန်ကုန်မြို့တွင် 2014 ဧပရယ် 28ရက်နေ့ကကျင်းပခဲ့ပြီး စီးပွားရေးနယ်ပယ်စုံ၊ ပညာရှင်ပေါင်းစုံ၊ ရာထူးအဆင့်အတန်းစုံ 90 တက်ရောက်ခဲ့ကြပါသည်။ ကမ္ဘာတစ်ဝှမ်းရှိ Mobile Monday အဖွဲ့အစည်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး Mobile ကဏ္ဍတွင် ဆန်းသစ်တီထွင်မှုများ ထွန်းကားလာရန်၊ တစ်ဦးချင်း၊ လုပ်ငန်းငယ်များ နှင့် ကုမ္ပဏီကြီးများကြား ချိတ်ဆက်ဆောင်ရွက်မှုများ အဆင်ပြေချောမွေ့ရန်အတွက် ပွင့်လင်းလွတ်လပ်သော တွေ့ဆုံဖွယ်ရာ တစ်ခုဖြစ်သည်။



Helsinki မြို့မှ အစပြုခဲ့ပြီး လက်ရှိ နိုင်ငံတကာတွင် အဖွဲ့ငယ်များ 150 ကျော် ရှိနေပြီဖြစ်ကာ MobileMonday ၏ အဓိက ရည်ရွယ်ချက်များအနေဖြင့် ဆန်းသစ်တီထွင်သောအမြင်နှင့် ခေတ်ရေ 

စီးကြောင်းများကို ထင်ဟပ်ဖော်ပြရန်၊ Mobile လောက၏ နောက်ဆုံးပေါ်တိုးတက်ဖြစ်ထွန်းမှုများကို နည်းစနစ်ကျကျဖြင့် လူတိုင်း လေ့လာအသုံးချခွင့်ရှိစေရန် စသဖြင့် ဖော်ပြထားပါသည်။

ref: Internet Journal

မယိုင်းမယိုင် အိမ်မက် မဏ္ဍိုင်


Aung Ko Htet (Myanmar IT Knowledge)

တစ်ခါက ကျောင်းတစ်ကျောင်းမှာ ဆရာတစ်ယောက်က သူ့ရဲ့ ကျောင်းသားတွေအကုန်လုံးကို သူတို့ရဲ့ ရည်မှန်းချက်တွေအကြောင်း ရေးခိုင်းတယ်။ နောက်တစ်နေ့ ရောက်တဲ့အခါမှာ ကျောင်းသားတွေက သူ့တို့ရဲ့ ရည်မှန်းချက်တွေအကြောင်းကို ရေးခဲ့တာပေါ့။ အဲ့ဒီထဲမှာ Jame ဆိုတဲ့ ကောင်လေးတစ်ယောက်က သူ့ရဲ့ ရည်မှန်းချက်ဟာ မြင်းမွေးမြူရေးခြံ တစ်ခြံကို ပိုင်ဆိုင်တဲ့သူဖြစ်ချင်တယ်လို့ ရေးခဲ့တယ်။

Jame ရဲ့ စာကို ဖတ်ပြီး ကျောင်းဆရာကြီးက ပြောတယ်။ " Jame လာပါအုံး။ မင်းရဲ့ ရည်မှန်းချက်က မြင်းမွေးမြူရေးခြံတစ်ခြံကို ပိုင်ဆိုင်တဲ့သူဖြစ်ချင်တယ်လို့ ရေးခဲ့တယ်နော်။
ဟုတ်ပါတယ်။
အေး မင်းသိလား။ ဒီလို မြင်းခြံ တစ်ခြံ ပိုင်ဆိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ အရာပဲကွ။ ဘယ်လောက်ထိ ငွေကြေးများတယ်ဆိုတာကို မင်းသိလား။ ဟုတ်ကဲ့သိပါတယ်။
အေးမင်းသိတယ်ဆိုရင် မင်းရဲ့ ရည်မှန်းချက်ကို ပြန်ပြင်လိုက်ပါ။ အဲ့လို ပြန်မပြင်ဘူးဆိုရင်တော့ မင်းရဲ့ စာကိုငါ ပယ်ရလိမ့်မယ်လို့ပြောလိုက်တယ်။

ဒါနဲ့ Jame က သူ့ရဲ့ ရည်မှန်းချက်အကြောင်းကို တစ်ညလုံးစဉ်းစားတယ်။ သူ့အဖေနဲ့လည်း တိုင်ပင်တယ်။ သူ့အဖေကပြောတယ်။ ငါ့သားမင်းရဲ့ ရည်မှန်းချက်ကို ပြန်မပြင်သင့်ဘူး။ လူတိုင်းက မဖြစ်နိုင်ဘူးဆိုတာကို ဖြစ်အောင်လုပ်ပြီးပဲ အောင်မြင်လာကြတာလေ။ မင်းလည်းအဲ့လိုပဲလေ။ လူတိုင်းကမဖြစ်နိုင်ဘူးဆိုတဲ့ အရာတွေကို ဖြစ်အောင်လုပ်ပြပြီး အနိုင်ယူရမှာပေါ့ဆိုပြီး သူ့အဖေကပြောတယ်။ အဲ့ဒါနဲ့ ကောင်လေးက သူ့ရဲ့ ရည်မှန်းချက်ကို ဘာမှပြင်ဆင်ခြင်း မရှိပဲ ဆရာ့လက်ထဲကို ပြန်ထည့်လိုက်တယ်။ ဒီလိုနဲ့ပဲ သူ့ရဲ့ရည်မှန်းချက်အကြောင်းရေးထားတဲ့ စာရွက်ကတော့ အပယ်ခံလိုက်ရတယ်။

နောက်အနှစ်နှစ်ဆယ်ကျော်ကျော်ကြာသွားတဲ့အခါမှာ ကျောင်းဆရာကြီးက သူ့ရဲ့ တပည့်တွေနဲ့အတူတူ မြင်းမွေးမြူရေး ခြံတစ်ခြံကိုသွားပြီး ပျော်ပွဲစားခရီးလေးတစ်ခုလုပ်ခဲ့ကြတယ်။ အဲ့ဒီမြင်းမွေးမြူရေးခြံလေးရဲ့ အလယ်မှာမီးလေးဖိုရင်း လူနှစ်ယောက် စကားပြောနေကြတယ်။ တစ်ယောက်က ကျောင်းဆရာကြီးဖြစ်ပြီး နောက်တစ်ယောက်ကတော့ သူငယ်ငယ်က ကျောင်းသားတစ်ယောက်ရဲ့ ရည်မှန်းချက် စာရွက်တစ်ရွက်ကို ပယ်ချပစ်ခဲ့တဲ့ Jame ဆိုတဲ့ လူငယ်တစ်ယောက်ဖြစ်နေတယ်။ ဆရာကြီးကပြောတယ်။
Jame ငါအရင်တုန်းက ကလေးတွေရဲ့ ရည်မှန်းချက်တော်တော်များများကို ရိုက်ချိုးခဲ့ဘူးတယ်။ အားလုံးက စိတ်ဓါတ်တွေကျပြီး အဲ့ဒီလူတွေထဲမှာမှ မင်းက မဟာသူရဲကောင်းပဲ။ မင်းရဲ့ ရည်မှန်းချက်ကို အကောင်းမွန်ဆုံးဖြစ်အောင် အကောင်ထည်ဖော်နိုင်ခဲ့တယ်။

ဒီအကြောင်းလေးကို ဖတ်ရပြီး Fan တို့ဘာတွေသိလဲဆိုတာလေး ပြောပြပေးခဲ့ပါနော်။ 

Aung Ko Htet (Myanmar IT Knowledge)

အီလက်ထရောနစ် ကျောင်းသားများ၊ ဝါသနာပါသူများအတွက် အကောင်းဆုံး ဝက်ဘ်ဆိုက်များ




Aung Ko Htet (Myanmar IT Knowledge)

အီလက်ထရောနစ်ပညာရပ်ကစိတ်ဝင်စားဖို့ကောင်းပါတယ်။ဝါသနာအလျောက် တီထွင်မှုများကို လုပ်ဆောင်နိုင်ရန် projects များ ကိုလေ့လာနိုင်စေဖို့၊ အီလက်ထရောနစ်ကျောင်းသားများအတွက် မိမိတို့ကိုယ်တိုင်စမ်းသပ်လုပ်ဆောင်နိုင်ကြစေဖို့ လေ့လာသင့်တဲ့ ဝက်ဘ်ဆိုက်တွေကိုဖော်ပြလိုက်ပါတယ်။

ထူးချွန်သော ထက်မြက်သော အင်ဂျင်နီယာများဖြစ်နိုင်ကြပါစေ

(1) Circuits for the Hobbyist
http://www.sentex.ca/~mec1995/circ/circuits.htm

(2)Electronics Club
http://electronicsclub.info/

(3)All About Circuits
http://www.allaboutcircuits.com/

(4)Discovercircuits.com
http://www.discovercircuits.com/

(5)Electro Schematics
http://www.electroschematics.com/

(6)ElectronicsZone
http://electronic-circuits-diagrams.com/

(7)Electronics Circuits
http://www.eleccircuit.com/

(8)Circuit Today
http://www.circuitstoday.com/

(9)Hobby Projects
http://www.hobbyprojects.com/

(10)Delabs
http://www.electronics-circuits.com/

ref: Nyein Chan(TSJ Tech Team)

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော E-Commerce လုပ်ငန်းရှင်များပူးပေါင်းပါဝင်ပြသသော The 1st Myanmar E-Commerce Business & Family Trade Fair 2014 ကျင်းပပြုလုပ်မည်



Aung Ko Htet (Myanmar IT Knowledge)

iHome Online Shopping နှင့် Real Estate Companyမှ ကြီးမှူးကျင်းပသော The 1st Myanmar E-Commerce Business & Family Trade Fair 2014 ကို လာမည့် မေလ ၃၀ရက်နေ့မှ ဇွန်လ ၁ရက်နေ့ထိ သုံးရက်တိုင်တိုင် မင်းဓမ္မလမ်းရှိ Myanmar Convention Center (MCC Hall) တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။


 အဆိုပါ ပြပွဲတွင် ကမ္ဘောဇဘဏ်မှ Main Sponser အဖြစ်အဓိကကူညီပံ့ပိုးပေးထားပြီး ကမ္ဘောဇဘဏ်သည် မကြာမီ ဝန်ဆောင်မှုများပေးသွားတော့မည့် KBZ Payment Gateway စနစ်အား သရုပ်ပြရှင်းလင်းတင်ပြသွားမှာဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးမှပြောကြားသည်။
KBZ Payment Gateway ဆိုသည်မှာ နိုင်ငံတကာမှ VISA , MASTER Debit / Credit Card များကို အသုံးပြု၍ Online မှ မိမိဝယ်ယူသော Products & Services များအတွက် ငွေပေးချေခြင်းဖြစ်ပြီး 3D Secure System နည်းပညာကို အသုံးပြုထားသောကြောင့် ပိုမိုစိတ်ချရသည်ဟုဆိုသည်။

ယခုပြပွဲတွင် ပြခန်းများကို အဓိကအားဖြင့် အပိုင်းနှစ်ပိုင်းခွဲခြားထားသည် ။ E-Commerce နှင့် အိုင်တီလုပ်ငန်းများနှင့်ဆက်နွယ်သော Online Shopping Websites များ၏ပြခန်းများ၊ မိုဘိုင်းဖုန်းနှင့် အပိုပစ္စည်းဆိုင်များ၊ အိုင်တီပစ္စည်းများ၊ ကွန်ပျူတာ၊ laptop နှင့် အီလက်ထရွန်းနစ်ပစ္စည်းများ၊ အွန်လိုင်းအသုံးပြုပြီး ဝန်ဆောင်မှုများစတင်ပေးနေပြီဖြစ်သော လုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ ၊အာမခံလုပ်ငန်းများ စသည်တို့အပြင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ၊ ကွန်ဒိုနှင့် အိမ်ရာအရောင်းပြခန်းများ၊ အိမ်တွင်းအလှဆင်ပစ္စည်းများ၊ ပရိဘောဂ ပစ္စည်းများ၊ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ၊ ကျန်းမာရေးစောင့်ရှောက်မှုပစ္စည်းများ ၊ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ စာရေးကိရိယာများ၊ စားသောက်ကုန်များ၊ကလေးအသုံးအဆောင်များ၊ အခြားလူသုံးကုန်ပစ္စည်းများ စသည့် လုပ်ငန်းအမျိုးအစားများစွာကို တစ်စုတစ်စည်းတည်းပြသကြမည်ဖြစ်သည်။

အဆိုပါပြပွဲတွင် E-Commerce Business အကြောင်းသိရှိလိုသူများနှင့် ဝန်ဆောင်မှုစတင်ရယူလိုသူလုပ်ငန်းရှင်များ အချင်းချင်း ဆွေးနွေးညှိနှိုင်းနိုင်ရန် E-Commerce Business Matching Room တို့ကိုလည်းစီစဉ်ပေးသွားမည်ဖြစ်သည်။

Co-Sponsor များအဖြစ် 3 View,KOMACHI cosmetic, Royal Express, SBS Courier Services တို့မှ ကူညီပံ့ပိုးပေးထားပြီး Main Sponsor အဖြစ် ကမ္ဘောဇဘဏ်မှကူညီပံ့ပိုးပေးထားသည်။

ref: Nyein Chan(TSJ Tech Team)

R2-D2 Virtual Keyboard Projector



Aung Ko Htet (MM IT Knowledge)
 
Star Wars ဇာတ်ကားမှာပါဝင်တဲ့ R2D2 စက်ရုပ်ကလေးက ယခုအခါမှာတော့ သင့်ရဲ့ စမတ်ဖုန်းတွေနဲ့ တွဲဖက်ပြီး bluetooth နဲ့ချိတ်ဆက်ကာ virtual keyboard projector အဖြစ်အသုံးပြုနိုင်တော့ မှာဖြစ်ပါတယ်။ R2-D2 virtual keyboard projector လို့ခေါ်ဝေါ်ပြီး ဂျပန်နိုင်ငံ Runatown ကုမ္ပဏီက ထုတ်လုပ်လိုက်ပါတယ်။


အကျယ်ကတော့ 70 mm ရှိကာ 97mm မြင့်ပါတယ်။ အချင်းကတော့ 49mm ရှိပါတယ်(အဲဒါက iPhone ထက်အနည်းငယ်သွယ်လျပါတယ်) ။ဈေးနှုန်းကတော့ ပျမ်းမျှ $330 သတ်မှတ်ထားပါတယ်။

ဒီသေးငယ်တဲ့ စက်ရုပ်ကလေးကနေ အနီရောင်လေဆာဒိုင်အုပ်မှတဆင့် ကီးဘုတ်မျက်နှာပြင် ကိုထိုးပေး မှာဖြစ်ပြီး အရောင်တောက်ပမှုကိုချိန်ညှိလို့ရပါတယ်။ကီးဘုတ်မှာ အင်္ဂလိပ်စကားလုံး များဖြင့်ပါဝင်ဖွဲ့စည်း ထားသော ခလုတ်ပေါင်း ၆၈ ခုပါဝင်ကာprojcetion size ကတော့ 99mm x 238mm ရနိုင်မှာဖြစ်ပါတယ်။


R2-D2 ကိုအဖွင့်အပိတ်လုပ်တဲ့အခါ ၊Setting များကိုပြောင်းလဲတဲ့အခါ သူ့သင်္ကေတအဖြစ် beep သံမြည်တာ၊ လေချွန်သံမြည်တာတွေကိုကြားနိုင်သလို ကွန်ပျူတာကီးဘုတ်မှာ စာရိုက်တဲ့အခါ ကြားရမယ့် ကီးဘုတ်ရိုက်သံတွေကိုလည်း ထည့်သွင်းထားတဲ့အတွက် တကယ့်ကွန်ပျူတာကီး ဘုတ်ရိုက်နေ သလိုခံ စားနိုင်မှာဖြစ်ပါတယ်။

R2-D2ကီးဘုတ် ပရိုဂျက်တာကို Bluetooth နဲ့ချိတ်ဆက်ပြီး သင့်ရဲ့ iOS ,Android ,Mac OS ,Windows ,BlackBerry ကိရိယာများနဲ့လည်းချိတ်ဆက်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ အားပြန်သွင်းလို့ရတဲ့ Lithium-ion ဘက်ထရီသုံးစွဲထားပြီး တစ်ခါအားသွင်းထားရင် နှစ်နာရီကြာခံမှာဖြစ်ပါတယ်။


Pre Order များကို Star War Day ဖြစ်တဲ့ မေလ ၄ ရက်နေ့ကစတင် လက်ခံနေပြီဖြစ်ပေမယ့် သြဂုတ်လကုန်လောက်မှ ပစ္စည်းကိုပို့ပေးမှာဖြစ်ပါတယ်။


ref: Nyein Chan (TSJ Tech Team)

Google က ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများကို သိရှိသည့် တက်ဘလက်များကို တီထွင်နေ



Aung Ko Htet (MM IT Knowledge)

Google က ကင်ရာ နှင့် Sensor များ၏ အကူအညီဖြင့် ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများကို သိရှိပုံဖော်နိုင်သည့် တက်ဘလက် အလုံးရေ လေးထောင်ကို ထုတ်လုပ်ရန် စီစဉ်နေသည် ဟု The Wall Street Journal က ရေးသားထားပါသည်။ အဆိုပါ တက်ဘလက်များသည် Google Project Tango စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါသည်။ တက်ဘလက်များတွင် ခုနစ်လက်မအရွယ်မျက်နှာပြင် ၊ အနီအောက်ရောင်ခြည်သုံး အဆင့်မြင့် Sensors များ ၊ အနောက်ကင်မရာ နှစ်လုံး နှင့် တိကျသော သုံးဖက်မြင်ပုံရိပ်များကို ဖမ်းယူပေးနိုင်သည့် အဆင့်မြင့် ဆော့ဝဲ ပါရှိပါသည်။

Google ၏ Project Tango သည် ကမ္ဘာမြေကြီးကို ပုံဖော်နိုင်သည့် Device များကို ထုတ်လုပ်ရန် ရည်ရွယ်သည့် သုတေသန စီမံကိန်း တစ်ခု ဖြစ်ပါသည်။ Google က ဖေဖော်ဝါရီလတွင် Project Tango စီမံကိန်းကို ကြေညာခဲ့ပြီး ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများကို ပုံဖော်နိုင်သည့် စမတ်ဖုန်းကို သရုပ်ပြခဲ့ပါသည်။ စမတ်ဖုန်းတွင် 4 Megapixel Camera ၊ အနီအောက်ရောင်ခြည် Sensor နှင့် အရာဝတ္ထုများကို 3D ပုံရိပ်အဖြစ် ဖမ်းယူပေးနိုင်သည့် ကင်မရာ တပ်ဆင်ထားပါသည်။

တက်ဘလက်များကို ဇွန်လနှောင်းပိုင်းတွင် ကျင်းပမည့် Google ၏ Developer Conference မတိုင်မီ ကြေညာမည် ဟု The Wall Street Journal က သတင်းပေးထားပါသည်။ တက်ဘလက်အချို့ကို Developer များကို စမ်းသပ်အသုံးပြုခွင့်ပေးမည် ဟု သိရပါသည်။ Google က ဖေဖော်ဝါရီလတွင် Project Tango Smartphone များကို ကြေညာစဉ်ကလည်း သူတို့၏ နည်းပညာကို အသုံးပြုပြီး Apps များတီထွင်နိုင်ရန် Company နှင့် Developer များကို စမတ်ဖုန်း အလုံးနှစ်ရာ ပေးအပ်ခဲ့ခြင်းဖြင့် အလားတူ လုပ်ဆောင်ချက်မျိုးကို ပြုလုပ်ခဲ့ပါသည်။ စမတ်ဖုန်းရရှိခဲ့သည့် အဖွဲ့အစည်းများထဲတွင် နာဆာလည်းပါဝင်ပါသည်။ နာဆာက နိုင်ငံတကာအာကာသစခန်းတွင် အလုပ်လုပ်နိုင်သည့် ဘောလုံး အရွယ် စက်ရုပ်များတွင် Project Tango ၏ Sensor များထည့်သွင်းခြင်းဖြင့် Google နှင့် ပူးပေါင်း အလုပ်လုပ်နေပါသည်။

Project Tango Smartphone ၏ အလုပ်လုပ်ပုံကို အောက်က ဗီဒီယိုတွင် ကြည့်နိုင်ပါသည်။

https://www.youtube.com/watch?v=Qe10ExwzCqk

ref: သူရ

Microsoft က ဈေးသက်သာသည့် Windows 8.1 With Bing ဟု အမည်ရသော Operating System အသစ်ကို ကြေညာ



Aung Ko Htet (MM IT Knowledge)
 

Microsoft က ဈေးသက်ပြီး စွမ်းဆောင်ရည်နိမ့်သော Hardware များတွင် အသုံးပြုနိုင်သည့် Operating System တစ်ခုဖြစ်သော Windows 8.1 With Bing ကို ကြေညာလိုက်ပါသည်။ Windows 8.1 With Bing သည် Windows 8.1 နှင့် ကွဲပြားမှု သိပ်မရှိဘဲ အများစုမှာ တူညီကြပါသည်။ Windows 8.1 With Bing သည် ကွန်ပြူတာ ထုတ်လုပ်သူများအတွက် ဈေးသက်သာသော်လည်း ကန့်သတ်ချက်များစွာ မပါရှိဘဲ စွမ်းဆောင်ရည် ကောင်းမွန်ပါသည်။

ကွန်ပြူတာ ထုတ်လုပ်သူများကို မည်သည့် ဈေးနှုန်းဖြင့် ရောင်းချပေးသည်ဆိုသည်ကို မသိရသေးပါ။ Windows 8.1 With Bing တွင် Internet Explorer ၌ Bing Search Engine ကို Default အနေဖြင့် ထည့်သွင်းထားပါသည်။ Google သို့မဟုတ် အခြား Search Engine များကို ပြောင်းလဲနိုင်ပါသည်။ ကွန်ပြူတာ ထုတ်လုပ်သူများက Bing ကို Default Search Engine နေဖြင့် သတ်မှတ်ရမည် ဖြစ်သည်။ အချို့ Device များတွင် Microsoft Office ကို ကြိုတင်ထည့်သွင်းပေးထားမည် ဖြစ်သည်။ များသောအားဖြင့် တက်ဘလက်များတွင် ဖြစ်ပြီး အဆိုပါ Device များတွင် Office 365 ကို တစ်နှစ်အခမဲ့ အသုံးပြုခွင့်ရရှိမည် ဖြစ်သည်။

Windows 8.1 With Bing ကို ထုတ်လုပ်သူများကိုသာ ရောင်းချပေးခြင်း ဖြစ်သဖြင့် စားသုံးသူများအနေဖြင့် ၀ယ်ယူ၍မရဟု သိရပါသည်။ စားသုံးသူများအနေဖြင့် Windows 8.1 With Bing ကို ကြိုတင်ထည့်သွင်းထားသည့် Device များကိုဝယ်ယူနိုင်မည်ဖြစ်သည်။ Windows 8.1 ၏ စွမ်းဆောင်ချက်များကို လူအများစု အသုံးပြုနိုင်ရန် ရည်ရွယ်၍ ဈေးသက်သာသည့် Windows 8.1 With Bing ကို ပြုလုပ်ပေးခြင်းဖြစ်သည် ဟု Microsoft က ပြောပါသည်။ Windows 8.1 With Bing ထည့်သွင်းထားသည့် ပထမဆုံး Device များကို မကြာမီ ကြေညာမည်ဖြစ်သည်။

ref: သူရ

MCPA Certified Network Associate (NA) Exam Preparation ( Intensive Course ) သင်တန်းဖွင့်လှစ်မည်



Aung Ko Htet (MM IT Knowledge)

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အသိအမှတ်ပြု စာမေးပွဲကို ၂ဝ၁၄ ခုနှစ်၊ ဇွန်လ (၂၂) ရက်တွင် ကျင်းပမည်ဖြစ်ပါသည်။ အဆိုပါစာမေးပွဲသည် Professional နယ်ပါယ်သို့ စတင်ဝင်ရောက်ရန်အတွက် အဓိကလိုအပ်သော အသိပညာများနှင့် ကျွမ်းကျင်မှုများကို ဦးတည်စစ်ဆေးသော စာမေးပွဲဖြစ်သည်နှင့်အညီ စာမေးပွဲအောင်မြင်သူများသည် ပညာရှင်နယ်ပယ်တွင် စတင်လုပ်ကိုင်သည့် အခြေအနေသို့ ရောက်မည်ဖြစ်သည်။

အဆိုပါ သင်တန်းသည် MCPA Certified Network Associate (NA) စာမေးပွဲတွင် ဖြေဆိုအောင်မြင်သူများ တိုးတက်လာစေရန်နှင့် Networking ဆိုင်ရာ အခြေခံဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ သင်ကြားဖွင့်လှစ်ခြင်းဖြစ်ပါသည်
သင်တန်းဖွင့်လှစ်မည့် အစီအစဉ်…..


သင်ကြားမည့်ဘာသာရပ်များ - Desktop PC Hardware,
Networking Fundamental,
Desktop OS, WLAN,
NOS and Network Environment,
Security ,
Network Management,
(Networking သင်ခန်းစာတစ်ချို့အား ICT Lab တွင်
လက်တွေ့သင်ကြားပေးပါမည်။)


သင်တန်းဖွင့်မည့်ရက် - ၂ဝ၁၄ ခုနှစ်၊ ဇွန်လ (၁၃ မှ ၁၅) ရက်နေ့ထိ (သောကြာ၊ စနေ၊ တနင်္ဂနွေ)
သင်တန်းအချိန် - နံနက် ၉း၃၀ မှ ညနေ ၅း၀၀
သင်တန်းကြေး - (၁၀,၀၀၀) ကျပ်
စာမေးပွဲဖြေဆိုရန်စာရင်းပေးသွင်းသူများသာတက်ရောက်နိုင်ပါသည်။
သင်တန်းဖွင့်လှစ်မည့်နေရာ - MCF e-Learning Center ၊ အဆောင် ( ၁ ) ၊ MICT Park ၊ လှိုင်မြို့နယ်။

အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင် (၄)၊ အခန်း (၄)၊ MICT Park၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်းနံပါတ် ၆၅၂၂၇၆/၇၃၀၈၈၃၀၀သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
(၁၁-၆-၂၀၁၄ နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ပါသည်။)


ref: Myanmar Digital Life

ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ကိတ်က ဒီလိုအကြံဥာဏ်ပေး ဟောပြောခဲ့ပါတယ်။



Aung Ko Htet (Myanmar IT Knowledge)

၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။

၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။
အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့
လောကကြီးက ပိုမျှော်လင့်တယ်။

၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း
ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက်
ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။

၎) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင်
တစ်နေ့ခင်ဗျားတို့ ကုမ္ပဏီသူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။
သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။

၅) ဟမ်ဘာဂါဆိုင်မှာ အလုပ်လုပ်လို့ ကိုယ့်ကို အသုံးမကျဘူးလို့ မထင်နဲ့။
ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။
အဲဒါက "အခွင့်အရေး" တဲ့။

၆) ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့်
ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့။ အမှားထဲက သင်ယူပါ။
၇) ခင်ဗျားမမွေးဖွားခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။
သူတို့ အခုလို ထိုင်းမှိုင်းရတာက ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့၊
ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့၊ ကိုယ့်ကိုယ်ကိုတော်ကြောင်း အပြောကြီးတဲ့
ခင်ဗျားရဲ့စကားကို နားထောင်နေရလို့ဖြစ်တယ်။ ဒါကြောင့်
ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို ခင်ဗျား
ပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ရာကို
အရင်သန့်ရှင်းလိုက်ပါ။

၈) ကျောင်းမှာ နိုင်သူနဲ့ ရှုံးသူဆိုတာရှိတယ်။ ဘဝမှာ မရှိဘူး။ ကျောင်းက
ခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။
တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။

၉) တီဗွီထဲ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။ တကယ့်ဘဝက လူတိုင်း
ကော်ဖီဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။

၁ဝ) စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ထဲက
တစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်။

၁၁) လူ့ဘဝမှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။
ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကို ညှိနှိုင်းပေးမှာမဟုတ်ဘူး။
ဒါကြောင့် ကိုယ့်အားလပ်ချိန်ကို အသုံးပြုပါ။